Dr. Phyo Paing

https://yec.company

လောကကြီးက မတရားဘူး။ ကျင့်သားရအောင်လုပ်။

လောကကြီးက မတရားဘူး။ကျင့်သားရအောင်လုပ်။ဒါက ဘီဂိတ်တစ်ခါကပြောခဲ့တဲ့နာမည်ကြီး စကားပဲ။“Life is not fair, get used to it.” စတိုးဝတ် အတွေးအခေါ်Stoic Philosophy အရဆိုဘဝကြီးကမတရားဘူး။ငါထိန်းချုပ်လို့ရတာကိုပဲငါအာရုံစိုက်မယ်။​ဒီလိုစဥ်းစားတယ်။ ဘဝမှာ ထိန်းချုပ်လို့မရတာအများကြီးပဲ။​ စတိုးဝတ် Stoics တွေတန်ဖိုးထားတာ လေးခုရှိတယ်။​ ၁။ မှန်ကန်တဲ့အမြင်ဒါကို ဥာဏ်ပညာ (Wisdom) လို့ခေါ်တယ်။​ ဗုဒ္ဓဘာသာရဲ့ သမ္မာဒိဋ္ဌိနဲ့တူပေမယ့်အဓိပ်ပာယျမတူဘူး။ ဗုဒ္ဓဘာသာရဲ့ သမ္မာဒိဋ္ဌိက ပညာ။သစ္စာလေးပါးဖြစ်တဲ့ဘဝဆိုတာ ဒုက်ခ။ဒုက္ခဆိုတာ တပ်မက်မှုတွေကလာတယ်။အဆုံးသတ်တဲ့နေရာရှိတယ်။ဒါကို နိဗ္ဗာန်လို့ခေါ်တယ်။သူကို မဂ္ဂင်ရှစ်ပါးနဲ့သွားတယ်။​ကံ ကံ၏အကျိုးသိရမယ်။ စတိုးဝတ်အတွေးအခေါ်Stoic Philosophy ရဲ့မှန်ကန်တဲ့အမြင် (ပညာ)ကလောကမှာ ထိန်းချုပ်လို့ရတဲ့အရာရှိတယ်။ထိန်းချုပ်လို့မရတဲ့အရာရှိတယ်။ထိန်းချုပ်လို့ရတဲ့အရာကိုအဓိက အာရုံစိုက်။ ဥပမာ အတိတ်ကို သွားပြင်လို့မရဘူး။အဓိပ္ပာယ်ဖွင့်တာကိုပဲပြောင်းလို့ရတယ်။မနေ့ကကို သွားပြင်လို့မရဘူး။ဒီနေ့ကိုပြင်လို့ရသေးတယ်။ ၂။ သတ္တိ (အကြောက်တရားတွေကိုရင်ဆိုင်ပါ။)Courage သတ်တိဆိုတာကြောက်နေတာကိုကြောက်ကြောက်နဲ့လုပ်ဆောင်ခြင်း။ဒီမှာပြောတဲ့ သတ္တိဆိုတာအကြောက်တရားကင်းမဲ့တာကိုပြောတာမဟုတ်ပဲဆင်ခြင်တုံးတရားရှိရှိရှေ့ဆက်ခြင်းလို့အဓိပ္ပာယ်ရတယ်။ ဥပမာ စင်ပေါ်တက် စကားပြောရမှာကြောက်ကြောက်နဲ့ လုပ်စရာရှိတာအကောင်းဆုံးသတ္တိရှိရှိလုပ်တာ။ […]

လောကကြီးက မတရားဘူး။ ကျင့်သားရအောင်လုပ်။ Read More »

မနက်ထတိုင်းမေးတဲ့မေးခွန်းတစ်ခု

မနက်ထတိုင်းမေးတဲ့မေးခွန်းတစ်ခုကမနေ့က ငါလုပ်ခဲ့တဲ့ဂုဏ်ယူတဲ့အရာတစ်ခုဆိုဘာများဖြစ်မလဲ။ နေ့စဥ် ကိုယ်ဂုဏ်ယူတဲ့အလုပ်တွေလုပ်ရင်ကိုယ့်ရဲ့ ဖြစ်တည်မှုကိုလဲဂုဏ်ယူလာမယ်။ Phyo Paing @ Derek

မနက်ထတိုင်းမေးတဲ့မေးခွန်းတစ်ခု Read More »

လုပ်တဲ့လုပ်ရပ်ပေါ်မူတည်ပြီးဘဝတွေကွာသွားတယ်။

နေတဲ့နေရာ၊တွေ့တဲ့လူ၊ဖတ်တဲ့စာအုပ်၊ခေါင်းထဲထည့်တဲ့အတွေးအခေါ်၊လုပ်တဲ့လုပ်ရပ်ပေါ်မူတည်ပြီးဘဝတွေကွာသွားတယ်။ Phyo Paing @ Derek

လုပ်တဲ့လုပ်ရပ်ပေါ်မူတည်ပြီးဘဝတွေကွာသွားတယ်။ Read More »

ကိုယ်လုပ်ချင်တာကိုလုပ်ပြီးဖြစ်ချင်တာကို ဖြစ်နေရင်တော့ဒါက အောင်မြင်မှုအစစ်ပဲ။

ကိုယ်လုပ်ချင်တာကိုလုပ်ပြီးဖြစ်ချင်တာကို ဖြစ်နေရင်တော့ဒါက အောင်မြင်မှုအစစ်ပဲ။ ကိုယ်မလုပ်ချင်တာကိုလုပ်ပြီးဖြစ်ချင်တာဖြစ်နေရင်လဲဒါက မဆိုးဘူး။ ကိုယ်လုပ်ချင်တာလုပ်ပြီးဖြစ်ချင်တာမဖြစ်ရင်တော့တစ်ခုခုတော့လွဲနေပြီ။ ကိုယ်မလုပ်ချင်တာလုပ်ပြီးဖြစ်ချင်တာမဖြစ်ရင်တော့အဆိုးဆုံးပဲ။ Phyo Paing @ Derek

ကိုယ်လုပ်ချင်တာကိုလုပ်ပြီးဖြစ်ချင်တာကို ဖြစ်နေရင်တော့ဒါက အောင်မြင်မှုအစစ်ပဲ။ Read More »

ဘဝမှာ ပြိုင်ဖို့စိတ်မဝင်စားဘူး။

ဘဝမှာ ပြိုင်ဖို့စိတ်မဝင်စားဘူး။နိုင်ဖို့ပဲ စိတ်ဝင်စားတယ်။ ဒါကြောင့် မပြိုင်ဘဲနိုင်အောင်လုပ်ပါကိုယ့်ကိုကိုယ် အမြဲပြောတယ်။ ယှဥ်ပြိုင်တာကမောတယ်။ အနိုင်ယူရတဲ့ခံစားချက်က ပျော်ဖို့ကောင်းတယ်။ လိုချင်တာရတာ နိုင်တာပဲ။ လိုချင်တာရဖို့ တိုက်ရိုက်သွားပြိုင်စရာမလိုဘူး။ ဥာဏ်ရှိရှိနိုင်လို့ရတယ်။ Phyo Paing @ Derek

ဘဝမှာ ပြိုင်ဖို့စိတ်မဝင်စားဘူး။ Read More »

အရေးအကြီးဆုံးက
အယူမမှားဖို့
ပညာသင် လေ့လာနေဖို့လိုတယ်။

အယူမှားတာလောက်လူဖြစ်ရှုံးတာမရှိဘူး။ ဒါကြောင့်လဲ မဂ္ဂင်ရှစ်ပါးမှာ ဗုဒ္ဓက သမ္မာဒိဋ္ဌိ မှန်ကန်တဲ့ အယူအမြင်ရှိဖို့ဟောကြားခဲ့တယ်။ ဒါကြောင့်လဲ မိဘတွေလူတွေက မှန်ကန်တဲ့အယူအမြင်ရှိဖို့ငယ်ကတည်းက ပညာသင်ပေးခဲ့ကြတာဖြစ်တယ်။ ရုပ်ဝတ္ထုတွေရဲ့အကြောင်းသိဖို့ရူပဗေဒပညာသင်ယူခဲ့ကြတယ်။ ဒြပ်ဝတ္ထုတွေရဲ့သဘောတရားနားလည်ဖို့ဓာတုဗေဒသင်ယူခဲ့ကြတယ်။သက်ရှိတွေရဲ့ သဘောသဘာဝနားလည်ဖို့ဇီဝဗေဒသင်ယူခဲ့ကြတယ်။ ပြောဆိုဆက်ဆံနိုင်ဖို့ လူ့အသွားအလာနားလည်ဖို့ဘာသာစကားတွေ သင်ယူခဲ့ကြတယ်။ ပြဿနာတွေကို ယုတ္တိကျကျဖြေရှင်းနိုင်ဖို့ သင်္ချာပညာသင်ခဲ့ကြတယ်။ တခါတလေ ပညာသင်ပြီးပညာတတ်ချင်မှ တတ်တာ။ ဒါကြောင့် အိုင်စတိုင်းကThe only thing that interferes with my learning is my education.”  တဲ့။ငါ့သင်ယူမှုအတွက်အဟန့်အတားကပညာရေးတဲ့။ တချို့ သာမန်ထက်ကျော်သွားတဲ့လေ့လာသူတွေအတွက် ကျောင်းတွေက ပညာသင်ပေးတဲ့နေရာမဟုတ်ပဲပညာသင်ဖို့ ကန့်သတ်တဲ့နေရာဖြစ်နေတတ်တယ်။ စဥ်းစားကြည့်လေ။ ကျောင်းတွေ အများကြီးတက်ဘွဲ့တွေယူခဲ့ပြီး ပညာတွေတတ်ကြလား။ သာမန်တက္ကသိုလ်အများစုကတတ်ချင်မှ တတ်လိမ့်မယ်။ တတ်သလိုလိုပဲဖြစ်လိမ့်မယ်။ ဒါက ဘွဲ့ရပညာမတတ်ဖြစ်လာစေတဲ့အကြောင်းအရင်းတစ်ခုပဲ။ ဘဝမှာ အယူမမှားဖို့ပညာရှာဖို့လိုတယ်။ Certificate ရှာရမှာမဟုတ်ဘူးလို့ထင်တယ်။ တကယ်လို့

အရေးအကြီးဆုံးက
အယူမမှားဖို့
ပညာသင် လေ့လာနေဖို့လိုတယ်။
Read More »

ဒီနေ့ဘာတွေ သင်ယူလိုက်ရလဲ။

ဒီနေ့ဘာတွေ သင်ယူလိုက်ရလဲ။ တစ်ရက်တာမှာ အသစ်တစ်ခု မသင်ယူလိုက်ရင်ရာဇဝတ်မှုကျူးလွန်တယ်လို့ပဲကိုယ့်ကိုကိုယ် ယူဆတယ်။ ဘာလို့လဲဆို ကျွန်တော်ခံယူတာ learning is the leverage ပဲ။ ကိုယ့်မှာရှိတဲ့ ၁၀ သိန်း ကို သိန်း ၁၀၀၊ သိန်း ၁၀၀၀ ပွားစေနိုင်တဲ့အရေးကြီး အခရာကျတဲ့အရာကသင်ယူမှု learning လို့ပဲမြင်တယ်။ သင်ရင် မြင်မယ်။ မြင်ရင် မှားနေတာတွေပြင်လာနိုင်မယ်။ ငယ်ငယ်ကလေးမနူးမနပ်တုန်းကဆို အမှဲစဉ်းစားတာ သိန်း ၂၀၀ ရှိတယ်။ ၅၀၀ ရှိတယ်၊၁၀၀၀ ရှိတယ်။ ဘယ်လုပ်ရင်ကောင်းမလဲ။ ဘားမှ မလုပ်နဲ့။ အိုင်ဒီယာမရှိ၊စျေးကွက်မရှိ၊ကျွမ်းကျင်မှုမရှိလုပ်ရင်ကျားစားတာ ခံရလိမ့်မယ်။ အကောင်းဆုံးက ကိုယ်ကျွမ်းကျင်အောင်လုပ်မည့်နယ်ပယ်မှာ ဆရာတစ်စူဖြစ်အောင်လေ့လာ။ လေ့ကျင့်။ ဒီက စတင်ရမှာပဲ။ သင်ယူမှုက ဆပွားတိုးတက်စေတဲ့သော့ချက်ပဲ။ ဒါကြောင့် နေ့စဥ်သင်ယူမှုအသစ်မလုပ်လိုက်ရင်ရာဇဝတ်မှုကျူးလွန်တယ်လို့ပဲကိုယ့်ကိုကိုယ် ခံယူတယ်။ Phyo Paing

ဒီနေ့ဘာတွေ သင်ယူလိုက်ရလဲ။ Read More »

ဘဝဆိုတာ

ဘဝဆိုတာ ခဏလေးပါပဲ။ လွန်ခဲ့တဲ့ဆယ်နှစ်၊ ဆယ့်ငါးနှစ်က ပုံတွေပြန်တက်လာရင်ဘဝဆိုတာ ပုံပြင်တစ်ပုဒ်လိုပဲ။ လိုချင်တာဖြစ်ဖို့ ဆန္ဒလိုတယ်။ ဝီရိယလိုတယ်။ အဓိဋ္ဌာန်လိုတယ်။ လောဘနဲ့ ဆန္ဒနဲ့မတူဘူး။ ဆန္ဒက တက်ကြွမှုကိုဖြစ်စေတယ်။လောဘက ပူလောင်မှုကိုဖြစ်စေတယ်။ ဆန္ဒဆိုတာ ရည်ရွယ်ချက်ရှိတယ်။အားထုတ်မှုရှိတယ်။ပကိဏ္ဏကစေတသိက် (၆) ပါးထဲပါတယ်။ လောဘဆိုတာကိုယ်နဲ့မထိုက်တာကို လိုချင်တာ။ကိုယ်နဲ့ထိုက်တန်တာထက်ပိုလိုချင်တာ။ မတော်လောဘ။ အကုသလစေတသိက် (၁၄) ပါးထဲပါတယ်။ လောကီဘဝမှာအေးချမ်းချင်ရင်အဘိဓမ္မာသာလေ့လာ။နောက်ကျင့်ကြံနေထိုင်။ စိတ်အကြောင်းနားလည်ရင်ဘဝကို အထာကျကျနေလို့ရလာမယ်။ Phyo Paing @ Derek

ဘဝဆိုတာ Read More »

အကောင်းဆုံး မော်တီဗေးရှင်းက
အောင်မြင်မှုပဲ။

အကောင်းဆုံး မော်တီဗေးရှင်းကအောင်မြင်မှုပဲ။ အောင်မြင်လေလေပိုတက်ကြွပြီး အလုပ်လုပ်ချင်လေလေ။ စာတော်တဲ့သူတွေက ပိုတော်ပြီးငွေရှိတဲ့သူတွေက ငွေပိုရှာချင်တယ်။ ပါဝါရှိပြီးသူတွေက ပါဝါပိုရှိချင်တယ်။ ကားအကောင်းကြိုက်တဲ့သူတွေကကားအကောင်းပိုရချင်တယ်။ လူတွေက အောင်မြင်မှုအရသာတွေ့သွားရင်မော်တီဗေးရှင်းဆိုတာ အလိုလိုဖြစ်လာတယ်။ ခက်တာက ဒီအောင်မြင်မှုအရသာကိုစတွေ့ဖို့ကလဲ မော်တီဗေးရှင်းကလိုပြန်တယ်။ ဒါကြောင့် အစပဲခက်တာ။အောင်မြင်မှုလမ်းကြောင်းတစ်ခုတွေ့လေလေပိုလွယ်လာလေေပဲ။ Phyo Paing @ Derek

အကောင်းဆုံး မော်တီဗေးရှင်းက
အောင်မြင်မှုပဲ။
Read More »

လုပ်သမျှဖြစ်ချင်ရင် ဖြစ်သမျှလိုက်မလုပ်ပါနဲ့။

လုပ်သမျှဖြစ်ချင်ရင်ဖြစ်သမျှလိုက်မလုပ်ပါနဲ့။ အရေးမပါတာကိုအရာပေးမိတာလောက်အလုပ်မဖြစ်တာမရှိဘူး။​ ဘဝမှာ ရွေးချယ်မှုကကြိုးစားမှုထက်ပိုအရေးကြီးပါတယ်။ ဒါကြောင့် ကံ၊ ဥာဏ်၊ ဝိရိယတစ်ခုချင်းစီလာတယ်။နေ့စဥ်မှန်ကန်တဲ့ရွေးချယ်မှုတွေပြုလုပ်ရတယ်။ မှန်ကန်တဲ့ စိတ်ထား မနောကံ၊မှန်ကန်တဲ့ အပြောအဆို ဝဇီကံ၊မှန်ကန်တဲ့လုပ်ဆောင်မှု ကာယံကံကံသုံးပါးကောင်းဖို့လိုတယ်။ သုတမယဉာဏ် (စာပေသင်ကြားမှုမှရရှိသော ဉာဏ်)စိန္တာမယဉာဏ် (တွေးခေါ်ဆင်ခြင်ခြင်းမှရရှိသော ဉာဏ်)ဘာဝနာမယဉာဏ် (ကျင့်ကြံအားထုတ်ခြင်းမှရရှိသော ဉာဏ်)ဥာဏ်သုံးပါးကိုလဲကောင်းအောင်အားထုတ်ဖို့လိုတယ်။ စံဝရဝိရိယမကောင်းမှုဒုစရိုက်များမှရှောင်ကြဉ်ရန် အားထုတ်ခြင်း။ပဟာနဝိရိယဖြစ်ပျက်နေပြီးသော အကုသိုလ်လောဘ၊ ဒေါသ၊ မောဟကိုပယ်ဖျောက်ရန် အားထုတ်ခြင်း။ဘာဝနာဝိရိယဒါန၊ သီလ၊ ဘာဝနာကိုပွားများဖို့အားထုတ်ခြင်း။အနုရက္ခဏာဝိရိယရရှိပြီးတဲ့ ကုသိုလ်၊ ပညာ၊ သမာဓိကိုထိန်းသိမ်းဖို့အားထုတ်ခြင်း။ဝိရိယလေးပါးကိုလဲကျင့်ဖို့လိုတယ်။ ကံလဲမကောင်း၊ဥာဏ်လဲမကောင်း၊ဝိရိယလဲမကောင်းရင်သံသရာတစ်ကွေ့ဒီတစ်နေ့ကတော့တိုင်ပတ်မှုအပေါင်းသရဖူဆောင်းနေမှာပဲ။ Phyo Paing @ Derek

လုပ်သမျှဖြစ်ချင်ရင် ဖြစ်သမျှလိုက်မလုပ်ပါနဲ့။ Read More »