Dr. Phyo Paing

https://yec.company

Limiting Belief

ကန့်သတ်တွေးလို့ခေါ်တဲ့ limiting belief တွေဟာ လူတွေရဲ့ အစွမ်းအစကို ကျစေတယ်။ ဥပမာ လူတစ်ယောက်က ငါကတော့ နိုင်ငံခြားမှာ ကျောင်းမတတ်ဖူးလို့မအောင်မြင်နိုင်ဘူးတို့၊ ငါကတော့ နိုင်ငံခြားမှာ အလုပ်မလုပ်ဖူးတဲ့အတွက် မအောင်မြင်နိုင်ဘူးတို့၊ ငါကတော့ဘယ်နိုင်ငံမှာနေလို့ မအောင်မြင်နိုင်ဘူးတို့လို အတွေးတွေဟာ ကန့်သတ်တွေးတွေဖြစ်တယ်။ ဒီအတွေးတွေက လူတွေရဲ့ အနာဂတ်ကို ပိတ်စေတယ်။ Jews တွေကြားထဲနေတဲ့ Arab ဖြစ်တဲ့ Nas လဲ Nas Daily နဲ့ အောင်မြင်တာပဲ။ English စကားမတတ်တဲ့ Lei Jun လည်း Xiaomi နဲ့အောင်မြင်အောင်လုပ်နိုင်တာပဲ။ Malaysia Rapper Namewee တောင် တရုတ်ဘာသာနဲ့ သီချင်းဆိုပြီး အရှေ့တောင်အာရှမှာ အောင်မြင်နိုင်သေးတယ်။ နေရာတစ်ခုတည်းကြောင့် အစွမ်းအစ မထွက်ဘူးဆိုတာ Internet ခေတ်မှာ မမှန်ဘူးလို့မြင်တယ်။

Limiting Belief Read More »

Business Plan တစ်ခုရေးဆွဲကြမယ်။

Business Plan ဆိုတာ ကိုယ့်လုပ်ငန်းအတွက် အနာဂတ်အစီအစဉ်များကို ချရေးထားသည့် စာရွက်ဖြစ်သည်။ လုပ်ငန်းပိုင်ဆိုင်မှု၊ စျေးကွက်အကြောင်း၊ ဝန်းထမ်းရေးရာ၊ သွားချင်သည့်လမ်းကြောင်း၊ စျေးကွက်ဖော်ဆောင်မှုအကြောင်း၊ ငွေကြေးအကြောင်းအစရှိသည်တို့ပါဝင်သည်။ Business Plan ဘာကြောင့်ရေးကြသလဲ? ရင်းနှီးမြုပ်နှံမှုရချင်လို့ချေးငွေရချင်လို့ ကိုယ့်လုပ်ငန်းသွားမည့်လမ်းကြောင်းကို စနစ်တကျရေးသားထားဖို့ Business Plan တစ်ခုရေးရင် ဘာတွေအဓိကပါဝင်ရမလဲ? -လုပ်ငန်းအကြောင်း အကြမ်းဖျင်းရေးသားမှု Executive Summary – ရင်းနှီးမြုပ်နှံသူအများစုသည် ဒီအပိုင်းကို အဓိကဖတ်ပြီးမှ ကျန်သည့်အပိုင်းကို ဆက်ဖတ်သည်။ -လုပ်ငန်းအနေဖြင့် အဓိကဖြေရှင်းနေသည့်ပြဿနာ နှင့် လုပ်ငန်းအတွက် အဓိကအောင်မြင်စေမည့် Critical Success Factor (CSF) ကိုရေးရပါသည်။ -ကိုယ့်လုပ်ငန်း၏ Vision, Mission နှင့် Core Values တို့ကို ချရေးပါ။ လုပ်ငန်းပိုင်ဆိုင်မှု အကြောင်း Company Limited

Business Plan တစ်ခုရေးဆွဲကြမယ်။ Read More »

အောင်မြင်မှု နှင့် ပျော်ရွှင်မှု

လိုချင်တာကို ရအောင်လုပ်နိုင်ရင် အောင်မြင်မှုရနိုင်တယ်။ စွန့်လွှတ်ခြင်းနှင့် ခွင့်လွှတ်ခြင်းကို လုပ်နိုင်ရင်တော့ ပျော်ရွှင်မှုရနိုင်မယ်။ Phyo Paing @ Derek

အောင်မြင်မှု နှင့် ပျော်ရွှင်မှု Read More »

Social Capital

အရင်းအနှီးတွေထဲမှာ Social Capital မိတ်ဆွေအရင်းအနှီးဆိုတာ အင်မတန် အဖိုးတန်ပါတယ်။ သင့်မိတ်ဆွေတွေကို တန်ဖိုးထားပါ။ Phyo Paing @ Derek

Social Capital Read More »

လူတွေက အကောင်းဆုံး
ကုန်ပစ္စည်းကို ဝယ်တာမဟုတ်ဘူး။

လူတွေက အကောင်းဆုံးကုန်ပစ္စည်းကို ဝယ်တာမဟုတ်ဘူး။ကိုယ့်အတွက် အကောင်းဆုံးလို့ထင်တဲ့အသင့်တော်ဆုံး ပစ္စည်းကိုသာဝယ်ယူတာပါ။ Phyo Paing @ Derek

လူတွေက အကောင်းဆုံး
ကုန်ပစ္စည်းကို ဝယ်တာမဟုတ်ဘူး။
Read More »

ဘာကြောင့်လုပ်ငန်းစတင်မှာလဲ?

1. Money- drivenငွေကြောင့်လုပ်ငန်းစတင်တယ်။ငွေကြောင့်လုပ်တယ်။ 2. Mission- drivenခံယူချက်တစ်ခု၊ အဓိပ္ပာယ်တစ်ခုကိုဖော်ဆောင်ချင်လို့။Industry ကိုအပြောင်းအလဲလုပ်ချင်လို့။ 3. Market- driven ဈေးကွက်ရဲ့လိုအပ်ချက်အရ ဖြစ်ပေါ်လာတာ။ဈေးကွက်ရဲ့ အခွင့်အလမ်းကိုရယူပြီးဖြစ်ပေါ်လာတာ။ (P.S- Passion-driven တစ်ခုတည်းနဲ့ စွန့်ဦးတီထွင်အတွက် ရည်ရှည်motivation မရနိုင်ဘူး။လုပ်ငန်းတစ်ခုစတော့မယ်ဆို ဘာကြောင့်လဲသိပါ။) Phyo Paing @ Derek

ဘာကြောင့်လုပ်ငန်းစတင်မှာလဲ? Read More »

ကျောင်းတုန်းက အမှတ်စာရင်းက
Report Card ပဲ။

ကျောင်းပြီးအလုပ်ခွင်ဝင်တော့Financial Statement ကReport card ဖြစ်လာတယ်။Income statement,Balance sheet နဲ့Cashflow statement လောက်ကိုတော့လုပ်ငန်းရှင်တိုင်း သိသင့်တယ်။Phyo Paing @ Derek

ကျောင်းတုန်းက အမှတ်စာရင်းက
Report Card ပဲ။
Read More »

ဘဝဆိုတာ Game တစ်ခုဆိုရင်

၁. ခန္ဓာကိုယ်တစ်ခုရလိမ့်မယ်။၂. အချိန် limit တစ်ခုရှိလိမ့်မယ်။အဲ့အချိန်ရောက်ရင် Game over မယ်။၃. အပြောင်းအလဲ  အနိမ့်အမြင့် အတက်အကျတွေရှိမယ်။၄. သင့်မှာ လိုအပ်ချက်နှစ်ခုရှိမယ်။ငွေနဲ့ဖြေရှင်းလို့ရတာနဲ့ ငွေနဲ့ဖြေရှင်းလို့မရတာ။၅. ရွေးချယ်မှုတွေကိုနေ့စဥ်သင်လုပ်ရမယ်။၆. ဆော့ချင်သည်ဖြစ်စေ၊ မဆော့ချင်သည်ဖြစ်စေ ဒီ Game ထဲမှာဆက်ရှိနေမယ်။စဥ်းစားကြိုးစားဆော့ရင် Level တက်မယ်။မကြိုးစား မစဥ်းစားကံပဲအားကိုးရင် Level တက်ဖို့မသေချာဘူး။၇. Game ကို အမှတ်တွေနဲ့ level ခွဲတယ်။ငွေကြေးရယ်၊အချိန် သို့ ကျန်းမာရေးရယ် ပညာရယ်။၈. သင့် game ထဲက legacy နဲ့အမှတ်ကို သင့်နောက်လူကို transfer လုပ်နိုင်တယ်။၉. ဒီ Gameမှာအောင်မြင်ဖို့လမ်းတွေရွေးရတယ်။Career နဲ့လုပ်မယ့်လုပ်ငန်းတွေ။ဒါကို vehicle လို့ခေါ်တယ်။ဒီမှာ အချိန်နဲ့ ပညာကိုရင်းပြီး ငွေကြေးအဖြစ်ပြောင်းတယ်။ဒါမှမဟုတ် ငွေကြေးကိုအသုံးပြုပြီး ပညာရေးနဲ့အချိန်ကို ပြန်ဝယ်တယ်။၁၀. ဒီတော့ Game ကစားတဲ့

ဘဝဆိုတာ Game တစ်ခုဆိုရင် Read More »

ဆု

တခါတစ်လေ ဆုရတာနဲ့ အရည်အချင်းနဲ့တိုက်ရိုက်အချိုးမကျဘူးဆိုတာအားလုံးသိပြီးသားပါ။Policy အရလုပ်နေရတဲ့ ဘာဆုညာဆုဆိုတာတွေကိုအချိန်ပေးမည့်အစား ပရိသတ်ပေးတဲ့ဆုပဲရဖို့စဥ်းစားတာပိုကောင်းပါတယ်။Phyo Paing @ Derek

ဆု Read More »

မိမိကိုယ်ကို စာနာပေးပါ။

သူများကို စာနာသလို မိမိကိုယ်ကိုစာနာပေးပါ။တခြားသူတစ်ယောက် အလုပ်တစ်ခုလုပ်တယ်။Fail ဖြစ်သွားတယ်။ကျွန်တော်တို့ သူ့ကိုအားပေးတယ်။ဒါပေမယ့် ကိုယ့်ကိုကိုယ် ကျတော့ငါအရမ်းညံ့လို့ဆိုပြီး အပြစ်တင်တယ်။မိမိကိုယ်ကို စာနာပေးပါ။Phyo Paing @ Derek

မိမိကိုယ်ကို စာနာပေးပါ။ Read More »