Dr. Phyo Paing

https://yec.company

အတွေးတွေကို ဂရုစိုက်ဖို့လိုတယ်။

အရင်ကတစ်ခုခုလုပ်လို့ မအောင်မြင်ရင်ဒါကံပဲ။ ငါအရင်က ဘာတွေလုပ်ထားခဲ့လဲမသိဘူး။ငါကံကိုက မပါဘူး။အစရှိတဲ့ အတွေးတွေ ဝင်ဝင်လာခဲ့တယ်။ပါရမီနည်းပါးတယ်တို့ဘာတို့ပေါ့။ နောက်ပိုင်းမှာ ဒါတစ်ခုခုပိုကောင်းဖို့ဖြစ်တာပါကွာ။ ငါဘယ်အရာတွေကို ပိုကောင်းအောင်လုပ်လို့ရလဲ။ အရှုံးဆိုတာ မရှိဘူး၊ ရလဒ်တွေပဲရှိတယ်။ လုပ်ရပ်ကို ပြောင်းဖို့လိုမယ်။ ဒီလိုတွေးလိုက်တယ်။ ပါရမီကံမပါလို့ အလုပ်မဖြစ်ဘူးဆိုတာမျိုးထက်ဟုတ်ပြီ ပါရမီကံဖြစ်အောင် ဘယ်လိုလုပ်မလဲ။ ဒီအတိုင်း စဥ်းစားမိလာခဲ့တယ်။ အယူအဆတစ်ခုကို အဓိပ္ပာယ်ဖွင့်ဆိုတာတလွဲမဖြစ်သွားဖို့ အရေးကြီးတယ်ဆိုတာ ဆင်ခြင်လာမိတယ်။ နောက်ပိုင်း အရာရာကို မေးခွန်းထုတ်လာဖြစ်တယ်။ကိုယ့်ရဲ့ အတွေးအခေါ်၊ ယုံကြည်မှုပါ ပါဝင်တယ်။ ကျွန်တော်တို့အများဆုံး နေတဲ့အိမ်ကအတွေးထဲမှာ ဖြစ်တယ်။ ကျွန်တော်တို့ အတွေးအကြံတွေဟာ ကျွန်တော်တို့ ဖတ်တဲ့စာ၊ ပေါင်းသင်းတဲ့သူ၊ လေးစားအားကျ follow လုပ်ထားတဲ့သူတွေအပေါ်အများကြီး မူတည်ပါတယ်။ အတွေးတွေကို ဂရုစိုက်ဖို့လိုတယ်။ ကောင်းမွန်တဲ့အတွေးတွေ ခေါင်းထဲထည့်ဖို့လိုတယ်။ Phyo Paing @ Derek

အတွေးတွေကို ဂရုစိုက်ဖို့လိုတယ်။ Read More »

ရူးသွပ်မှု နဲ့ စတင်တယ်။

ရူးသွပ်မှု နဲ့ စတင်တယ်။ လူကြီးဆိုတာ ကလေးအကြီးစားပါ။ ကျွန်တော်တို့မှာ အတွေးတွေ၊ အကြံဥာဏ်တွေရှိမယ်။ငယ်သူငယ်ချင်းတစ်ယောက်နဲ့ ပြန်တွေ့တော့ လွန်ခဲ့တဲ့ ၁၂ ကျော်ကတည်းက ဖြစ်ချင်တယ်ပြောခဲ့တာတွေကို ဆက်လုပ်နေတော့ တော်တော်ဇွဲကောင်းတာပဲနော်တဲ့။ အမှန်တော့ ကိုယ်ကလူ့ဂွစာလို့ပြောရမယ်။အပြင်မှာ လူတွေမသိကြဘူး။ တစ်ခုခုဆို မတူတဲ့နည်းလမ်း၊ ပိုကောင်းတဲ့ နည်းလမ်းနဲ့လုပ်ချင်တယ်။ ၇ တန်းမှာ သမိုင်းကို လူတွေမရတဲ့စာကို ဒုက္ခခံပြီး အော်ကျက်နေတဲ့အချိန်မှာပုံလေးတွေဆွဲပြပြီး timeline တစ်ခုနဲ့ ပြဖူးတယ်။ အဲ့တုန်းကတော့ မှတ်ဥာဏ်ကို hack လုပ်လို့ရတဲ့နည်းတွေ မသိသေးတဲ့ ကလေးအရွယ်။ New idea နဲ့ innovation ကို ကြိုက်တာနဲ့ စာမှတ်မိအောင် flashcard, mindmap, loci method, speed-readingအစရှိတဲ့ ဖြတ်လမ်းတွေသုံးခဲ့သလို အောင်လဲအောင်မြင်ခဲ့တယ်။ ကြိုးစားရင်အောင်မြင်မယ်ဆိိုတာ မယုံဘူး။ ကြိုးစားမှုဆိုတာ အခြေခံလိုအပ်ချက်ဖြစ်တယ်။နယ်ပယ်တစ်ခုမှာ

ရူးသွပ်မှု နဲ့ စတင်တယ်။ Read More »

ဘ၀မှာ အရာတော်တော်များများ ကိုယ်ဖြစ်စေချင်တဲ့အတိုင်း ဖြစ်ချင်မှဖြစ်မယ်။ ဒါပေမယ့် ကျွန်တော်တို့ထိန်းချုပ်လို့ရတဲ့ အရာသုံးခုရှိတယ်။ Focus, Meaning, Action

လောကမှာ ထိန်းချုပ်လို့ရတဲ့အရာ များများစားစားသိပ်မရှိဘူး။ ကိုယ့်အဖေအမေ၊ ကိုယ့်သားသမီး၊သမီးရည်းစား၊ အိမ်ထောင်သားမယားကိုယ်ဖြစ်စေချင်သလိုဖြစ်ဖို့ ကိုယ့်စကားနားထောင်ဖို့ လုပ်လို့ရချင်မှရမယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကိုယ်ဖြစ်စေချင်တဲ့အတိုင်း ဖြစ်ချင်မှဖြစ်မယ်။ ဒါပေမယ့် ကျွန်တော်တို့ ထိန်းချုပ်လို့ရတဲ့အရာ သုံးခုရှိတယ်။ ၁။ ဘယ်အရာကို အာရုံစိုက်မလဲ? (Focus)ကိုယ့်ထိန်းချုပ်မှုအောက်မရှိတာတွေကို အာရုံစိုက်မလား။ကိုယ်ထိန်းချုပ်လို့ရတာတွေကို အာရုံစိုက်မလား။ ၂။ ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုမလဲ? (Meaning)အခြေအနေကို အပေအသေလုပ်ပြီး စိတ်ညစ်နေမလား။ ပေးထားချက်ကိုအခြေတည် ခွန်အားတွေယူမလား။ ၃။ ဘာတွေလုပ်မလဲ? (Action)စိတ်ညစ်ပြီး ဘေးထိုင်ဘုပြောနေမလား။ ရှေ့ဆက်ဖို့ ကြံစဥ်၊ စီမံ၊ အားအပြည့်ထည့်လုပ်ဆောင်မလား။ ဖြစ်ချင်တဲ့အိမ်မက်တွေ အများကြီးရှိလိမ့်မယ်။ တချို့တွေ ကျိုးပျက်သွားတာဖြစ်နိုင်သလို၊ တချို့အိမ်မက်တွေ မသေချာတာဖြစ်နိုင်သလို၊ တချို့ ဆက်မက်လို့ရတဲ့ အိမ်မက်တွေရှိနိုင်တယ်။ ဘာတွေကို အာရုံစိုက်မလဲ။ ဘယ်လို အဓိပ္ပာယ်ကောက်ချက်ချမလဲ။အနာဂတ်အတွက် ဘာတွေကိုဆက်လုပ်ကြမလဲ။ ဒါတွေက ကိုယ်နဲ့ တိုက်ရိုက်ဆိုင်တယ်။

ဘ၀မှာ အရာတော်တော်များများ ကိုယ်ဖြစ်စေချင်တဲ့အတိုင်း ဖြစ်ချင်မှဖြစ်မယ်။ ဒါပေမယ့် ကျွန်တော်တို့ထိန်းချုပ်လို့ရတဲ့ အရာသုံးခုရှိတယ်။ Focus, Meaning, Action Read More »

ပြိုင်ဖက်ကြောင့်လမ်းမှားမရောက်စေနဲ့။

ကိုယ်က ရန်ကုန်-မန်းလေးလမ်းမောင်းလာရင်းကိုယ်က မန္တလေးသွားမယ်။ကိုယ့်လာပြိုင်တဲ့သူကတောင်ကြီးသွားရင်သွားမယ်။ လမ်းမှာကားပြိုင်မောင်းရင်းပြိုင်ဖက်လမ်းကြောင်းအတိုင်းလိုက်ပြီးကိုယ့်ပန်းတိုင်မပျောက်သွားဖို့လိုတယ်။ ကိုယ့်ခရီးကိုယ်နင်တယ်။ပြိုင်ဖို့လဲစိတ်မဝင်စားသလိုကိုယ့်ပြိုင်ဖက်လို့လဲမသတ်မှတ်ထားဘူး။ဘာလို့လဲ? ကိုယ့်လမ်းကြောင်းကိုယ်ရှင်းလို့။ Phyo Paing @ Derek

ပြိုင်ဖက်ကြောင့်လမ်းမှားမရောက်စေနဲ့။ Read More »

စီးပွားရေးလုပ်ငန်း တည်ဆောက်တဲ့နေရာမှာ
ပုံစံအမျိုးမျိုးရှိကြတယ်။

စီးပွားရေးလုပ်ငန်း တည်ဆောက်တဲ့နေရာမှာ ပုံစံအမျိုးမျိုးရှိကြတယ်။ ကိုယ်တိုင်အမှတ်တံဆိပ်နဲ့ ထုတ်တဲ့သူတွေရှိသလို၊ ဝယ်ရောင်းတဲ့ ကုန်သည်တွေရှိမယ်၊Retail တွေရှိသလို၊ ဝန်ဆောင်မှုနဲ့ရပ်တည်တဲ့လုပ်ငန်းအစရှိသည် အမျိုးမျိုးရှိမယ်။ သေချာတာတစ်ခုကတော့ လုပ်ငန်းရှင်တွေမှာ သာမာန်သူတွေထက် ဒူပေဒဏ်ပေခံဖို့လိုပါတယ်။ အနာဂတ်ကို စဥ်းစားကြည့်ရင် ခုချိန်လူတိုင်းနီးပါးမပျော်ကြသလို၊ တချို့တွေ အနာဂတ်ပျောက်သလို ဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့်ကိုယ်က လုပ်ငန်းရှင်ဆိုရင်ဦးဆောင်သူတစ်ယောက်ဖြစ်တဲ့အတွက်ဝန်ထမ်းတွေ၊ ကိုယ်နဲ့သက်ဆိုင်သူတွေကို အလင်းရောင်ဖန်တီးပေးဖို့လိုတဲ့အတွက် ဒူပေဒဏ်ပေခံဖို့လိုပါမယ်။ သူများအလုပ်လုပ်ရတာ စိတ်မပျော်ဖြစ်နေပါသလား၊ကိုယ်တိုင်အလုပ်လုပ် အိပ်မပျော်ပါ ဖြစ်သွားမယ်ဆိုတဲ့ ဟာသလေးကြားဖူးတယ်။ စျေးကွက်အပြောင်းအလဲကို စောင့်ကြည့်ပြီးဖောက်သည်တွေလိုအပ်ချက်ကို အစဥ်တစ်စိုက်ဂရုစိုက်ဖို့ ဒူပေဒဏ်ပေခံဖို့လိုမယ်။ #Akyanpay

စီးပွားရေးလုပ်ငန်း တည်ဆောက်တဲ့နေရာမှာ
ပုံစံအမျိုးမျိုးရှိကြတယ်။
Read More »

မနက်ဖြန်ရဲ့ ပြဿနာကို ကြိုတင်ဖြေရှင်းထားမယ်ဆို လက်ရှိပြဿနာတွေ ဒီနေ့ထက်ပိုနည်းနေမှာ အမှန်ပဲ။

၂၀ ကျော်မှာ ၂၅ အထက်အလုပ်လုပ်တဲ့အခါလိုအပ်တဲ့ ကျွမ်းကျင်မှု ပြုစုပျိုးထောင်ထားတာမျိုး။ ၃၀ မတိုင်ခင် လူလတ်ပိုင်းမှာကြုံနိုင်တဲ့ငွေရေးကြေးရေး ကြိုတင်ဖြေရှင်းထားတာမျိုး။ အသက်ကြီး ဘဝနေဝင်ချိန်အတွက်ကြိုတင်ဖြေရှင်းထားတာမျိုး။ Phyo Paing @ Derek

မနက်ဖြန်ရဲ့ ပြဿနာကို ကြိုတင်ဖြေရှင်းထားမယ်ဆို လက်ရှိပြဿနာတွေ ဒီနေ့ထက်ပိုနည်းနေမှာ အမှန်ပဲ။ Read More »

ဘာလုပ်ကြမလဲ?

ကိုယ်လေဖြတ်နေပြီး ကိုယ်လက်လုပ်မရစကားပြောမရတဲ့ အခြေအနေတစ်ခုစဉ်းစားကြည့်ကြည့်ပါ။ ဒါမှမဟုတ် မြေမြုပ်ပြီးမှ မသေပဲပြန်နိုးလာပြီး အော်မရလှုပ်မရအခြေအနေတစ်ခုကို စဉ်းစားကြည့်ပါ။ ဘာလုပ်ကြမလဲ? Worst case scenario ဆိုတာ လူတွေမှာကြိုတွေးထားတာမမှားပါဘူး။ ဒီ ၁၅ ရက်ကို အောင်သုခရိပ်သာမှာသေနည်းသွားလေ့ကျင့်တယ်ဆိုမမှားပါဘူး။ ဖုန်းမသုံးရဆိုတဲ့အတွက်ဒီရက်တွေမှာ အင်တာနက်မသုံးဖြစ်သလို Facebook နဲ့ Instagram account ကိုDeactivate လုပ်ခဲ့ပါတယ်။ မနက် ၃ နာရီထ ပြီး ည ၉ နာရီထိတရားနာ၊ တစ်ရက် ၇ နာရီတရားထိုင်၊ညစာမစားပဲ နေခဲ့တာ မနက်ဖြန်ဆိုတရားစခန်းကထွက်ပါပြီ။ အလုပ်တွေရပ်ပြီး ဆယ့်ငါးရက်ဆိုတာ တော်တော်မလွယ်ပါဘူး။၂၀၀၅ တုန်းက တစ်ခါ၊ ၂၀၀၆ တစ်ခါတရားစခန်းဝင်ခဲ့သလို ဒါကတော့ တတိယတစ်ခါပေါ့။ ဝင်ဖို့ ကူညီပေးတဲ့ ကိုနိုင်ကြီးကိုလဲကျေးဇူးအထူးတင်ပါတယ်။ Phyo Paing @ Derek

ဘာလုပ်ကြမလဲ? Read More »

Planned Suffering

ဒုက္ခဒဏ်ခံနိုင်အောင် တစ်နှစ်တစ်ခါ ကိုယ်နဲ့အသားမကျတဲ့ အရာတစ်ခုလုပ်တယ်။ မဟုတ်ရင် လူ့ဘ၀အဆင်ပြေနေတာကို တစ်သက်လုံးအဆင်ပြေနိုင်မယ် ယူဆနိုင်လို့။ အောင်မြင်မှု “ဆာလောင်မှု” Hunger က အရေးကြီးတယ်လို့မြင်တယ်။ ပြင်းပြတဲ့ စိတ်ဆန္ဒမရှိရင် ကြီးကြီးမားမား ဘယ်အရာမှ လုပ်ဖို့မလွယ်ဘူး။

Planned Suffering Read More »

အနာဂတ်မှာ ဖြစ်မည့်သင်က
ဒီနေ့သင်ထက် အရေးပိုကြီးတာပဲ။

ကျောင်းတက်တုန်းက သုံးစရာလိုတော့ဂိုက်သင်၊ တရုတ်ကပစ္စည်းသွင်း၊မန္တလေးက ကြက်ဥတိုက်ကနေဖားကန့်မုန့်တိုက်ပို့ဒီလိုလုပ်ရင်းကျောင်းတက်ခဲ့တာပဲ။ ကျောင်းပြီးတော့လဲ လိုင်းပြောင်းတော့အခက်အခဲကြုံရတာပဲ။ပညာရပ်အသစ်ကို လေ့လာရတာရယ်စကားပြောရမှာ ရှက်တတ်တဲ့ အကျင့်ကိုပြင်ပြီးစီးပွါးရေးသင်ကြားရေးဆရာနဲ့ အကြံပေးဖြစ်လာဖို့ရယ်။ ကြားထဲစမ်းသပ်မှုတွေ leverage အကြီးကြီးလုပ်ဘဝပျက်မတတ် ညညအိပ်မရပဲတိုင်ပတ်တာကို ဖြေရှင်းခဲ့တာတွေဟာဘဝကို အကြီးအကျယ် အပြောင်းအလဲဖြစ်စေခဲ့တယ်။ Industry တိုးတက်တော့ Competition တွေများတဲ့အချိန်မတူအောင် စဉ်းစားပြီးရှေ့ဆက်တယ်။ ဓာတ်ပုံတွေပြန်ကြည့်ရင် ဘယ်လိုလျှောက်ခဲ့တယ်ဆိုတာတွေ့လိမ့်မယ်။ Covid-19 ဖြစ်တယ်။ Digital အသုံးပြုပြီး ရှေ့ဆက်ခဲ့တယ်။Business အသွားအလာပြောင်းသွားတယ်။Business growth က အရင်ထက်သုံးဆလောက်ပိုဖြစ်လာတယ်။ Coup ဖြစ်တယ်။Internet လိုင်းပိတ်လိုက်တယ်။Business ထဲက ငွေထုတ်မရဘူး။ဗုံးတွေပေါက်တယ်။ Facebook ကို ban သလိုDollar စျေးတွေတက်လာတယ်။ ပြဿနာနဲ့လူဘယ်သူပိုကြီးနိုင်မှာလဲ။စိန်ခေါ်မှုတိုင်းက နောက်တစ်ဆင့်ပို့ပေးတာပဲ။ အနာဂတ်မှာ ဖြစ်မည့်သင်ကဒီနေ့သင်ထက် အရေးပိုကြီးတာပဲ။ Phyo Paing @ Derek

အနာဂတ်မှာ ဖြစ်မည့်သင်က
ဒီနေ့သင်ထက် အရေးပိုကြီးတာပဲ။
Read More »

Personal development လုပ်တယ်ဆိုတာ သီးသန့်အချိန်အများကြီးပေးပြီး
လုပ်နေရတာမျိုးမဟုတ်ဘူး။

မနက်ထတဲ့အခါ journaling ရေးတာမျိုး၊ဒါမှမဟုတ် priming လုပ်၊ တရားထိုင်တာမျိုး၊ရေချိုးတဲ့အခါ audiobook ဖွင့်ထားတာမျိုး၊ညမအိပ်ခင် ဆယ်မိနစ်လောက်စာအုပ်ကောက်ဖတ်တာမျိုး၊ ဝူးဝူးဝါးဝါး လုပ် သင်တန်းတွေတက်နေမှ မဟုတ်ဘူး။ Ritual ပါ။Personal development is a way of life ပါ။ထမင်းစား၊ ရေသောက်သလို ဘဝနေထိုင်မှုပါ။ Phyo Paing @ Derek

Personal development လုပ်တယ်ဆိုတာ သီးသန့်အချိန်အများကြီးပေးပြီး
လုပ်နေရတာမျိုးမဟုတ်ဘူး။
Read More »