Dr. Phyo Paing

https://yec.company

တခြားနယ်ပယ်တွေနဲ့ မတူတာ
စီးပွါးရေးလောကမှာ အောင်မြင်မှုကို
ဒူပေဒဏ်ပေ ဘယ်လောက်ခံလဲ
ဖိအားဘယ်လောက်ခံလဲနဲ့တိုင်းတာတယ်။

ဥာဏ်ကောင်းတာက အပိုဆုပေါ့။ စီးပွါးရေးလောကမှာ အောင်မြင်တဲ့သူတိုင်းကိုမေးကြည့် ခင်ဗျာဘဝမှာအခက်အခဲတွေကြုံခဲ့ရလားဆိုပြီး။တစ်ထောင့်တစ်ညပုံပြင်တွေလိုအခက်အခဲတွေကို ဘယ်လိုနာမ်နှိမ်ပြီးအောင်မြင်အောင်လုပ်ခဲ့တဲ့ အကြောင်းတွေကြားရလိမ့်မယ်။အပြုံးလေးနဲ့ ပေါ့။ စီးပွါးရေးလောကမှာ ဘူသွားတဲ့သူတွေကိုမေးကြည့်ကြည့်။အပြစ်တင်စရာတွေ အများကြီးကြားရလိမ့်မယ်။ ကောင်းတာတစ်ခုက စီးပွါးရေးမှာအရှုံးမပေးသ၍ မရှုံးသေးဘူး။Winners never quit.Even if they did, they will come back stronger. Phyo Paing @ Derek

တခြားနယ်ပယ်တွေနဲ့ မတူတာ
စီးပွါးရေးလောကမှာ အောင်မြင်မှုကို
ဒူပေဒဏ်ပေ ဘယ်လောက်ခံလဲ
ဖိအားဘယ်လောက်ခံလဲနဲ့တိုင်းတာတယ်။
Read More »

လူတွေလုပ်ရပ်တိုင်းရဲ့နောက်ကွယ်မှာ
ကောင်းမွန်တဲ့ရည်ရွယ်ချက်တွေရှိတယ်။

Every behavior has a positive intention. ဒါကတော့ NLP ရဲ့ presupposition တစ်ခုပဲ။ ဒီအချက်က လူတွေအပေါ်ခွင့်လွတ်နားလည် နိုင်စွမ်းကို အားဖြည့်ပေးတဲ့အချက်တစ်ချက်ဖြစ်တယ်။ Oxygen ကိုစျေးကစားတဲ့သူတွေ၊စျေးတက်လိုက်တဲ့ဆေးဆိုင်တွေ၊တွေ့သမျှလူ blame သူတွေ၊ သူတို့ဟာ သူတို့မှာရှိတဲ့ အသိဥာဏ်နဲ့အကောင်းဆုံးဆိုတာကို လုပ်ဆောင်နေတာပဲ။ ဗုဒ္ဓကတော့ ဘဝဆိုတာ ဒုက္ခလို့ဟောခဲ့တာပဲ။သံသရာဝဠ်ဆင်းရဲလို့ ဟောခဲ့ပေမယ့်ကျွန်တော်တို့လူသားတွေကဒါကို ပျော်ပျော်ကြီးဖြတ်သန်းဖို့နည်းလမ်းမျိုးစုံကြိုးစားကြတယ်။ပုထုဇဉ်ဥာဏ်နဲ့ပေါ့။ ဒီ ဘဝမှာ Kleshas (ကိလေသာ) ၁၀ပါးလောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ ဝိစိကိစ်ဆာ၊ ထိနမိဒ်ဓ၊ ဥဒ်ဓစ်စ၊ အဟိရိက၊ အနောတ်တပ်ပ အစရှိတာတွေဖုံးလွမ်းပြီး အမှန်မမြင်တဲ့ကာလတွေလဲရှိခဲ့ကြမှာပဲ။ အနောက်တိုင်းမှာ Christian Values တွေရှိသလို၊ဂျပန်မှာ Harmony, order, and self-development ဆိုတဲ့ တန်ဖိုးထားမှု ဂျပန်လူ့အဖွဲ့အစည်းမှာရှိတယ်။ကျွန်တော်တို့

လူတွေလုပ်ရပ်တိုင်းရဲ့နောက်ကွယ်မှာ
ကောင်းမွန်တဲ့ရည်ရွယ်ချက်တွေရှိတယ်။
Read More »

ဒီနေ့မှာ ကြုံတွေ့ဖြတ်ကျော်ခဲ့တဲ့
ပြဿနာတွေက
အနာဂတ်အတွက် အကောင်းဆုံး
ပုံပြင်တွေဖြစ်လာမယ်။

ဒီပုံပြင်တွေ ပြန်ပြောဖို့ ကိုယ်အသက်ရှင် ကျန်းမာနေမှ ရမယ်။ Phyo Paing @ Derek

ဒီနေ့မှာ ကြုံတွေ့ဖြတ်ကျော်ခဲ့တဲ့
ပြဿနာတွေက
အနာဂတ်အတွက် အကောင်းဆုံး
ပုံပြင်တွေဖြစ်လာမယ်။
Read More »

စိတ်မညစ်ပါနဲ့။ အခြေအနေက ဒီထက်ပိုဆိုးနိုင်ပါသေးတယ်။

ကမ္ဘာမှာ မြန်မာကအလှဆုံးဆိုပြီး ငယ်ငယ်ကဆရာမပြောတော့၊ တရုတ်ကျောင်းဆရာမက တရုတ်လို့ပြောတယ်ပြောလို့ အဆဲခံရဖူးတယ်။ နောက်ပိုင်းတခြားနိုင်ငံတွေရောက်ဖူးတော့မှ အမှန်အမှားသိလာတယ်။ ပညာရေးစနစ်က စူးစမ်းလေ့လာမှုကို ချိုးနှိမ်ထားတော့ မေးခွန်းမမေးရဲကြဘူး။ ဒါလုပ်နေကျ မင်းကဘာသိလို့လဲနဲ့ ပြီးသွားကြတယ်။ ဒါကြောင့် အခြေအနေကြည့်ပြီး တချို့မေးခွန်းတွေ ကိုယ့် ဒိုင်ယာရီထဲမှာပဲရေးထားလိုက်တယ်။ I နောက်မှာ am ပဲလိုက်တယ်လို့ ဆရာသင်တာကို အသေမှတ်ထားပြီး လူတွေနဲ့ လိုက်ငြင်းနေသူတစ်ယောက်လိုပေါ့။ စာမဖတ်တဲ့သူက I အနောက်မှာ were လိုက်လို့ရတဲ့အချိိန်တွေရှိတာသူမသိခဲ့ဘူး။ ဒါကြောင့် ဒီနောက်ပိုင်း လူတွေနဲ့ ပြိုင်မငြင်းဖြစ်တော့ဘူး။ ဟင်းတစ်မျိုးပဲစားဖူးသူအတွက် ဒီဟင်းက “သူ့အတွက်” အကောင်းဆုံးဖြစ်နိုင်တယ်။ တချို့အမှန်တရားတွေကလဲ အတူတူပဲ။ သူသိမြင်ထားတဲ့ “အသိဥာဏ်” အရ ဒါအကောင်းဆုံးဆိုတာဖြစ်နိုင်တယ်။ လူတိုင်းဟာ သူ့အသိဥာဏ်အလိုက် သူအကောင်းဆုံးထင်တာကို လုပ်သွားကြတာပဲ။ ဒီအယူအဆလေး ခေါင်းထဲထည့်ထားတော့ လူလိမ်၊ သူခိုး၊

စိတ်မညစ်ပါနဲ့။ အခြေအနေက ဒီထက်ပိုဆိုးနိုင်ပါသေးတယ်။ Read More »

လောကဓံက သိပ်ကြောက်ဖို့ကောင်းတယ်။

ကြောက်စရာကောင်းတဲ့ လောကဓံကို အရှုံးမပေး ရင်ဆိုင်အနိုင်ယူဖို့ ခံယူချက် အရေးကြီးတယ်။ ဒီနေ့ခတ်မှာ စိတ်မထားတတ်ရင် ဒုက္ခခပ်ကြီးကြီးကြုံတိုင်း သွေးပျက်နေနိုင်တယ်။ ကျွန်တော်ကတော့ ဘဝကိုအမြင်နှစ်မျိုးထားတယ်။ ၁။ ဘဝမှာ အခြေအနေကောင်းတဲ့အချိန်၂။ အခြေအနေမကောင်း ဒုက္ခရောက်တဲ့အချိန် ဘဝမှာ အခြေအနေကောင်းတဲ့အခါ ဘဝဆိုတာ ကိုယ့်အတွက်ဖြစ်လာတာ။ ကောင်းသထက်ကောင်းအောင် တည်ဆောက်ပြီးကျေးဇူးတင်တတ်တဲ့ စိတ်နဲ့နေတယ်။ အလုပ်ကို ကိုယ့်တန်ဖိုးထားမှုနဲ့ အညီရူးရူးမူးမူးလုပ်တယ်။ ဘဝမှာ နေမသာတဲ့နေ့တွေအတွက်သစ္စာလေးပါးကို နှလုံးသွင်းထားတယ်။ ဘဝဆိုတာ ဒုက်ခ ။ဒီဒုက္ခကို ဖြစ်စေတာ attachmentတပ်မက်စွဲလမ်းမှုလို့နှလုံးသွင်းတယ်။ ဒီတပ်မက်စွဲလမ်းမှုကို ဖယ်ရှားပြီးဘဝနေထိုင်ဖို့ ဖြောင့်မတ်မှန်ကန်တဲ့ စိတ်အာရုံနဲ့ အသက်မွေးဝမ်းကြောင်းမှုပေါ်အာရုံပြုထားလိုက်တယ်။ နေ့စဥ်ဘဝမှာ အသုံးချ secular buddhism ကိုကျင့်သုံးသူ များသထက်များလာတယ်။ ဒါကတော့ နေ့စဥ်ဘဝနေထိုင်မှုအတွက်buddhism in daily life အတွက်ပေါ့။ နောက်တစ်ဆင့်ကျမှ နိဗ္ဗာန်ပေါ့။ Phyo

လောကဓံက သိပ်ကြောက်ဖို့ကောင်းတယ်။ Read More »

လုပ်သင့်လုပ်ထိုက်တာကို လုပ်ဖို့လိုတယ်။

96% သောလုပ်ငန်းတွေဟာ ၁၀ နှစ်ကြာတဲ့အခါမရှိကြတော့ဘူး။ ဒါ ကမ္ဘာတစ်ဝန်းမှာသာမက မြန်မာမှာရှိတဲ့လုပ်ငန်းတွေမှာ တွေ့ရှိရတဲ့အချက်ဖြစ်တယ်။ လုပ်ငန်းစလိုက်တာနဲ့ လုပ်ငန်းရှင်ဟာသူသေကိုယ်သေတိုက်တဲ့ gladiator တွေလိုကြိုးဝိုင်းထဲ ဝင်လိုက်သလိုပဲ။ ကိုယ်အသက်ရှင်မှ ကြိုးဝိုင်းထဲက ပြန်ထွက်နိုင်မှာဖြစ်တယ်။ ပြိုင်ဖက်တွေအပြင် ကျွန်တော်တို့ အနိုင်တိုက်ရတဲ့ထဲမှာ အကောင်ကြီးတဲ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နည်းပညာအပြောင်းအလဲတွေ ပါပါတယ်။ တခါတရံ တုန်းတိုက်တိုက်ကျားကိုက်ကိုက်တိုက်ဖို့ လိုသလို တခါတရံ ကိုယ်နဲ့တိုက်မည့်သူကို လေ့လာပြီးကြိုတင်ပြင်ဆင်ဖို့လဲလိုတယ်။ တခါတရံ အခြေအနေကိုကြည့်ပြီးလုပ်သင့်လုပ်ထိုက်တာကို လုပ်ဖို့လိုတယ်။ #Akyanpay

လုပ်သင့်လုပ်ထိုက်တာကို လုပ်ဖို့လိုတယ်။ Read More »

လူအများစုက ကိုယ့်မှာရှိတာကိုပဲ စဥ်းစားပြီးတိုင်ပတ်ကြတယ်။

1.What do I have? အာဏာသိမ်းထားတဲ့နေရာမှာနေနေရတယ်။ ဘာလုပ်လုပ် မမျှတတဲ့ လူ့အဖွဲ့အစည်းမှာနေနေရတယ်။ မြန်မာပြည်မှာလူလာဖြစ်တာကိုက ကံဆိုးတာ။ ဘုန်းဘုန်းတွေဟောနေတဲ့ မြန်မာပြည်မှာ လူလာဖြစ်တာ ကံကောင်းတယ်ဆိုတာ ဂျင်း။ ဒေါ်မီမီအောင်သာ မြန်မာပြည်မှာပဲ နေခဲ့ရင် ဘားမှဖြစ်မှာ မဟုတ်ဘူး။ အစရှိတာတွေ ခဏခဏ ကြားလာရတာမှာ အောက်ဆုံး level ဖြစ်တဲ့ What do I have? ကိုပဲ စဥ်းစားနိုင်လို့ဖြစ်ပါတယ်။ ဒါကတော့ Robert Dilts ရဲ့ logical model ကို လူတိုင်းနားလည်တဲ့ format ပြောင်းထားတာဖြစ်ပါတယ်။ ဒီစဉ်းစားမှုဟာ အနိမ့်ဆုံး level စဉ်းစားမှုဖြစ်ပါတယ်။ 2.What do I do? ဘဝရဲ့ပေးထားချက်ပေါ်မူတည်ပြီး ဆက်လုပ်စရာရှိတာ လုပ်တာကတော့ What do

လူအများစုက ကိုယ့်မှာရှိတာကိုပဲ စဥ်းစားပြီးတိုင်ပတ်ကြတယ်။ Read More »

ရေရှည်အတွက် စဉ်းစားထားဖို့လိုတယ်။

C Ronaldo နဲ့ သာမာန်ကစားသမားဘယ်နှစ်ယောက်နဲ့ ညီသလဲယှဥ်လို့မရသလိုကိုယ့်ရဲ့ team ထဲက star employee တွေဟာလဲတခြားသူ ဆယ်ယောက်နဲ့ညီရင်ညီမယ်။ ဒီထက်လဲသာသွားနိုင်တယ်။ Star employee ရှာပြီးရင် သူ့ရဲ့ upside potential တိုးဖို့ partnership လမ်းကြောင်းကိုဖွင့်ပေးရမှာပဲ။ Google ရဲ့ CEO Sundar Pichai တို့၊ Facebook ရဲ့ COO Sheryl Sandberg တို့ဆို Mckinsey ထွက်တွေပဲ။ ဒီက လုပ်ငန်းရှင်တချို့လို ထွက်သွားလို့ ရန်သူဆိုပြီးမလုပ်ဘူး။ ထွက်သွားတဲ့ဝန်ထမ်းဟောင်းတွေအတွက် McKinsey Alumni ဆိုတာလုပ်လိုက်တယ်။ အဲ့ထဲကထွက်လာတဲ့ ခေါင်းဆောင်တွေကAlumni ထဲကဆိုတော့ အောင်မြင်လေလေMcKinsey Consulting firm ကလဲနာမည်တက်လေလေပဲ။ ငါးဆင့်လောက် ကြိုစဥ်းစားထားဖို့လိုတယ်။ရေရှည်အတွက် စဥ်းစားထားဖို့လိုတယ်။ Phyo Paing

ရေရှည်အတွက် စဉ်းစားထားဖို့လိုတယ်။ Read More »

အခုလိုချိန်မှာ ကိုယ့်ခေါင်းထဲကိုထည့်တဲ့ ပုံပြင်တွေကို ဂရုစိုက်ရမယ်။

အကြောင်းအရာတစ်ခုကို စဥ်းစားရင် concept မိအောင် ကျွန်တော်တို့က ပုံပြင်နဲ့ စဥ်းစားကြတယ်။ မဟုတ်ရင် တချို့အရာတွေကို နားလည်ဖို့ခက်တယ်မဟုတ်လား။ ကိုယ့်ခေါင်းထဲကိုထည့်တဲ့ ပုံပြင်တွေကို ဂရုစိုက်ရမယ်။ လူတွေ မကောင်းမှုတွေလုပ်တာများလို့ ကပ်ရောဂါတွေဖြစ်တယ်ဆိုတာမျိုး၊ အရင်ဘဝက မကောင်းမှုတွေပြုထားလို့ ဒီဘဝအာဏာသိမ်းခံရတယ်ဆိုတာမျိုး။ ကိုယ့်ကို စိတ်ဓာတ်ကျ၊ အားလျော့စေမည့် ပုံပြင်တွေကို ပြန်လည်ဆန်းစစ် ပြင်သင့်ရင်ပြင်လိုက်ပါ။ ဥပမာ ငါငယ်ငယ်တည်းက ငါ့အဖေဆုံးသွားခဲ့တော့ သူငယ်ချင်းတွေအိမ်က ငါ့ထက်အဆပေါင်းများစွာပိုချမ်းသာတယ်။ ငါ့ကံမကောင်းဘူးဆိုတဲ့ ပုံပြင်အစား ငါငယ်ငယ်ကတည်းက လောကအကြောင်းကို ပိုလေ့လာလို့ရခဲ့တယ်။ ဒီတော့ ငါ့သူငယ်ချင်းတွေမရတဲ့ အတွေ့အကြုံတွေပိုရခဲ့တယ်။ ဒီအချက်တွေက အနာဂတ်မှာ ငါ့ကိုပိုအောင်မြင်စေလိမ့်မယ်။ မတူညီတဲ့ပုံပြင်က မတူညီတဲ့ လောကအမြင်ကို ဖြစ်ပေါ်စေတယ်။ Change your story, change your life ပါ။ နောက်တစ်ခုက လူတစ်ယောက်ရဲ့ အပြုအမူကိုကြည့်ပြီး

အခုလိုချိန်မှာ ကိုယ့်ခေါင်းထဲကိုထည့်တဲ့ ပုံပြင်တွေကို ဂရုစိုက်ရမယ်။ Read More »

လုပ်ငန်းတွေရဲ့ အောင်မြင်မှု၊ ကျဆုံးမှု

လုပ်ငန်းတွေရဲ့ အောင်မြင်မှု၊ ကျဆုံးမှုကို ပုံဖော်ပေးတာဦးဆောင်မှု ဖြစ်ပါတယ်။ ဘယ်လောက်ခက်ခဲတဲ့ကာလဖြစ်ပါစေ ဦးဆောင်သူရဲ့အမြော်အမြင်က ဒီစိန်ခေါ်မှုတွေကို အနိုင်ယူပြီးပိုကောင်းတဲ့ အနာဂတ်ကိုပုံဖော်နိုင်တယ်ဆိုတာကို ဒုတိယ ကမ္ဘာစစ်အတွင်းမှာ Super Cup ဆိုင်ကယ်တွေထုတ်ပြီး ကမ္ဘာ့ထိပ်တန်း အမှတ်တံဆိပ်ဖြစ်လာတဲ့ Honda က သာဓက ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ လုပ်ငန်းရှင်အများစုကmicro-manage အသေးစိတ်လိုက်ပြီး စီမံခန့်ခွဲတတ်ကြပါတယ်။ဒီလိုလုပ်တဲ့အတွက် လုပ်ငန်းကြီးထွားဖို့များစွာအခက်အခဲဖြစ်စေနိုင်ပါတယ်။ ကိုယ့် team ကို မေးခွန်းမေးပါ။ ဘာလုပ်ပါအသေးစိတ် အဖြေမပေးလိုက်ပါနဲ့။ လုပ်ငန်းရှင်ရဲ့ အဓိကတာဝန်ဖြစ်တဲ့ ရည်မှန်းချက်ပန်းတိုင်ကို ချမှတ်ပေးပါ။ ကိုယ့်ဝန်ထမ်းတွေအားလုံးက ကိုယ်သွားချင်တဲ့ လမ်းကြောင်းကို ရှင်းရှင်းလင်းလင်းသိနေရမယ်။ ကိုယ့်ဝန်ထမ်းတွေဟာ အသေးစိတ်ချမှတ်ထားတဲ့ to-do list တွေကိုလုပ်တာထက် ပြဿနာတွေကို ဖြေရှင်းတဲ့ problem-solver တွေဖြစ်ဖို့လိုတယ်။ ဒီလိုလုပ်ဖို့ အလုပ်ခန့်တဲ့အခါသေချာ ရွေးချယ်ပါ။ #Akyanpay

လုပ်ငန်းတွေရဲ့ အောင်မြင်မှု၊ ကျဆုံးမှု Read More »