Dr. Phyo Paing

https://yec.company

ပိုကောင်းတဲ့ဘဝတည်ဆောက်ဖို့
အနာဂတ်ပြဿနာတွေကို
ကြိုတင်အဖြေရှာဖို့လိုတယ်။

အနာဂတ်ပြဿနာကို ကြိုတင်ဖြေရှင်း။ တချို့ပြဿနာတွေကဖြစ်တဲ့အချိန်မှ ဖြေရှင်းရင်အချိန်ပိုကြာတယ်။ ပျက်ပြီးမှ ပြင်ရင်အချိန်ပိုကြာတယ်။ ဒါကြောင့် ပြဿနာအများစုမဖြစ်ချင်ကတည်းက ကြိုတင်အဖြေရှာတာပိုကောင်းတဲ့အကျင့်တစ်ခုပဲ။ ဒီလိုလုပ်ဖို့ အနာဂတ်ကိုကြိုတင်ခန့်မှန်းထားဖို့လိုတယ်။ ဒီလိုကြိုတင်ခန့်မှန်းနိုင်ဖို့ကိုယ့်သမိုင်း၊ တချို့သူတွေရဲ့သမိုင်းကိုပြန်ကြည့်ဖို့လိုလာတယ်။ သေချာတယ် အနာဂတ်မှာ အားလုံး အိုကြမှာပဲ။ဒီနေ့က အသက်အငယ်ဆုံးနေ့။မှန်ကြည့်တိုင်း ရုပ်ရင့်လာမှာပဲ။နာကြမှာပဲ။ ဖျားမယ်၊ အရိုးအဆစ်တွေမသန်းတော့ဘူး။ဂရုမစိုက်ရင် နာတာရှည်ရောဂါဖြစ်နိုင်တယ်။သေကြမှာပဲ။ သေဖို့မကျင့်ထားရင် အသက်ထွက်မှရုန်းရင်းဆန်ခတ်ဖြစ်နေမယ်။ ဘာသာတရား သို့ ကိုယ်ယုံကြည်တဲ့အဓိပ္ပာယ်တစ်ခုခုလိုတယ်။ ဒီနေ့မှာ အဆင်ပြေနေတိုင်းမနက်ဖြန်မှာ အဆင်ပြေဖို့မသေချာဘူး။ ဒီလို အခက်အခဲတွေအတွက်ကြိုတင်အဖြေရှာထားဖို့လိုတယ်။ ဆေးကျောင်းတက်နေရင်းနဲ့ငါ ကျောင်းပြီးလို့ ဆေးကုတဲ့အလုပ်မလုပ်ဖြစ်ရင်ဘာလုပ်မလဲ။ တခြားပညာရပ်တစ်ခုကို အသက်မွေးမှုအနေနဲ့ပြန်လေ့လာရမယ်။ဒီတော့ ဆေးကျောင်းတက်ရင်းသင်ယူမှုမြန်နှုန်းမြင့်အကြောင်း accelerated learning ကို လေ့လာထားမယ်။ အဲ့လိုပဲ အလုပ်သင်ဆရာဝန်လုပ်နေရင်းငါနောက်နှစ်ဆို ဘွဲ့ရပြီ။ဘွဲ့ရပြီး ဆေးကုတဲ့အပိုင်းမသွားရင်ငွေရှာဖို့အခြေကျတဲ့လုပ်ငန်းလုပ်ရမယ်။ဒါနဲ့ Getmebook linux tablet တွေစရောင်းတယ်။ iPhone Software တွေ freelance လုပ်တယ်။အဲ့ခေတ်က […]

ပိုကောင်းတဲ့ဘဝတည်ဆောက်ဖို့
အနာဂတ်ပြဿနာတွေကို
ကြိုတင်အဖြေရှာဖို့လိုတယ်။
Read More »

လူတွေကြားထဲနေပျော်ချင်ရင်
တ်န်ဖိုးရှိတဲ့သူလုပ်။

တန်ဖိုးရှိတဲ့သူဆိုတာ အသုံးချလို့ရတဲ့သူ။ မြန်မာစကားမှာ အသုံးချတယ်ဆိုတာ မကောင်းတဲ့ဖက်သွားတယ်။ အမှန်တော့ အသုံးချလို့ရဖို့အသုံးကျမှရမှာ။ အသုံးကျဖို့က ကိုယ့်မှာ ပြဿနာတစ်ခုဖြေရှင်းနိုင်တဲ့အစွမ်းအစတစ်ခုတော့ အနည်းဆုံးရှိရမယ်။ ဥပမာဗျာပိုက်ဆံများများရှိရင် ငွေကြေးပြဿနာဖြေရှင်းပေးလို့ရတဲ့အတွက် အသုံးကျတယ်။ စျေးကွက်ကျွမ်းကျင်မှုရှိရင် စျေးကွက်ပြဿနာဖြေရှင်းပေးလို့ရတဲ့အတွက်အသုံးကျတယ်။ Phyo Paing @ Derek

လူတွေကြားထဲနေပျော်ချင်ရင်
တ်န်ဖိုးရှိတဲ့သူလုပ်။
Read More »

ဘဝမှာ ရွေးချယ်မှုအရေးကြီးတယ်။

ရွေးချယ်မှုက ကြိုးစားမှုထက်ပိုအရေးကြီးတယ်။ ကြိုးစားပြီး အရာမရောက်တဲ့သူတွေအများကြီးတွေ့ဖူးလိမ့်မယ်။ ပိုကြိုးစားဖို့လိုတာမဟုတ်ဘူး။ရွေးချယ်မှုမှန်ကန်ဖို့လိုတာ။ အရှေ့အရပ်ကိုရောက်ချင်ပြီးအနောက်အရပ်ကိုပြေးနေလို့မရဘူး။ တချို့ရွေးချယ်မှုတွေက ပြန်ပြင်လို့ရတယ်။တချို့ရွေးချယ်မှုတွေက ပြန်ပြင်ရင် ရုပ်ဆိုးတတ်တယ်။တချို့ရွေးချယ်မှုတွေကပြန်ပြန်လို့မရဘူး။ ဥပမာ အလွယ်တကူပြင်လို့ရတဲ့ရွေးချယ်မှုတွေကကိုယ့်ရဲ့ပုံပန်းသဏ္ဏာန်ကိုမကြိုက်ရင် ပြန်ပြင်လို့ရတယ်။ ကိုယ့်ရဲ့လုပ်ငန်းလည်ပတ်ပုံကိုမကြိုက်ရင်ပြန်ပြင်လို့ရတယ်။ ပြင်ရင် ရုပ်ဆိုးတဲ့ရွေးချယ်မှုက လူတွေနဲ့ပတ်သက်တဲ့ ရွေးချယ်မှု။ ချစ်သူချင်းလမ်းခွဲတာ၊ divorce လုပ်တာ။ ဒါတွေက ငွေကြေးအပိုင်း၊ ဥပဒေပိုင်း၊ လူမှုရေးအပိုင်းတွေတစ်ခုမဟုတ် တစ်ခုပါလာပြီ။ ပြန်ရွေးချယ်လို့မရတာ။ သားသမီးမွေးပြီး ပြန်ရွေးချယ်လို့မရဘူး။သူ့ဖာသူ ဘာရောဂါရှိရှိပြန်ရွေးချယ်လို့မရဘူး။ ဘဝက ကိုယ့်ရွေးချယ်မှုရဲ့ရလဒ်ပဲ။ ရွေးချယ်မှုမှန်ကန်ဖို့ ကိုယ်လုပ်တဲ့ရွေးချယ်မှုက နောက်ကြောင်းပြန်လို့လွယ်လား၊ မလွယ်ဘူးလား၊ နောက်ကြောင်းပြန်လို့မရဘူးလားအရင်ဆုံးသိဖို့လိုတယ်ဆိုတာတဖြည်းဖြည်းပိုနားလည်လာတယ်။ နောက်ကိုယ့်ရဲ့ရွေးချယ်မှုမှားနေရင်ပြင်မယ်ဆိုရင် ကိုယ်ဆုံးရှုံးမည့်အရာနဲ့ပြန်ရမည့်အရာ ကိုက်လားပြန်စဥ်းစားဖို့လိုလာပြန်တယ်။ ဘဝမှာ ရွေးချယ်မှုအရေးကြီးတယ်။ နေ့စဥ် ဘာတွေတွေးမယ်၊ဘာတွေလုပ်မယ်။ဘယ်သူတွေနဲ့ဝန်းရံမယ်။ဘယ်လိုသူတွေနဲ့ စီးပွားရေးလုပ်မယ်။ဘယ်လိုနေရာမှာနေမယ်။ ဘယ်လိုလူတွေကိုရှောင်မယ်။ ဘယ်လိုဆုံးဖြတ်ချက်ချမယ်။ ဒီရွေးချယ်မှုတွေကကြိုးစားမှုထက် ပိုအရေးကြီးတယ်။ Phyo Paing @ Derek

ဘဝမှာ ရွေးချယ်မှုအရေးကြီးတယ်။ Read More »

“ငါ” ဆိုတဲ့အရာကို
ပြန်ပြန်လွတ်ချရပြန်တယ်။

လွတ်ချလိုက်။ ဘဝရဲ့ အဆင်မပြေမှုတော်တော်များများက မလွတ်ချနိုင်လို့ပါ။ ဘာလို့ မလွတ်ချနိုင်လဲဆို တွယ်တာတပ်မက်နေလို့။ ဘာလို့တွယ်တာတပ်မက်နေလဲဆို ငါဆိုတဲ့အတ္တကြောင့်။ ဒီလိုလွတ်ချလိုက်ရင်လူတွေငါ့ကို ဘယ်လိုထင်နေမလဲ။ ဒီ identity ငါဆိုတဲ့အချက်က လူတွေကိုလွတ်ချနိုင်မှုက အတားအဆီးဖြစ်စေတယ်။ ဒါကြောင့်အပြောင်းအလဲလုပ်ချင်တိုင်း“ငါ” ဆိုတဲ့အရာကို ပြန်ပြန်လွတ်ချရပြန်တယ်။ Phyo Paing @ Derek

“ငါ” ဆိုတဲ့အရာကို
ပြန်ပြန်လွတ်ချရပြန်တယ်။
Read More »

အရာရာက အပေးအယူပဲ။
ကုသိုလ်၊ ဥစ္စာ၊ ပညာအပါပေါ့။

ကိုယ့်ကို ဒီနေ့ကောအနာဂတ်မှာပါ အကျိုးမပြုနိုင်တဲ့လူတွေ၊ အကြောင်းအရာနဲ့ အလုပ်ကြောင့်စိတ်ဆင်းရဲမခံပါနဲ့။ မတန်တာကို မလုပ်နဲ့။ ကိုယ့်အချိန်နဲ့ အာရုံပေးဖို့မတန်တဲ့အရာတွေမှာအားကုန်မခံနဲ့။အရေးမပါတာကို အရာမပေးနဲ့။ အမြဲ what is in it for me?ငါရချင်တာဘာလဲ။ဘာပြန်ပေးရမလဲ။အရာရာက အပေးအယူပဲ။ကုသိုလ်၊ ဥစ္စာ၊ ပညာအပါပေါ့။ Phyo Paing @ Derek

အရာရာက အပေးအယူပဲ။
ကုသိုလ်၊ ဥစ္စာ၊ ပညာအပါပေါ့။
Read More »

လူတွေက လောကကိုစိတ်တိုင်းမကျဘူးဆိုတာ
ကိုယ့်ကိုကိုယ် စိတ်တိုင်းမကျလို့များတယ်။

ကိုယ့်ဘဝကိုယ်စိတ်တိုင်းမကျတဲ့သူကတခြားသူရဲ့ဘဝကိုလဲ စိတ်တိုင်းကျလေ့မရှိဘူး။ ကြုံဖူးလားတော့မသိဘူး။ကိုယ်က အရမ်းချစ်ကျွမ်းဝင်ပြီးကြည်နူးနေတဲ့အချိန် လောကကြီးက သာမန်ထက်ကြည်လင်နေတာမျိုး။ ရှူရတဲ့လေတောင် အရသာရှိနေတာမျိုး။အသက်ရှင်ပြီးအသက်ဝင်နေတာ။ သူများကို စိတ်တိုင်းမကျတာလဲမစဥ်းစားမိဘူး။ ပိုက်ဆံမွဲနေတဲ့အချိန်ဆို တခြားသူတွေ အလုပ်ဖြစ်နေတယ်ဆိုတာ ဟန်ဆောင်နေသလိုမျိုး၊ ကြွားနေသလိုမျိုး၊ မကောင်းမှုပြုပြီးငွေဝင်နေသမလိုမျိုးခံစားရလိမ့်မယ်။ လူတွေက လောကကိုစိတ်တိုင်းမကျဘူးဆိုတာကိုယ့်ကိုကိုယ် စိတ်တိုင်းမကျလို့များတယ်။ အပြင်မှာမြင်နေရတဲ့ ကမ္ဘာလောကကိုအဓိပ္ပာယ်ဖွင့်ဆိုမှုကအတွင်းပိုင်းကလာတယ်။ Phyo Paing @ Derek

လူတွေက လောကကိုစိတ်တိုင်းမကျဘူးဆိုတာ
ကိုယ့်ကိုကိုယ် စိတ်တိုင်းမကျလို့များတယ်။
Read More »

လဲကျပြန်ထ ဒါဘဝပါ။

အရှုံးကို လက်မခံနိုင်တဲ့ လူနဲ့လူမှုအဖွဲ့အစည်းတစ်ခုကရှေ့ရောက်ဖို့ခက်တယ်။ ဘဝမှာ အမြဲအဆင့် ၁ ရနေမှာမဟုတ်ဘူး။ အရှုံး၊ ကြေကွဲမှု၊ ဒဏ်ရာ၊ဝေဒနာ ဒီအချက်တွေကသင်ခန်းစာယူပြီးဘဝကို တည်ဆောက်ရတာမျိုး။ မွေးကတည်းက စာတော်၊ရုပ်ချော၊အိမ်ကချမ်းသာ၊ဂုဏ်ထူးတွေထွက်၊အကောင်းဆုံးတက္ကသိုလ်တွေတက်၊ပထမဆုံးချစ်ခဲ့တဲ့ချစ်သူနဲ့ညား၊​လိုချင်တဲ့ကလေးတွေမွေး၊ကမ္ဘာပတ်၊အိမ်တွေဝယ်၊ ကားကောင်းကောင်းတွေရှိ၊မိဘဆီကအမွေရ၊လူတွေအသိအမှတ်ပြု အောင်မြင်။လိုတိုင်တရ။ ဒီလိုမြင်ရတာ ကိုရီးယားကားနဲ့social media ပေါ်မှာပဲရှိလိမ့်မယ်။​ ဘဝမှာ မကျန်းမာတဲ့အချိန်၊အလုပ်ခွင်မှာ စိတ်ညစ်ရတဲ့အချိန်၊လုပ်ငန်းတွေအဆင်မပြေတဲ့အချိန်၊အချစ်ရေးမှာ ကြေကွဲတဲ့အချိန်၊​လိုချင်တဲ့အတိုင်းမဖြစ်တဲ့အတွက်စိတ်ညစ်ရတဲ့အချိန်၊လူတွေကိုယ့်ကို ကဲ့ရဲ့တဲ့အချိန်၊အချုပ်အနှောင်တွေနဲ့နေရတဲ့အချိန်ဒါတွေက ဘဝရဲ့တစ်ကွေ့မဟုတ်တစ်ကွေ့မှာ ကြုံရမှာပဲ။ ဒါကို သူများကိုအပြစ်တင်ပြောနေတာနဲ့၊ကိုယ်တိုင်တိတ်တဆိတ်ကြေကွဲလိုက်၊အဖြေရှာလိုက်၊ ကျော်လွှားလိုက်ဒီနှစ်မျိုးပဲကွာကောင်းကွာလိမ့်မယ်။ လောကမှာ​ ရှင်သန်နေသမျှလောကဓံ ၈ ပါးနဲ့ကြုံနေအုံးမှာပဲ။ အရှုံးတိုင်းက အဆုံးမဟုတ်ဘူး။လမ်းဆုံးမဟုတ်သေးဘူး။အခက်အခဲတိုင်းရဲ့ တစ်ဖက်ခြမ်းမှာအခွင့်အလမ်းတွေရှိတယ်။ ဒါကြောင့် တရုတ်လို 危机အကြပ်အတည်းဆိုတဲ့စကားလုံးမှာပထမစကားလုံးက 危 ဝေးက အန္တရာယ်။ဒုတိယစကားလုံး 机 ကျီးက အခွင့်အလမ်း။အခက်အခဲတိုင်းရဲ့ တစ်ဖက်ခြမ်းမှာအခွင့်အလမ်းတွေရှိတယ်။ လဲကျပြန်ထ ဒါဘဝပါ။ Phyo Paing @ Derek

လဲကျပြန်ထ ဒါဘဝပါ။ Read More »

တစ်ခုခုပြောင်းချင်ရင်
ခေါင်းထဲကအတွေးအခေါ်ကို
အရင်ပြောင်း

ခေါင်းထဲထည့်ထားတဲ့အတွေးအခေါ်မတူတော့ဘဝအမြင်မတူကြဘူး။အမြင်မတူရင်ဘဝအမြင့်တွေလဲမတူကြဘူး။ ဒါကြောင့် တစ်ခုခုပြောင်းချင်ရင်ခေါင်းထဲကအတွေးအခေါ်ကိုအရင်ပြောင်းဖို့ ကြိုးစားကြရတယ်။ အခြေအနေအပေါ်မြင်တဲ့အမြင်မတူရင်တွေးတဲ့အတွေးမတူဘူး။တွေးတဲ့အတွေးမတူရင်ခံစားချက်မတူဘူး။ခံစားချက်မတူရင်လုပ်ရပ်တွေ မတူတော့ဘူး။လုပ်ရပ်မတူရင်ရလဒ်တွေ မတူတော့ဘူး။ Phyo Paing @ Derek

တစ်ခုခုပြောင်းချင်ရင်
ခေါင်းထဲကအတွေးအခေါ်ကို
အရင်ပြောင်း
Read More »

ကိုယ့်ဝင်ငွေက တစ်နှစ် 20k USD နှစ်သောင်းဆို
မြန်မာနိုင်ငံရဲ့ top 1% ထဲပါတယ်

ကိုယ့်ဝင်ငွေက တစ်နှစ် 20k USD နှစ်သောင်းဆိုမြန်မာနိုင်ငံရဲ့ top 1% ထဲပါတယ်တဲ့။တစ်နှစ် 6000 USD ဆိုtop 10% ထဲပါတယ်။ ကိုယ့်ဝင်ငွေက တစ်နှစ် 80k USD ဆိုကမ္ဘာ့ရဲ့ top 1% ထဲပါတယ်တဲ့။(ထိုင်းမှာလဲ​ 80k USD ဆို top 1%25k ဆို top 10%) တရုတ်မှာဆို တစ်နှစ် 105K USD တစ်သိန်းငါးထောင်ဆိုတရုတ်ရဲ့ top 1% ထဲပါတယ်။30k ဆို top 10% ထဲပါတယ်။​ ယူအက်မှာဆို တစ်နှစ် 600K USD ခြောက်သိန်းဆိုယူအက်ရဲ့ top 1% ထဲပါတယ်တဲ့။အခွန်မဆောင်ခင် $158k ဆို top 10% တဲ့။သူ့မှာတော့ state

ကိုယ့်ဝင်ငွေက တစ်နှစ် 20k USD နှစ်သောင်းဆို
မြန်မာနိုင်ငံရဲ့ top 1% ထဲပါတယ်
Read More »

ကိုယ့်မှာရှိတာ အချိန်နဲ့စွမ်းအင်ပဲ။

ကမ္ဘာ့လူဦးရေ သန်း ၈၂၄၀ ရှိတယ်။ကမ္ဘာ့လူဦးရေရဲ့ အကြမ်းဖျင်းဝင်ငွေကတစ်ယောက် $811 ရှိတယ်။ကမ္ဘာ့လူဦးရေ 50% က$240/month အောက်မှာနေနေတယ်။ အရှေ့တောင်အာရှမှာတော့ ပိုနည်းတယ်။​GDP per capita တစ်ဦးချင်းဝင်ငွေအရဆိုဘရူနိုင်း: ~$35,000မလေးရှား: ~$13,100ထိုင်း: ~$7,800အင်ဒိုနီးရှား: ~$5,000ဗီယက်နမ်: ~$4,800ဖိလစ်ပိုင်: ~$4,350ကမ္ဘောဒီးယား: ~$2,900လာအို: ~$2,100အရှေ့တီမော: ~$1,500မြန်မာ: ~$1,200 တကယ်တန်း ကိုယ့်နိုင်ငံမှာတစ်လ ၄၅၀၀၀၀ ကျပ်မရတဲ့လူဦးရေကအများကြီးပါ။ ပြန်စဥ်းစားကြည့်မယ်ဆိုလူငယ်တွေအတွက်ခွန်အားတွေရှိသေးတယ်၊လုပ်ငန်းတွေလဲမရှိသေးဘူးဆိုကိုယ့်အနာဂတ်အတွက် အများကြီးပိုစဥ်းစားရတယ်။ မိဘလုပ်ငန်းမရှိဘူးRich kid လဲမဟုတ်ဘူး၊လူငယ်တွေအတွက်ဆိုအများကြီးစဥ်းစားကြရတယ်။ ထွက်ပေါက်ကတော့အင်္ဂလိပ်စာတတ်အောင်လုပ်၊အိုင်တီနဲ့ AI ကျွမ်းကျင်အောင်လုပ်၊အသက်မွေးဝမ်းကျောင်းအလုပ်ကိုကျွမ်းကျင်အောင်လုပ်။ အချိန်ရှိနေစဥ်မှာ အချိန်နဲ့ကျွမ်းကျင်မှုကိုလဲ၊ကျွမ်းကျင်မှုရှိရင် ငွေနဲ့လဲ။ငွေရှိရင် ငွေကိုငွေနဲ့ပြန်ရှာ။ ကိုယ့်မှာရှိတာ အချိန်နဲ့စွမ်းအင်ပဲ။Location arbitrage ကိုသေချာသုံးအခြေခိုင်အောင် တည်ဆောက်။ Phyo Paing @ Derek

ကိုယ့်မှာရှိတာ အချိန်နဲ့စွမ်းအင်ပဲ။ Read More »