Dr. Phyo Paing

https://yec.company

အတိတ်နဲ့အနာဂတ်လုံးဝမတူပါဘူး။

ဆယ်တန်းမှာ ဂုဏ်ထူးမပါဘူး။ ဘဝတစ်လျှောက်လုံးမအောင်မြင်နိုင်တော့ဘူးလား? အလုပ်လျှောက်တယ် မရဘူး။ ဘဝက သုံးစားလို့မရတော့ဘူးလား? ဆင်းရဲတဲ့ မိသားစုက ပေါက်ဖွားလာတယ်။ မချမ်းသာနိုင်တော့ဘူးလား? အတိတ်နဲ့ အနာဂတ်တူတူဘဲလား? အတိတ်နဲ့အနာဂတ်လုံးဝမတူပါဘူး။ ငယ်ငယ်က အတန်းထဲမှာ အဆင့်တစ်နှစ်သုံး ထဲမဝင်ပါဘူး။ ဒါပေမယ့် ဆယ်တန်းမှာ စာကြိုးစားတယ်။ ဆေးကျောင်းတက်ခွင့်ရခဲ့တယ်။ အတိတ်မှာ အောင်မြင်ခဲ့တိုင်းအနာဂတ်မှာ အောင်မြင်မယ်လို့ တထစ်ချမပြောနိုင်ပါဘူး။ ဒီနေ့မှာ မအောင်မြင်ပေမယ့်လည်း မနက်ဖြန်မှာ ကြီးကျယ်ခမ်းနားတဲ့အောင်မြင်မှုတွေကို မပိုင်ဆိုင်ဘူးလို့ မပြောနိုင်ဘူး။ ဒါဆိုလူတွေကို ကွာခြားစေတဲ့အရာက ဘာလည်း? ယခု ဖြစ်ပါတယ်။ ကျွန်တော်တို့ ယခုလုပ်နေတဲ့အလုပ်တွေဟာ မနက်ဖြန်တွေကို ဆုံးဖြတ်ပေးမှာပါ။ ဒါကြောင့် မိတ်ဆွေ ယခုကို အကောင်းဆုံး အသုံးချပါ။ Phyo Paing @ Derek

အတိတ်နဲ့အနာဂတ်လုံးဝမတူပါဘူး။ Read More »

လူသစ်၊ စိတ်သစ်၊ အနာဂတ်သစ်

Facebook comment တွေအောက်မှာ တစ်ယောက်က ဘရုပ်သုတ်ခပြောလိုက်ရင် တခြားသူတွေလိုက်ရေးကြတာကို မြင်ဘူးပါသလား? မနက် စျေးဦးလှန်သွားရင် (စျေးဦးပေါက်မကောင်းရင်) တစ်နေ့လုံး အဆင်မပြေဖြစ်တတ်တဲ့ သဘောတရားကြုံဖူးပါသလား ? Psychology မှာ Priming လို့ခေါ်ကြပါတယ်။ ကုန်ပစ္စည်းရောင်းတဲ့နေရာမှာလည်းသုံးကြတယ်။ ဥပမာ customer တစ်ယောက် စျေးလာဝယ်တဲ့အခါ Dear Customer ခင်ဗျားအကြိုက်ဆုံး product က ဘယ်လိုပုံရှိမလည်းဆိုတဲ့ ပုံဖော်ခိုင်းပြီး ကိုယ့် product ကိုရောင်းနိုင်သလို ကျွန်တော်တို့ မနက်ထထခြင်း မင်္ဂလာရှိဖို့ တရားခွေဖွင့်ကြတာဟာ priming effect ကြောင့်ပါ။ စောစောစီးစီး ကျက်သရေမရှိတာတွေ မပြောနဲ့ဆိုတဲ့ စကားလည်းကြားဘူးမှာပါ။ မနက်ထထခြင်းမှာ ကျွန်တော်တို့ brain ဟာ သာမန်အချိန်တွေထက် အနည်းနဲ့အများ fresh ဖြစ်နေလေ့ရှိပါတယ်။ ဒီအချိန်မှာ stupid questions

လူသစ်၊ စိတ်သစ်၊ အနာဂတ်သစ် Read More »