Dr. Phyo Paing

https://yec.company

Heal. Let go. Master Your Flow.

ဘဝသစ်တစ်ခုကို သွားချင်ရင်အတိတ်က ဒဏ်ရာတွေကို နေ့တိုင်း သယ်သွားလို့မရဘူး။ တချို့အရာတွေကိုမေ့ပစ်ဖို့ မလိုဘူး။ မှန်တယ်လို့လည်းလက်ခံပေးဖို့ မလိုဘူး။ ဒါပေမယ့်ကိုယ့်ဘဝကို ဆက်ပြီးထိန်းချုပ်ခွင့်မပေးတော့ဖို့လိုတယ်။ ဒီ ၁၂ ခုကိုတဖြည်းဖြည်း ခွင့်လွှတ်ပြီး Healing လုပ်ကြည့်ပါ။ ၁။ ကိုယ့်မိဘကို ခွင့်လွှတ်ပါ။ သူတို့မပေးနိုင်ခဲ့တဲ့ အချစ်၊နားလည်မှု၊ လုံခြုံမှုတွေရှိနိုင်တယ်။ သူတို့လည်း သူတို့သိသလောက်၊သူတို့ရဲ့ဒဏ်ရာတွေနဲ့အသက်ရှင်ခဲ့ကြတာ ဖြစ်နိုင်တယ်။ ၂။ ကိုယ့်ငယ်ဘဝကို ခွင့်လွှတ်ပါ။ ကိုယ်ရွေးချယ်လို့မရခဲ့တဲ့ပတ်ဝန်းကျင်တွေရှိတယ်။ အတိတ်ကို ပြန်မရွေးနိုင်ပေမယ့်ဒီနေ့ဘယ်လိုနေမလဲကိုတော့ပြန်ရွေးလို့ရတယ်။ ၃။ ကိုယ့်ကိုနာကျင်စေခဲ့တဲ့သူတွေကို ခွင့်လွှတ်ပါ။ ခွင့်လွှတ်တယ်ဆိုတာသူတို့လုပ်ခဲ့တာ မှန်တယ်လို့ပြောတာမဟုတ်ဘူး။ သူတို့လုပ်ခဲ့တာကိုကိုယ့်စိတ်ထဲမှာ ဆက်ပြီးနေရာပေးမထားတော့တာ။ ၄။ ကိုယ့်ကိုစွန့်ခွာခဲ့တဲ့သူတွေကို ခွင့်လွှတ်ပါ။ လူတိုင်း ကိုယ့်ဘဝထဲအမြဲရှိနေဖို့မလာဘူး။ တချို့က ခရီးတစ်ပိုင်းအတွက်ပဲလာတယ်။ ၅။ ကိုယ့်ကိုသစ္စာဖောက်ခဲ့တဲ့သူတွေကို ခွင့်လွှတ်ပါ။ သစ္စာဖောက်ခံရတာကဒဏ်ရာဖြစ်နိုင်တယ်။ ဒါပေမယ့်အဲ့ဒီဒဏ်ရာကြောင့်နောက်လူတိုင်းကို မယုံနိုင်တော့တာကကိုယ့်အနာဂတ်ကိုပါ ပေးဆပ်နေရတာ။ ၆။ ကိုယ်ချစ်ခဲ့ပေမယ့်

Heal. Let go. Master Your Flow. Read More »

ယုတ္တိနဲ့ဖီဆန်တဲ့အရာ
ဒီလိုမက်ဆေ့တွေရပြီး ဘဝအပြောင်းအလဲဖြစ်တယ်။

Noise တွေကိုဖယ်မှVoice တွေကို ကြားမယ်။ ဒီဆူညံသံ noise တွေကိုဖယ်ဖို့ငြိမ်ဖို့လိုတယ်။မယုတ်မာပဲ ရိုးသားဖို့လိုတယ်။လူတွေကို အကျိုးပြုဖို့လိုတယ်။ Intuition လို့ပဲခေါ်ခေါ်၊Voice လို့ပဲခေါ်ခေါ်အသံတစ်ချက်ကဘဝကြီးကို ပြောင်းလဲပြစ်နိုင်တယ်။ ဒါက ယုတ္တိမကျဘူး။ဒါပေမယ့် ဘဝပြောင်းတယ်။ ၂၀၁၄ ဖေဖော်ဝါရီလဆန်းမှာ၂၆ လမ်း၊ လမ်း ၈၀ ထောင့်မိးပွိုင့်စောင့်နေရင်းအလုပ်ထွက်လိုက်တော့ဆိုတဲ့အသံတစ်သံ ခေါင်းထဲဝင်လာတယ်။အဲ့နေ့ပဲ ရုံးရောက်တော့Resign တင်လိုက်တယ်။ဂျပန်သွားရမည့်ခရီးစဉ်ကိုမလိုက်တော့ဘူး။ဒီဆုံးဖြတ်ချက်က ဘဝအပြောင်းအလဲပဲ။ ၂၀၂၀ တုန်းကလဲ တရားထိုင်နေရင်းအဲ့လို မက်ဆေ့တစ်ခု။ညနေကျ ချက်ချင်းလုပ်တယ်။ဘဝက လူသစ်တစ်ယောက်လိုအပြောင်းအလဲဖြစ်သွားတယ်။ ၂၀၂၂ ဒီဇင်ဘာလောက်ကတစ်ခါ။၂၀၂၃ ဂျွန်လလောက်မှာလဲအဲ့လို။၂၀၂၆ စက်တင်ဘာ ၆ ရက်နေ့ကတစ်ခါ။ သူများတော့မသိဘူး။ကိုယ့်ဘဝမှာ intuition လို့ပြောပြောတချို့ Universe လို့ပြောပြောအဲ့မက်ဆေ့တွေကဘဝကို အပြောင်းအလဲ အကြီးအကျယ်ဖြစ်စေတယ်။ ရူးကြောင်ကြောင်နိုင်လိမ့်မယ်။ကျွန်တော့်လို logic နဲ့ပဲသွားတဲ့သူအတွက်ယုတ္တိနဲ့ဖီဆန်တဲ့အရာဒီလိုမက်ဆေ့တွေရပြီး ဘဝအပြောင်းအလဲဖြစ်တယ်။ Phyo Paing @ Derek

ယုတ္တိနဲ့ဖီဆန်တဲ့အရာ
ဒီလိုမက်ဆေ့တွေရပြီး ဘဝအပြောင်းအလဲဖြစ်တယ်။
Read More »

လုပ်ငန်းစတဲ့အချိန်က
ရွေးချယ်လို့ရလာရင်
ဘဝက ပိုလွယ်ကူသွားပြီ။

ပိုက်ဆံရှာတဲ့ရည်ရွယ်ချက်တစ်ခုကမဆက်ဆံချင်၊ မပတ်သက်ချင်သူတွေနဲ့ဝေးဝေးနေနိုင်ဖို့။ကိုယ်ချစ်ခင်ရင်းနှီးသူတွေနဲ့နီးနီးနေနိုင်ဖို့။ ကိုယ်ဝန်ဆောင်မှုပေးချင်တဲ့သူတွေကိုပေးနိုင်ပြီး၊မပေးချင်တဲ့သူတွေကို ပေးစရာမလိုဖို့ပိုက်ဆံလိုတယ်။ဒါမှ မလိုချင် “no” လို့ပြောလို့ရမှာ။မကြိုက်ရင် မတွေ့ချင်ရင်မရောင်းချင်ရင်စိတ်ကြိုက် ban လို့ရမှာ။ လုပ်ငန်းစတဲ့အချိန်ကရွေးချယ်လို့ရလာရင်ဘဝက ပိုလွယ်ကူသွားပြီ။ Phyo Paing @ Derek

လုပ်ငန်းစတဲ့အချိန်က
ရွေးချယ်လို့ရလာရင်
ဘဝက ပိုလွယ်ကူသွားပြီ။
Read More »

life philosophy

ဘဝရဲ့ life philosophy က ၁။ လူတွေမမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲလိုက်ပါ။ဘဝမှာ ခဏလူလာဖြစ်တုန်းအချိန်တွေဖြုန်းပြီးဘဝကို ဖြစ်သလို မဖြုန်းလိုက်နဲ့။ကိုယ့်ရဲ့အကောင်းဆုံးပုံစံဖန်တီးရမှာကိုယ့်သမိုင်းပေးတာဝန်ပဲ။ဒါမှ အသက်ထွက်တဲ့အချိန်အတိတ်ကို ဂုဏ်ယူစွာနဲ့ပြန်ကြည့်နိုင်မှာ။ ၂။ နေသလိုဖြစ်တဲ့ဘဝမှာ ဖြစ်သလိုမနေနဲ့။ ဘဝကို သေချာ ဒီဇိုင်းလုပ်ဖို့လိုတယ်။အချိန်ကို သေချာစီမံဖို့လိုတယ်။သူများလုပ်တဲ့ပုံစံ လိုက်လုပ်စရာမလိုဘူး။ကိုယ့်ဘဝ ကိုယ့်အထာပဲ။အလိုလိုပေါက်တာ မြတ်ပင်ပဲရှိတယ်။ပန်းကောင်းပန်းမံအတွက် သေချာပြုစုပျိုးထောင်ဖို့လိုတယ်။ ၃။ အရေးမပါတာကိုအရာမပေးနဲ့။ကိုယ့်အတွက် အကျိုးမရှိတာကိုအချိန်ကုန်မခံနဲ့။အရေးမပါတဲ့အလုပ်ကိုအကောင်းဆုံးလုပ်တာအချိန်ဖြုန်းတာပဲ။ ၄။ အပြစ်မတင်နဲ့ အဖြေရှာ။Victim မလုပ်နဲ့ Victor လုပ်။ဒါမှ Victory ရမှာ။ ၅။ ပြိုင်မငြင်းနဲ့ မေး။လူတွေကို ငြင်းပြီးပြင်လို့မရဘူး။ကိုယ့်အတွက် အကျိုးမရှိတာအချိန်ကုန်ခံမငြင်းနဲ့။အရင်နားလည်အောင်မေး။ ၆။ အမြင်မတူရင် အမြင့်မတူဘူး။ဒါကြောင့်ပေါင်းတဲ့ လူ၊နေတဲ့နေရာ၊ခေါင်းထဲထည့်တဲ့အိုင်ဒီယာကိုသေချာရွေး။ ၈။ လူတွေကို ပြင်ပေးဖို့ မကြိုးစားနဲ့။ပျက်အစဉ် ပြင်မရ။ ၉။ လူတွေနောက်မလိုက်နဲ့။အိမ်မက်တွေနောက်လိုက်။အချစ်နဲ့ဘဝ တည်ဆောက်လို့မရဘူး။စနစ်နဲ့ပဲဘဝ တည်ဆောက်လို့ရတယ်။ ၁၀။ ဘဝမှာ အတွေး၊ အကြံ၊

life philosophy Read More »

ခေတ်၊ စနစ်နဲ့ကိုက်တဲ့
အတွေးအခေါ် mental model ကို
ပြန်ပြောင်းယူရတယ်။

အမေက ရိုးသားတယ်။ အဖြူထည်လေး။ စိတ်ထဲမှာရှိတဲ့အတိုင်းပြောတတ်တယ်။လူတွေကို သနားတတ်တယ်။ အမှန်ထင်တာကိုပဲလုပ်တယ်။ အမေက တရုတ်စကားသိပ်မတတ်တဲ့တရုတ်မ။ ကျောင်းဆရာမလဲဟုတ်တယ်။ ပရိယာယ်ဆိုတာမသိဘူး။အဘိဓမ္မာဂုဏ်ထူးနဲ့အောင်တယ်။ဘုရားစာအမြဲရွတ်တယ်။မကြာမကြာတရားထိုင်တယ်။ စေတနာကောင်းရင် ကံကောင်းတယ်ဆိုတာယုံကြည်တယ်။ ယောက္ခမနဲ့ အဆင်မပြေဘူး။ယောင်းမငယ်နဲ့အဆင်မပြေဘူး။ အဖေနဲ့ အမြဲရန်ဖြစ်တယ်။ ဝန်ထမ်းတွေ မမြဲဘူး။ သားသမီးတွေနဲ့အဆင်မပြေဘူး။ ခင်တဲ့သူတွေကို ယုံလို့တစ်သက်ရှာထားတာတင်မဟုတ်အကြွေးတွေတင်လို့ သားအကြီးဆုံးကျွန်တော်ဆပ်ရတာ ဆယ်စုနှစ်တစ်ခုကျော်ပဲ။ စိတ်ထဲရှိတဲ့အတိုင်းပြောတယ်။ လူတွေကို လူကောင်း၊ လူဆိုးအဖြူနဲ့အမဲပဲမြင်တယ်။ ငယ်ငယ်နှစ်တန်းလောက်ကအဒေါ်နဲ့ ဦးလေးတို့ရဲ့အဆင်မပြေတဲ့ဝန်ထမ်းထုတ်တော့အိမ်ပြန်ချိန်ကားလက်မှတ်ဝယ်ရမှာဝေးလို့စက်ဘီးယူသွားဆိုပြီး စက်ဘီးငှားပေးတယ်။ အဒေါ်တို့က သူတို့နဲ့အဆင်မပြေတဲ့သူကိုငှားပေးတယ်ဒါသူတို့ကို ကြည့်လို့မရလို့စဥ်းစားတယ်။နောက် ယောက္ခမနဲ့အဆင်မပြေတော့ဘူး။ အဒေါ်ကုန်းတိုက်လို့ အဆင်မပြေဘူးသားသမီးတွေကို အမြဲညည်းတယ်။ နောက်အိမ်မှာ အဒေါ့်အမျိုးသားလုပ်တဲ့မန်ကျီးလုပ်ငန်းရွာကအလုပ်သမားတွေနေ့စားလာလုပ်တဲ့ မန်ကျီးသီးစေ့ခွာတာကိုငါလဲ ဒါလုပ်ရင် ပိုက်ဆံရတာပဲ။အလုပ်ဟူသမျှ ဂုဏ်ရှိစွဆိုလုပ်တယ်။ အဖေက သစ်စက်နဲ့။ သူ့ကုန်တင်ကားနဲ့ရှိနေတဲ့အချိန်ကိုယ့်ကို အိမ်မှာလူတွေမြင်တဲ့အမြင်အရေးကြီးတယ်ဆိုတာ ထည့်မတွက်ပဲလုပ်တယ်။ကျွန်တော့်ဘဝမှာ နားမလည်နိုင်ခဲ့တဲ့အရာတွေ။အိမ်တစ်ခုမှာ ပါဝါတစ်ခုရှိဖို့တချို့အလုပ်တွေက ပိုက်ဆံရတိုင်းလုပ်လို့မရဘူးဆိုတာကလေးဖြစ်တဲ့ ကျွန်တော်တောင်သိတယ်။အမေက အဲ့လိုမစဥ်းစားဘူး။ သူများပိုက်ဆံခိုးနေတာမှမဟုတ်တာ။ အားတဲ့အချိန်

ခေတ်၊ စနစ်နဲ့ကိုက်တဲ့
အတွေးအခေါ် mental model ကို
ပြန်ပြောင်းယူရတယ်။
Read More »

အသက်အရွယ်အလိုက်
အောင်မြင်မှုတွေက
ကွာသွားတယ်။

ဘဝမှာ အချိန်အကန့်အသတ်ရှိတယ်။ အသက် ၄၀ အောက်အသက် ၆၀ အောက်အသက် ၉၀ အောက်လုပ်ရမည့်အရာတွေကမတူကြပြန်ဘူး။ အသက် ၂၀ အောက်က စူးစမ်းလေ့လာလောကကို ရင်ခုန်တဲ့အရွယ်။ အရာရာလင်းလတ်ရင်ခုန်ဖို့ကောင်းနေတယ်။ အသက် ၄၀ လောက်ရောက်လာရင်လောကရဲ့အထုအထောင်းနဲ့ လောကဓံတချို့ခံပြီးပြီ။သူငယ်ချင်းတချို့လဲ လောကထဲထွက်ခွာသွားပြီ။ အသက် ၆၀ လောက်ရောက်လာတဲ့အခါဘဝဆိုတာ ရုပ်ရှင်လိုပဲ။ ခဏလေးအတွက် အချိန်တွေကုန်တာပြန်လိုက်တာဖြစ်မယ်။ အသက် ၈၀၊ ၉၀ အရွယ်ငယ်ငယ်တုန်းကအကြောင်းတွေပြန်ပြန်တွေး မရှိတော့တဲ့သူတွေကိုကိုယ့်မြေးတွေကို ပြန်ပြောပြတဲ့အချိန်။ အသက် ၂၀ မှာအောင်မြင်တယ်ဆိုတဲ့သူက အသက် ၄၀ ရဲ့စံနှုန်းတွေနဲ့တမျိုးဖြစ်ရင်ဖြစ်မယ်။ အသက်အရွယ်အလိုက်အောင်မြင်မှုတွေက ကွာသွားတယ်။ တချို့က အနာဂတ်ကို ကံတရားကို ပုံအပ်တာအဆင်ပြေတယ်။ တချို့က အနာဂတ်ကို တကူးတက ဖန်တီးမှရတယ်။ ကျွန်တော့်ဘဝ ဒီနေ့အထိကတော့တကူးတက ဖန်တီးတာက ၈၀% မကပါတယ်။ ကံတရားကို ပုံအပ်တာ

အသက်အရွယ်အလိုက်
အောင်မြင်မှုတွေက
ကွာသွားတယ်။
Read More »

လူတွေက meaning လိုတယ်။
ဘဝအတွက် စိတ်လှုံခြုံမှုလိုတယ်။

ဥာဏ်နဲ့ဖြေရှင်းလို့မရတာကို ဘာသာတရားနဲ့ဖြေရှင်းတယ်။ တိရစ္ဆာန်တွေလဲ နာကျင်မှုခံစားရတယ်။လူတွေလဲ နာကျင်မှုခံစားရတယ်။ ဒါပေမယ့် လူတွေက နာကျင်မှုနောက်ကွယ်မှာပုံပြင်လေးနဲ့။ ဘာကြောင့် ငါ့ကျမှဖြစ်ရတာလဲ။ သူတို့ကျ ဘာကြောင့် ဒီလိုလဲ။ဘဝဆိုတာ ဘာလဲ။ ငါသေပြီး ဘာဆက်ဖြစ်မှာလဲ။ ဒီမေးခွန်းတွေအတွက် အဖြေကို သိပ္ပံက မပေးနိုင်ဘူး။ ဘာသာတရားတွေက အဖြေတွေပေးကြတယ်။ ဗုဒ္ဓဘာသာ ကဘာကြောင့် ဒုက္ခရောက်တာလဲကိုရှင်းပြတယ်။အဓိကပြဿနာကလောကကြီးမကောင်းလို့ မဟုတ်ဘူး။ လောကကြီးကိုကိုယ်ဖြစ်ချင်တဲ့အတိုင်း ဖြစ်စေချင်တဲ့တပ်မက်မှု၊ တွယ်တာမှုနဲ့ အမှန်ကို မမြင်နိုင်မှု ကြောင့်ဒုက္ခဖြစ်တယ်လို့ မြင်တယ်။ လိုချင်တာ မရရင် ဒုက္ခ။ရပြီးရင် ပျောက်သွားမှာကြောက်လို့ ဒုက္ခ။မကြိုက်တာတွေ့ရင် ဒုက္ခ။ချစ်တဲ့အရာနဲ့ ခွဲရရင် ဒုက္ခ။ ဒါကြောင့် ဗုဒ္ဓဘာသာ ရဲ့ အဖြေကလောကကြီးကို ကိုယ်လိုချင်တဲ့အတိုင်းအမြဲပြောင်းလဲဖို့ မဟုတ်ဘူး။လောကကြီးအပေါ် တွယ်တာနေတဲ့ ကိုယ့်စိတ်ကို နားလည်ဖို့။ Christianity ဒုက္ခထဲမှာတောင် ငါတစ်ယောက်တည်း မဟုတ်ဘူး။Christianity မှာ

လူတွေက meaning လိုတယ်။
ဘဝအတွက် စိတ်လှုံခြုံမှုလိုတယ်။
Read More »

အလုပ်အကြိုးစားဆုံးသူက
အအောင်မြင်ဆုံးသူမဟုတ်ဘူး။

အလုပ်ပဲကြိုးစားနေတာ ငပျင်းတွေအလုပ်။ခေတ်သစ်ငပျင်းဆိုတာအသစ်လေ့လာဖို့ပျင်းတယ်။အသစ်စမ်းသပ်ရမှာပျင်းတယ်။အသစ်တွေ့ရှိမှုရှာရမှာပျင်းတယ်။အလုပ်ပဲကြိုးစားနေတာ ခေတ်သစ်ငပျင်း။လေ့လာစမ်းသပ်တွေ့ရှိက ခေတ်သစ်ကြိုးစားမှု။ Intelligence Age မှာ စမ်းသပ်ရှာဖွေတာကကြိုးစားတာထက် ပိုအရေးကြီးတယ်။ အလုပ်အကြိုးစားဆုံးသူကအအောင်မြင်ဆုံးသူမဟုတ်ဘူး။ မှန်ကန်တဲ့အချိန် မှန်ကန်တဲ့အလုပ်လုပ်တဲ့သူကပဲရှေ့ရောက်တဲ့သူ။ Phyo Paing @ Derek

အလုပ်အကြိုးစားဆုံးသူက
အအောင်မြင်ဆုံးသူမဟုတ်ဘူး။
Read More »

ဓာတ်တူရာစုတတ်တယ်။

ပညာတတ်သူနားဝင်အောင်ပညာတတ်သူပြောမှ နားဝင်တယ်။ ပညာမတတ်သူ နားဝင်အောင်ပညာမတတ်သူပြောမှ ပိုလွယ်တယ်။ သူဌေးနားဝင်အောင်သူဌေးအချင်းချင်းပြော ပိုနားဝင်တယ်။ဓာတ်တူရာစုတတ်တယ်။ ကိုယ်က အသိုင်းအဝိုင်းတစ်ခုကိုဘယ်လိုချင်းကပ်မရလဲဆိုဘာသာစကားတူတဲ့သူတွေကို ရွေးတတ်ဖို့လိုတယ်။ ဆယ်ကျော်သက်တွေတောင်သူ့အသိုင်းအဝိုင်းအလိုက်အတွေးအခေါ်တွေ မတူကြဘူး။ Phyo Paing @ Derek

ဓာတ်တူရာစုတတ်တယ်။ Read More »

တစ်ဆင့်ချင်း။

မနက်ပိုင်းကိုဖြစ်ချင်တာဖြစ်အောင်လုပ်တယ်။ညနေပိုင်းကိုဖြစ်နေတာကို လက်ခံတတ်အောင်လုပ်တယ်။ လူတစ်ယောက်က၁။ Personal development ၂။ Professional development၃။ Business development ၄။ Spiritual development တစ်ဆင့်ချင်း။ မွဲနေပြီး spiritual ပဲလုပ်နေလို့မရဘူး။အလုပ်လုပ်ရမယ်။အကြွေးဝိုင်းနေပြီး spiritual အကြောင်းပြနေလို့မရဘူး။ အပြင်ကမ္ဘာကြီးမှာလဲအပူကင်းအောင်လုပ်ထားနိုင်ဖို့၁။ ကိုယ့်ပြဿနာကိုယ်ဖြေရှင်း၂။ သူများပြဿနာဖြေရှင်းကူ၃။ ဥစ္စာဓနမလိုခင်ရှာထား၄။ အရာရာကိုလက်ခံတတ်အောင် ဥပက္ခာတရားထား။ သူများကို ဒုက္ခမပေး၊အပူမပေးပဲတရားအားထုတ် spiritual လုပ်တာအမှန်။အကြွေးတွေဝိုင်းပြီး spiritual အော်နေတာ အမှား။ Phyo Paing @ Derek

တစ်ဆင့်ချင်း။ Read More »