Dr. Phyo Paing

https://yec.company

ကျွန်တော်တို့ထင်ထားတဲ့သူတွေက
ကျွန်တော်တို့ထင်ထားတဲ့သူတွေ
ဟုတ်ချင်မှ ဟုတ်မယ်။

ကျွန်တော်တို့ထင်ထားတဲ့သူတွေကကျွန်တော်တို့ထင်ထားတဲ့သူတွေဟုတ်ချင်မှ ဟုတ်မယ်။ အချိန်နဲ့အမျှပြောင်းလဲနေတတ်တယ်။မတူတဲ့နေရာ၊ ပတ်ဝန်းကျင်၊မတူတဲ့သူတွေနဲ့တွေ့ပြီး၊မတူညီတဲ့အိုင်ဒီယာနဲ့မတူညီတဲ့ပုံစံတွေတွေးပြီး၊မတူညီတဲ့ယုံကြည်မှုနဲ့ ဆန္ဒဖြစ်ပေါ်ပြီးမတူညီတဲ့လုပ်ရပ်တွေလုပ်တတ်ပြီးမတူညီတဲ့သူတစ်ယောက်အဖြစ်မြင်ရနိုင်တယ်။ ကျွန်တော်တို့ရဲ့အနီးဆုံးလူတွေကထင်ထားတဲ့ လူတစ်ယောက်တည်းကိုယ်ရည်ကိုယ်သွေးတစ်ခုတည်းမဟုတ်ဘူး။ Phyo Paing @ Derek

ကျွန်တော်တို့ထင်ထားတဲ့သူတွေက
ကျွန်တော်တို့ထင်ထားတဲ့သူတွေ
ဟုတ်ချင်မှ ဟုတ်မယ်။
Read More »

အေးချမ်းချင်ရင်
လိပ်ပြာသန့်သန့်နဲ့ အသက်ရှင်ပါ။

အေးချမ်းချင်ရင်လိပ်ပြာသန့်သန့်နဲ့ အသက်ရှင်ပါ။ ကိုယ့်အရည်အချင်းနဲ့ မထိုက်တန်တဲ့ချမ်းသာမှုကို မသမာနဲ့နည်း၊သမာအာဇီဝမကျတဲ့နည်းနဲ့မရှာနဲ့။ ချမ်းသာလိမ့်မယ်။​ကြွယ်ဝမှာ မဟုတ်ဘူး။ ချမ်းသာတယ်ဆိုတာ ရှိတာ။ချက်ချင်းပြန်ကုန်သွားနိုင်တယ်။ကြွယ်ဝတယ်ဆိုတာ ပေါများကြွယ်ဝနေတာ။​ မသမာနည်းနဲ့ သမာအာဇီဝမကျတဲ့နည်းနဲ့ငွေရှိလိမ့်မယ်။​အတွင်းစိတ်အေးချမ်းမှာ မဟုတ်ဘူး။​ ဒါကြောင့် ဒါကိုလဲ​အားမကျမိနဲ့။လူ့သဘောအရ စိတ်ယိုင်တတ်တယ်။ တွေ့ဖူးတဲ့ သူတပါးမျက်ရည်ကြီးငယ်ကျအောင်လုပ်ပြီးငွေရှာတဲ့သူတွေ၊ဘဝတွေပျက်အောင်လုပ် ငွေရှာတဲ့သူတွေပူလောင်နေကြတာများတယ်။​ ဓာတ်ဆိုတာ ခံစားလို့ရတယ်။ ဒါကြောင့် ဗုဒ္ဓက သံသရာကလွတ်မြောက်ဖို့မဂ္ဂင်ရှစ်ပါးမှာသမာအာဇီဝ အသက်မွေးပါဖို့ဟောကြားခဲ့တယ်။​ အနာဂတ်ရဲ့ ကံကိုကြွေးယူပြီး ဒီဘဝမှာ သုံးတာကောင်းတဲ့အလုပ် မဟုတ်နိုင်ဘူး။ ကိုယ်လိုချင်တာကို ရဖို့ထိုက်တန်တဲ့သူဖြစ်အောင်နေ့စဉ်ပါရမီဖြည့်ဖို့လိုပါတယ်။​ Phyo Paing @ Derek

အေးချမ်းချင်ရင်
လိပ်ပြာသန့်သန့်နဲ့ အသက်ရှင်ပါ။
Read More »

တိုးတက်ချင်ရင်
အပြစ်မတင်ဘဲအဖြေရှာပါ။

ဘဝကို အပြောင်းအလဲဖြစ်စေခဲ့တဲ့အရာက“အပြစ်မတင်ဘဲ အဖြေရှာ”တာပါပဲ။ပြဿနာအဖြေရှာဖို့ကိုယ့်ဥာဏ်ပညာနဲ့စဉ်းစားကြံဆရတယ်။ကိုယ့်ဥာဏ်ပညာနဲ့ မဖြေရှင်းနိုင်တဲ့အခါသင်ယူလေ့လာမှု ပြုလုပ်ရတယ်။ နည်းလည်မှု၊စဉ်းစားတွေးခေါ်ပုံ၊လုပ်ဆောင်ပုံဒါတွေကို အပြောင်းအလဲလုပ်ပြီးပြဿနာ အဖြေရှာရင်းတိုးတက်မှုရတယ်။ တိုးတက်ချင်ရင်အပြစ်မတင်ဘဲအဖြေရှာပါ။ Phyo Paing @ Derek

တိုးတက်ချင်ရင်
အပြစ်မတင်ဘဲအဖြေရှာပါ။
Read More »

လူတွေကို ပိတ်နေစေတာက
အခွင့်အလမ်းမဟုတ်ဘူး။

လူတွေကို ပိတ်နေစေတာကအခွင့်အလမ်းမဟုတ်ဘူး။ အတွေး။ အတွေးပိတ်နေရင်အရာရာကို ပြဿနာအဖြစ်မြင်နေမှာသဘာဝပါပဲ။ Phyo Paing @ Derek

လူတွေကို ပိတ်နေစေတာက
အခွင့်အလမ်းမဟုတ်ဘူး။
Read More »

အတွေးက အင်နာဂျီစွမ်းအင်ပဲ။
ဒါက မနောကံ။

ကိုယ့်ကိုကိုယ်ပြောတဲ့စကားလုံးသူများကိုပြောတဲ့ စကားလုံးတွေကလဲအင်နာဂျီစွမ်းအင်ပဲ။ ဒါက ဝဇီကံ။ ကိုယ်နေ့စဥ်လုပ်တဲ့အလုပ်တွေကလဲအင်နာဂျီ စွမ်းအင်တွေပဲ။ ဒါက ကာယကံ။ တခါတလေ အလုပ်ကြောင့်ပင်ပန်းတာမဟုတ်ဘူး။အတွေးအကြောင့်ပင်ပန်းတာ။ တခါတလေ အလုပ်ကြောင့်ပင်ပန်းတာမဟုတ်ဘူး။စကားလုံးတွေကြောင့်ပင်ပန်းတာ။ တခါတလေ အလုပ်ကြောင့်ပင်ပန်းတာမဟုတ်ဘူး။ကိုယ်နဲ့သဟဇာတမဖြစ်တဲ့အလုပ်လုပ်နေရလို့ပင်ပန်းတာ။ ဒီကံသုံးပါးကို တစ်သားတည်းဖြစ်ဖို့၁။ မှန်ကန်တဲ့အမြင် ၂။ မှန်ကန်တဲ့ အတွေးအာရုံ ရည်ရွယ်ချက်၃။ မှန်ကန်တဲ့အပြောအဆို ၄။ မှန်ကန်တဲ့ အလုပ်၅။ မှန်ကန်တဲ့ အသက်မွေးမှု၆။ မှန်ကန်တဲ့ အားထုတ်မှုဝိရိယ၇။ မှန်ကန်တဲ့ သတိ၈။ မှန်ကန်တဲ့ သမာဓိ ဒီရှစ်ချက်နဲ့ ဘဝကိုနေထိုင်ဖို့ ဗုဒ္ဓက မဂ္ဂင်ရှစ်ပါးမှာ ဟောကြားခဲ့တယ်။ မှန်ကန်တဲ့အမြင်ဆိုတာ ဘဝမှာ စိတ်ဆင်းရဲခြင်း၊ ကိုယ်ဆင်းရဲခြင်းတွေရှိတယ်။ ဒါက တပ်မက်မှုငါအစွဲကြောင့်ဖြစ်တယ်။ဒီဒုက္ခက လွတ်မြောက်လို့ရတယ်။ ဒါကို နိဗ္ဗာန်လို့ခေါ်တယ်။ဒါကို မဂ္ဂင်ရှစ်ပါးနဲ့သွားတယ်။ ဒါကိုနားလည်နှလုံးသွင်းနိုင်တာကိုမှန်ကန်တဲ့အမြင်လို့ခေါ်တယ်။ မှန်ကန်တဲ့ရည်ရွယ်ချက်ဆိုတာ တခြားသူတွေကို ဒုက္ခရောက်အောင်မကြံစည်ပဲ မေတ္တာဂရုဏာထားခြင်းနဲ့ဘဝကိုနေထိုင်တာကိုဆိုလိုတယ်။ မှန်ကန်တဲ့ အပြောအဆိုဆိုတာ

အတွေးက အင်နာဂျီစွမ်းအင်ပဲ။
ဒါက မနောကံ။
Read More »

ပိုကောင်းတဲ့ဘဝတည်ဆောက်ဖို့
အနာဂတ်ပြဿနာတွေကို
ကြိုတင်အဖြေရှာဖို့လိုတယ်။

အနာဂတ်ပြဿနာကို ကြိုတင်ဖြေရှင်း။ တချို့ပြဿနာတွေကဖြစ်တဲ့အချိန်မှ ဖြေရှင်းရင်အချိန်ပိုကြာတယ်။ ပျက်ပြီးမှ ပြင်ရင်အချိန်ပိုကြာတယ်။ ဒါကြောင့် ပြဿနာအများစုမဖြစ်ချင်ကတည်းက ကြိုတင်အဖြေရှာတာပိုကောင်းတဲ့အကျင့်တစ်ခုပဲ။ ဒီလိုလုပ်ဖို့ အနာဂတ်ကိုကြိုတင်ခန့်မှန်းထားဖို့လိုတယ်။ ဒီလိုကြိုတင်ခန့်မှန်းနိုင်ဖို့ကိုယ့်သမိုင်း၊ တချို့သူတွေရဲ့သမိုင်းကိုပြန်ကြည့်ဖို့လိုလာတယ်။ သေချာတယ် အနာဂတ်မှာ အားလုံး အိုကြမှာပဲ။ဒီနေ့က အသက်အငယ်ဆုံးနေ့။မှန်ကြည့်တိုင်း ရုပ်ရင့်လာမှာပဲ။နာကြမှာပဲ။ ဖျားမယ်၊ အရိုးအဆစ်တွေမသန်းတော့ဘူး။ဂရုမစိုက်ရင် နာတာရှည်ရောဂါဖြစ်နိုင်တယ်။သေကြမှာပဲ။ သေဖို့မကျင့်ထားရင် အသက်ထွက်မှရုန်းရင်းဆန်ခတ်ဖြစ်နေမယ်။ ဘာသာတရား သို့ ကိုယ်ယုံကြည်တဲ့အဓိပ္ပာယ်တစ်ခုခုလိုတယ်။ ဒီနေ့မှာ အဆင်ပြေနေတိုင်းမနက်ဖြန်မှာ အဆင်ပြေဖို့မသေချာဘူး။ ဒီလို အခက်အခဲတွေအတွက်ကြိုတင်အဖြေရှာထားဖို့လိုတယ်။ ဆေးကျောင်းတက်နေရင်းနဲ့ငါ ကျောင်းပြီးလို့ ဆေးကုတဲ့အလုပ်မလုပ်ဖြစ်ရင်ဘာလုပ်မလဲ။ တခြားပညာရပ်တစ်ခုကို အသက်မွေးမှုအနေနဲ့ပြန်လေ့လာရမယ်။ဒီတော့ ဆေးကျောင်းတက်ရင်းသင်ယူမှုမြန်နှုန်းမြင့်အကြောင်း accelerated learning ကို လေ့လာထားမယ်။ အဲ့လိုပဲ အလုပ်သင်ဆရာဝန်လုပ်နေရင်းငါနောက်နှစ်ဆို ဘွဲ့ရပြီ။ဘွဲ့ရပြီး ဆေးကုတဲ့အပိုင်းမသွားရင်ငွေရှာဖို့အခြေကျတဲ့လုပ်ငန်းလုပ်ရမယ်။ဒါနဲ့ Getmebook linux tablet တွေစရောင်းတယ်။ iPhone Software တွေ freelance လုပ်တယ်။အဲ့ခေတ်က

ပိုကောင်းတဲ့ဘဝတည်ဆောက်ဖို့
အနာဂတ်ပြဿနာတွေကို
ကြိုတင်အဖြေရှာဖို့လိုတယ်။
Read More »

လူတွေကြားထဲနေပျော်ချင်ရင်
တ်န်ဖိုးရှိတဲ့သူလုပ်။

တန်ဖိုးရှိတဲ့သူဆိုတာ အသုံးချလို့ရတဲ့သူ။ မြန်မာစကားမှာ အသုံးချတယ်ဆိုတာ မကောင်းတဲ့ဖက်သွားတယ်။ အမှန်တော့ အသုံးချလို့ရဖို့အသုံးကျမှရမှာ။ အသုံးကျဖို့က ကိုယ့်မှာ ပြဿနာတစ်ခုဖြေရှင်းနိုင်တဲ့အစွမ်းအစတစ်ခုတော့ အနည်းဆုံးရှိရမယ်။ ဥပမာဗျာပိုက်ဆံများများရှိရင် ငွေကြေးပြဿနာဖြေရှင်းပေးလို့ရတဲ့အတွက် အသုံးကျတယ်။ စျေးကွက်ကျွမ်းကျင်မှုရှိရင် စျေးကွက်ပြဿနာဖြေရှင်းပေးလို့ရတဲ့အတွက်အသုံးကျတယ်။ Phyo Paing @ Derek

လူတွေကြားထဲနေပျော်ချင်ရင်
တ်န်ဖိုးရှိတဲ့သူလုပ်။
Read More »

ဘဝမှာ ရွေးချယ်မှုအရေးကြီးတယ်။

ရွေးချယ်မှုက ကြိုးစားမှုထက်ပိုအရေးကြီးတယ်။ ကြိုးစားပြီး အရာမရောက်တဲ့သူတွေအများကြီးတွေ့ဖူးလိမ့်မယ်။ ပိုကြိုးစားဖို့လိုတာမဟုတ်ဘူး။ရွေးချယ်မှုမှန်ကန်ဖို့လိုတာ။ အရှေ့အရပ်ကိုရောက်ချင်ပြီးအနောက်အရပ်ကိုပြေးနေလို့မရဘူး။ တချို့ရွေးချယ်မှုတွေက ပြန်ပြင်လို့ရတယ်။တချို့ရွေးချယ်မှုတွေက ပြန်ပြင်ရင် ရုပ်ဆိုးတတ်တယ်။တချို့ရွေးချယ်မှုတွေကပြန်ပြန်လို့မရဘူး။ ဥပမာ အလွယ်တကူပြင်လို့ရတဲ့ရွေးချယ်မှုတွေကကိုယ့်ရဲ့ပုံပန်းသဏ္ဏာန်ကိုမကြိုက်ရင် ပြန်ပြင်လို့ရတယ်။ ကိုယ့်ရဲ့လုပ်ငန်းလည်ပတ်ပုံကိုမကြိုက်ရင်ပြန်ပြင်လို့ရတယ်။ ပြင်ရင် ရုပ်ဆိုးတဲ့ရွေးချယ်မှုက လူတွေနဲ့ပတ်သက်တဲ့ ရွေးချယ်မှု။ ချစ်သူချင်းလမ်းခွဲတာ၊ divorce လုပ်တာ။ ဒါတွေက ငွေကြေးအပိုင်း၊ ဥပဒေပိုင်း၊ လူမှုရေးအပိုင်းတွေတစ်ခုမဟုတ် တစ်ခုပါလာပြီ။ ပြန်ရွေးချယ်လို့မရတာ။ သားသမီးမွေးပြီး ပြန်ရွေးချယ်လို့မရဘူး။သူ့ဖာသူ ဘာရောဂါရှိရှိပြန်ရွေးချယ်လို့မရဘူး။ ဘဝက ကိုယ့်ရွေးချယ်မှုရဲ့ရလဒ်ပဲ။ ရွေးချယ်မှုမှန်ကန်ဖို့ ကိုယ်လုပ်တဲ့ရွေးချယ်မှုက နောက်ကြောင်းပြန်လို့လွယ်လား၊ မလွယ်ဘူးလား၊ နောက်ကြောင်းပြန်လို့မရဘူးလားအရင်ဆုံးသိဖို့လိုတယ်ဆိုတာတဖြည်းဖြည်းပိုနားလည်လာတယ်။ နောက်ကိုယ့်ရဲ့ရွေးချယ်မှုမှားနေရင်ပြင်မယ်ဆိုရင် ကိုယ်ဆုံးရှုံးမည့်အရာနဲ့ပြန်ရမည့်အရာ ကိုက်လားပြန်စဥ်းစားဖို့လိုလာပြန်တယ်။ ဘဝမှာ ရွေးချယ်မှုအရေးကြီးတယ်။ နေ့စဥ် ဘာတွေတွေးမယ်၊ဘာတွေလုပ်မယ်။ဘယ်သူတွေနဲ့ဝန်းရံမယ်။ဘယ်လိုသူတွေနဲ့ စီးပွားရေးလုပ်မယ်။ဘယ်လိုနေရာမှာနေမယ်။ ဘယ်လိုလူတွေကိုရှောင်မယ်။ ဘယ်လိုဆုံးဖြတ်ချက်ချမယ်။ ဒီရွေးချယ်မှုတွေကကြိုးစားမှုထက် ပိုအရေးကြီးတယ်။ Phyo Paing @ Derek

ဘဝမှာ ရွေးချယ်မှုအရေးကြီးတယ်။ Read More »

“ငါ” ဆိုတဲ့အရာကို
ပြန်ပြန်လွတ်ချရပြန်တယ်။

လွတ်ချလိုက်။ ဘဝရဲ့ အဆင်မပြေမှုတော်တော်များများက မလွတ်ချနိုင်လို့ပါ။ ဘာလို့ မလွတ်ချနိုင်လဲဆို တွယ်တာတပ်မက်နေလို့။ ဘာလို့တွယ်တာတပ်မက်နေလဲဆို ငါဆိုတဲ့အတ္တကြောင့်။ ဒီလိုလွတ်ချလိုက်ရင်လူတွေငါ့ကို ဘယ်လိုထင်နေမလဲ။ ဒီ identity ငါဆိုတဲ့အချက်က လူတွေကိုလွတ်ချနိုင်မှုက အတားအဆီးဖြစ်စေတယ်။ ဒါကြောင့်အပြောင်းအလဲလုပ်ချင်တိုင်း“ငါ” ဆိုတဲ့အရာကို ပြန်ပြန်လွတ်ချရပြန်တယ်။ Phyo Paing @ Derek

“ငါ” ဆိုတဲ့အရာကို
ပြန်ပြန်လွတ်ချရပြန်တယ်။
Read More »

အရာရာက အပေးအယူပဲ။
ကုသိုလ်၊ ဥစ္စာ၊ ပညာအပါပေါ့။

ကိုယ့်ကို ဒီနေ့ကောအနာဂတ်မှာပါ အကျိုးမပြုနိုင်တဲ့လူတွေ၊ အကြောင်းအရာနဲ့ အလုပ်ကြောင့်စိတ်ဆင်းရဲမခံပါနဲ့။ မတန်တာကို မလုပ်နဲ့။ ကိုယ့်အချိန်နဲ့ အာရုံပေးဖို့မတန်တဲ့အရာတွေမှာအားကုန်မခံနဲ့။အရေးမပါတာကို အရာမပေးနဲ့။ အမြဲ what is in it for me?ငါရချင်တာဘာလဲ။ဘာပြန်ပေးရမလဲ။အရာရာက အပေးအယူပဲ။ကုသိုလ်၊ ဥစ္စာ၊ ပညာအပါပေါ့။ Phyo Paing @ Derek

အရာရာက အပေးအယူပဲ။
ကုသိုလ်၊ ဥစ္စာ၊ ပညာအပါပေါ့။
Read More »