Dr. Phyo Paing

https://yec.company

ငွေကြေးတစ်ခုအတွက် ဘဝအချိန်တွေ မဖြုန်းသင့်။

ပိုင်ဆိုင်မှု ငွေကြေးတွေ အားလုံးကုန်သွားနိုင်ပေမယ့် Experience အတွေ့အကြုံတွေကတော့ တခါဆွဲဆန့်ပြီးရင် နဂိုနေရာပြန်မရောက်တော့ဘူး။ သေခြင်းတရားနဲ့ ကွေကွင်းသွားလို့မရပေမယ့် မသေခင်မှာ ဘဝရဲ့ experience တွေကိုတော့ ဆွဲဆန့်ရမယ်။လူရယ်လို့ ခဏလာလုပ်တာ အယူတွေ အစွဲအလန်းတွေ အတွေးခေါ်တွေဘောင်ခတ်ပြီး ဘဝဆိုတာကို ထာဝရမထင်ပါနဲ့။ လူတစ်ယောက်ဘဝမှာ 75 နှစ်နေရရင်တောင် 27375 ရက်ဘဲ နေရမှာ ရက်ပေါင်း 10000 နီးပါးနေပြီးပြီဆိုတော့ ကံကောင်းလို့ 75 လောက်နေရရင်တောင် 17375 လောက်နေရတော့မှာ။ ငွေကြေးတစ်ခုအတွက် ဘဝအချိန်တွေ မဖြုန်းသင့်။ Phyo Paing @ Derek

ငွေကြေးတစ်ခုအတွက် ဘဝအချိန်တွေ မဖြုန်းသင့်။ Read More »

Entrepreneurs တွေအတွက် Marketing ဟာ အသက်တမျှ အရေးကြီးတယ်။

အသိတွေထဲမှာ skill တစ်ခုခုကို အရမ်းကျွမ်းကျင်ပြီး Skill ကို မားကတ်မလုပ်နိုင်တဲ့သူတွေများတယ်။ ဥပမာ အသိတစ်ယောက် ဓာတ်ပုံရိုက်တာ အရမ်းကောင်းတယ်။ ဒါပေမယ့်သူ. skill နဲ့ သူ့ကိုပေးရတဲ့စျေးက အရမ်းပေါနေတယ်။ တနည်းအလုပ်မဖြစ်ဘူး။ ဒါကြောင့် Entrepreneur လုပ်မယ်ဆိုရင် “Who is your customer?” ဆိုတဲ့မေးခွန်းက မဖြစ်မနေ မေးဖို့လိုလာပြီ။ စီးပွားရေးစလုပ်တဲ့အချိန် ဟစ်တလာလို စစ်မျက်နှာပြင်နှစ်ခု မဖွင့်မိဖို့လိုတယ်။ Focus အရမ်းအရေးကြီးတယ်။ Photographer တစ်ယောက်အနေနဲ့ သေချာတယ် Wedding နဲ. စမယ်ဆို မန္တလေးမှာ Forever တို့ Together တို့နဲ့ မယှဉ်နိုင်ဖို့ ရာခိုင်နှုန်းများတယ်။ ဒါကြောင့် Entrepreneur အတွက် ကိုယ်စမည့် base ဟာ အရေးကြီးတယ်။ ဥပမာ Family

Entrepreneurs တွေအတွက် Marketing ဟာ အသက်တမျှ အရေးကြီးတယ်။ Read More »

ပြဿနာရဲ့ နာမည်နောက်တမျိုး

ပြဿနာမရှိတဲ့ဘဝဟာ တိုးတက်မှုမရှိတာအမှန်ဘဲ။အလုပ်လုပ်ရင် ပြဿနာရှိမယ်။ပြဿနာရှိတယ်ဆိုတာ ကြိုးစားမှုရဲ့ signal။ပြဿနာရဲ့ နာမည်နောက်တမျိုးက စိန်ခေါ်မှု။ Phyo Paing @ Derek

ပြဿနာရဲ့ နာမည်နောက်တမျိုး Read More »

အချိန်က အဆုံးဖြတ်ပေးလိမ့်မယ်။

အလုပ်တစ်ခု စလုပ်တဲ့အချိန်မဖြစ်နိုင်ကြောင်းဝေဖန်ကြလိမ့်မယ်။ခင်ဗျားရဲ့ ခြေလှမ်းတွေကို မကြာမကြာအကဲဖြတ်ကြမယ်။ဘယ်တော့ ကျရှုံးမလည်းဆိုတာကြည့်မယ်။ နည်းနည်းသာသွားရင် မနာလိုဖြစ်ကြမယ်။လိုက်မမှီအောင် အများကြီးသာသွားရင် လေးစားအားကျလာလိမ့်မယ်။ လျှောက်နေတဲ့လမ်းမှာ ခလုပ်တိုက်တာချော်လှဲတာအရေးမကြီးဘူး။မြန်မြန်ဘယ်လောက်ပြန်ထနိုင်လည်းဝေးဝေးဘယ်လောက်လျှောက်နိုင်လည်းဘဲအရေးကြီးတယ်။ အရေးကြီးတာကတော့ ဟိုယောင်ယောင် ဒီယောင်ယောင်ဂယောင်တစ်ယောက်မဖြစ်ဖို့ဘဲ။ ဘာလုပ်ချင်လည်းသိဘယ်လိုလုပ်ရမလည်းသိဘာကြောင့်လုပ်ချင်တာလည်းသိတကယ်လုပ်မဖြစ်သေးရင် လမ်းကြောင်းပြင်ပြန်ပြီးကြိုးစား။ ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူး အချိန်က အဆုံးဖြတ်ပေးလိမ့်မယ်။ Phyo Paing @ Derek

အချိန်က အဆုံးဖြတ်ပေးလိမ့်မယ်။ Read More »

ဆာလောင်မှု

သင်ယူဖို့အတွက် ဆာလောင်လာတဲ့အခါ။ အောင်မြင်မှုအတွက် ဆာလောင်လာတဲ့အခါ။ စီးပွားရေးမှာ၊ ပညာတစ်ခု သင်ယူရာမှာ တိုးတက်မှုတွေ ခေတ္တတန့်သွားတဲ့အချိန်တွေဖြစ်လေ့ရှိတယ်။ ဒီ Plateu Phase ကို ကျော်လွန်ဖို့ဆာလောင်နေဖို့လိုတယ်။ Stay Hungry, Stay FoolishSteve Jobs

ဆာလောင်မှု Read More »

စာဖတ်နည်း

ခုခေတ်ကြီးမှာ စာဖတ်ဖို့အော်နေပေမယ့်တကယ်အချိန်မရှိကြဘူး။ ဒီတော့ technology ကို သုံးသင့်တာပေါ့။ audiobook တွေရှိတယ်။ စာဖတ်ပျင်းရင် စာအုပ်တွေကို moonreader (Android မှာ) text-to-speak နဲ့စာဖတ်ခိုင်းလို့ရတယ်။ iOS မှာ Voice Over feature ရှိတယ်။ English လို သို့ တရုတ်လို တတ်ရင် app တွေ အများကြီးဘဲ။ တရုတ်ထဲမှာ 懒人听书 တို့ 喜马拉雅fm တို့မှာ audiobook တွေ free တွေမှ အများကြီး English Version တွေ အပါ။ English လိုထဲမှာတော့ Amazon ရဲ့ Audible က အကောင်းဆုံးဘဲ။ နားထောင်လိုက် return ပြန်လုပ်လိုက် လုပ်လို့ရတယ်။ ရေချိုးရင်

စာဖတ်နည်း Read More »

Motivation & 2P

🔑မနက်ထလာတယ် အလုပ်မလုပ်ချင် မကိုင်ချင်ဖြစ်ဘူးပါသလား? 🔑မကောင်းမှန်းသိပေမည့် မိမိကိုယ်ကို ပျက်စီးစေတဲ့ အမူအကျင့်တွေကို ဆက်လက်လုပ်ကိုင်နေမိပါသလား?🔑အောင်မြင်ဖို့အတွက် motivation လိုအပ်ပါတယ်။ Motivation ရဲ. အခြေခံကတော့ 2 P ဖြစ်တဲ့ Pain & Pleasure ဖြစ်တယ်။ လူတွေလုပ်နေတဲ့အလုပ်တိုင်းရဲ. ဇစ်မြစ်ကို ဒီနှစ်ခု ကြည့်နိုင်တယ်။ Painလူတွေဟာ နာကျင်မှုကို ရှောင်ရှားလိုကြတယ်။ နာကျင်မှုကို ကြောက်တဲ့အတွက် Pain ဟာ လူတစ်ယောက်ကို ကြီးမားတဲ့ motivation ဖြစ်စေပါတယ်။ ဥပမာ ဆေးလိပ်သောက်တဲ့သူတစ်ယောက် အသက်မဝတော့ဘူး ဆက်သောက်ရင် အဆုတ်ကင်ဆာနောက်တစ်ဆင့်တိုးတော့မယ်ဆိုတဲ့အချိန် သူဆေးလိပ်ဖြတ်ပြီ။ ကျောင်းသားတစ်ယောက် စာမေးပွဲကျမှာ အမှန်အကန်ကြောက်တဲ့အချိန်သူစာကြိုးစားမှာ ဖြစ်တယ်။ ရုံးနောက်ကျရင် လစာထဲက ဖြတ်ခံရမှာ အမှန်အကန်ကြောက်ရင် သူ အချိန်မှန်ရုံးလာမှာဖြစ်တယ်။ အစားတွေကို ဒီအတိုင်းဆက်စားနေရင် ပုံပျက်ပန်းပျက်ဖြစ်တာကို သူအမှန်တကယ်ကြောက်လာရင်

Motivation & 2P Read More »

သင့်မှာ တာဝန်ရှိသည်။
(မိမိကိုယ်ကို ဆုံးမစာ)

လမ်းတစ်လမ်းပျက်နေရင် အစိုးရကို အပြစ်ပုံချလို့ရတယ်။ ဟုတ်။ ဘဝလမ်းတွေ ပျက်နေရင်ဘယ်သူ့အပြစ်လည်း? ဘဝရဲ့ လမ်းတွေပျောက်နေရင်ငယ်ငယ်က အဖေ၊ အမေအမျိုးတွေကို အပြစ်ပုံချကြတယ်။ နောက်တစ်ဆင့်တက်ပြီးလက္ခဏာဆရာမေးပြီးကံကြမ္မာကို အပြစ်ပုံချကြတယ်။ စာသင်ခန်းထဲက သမုဒ္ဒရာ လက်ပစ်ကူးပြီးနတ်သမီးလာကယ်မှ ရှင်သန်မယ့်ပုံပြင်တွေကြောင့်ပါသလိုနတ်သကြားမမှ အောင်မြင်မယ်ဆိုတဲ့ယုံကြည်မှုတွေကြောင့်Blamming culture ထဲမှာ သံသရာလည်လာတယ်။ သင့်ဘဝ သင်ပိုင်ပါတယ်။Viktor Franklr ပြောသလိုသက်ရောက်မှုတိုင်းကို တုန့်ပြန်ဖို့သင့်မှာ လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။ ဆုံးဖြတ်တဲ့နေရာမှာမိမိကိုယ်ကို တာဝန်ယူပါ။အပြစ်တင်တာလေးလျော့ပါ။ Phyo Paing @ Derek

သင့်မှာ တာဝန်ရှိသည်။
(မိမိကိုယ်ကို ဆုံးမစာ)
Read More »

Someday

မျက်စိကွယ်နေတဲ့သူတစ်ယောက် ချက်ချင်းမျက်စိအလင်းပြန်ရလာတယ်။ နားပင်းနေတဲ့သူတစ်ယောက်ချက်ချင်း နားပြန်ကြားရတယ်။ ခြေထောက်ကျိုးနေတဲ့သူတစ်ယောက်ခုချက်ချင်း လမ်းပြန်လျှောက်နိုင်ခဲ့ပြီ။ သူတို့တွေ အရမ်းပျော်ကြတယ်။ ကျွန်တော်တို့ မျက်လုံးတွေ မြင်တယ်။အကြားအာရုံတွေ မချို့တဲ့ဘဲခြေထောက်တွေ သန်စွမ်းနေပါတယ်။ But ဘာကြောင့် မပျော် ကြတာလည်း။ ပျော်ရွင်မှုတွေကို မနက်ဖြန်တွေကိုရွေ့ဆိုင်းပြီး rules တွေ နဲ့ ကန့်သတ်ထားတယ်။ ငါ ရာထူးတိုးရင်တော့ ပျော်မယ်။ငါ ချမ်းသာရင်တော့ ပျော်မယ်။ ဒီတနေ့နေ့ someday တွေက ဘယ်တော့များရောက်လာမှာလည်း။ တချို့တချို့တွေကMonday to Sunday မှာSomeday ဆိုတာ မပါဘူးတဲ့။ ပျော်ရွင်ဖို့အတွက် someday လို မလို။ Phyo Paing @ Derek

Someday Read More »

နှိုင်းယှဉ်မှု

မွေးကတည်းက လူတွေရဲ့ ဦးနှောက် မလုပ်ရ မနေနိုင်တာကတော့ နှိုင်းယှဉ်ခြင်းဘဲ။ လူတစ်ယောက်နဲ့ တစ်ယောက်နှိုင်းယှဉ်တယ်။ ကိုယ်နဲ့ သူများနဲ့ နှိုင်းယှဉ်တယ်။ မနေ့ကနဲ့ ဒီနေ့ နှိုင်းယှဉ်တယ်။ ဒီနေ့နဲ့ မရောက်သေးတဲ့ မနက်ဖြန်တွေကို နှိုင်းယှဉ်တယ်။ မနက်ဖြန်က ဒီနေ့ထက်ဆိုးနိုင်မယ်ထင်ရင် စိတ်ဓာတ်ကျအားငယ်ကြတယ်။ ဒီနှိုင်းယှဉ်မှုတွေကနေ subjective conclusion တွေ ချကြတယ်။ လူတစ်ယောက် တိုက်ကြီးပေါ်မှာ နေပြီ BMW စီးနေတဲ့သူဟာ သာမာန် စက်ဘီးစီးနေတဲ့သူထက် ပျော်ရွင်မယ်လို့ တထစ်ချ ကောက်ချက်ဆွဲကြတယ်။ မပျော်ရွင်ခြင်းတွေထဲမှာ ကိုယ့်ရှိတဲ့ experience ကို တခြားတစ်ခုနဲ့ နှိုင်းယှဉ်တဲ့ အမှားကို လုပ်မိတာလည်းပါမယ်။ ကိုယ်အခုရှိတဲ့ relationship နဲ့ အရင်ရှိတဲ့ relationship စံနှုန်းတွေကို သွားနှိုင်းယှဉ်တယ်။ ကိုယ်ဆွတ်ခူးနိုင်တဲ့ achievement နဲ့ သူများရဲ့

နှိုင်းယှဉ်မှု Read More »