Dr. Phyo Paing

https://yec.company

အရေးကြီးတာ
ဘယ်သူ့ဆီက ဘာသင်မလဲသိဖို့ပဲ။

ပျော်နေတဲ့သူဆီက ပျော်ရွင်မှုအကြောင်းသင်ယူတယ်။ တော်နေတဲသူဆီကတော်ဖို့သင်ယူတယ်။ ငွေတွေပွားများနေတဲ့သူဆီကပွားဖို့ သင်ယူတယ်။ လူချစ်လူခင်ပေါတဲ့သူဆီကလူတွေနဲ့ ပေါင်းသင်းမှုအကြောင်းသင်ယူတယ်။ ဘဝမှာ ဆရာစုံတာကောင်းတယ်။ လူတိုင်းမှာ သင်ယူလေ့လာလို့ရတာအများကြီးပဲ။ အရေးကြီးတာ ဘယ်သူ့ဆီက ဘာသင်မလဲသိဖို့ပဲ။ Phyo Paing @ Derek

အရေးကြီးတာ
ဘယ်သူ့ဆီက ဘာသင်မလဲသိဖို့ပဲ။
Read More »

တခါတလေ လူတွေကိုယ့်ကို
သဘောမကျဘူးဆိုတာ
ကိုယ့်အမှားမဟုတ်ပါဘူး။
သူတို့အတွက် အကျိုးမရှိလို့ပါ။

ကိုယ်စတင်တိုးတက်ပြောင်းလဲလာတဲ့အခါရွဲ့တဲ့တဲ့၊ ခနဲ့တဲ့တဲ့ ကိုယ့်ကိုဆက်ဆံတဲ့သူတွေတွေ့ဖူးလား။ အမှန်တော့ သူတို့လဲမမှားဘူး။ကိုယ်လဲ မမှားဘူး။ ကိုယ်တိုးတက်ပြောင်းလဲတဲ့အခါတချို့အသိတွေအတွက် စိတ်မလှုံခြုံမှုဖြစ်နေတယ်။ ငါတို့ကျန်ခဲ့ပြီလားဆိုတာဖြစ်စေတယ်။ လူတွေက သူတို့ကို စိတ်လှုံခြုံမှုပေးတဲ့သူတွေကိုသဘောကျတယ်။သူတို့အထင်အမြင်ကို ထောက်ခံတဲ့သူတွေကိုသဘောကျတယ်။ ပျော်တတ်၊ ဟာသဥာဏ်ရွင်သူတွေကိုသဘောကျတယ်။ စစ်မှန်တယ်၊ ဟန်ဆောင်မှုကင်းတဲ့သူတွေကိုသဘောကျတယ်။ ယုံကြည်မှုပြည့်ဝတဲ့သူတွေကို သဘောကျတယ်။ ကိုယ့်အတွက်အကျိုးပြုပေးနိုင်တဲ့သူတွေကိုသဘောကျတယ်။ တခါတလေ လူတွေကိုယ့်ကိုသဘောမကျဘူးဆိုတာ ကိုယ့်အမှားမဟုတ်ပါဘူး။ သူတို့အတွက် အကျိုးမရှိလို့ပါ။ Phyo Paing @ Derek

တခါတလေ လူတွေကိုယ့်ကို
သဘောမကျဘူးဆိုတာ
ကိုယ့်အမှားမဟုတ်ပါဘူး။
သူတို့အတွက် အကျိုးမရှိလို့ပါ။
Read More »

ကိုယ်နဲ့အတူအမြဲရှိနေတဲ့သူက
ကိုယ်တိုင်ပဲ။

အသက်ရှင်နေသမျှကိုယ့်ကိုထားမသွားမည့်သူကကိုယ်ပဲ။ ကိုယ့်စီးပွားရေးလဲ အကြောင်းကြောင်းကြောင့် ပျက်စီးနိုင်တယ်။ကိုယ့်ကိုချစ်တဲ့သူတွေလဲအကြောင်းကြောင်းကြောင့် မုန်းသွားနိုင်တယ်။ ကိုယ်ပိုင်ဆိုင်ထားသမျှလဲ အကြောင်းကြောင်းကြောင့် ကုန်သွားနိုင်တယ်။ ကိုယ်နဲ့အတူအမြဲရှိနေတဲ့သူကကိုယ်တိုင်ပဲ။ ဒါကြောင့် လုပ်ဆောင်မှုအကုန်လုံးကပိုကောင်းတဲ့ ကိုယ့်ကိုကိုယ်တည်ဆောက်ရေးအတွက်အထောက်အကူပြုဖို့လိုတယ်။ Phyo Paing @ Derek

ကိုယ်နဲ့အတူအမြဲရှိနေတဲ့သူက
ကိုယ်တိုင်ပဲ။
Read More »

တစ်ရက်တာအတွက် အလုပ်က
တော်တော် အရေးကြီးတဲ့အပိုင်းထဲပါတယ်။

အိပ်ချိန် – ၈ နာရီအလုပ်ချိန် – ၈ နာရီရေမိုးချိုး၊ မျက်နှာသစ်၊အိမ်သာတက်၊ အပေါ့သွား – ၁ နာရီခွဲခြေလမ်း ၇ ထောင်လျှောက် + နား – ၁ နာရီခွဲအလုပ်သွား၊ အလုပ်ပြန် – ၁ နာရီဖုန်းသုံး၊ အင်တာနက်ကြည့် – ၁ နာရီကျန်တဲ့အချိန် – ၃ နာရီ ဥပမာတစ်ခုကြည့်ကြည့်တာ။ တစ်ရက်တာအတွက် အလုပ်ကတော်တော် အရေးကြီးတဲ့အပိုင်းထဲပါတယ်။ Phyo Paing @ Derek

တစ်ရက်တာအတွက် အလုပ်က
တော်တော် အရေးကြီးတဲ့အပိုင်းထဲပါတယ်။
Read More »

ဖြစ်ချင်တာဖြစ်ဖို့

ဖြစ်ချင်တာဖြစ်ဖို့မလုပ်ချင်တာ လုပ်ရတဲ့ဘဝကနေ၊လုပ်ချင်တာလုပ်ပြီးဖြစ်ချင်တာဖြစ်တဲ့ဘဝဖြစ်လာဖို့လုပ်သင့်တာ အရင်လုပ်။ပြီးရင် လုပ်ချင်တာလုပ်။ Phyo Paing @ Derek

ဖြစ်ချင်တာဖြစ်ဖို့ Read More »

လူတိုင်းက အသက် ၃၀ ကျော်ရင်
ပေါက်နေတဲ့သင်္ဘောတစ်စီးလိုပဲ။

လူတိုင်းက အသက် ၃၀ ကျော်ရင်ပေါက်နေတဲ့သင်္ဘောတစ်စီးလိုပဲ။နေ့စဉ် ရေဝင်နေတယ်။တစ်နေ့တော့ မြုပ်မှာပဲ။ပေါက်တာနည်းအောင် အစားအသောက်၊ လေ့ကျင့်ခန်း၊အမူအကျင့် ဂရုစိုက်ရမှာပဲ။အပြောလွယ်၊ လုပ်ရမလွယ်ဘူး။ Phyo Paing @ Derek

လူတိုင်းက အသက် ၃၀ ကျော်ရင်
ပေါက်နေတဲ့သင်္ဘောတစ်စီးလိုပဲ။
Read More »

အဆိုးဆုံးတွေက အကောင်းဆုံးဖြစ်နေနိုင်တယ်။

ဘဝမှာ အဆိုးဆုံးတချို့နဲ့ကြုံဖူးကြလိမ့်မယ်။ Break Up, Divorce ကွဲတာကစလို့၊ Crisis အကျဥ်းအကြပ်ထဲရောက်တာ၊ ရွေးချယ်စရာမရှိတော့တာ။ တချို့အရာတွေက ကိုယ်ရွေးချယ်လို့မရဘူး။သူသတ်မှတ်ထားတဲ့ အခြေအနေတွေရှိတယ်။ကိုယ်ရွေးချယ်လို့ရတာက ဒါကို ဘယ်လိုတုန့်ပြန်မလဲဆိုတဲ့အပိုင်းပဲ။ ငယ်ငယ်ရှိက်စပီးယားရဲ့စာကြောင်းလေးကိုသဘောကျတယ်။ “Nothing is good nor bad but thinking makes it so.”ကောင်းတယ်၊ ဆိုးတယ်ဆိုတာမရှိဘူး။ ကိုယ်တွေးတဲ့ပုံစံက အကောင်း၊ အဆိုးကိုအဓိပ္ပာယ်ဖွင့်တာပဲရှိတယ်။ လူတိုင်းဘဝမှာ ပေးထားချက်တွေရှိတယ်။ မွေးတဲ့နေရာ၊ ပေါက်ဖွားလာတဲ့မိသားစု၊ ဖြစ်တည်လာတဲ့ လူမျိုး၊ လက်ခံရရှိထားတဲ့နိုင်ငံသား၊ငယ်ဘဝဖြတ်သန်းမှုဒါတွေက ဘဝရဲ့ပေးထားချက်တွေပဲ။ လူတစ်ယောက်ချင်းစီရဲ့ ဒီပေးထားချက်တွေက မတူညီဘူး။ ဒါကို တခြားသူနဲ့နှိုင်းယှဥ်ပြီးစိတ်ညစ်နေရင်တော့ ဘဝမှာ စိတ်ညစ်လို့ပြီးမှာ မဟုတ်ဘူး။ အရေးကြီးတာ ကိုယ့်ဘဝရဲ့ပေးထားချက်ကို နားလည်ဖို့။ နောက် ကိုယ်ဘာကြောင့်မွေးဖွားလာလဲဆိုတဲ့သမိုင်းပေးတာဝန်ကို နားလည်ဖို့။ ကျွန်တော်ကတော့ အဓိပ္ပာယ်ရှိရှိမရှိရှိဘဝကို အဓိပ္ပာယ်တစ်ခုပေးလိုက်တယ်။ ဒါကို

အဆိုးဆုံးတွေက အကောင်းဆုံးဖြစ်နေနိုင်တယ်။ Read More »

ဘဝမှာ ပြဿနာတွေကို
အဖြေရှာဖို့ နည်းပညာတွေ၊
စာအုပ်တွေကို
အများကြီးကူညီပေးခဲ့တယ်။

သူများတော့ မသိဘူး။ကျွန်တော့်ဘဝမှာတော့ပြဿနာတွေတော်တော်များတယ်။ လူတွေနဲ့ပေါင်းတတ်သင်းတတ်ဖို့အခြေခံတွေ မလုပ်တတ်တော့အဖြေရှာရတယ်။ အဖြေရှာတော့ “How to win friends and influence people” မိတ္တဗလဋီကာတွေဖတ်ဖြစ်လာတယ်။ ကိုယ်ကလဲငယ်ငယ်တည်းကrelationship နဲ့ပတ်သက်လာရင် ပိုးပန်းဖို့အတွက်ကလဲ မတတ်။ ဒီတော့ လူတွေနဲ့စကားဘယ်လိုပြောရမလဲ“How to talk to anyone” တို့ကစလို့၊social engineering အကြောင်းတွေလေ့လာဖြစ်ပြန်တယ်။ ငွေများများရှာ တိုးတက်ချင်ပြန်ရောဒါနဲ့ “Think and Grow Rich” ကစလို့တက်ကျမ်းတွေဖတ်ဖြစ်တယ်။ ရည်မှန်းချက်ပန်းတိုင်ချဖို့Creative Visualization တို့ဖတ်ဖြစ်ပြန်ရော။ နောက်စာလေ့လာရတာကြာနေတယ်။ မှတ်ဥာဏ်တွေပိုကောင်း၊စာတွေပိုဖတ်မြန်ချင်တယ်။ ဒါနဲ့ Accelerated learning နဲ့စာအုပ်တွေဖတ်ရပြန်တယ်။ မိသားစုပြဿနာကတော်တော်ကြီးတော့စိတ်ပညာပိုင်း၊ healing ပိုင်းတွေဖတ်ပြီး အသုံးချရပြန်ရော။ လုပ်ငန်းစတော့ စွန့်ဦးတီထွင်မှုအပိုင်း၊မားကတ်တင်းအပိုင်း၊စီမံခန့်ခွဲမှုအပိုင်း ရှာဖွေရပြန်ရော။ လူတွေကိုအုပ်ချုပ်တော့အုပ်ချုပ်ရေး၊ လူတွေရဲ့စိတ်ပညာနဲ့စွမ်းဆောင်ရည်မြင့်ဖို့နည်းလမ်းတွေရှာရပြန်ရော။ ဘဝမှာ ပြဿနာတွေကို အဖြေရှာဖို့ နည်းပညာတွေ၊စာအုပ်တွေကို

ဘဝမှာ ပြဿနာတွေကို
အဖြေရှာဖို့ နည်းပညာတွေ၊
စာအုပ်တွေကို
အများကြီးကူညီပေးခဲ့တယ်။
Read More »