လူနဲ့ အ သုံးလုံး
လူချင်းတူပေမယ့် လူတွေကို ကွဲပြားခြားနားစေတဲ့ အ သုံးလုံး။ လူချင်းတူပေမယ့် ဒီအ သုံးလုံးကွဲပြားသွားတဲ့အတွက် အောင်မြင်မှုအတိုင်းအတာကွာသွားပါတယ်။ ၁. အတွေးလူတွေအားလုံး အစိုးရတဲ့တစ်ခုတည်းသောအရာ အတွေး။ ကိုယ် အာရုံစိုက် တွေးခေါ်စဉ်းစားချင်တာကို လွတ်လပ်စွာတွေးခေါ်နိုင်တယ်။ လူတွေကို ဘာတွေးရမယ်လို့ တိုက်ရိုက်ကန့်သတ်ထားလို့မရ။ လူတိုင်းလူတိုင်းဟာ သူတဲ့အတွေးတွေရဲ့ရလဒ်တွေဖြစ်တယ်။ ၂. အဓိပ္ပာယ်အတွေးချင်းတူပေမယ့်အဓိပ္ပာယ်ဖွင့်ဆိုတာခြင်း တူချင်မှတူလိမ့်မယ်။ ယောကျာ်းဆုံးသွားတာချင်းအတူတူ အားကိုးရာရှာတဲ့သူနဲ့ မိမိခြေထောက်ပေါ်ကိုယ်တိုင်ရပ်ပြီး ကလေးတွေကို ရှာကျွေးတဲ့သူမှာ ကွာခြားချက်က တူညီတဲ့ အရာအပေါ် မတူညီတဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကြောင့်ဖြစ်တယ်။ အသက်ငယ်တာချင်းအတူတူ ငါကအသက်ငယ်လို့ မအောင်မြင်နိုင်ဘူး အတွေ့အကြုံမရှိဘူးလို့ အဓိပ္ပာယ်ဖွင့်ဆိုနိုင်သလို အသက်ငယ်တော့ ခွန်အားပိုရှိတယ် ပိုလေ့လာနိုင်တယ် ပိုကြိုးစားနိုင်တယ်၊ ပိုတက်ကြွတယ် အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ မတူနိုင်ပါဘူး။ ၃. အက်ရှင်လူတွေကို ကွဲပြားခြားနားစေတဲ့အရာက အက်ရှင်လုပ်ရပ်ဖြစ်ပါတယ်။ သိပြီးအသုံးမချတာနဲ့ မသိတာနဲ့တူတူပါဘဲ။ ဒါကြောင့် ဘဝမှာ အပြောင်းအလည်းလုပ်ချင်ရင် […]