Dr. Phyo Paing

https://yec.company

သော့ဖွင့်နိုင်ရင်
ကျန်တာတွေ အကုန်လွယ်သွားတတ်တယ်။

ဘာသာစကားလေ့လာတဲ့အခါမှတ်ဥာဏ်နဲ့လေ့လာရတဲ့အပိုင်းရှိတယ်။ဖော်မြူလာနဲ့အပိုင်းရှိတယ်။ စား၊ သွား၊ လာ၊ ထိုင်။ ဒါတွေက မှတ်ဥာဏ်နဲ့မှတ်ရပြီးနေ၊ ခဲ့၊ ပြီး၊ လိုက်၊ တော့။ ဒါတွေက ဖော်မြူလာနဲ့သွားလို့ရတယ်။ စားနေတယ်။စားခဲ့တယ်။ စားပြီးတယ်။စားလိုက်တယ်။ စားတော့။ အဲ့ဖော်မြူလာထဲထည့်လိုက်ရင်အဓိပ္ပာယ်တွေကပြောင်းသွားတယ်။ အင်္ဂလိပ်ဘာသာအရဆို eat + ing = eating (စားနေဆဲ)eat + ed = ate (စားပြီး)have + eaten = have eaten (စားပြီးပြီ)just + ate = just ate (ယခုပဲစားပြီး) တရုတ်ဘာသာ: 吃 + 着 = 吃着 (chī zhe) (စားနေတယ်)吃 + 了 = 吃了 (chī […]

သော့ဖွင့်နိုင်ရင်
ကျန်တာတွေ အကုန်လွယ်သွားတတ်တယ်။
Read More »

စာမဖတ်ရင် သိပ္ပံပညာလဲမတတ်ဘူး။

တချို့သူတွေက စာဖတ်တာအလကား။Theory ကြီးထဲပဲမပိတ်မိစေနဲ့။ စာအုပ်ထဲအဖြေမရှိဘူး။ဘဝထဲမှာ အဖြေရှိတယ်ဆိုပြီးကိုယ့်ကိုဂျင်းထည့်လိမ့်မယ်။မယုံနဲ့။သူတို့ကျခိုးဖတ်ပြီးစာအုပ်ထဲမှာ အဖြေမရှိဘူးဖြစ်နိုင်မလား။ စာမဖတ်ရင် သိပ္ပံပညာလဲမတတ်ဘူး။မှန်ကန်တဲ့ဆုံးဖြတ်ချက်ချဖို့လဲမလွယ်ဘူး။လောကီပညာလဲမတတ်ဘူး။လောကုတ္တရာလဲသေချာနားမလည်နိုင်ဘူး။ သီအိုရီရဲ့အဓိပ်ပာယျကဘာလဲပြန်မေးကြည့်ရင်အင်းအင်းအဲအဲဖြစ်နေလိမ့်မယ်။ သီအိုရီဆိုတာအကြောင်းအရာတစ်ခုကို စနစ်တကျသိပ္ပံနည်းကျ အယူအဆနဲ့ ရှင်းလင်းချက်တွေပါ။ အခြေခံမူ၊ စည်းမျဥ်း။ ဥပမာဂီတသီအိုရီ၊ စီးပွားရေးသီအိုရီ။ ရူပဗေဒမှာကျတော့လက်တွေ့လုပ်ဆောင်ဖို့အစပိုင်းမှာအခက်အခဲရှိနေနိုင်သေးတယ်။သီအိုရီအရဖြစ်နိုင်ပြီ။ ဒါလေးကို ကြားဖူးနားဝဖြစ်ပြီးသီအိုရိတွေမပြောနဲ့ဆိုတာဖြစ်လာတာ။ ဂျင်းထည့်တာမယုံပါနဲ့။အတွေးအခေါ် အဆိပ်ခပ်တာမယုံပါနဲ့။ စဥ်းစားကြည့်ပါ။သုတေသနတွေကြည့်ပါ။ ဒီနေ့ခေတ် အေအိုင်ခေတ်မှာသုတေသနလုပ်ရတာလွယ်လွန်းလို့။ ဒီလို ဂျင်းကောင်တွေ ဟန်ရှိပြီး အဆံမရှိသူတွေကျဆုံးချိန်။ Phyo Paing @ Derek

စာမဖတ်ရင် သိပ္ပံပညာလဲမတတ်ဘူး။ Read More »

နေ့စဥ်စွမ်းဆောင်ရည်မြင့်အောင်
တိုးတက်နေဖို့လိုတယ်။

အစွမ်းအစတွေမကြီးထွားလာဘဲရေမှန်းချက်တွေဇွတ်ကြီးနေလဲအလကားပဲ။ နေ့စဥ် အစွမ်းအစကြီးအောင်လုပ်။နေ့စဥ် လေ့ကျင့်။နေ့စဥ် လေ့လာ။ နေ့စဥ် လုပ်ဆောင်။နေ့စဥ် read စာဖတ်နေ့စဥ် reflect သုံးသပ်နေ့စဥ် record မှန်တမ်းတင်နေ့စဥ် review ပြန်လည်ဆန်းစစ်။ Ability နဲ့ Ambition မျှဖို့လိုတယ်။ရည်ရွယ်ချက်က ချက်ချင်းကြီးလို့ရတယ်။စွမ်းဆောင်ရည်က ချက်ချင်းကြီးလို့မရဘူး။ ဒါကြောင့် နေ့စဥ်စွမ်းဆောင်ရည်မြင့်အောင်တိုးတက်နေဖို့လိုတယ်။ Phyo Paing @ Derek

နေ့စဥ်စွမ်းဆောင်ရည်မြင့်အောင်
တိုးတက်နေဖို့လိုတယ်။
Read More »

နိဗ္ဗာန်ဆိုတာ နေရာမဟုတ်ဘူး။
နိဗ္ဗာန်ဟာ အသိဥာဏ် (ပညာ) ဆိုတာပဲ။

ငယ်ငယ်က နိဗ္ဗာန်ဆိုတာ နေရာလို့ထင်နေတာ။ နိဗ္ဗာန်ဆိုတာကြီးရောက်ပြီးရင်သံသရာထဲပြန်လာလို့ရသလား။ပေါက်ပေါက်ရှာရှာမေးကြည့်တယ်။ ဆရာတော်ဘုရားကပြန်လာလို့မရဘူးဆိုတော့။ ဒါဆို သံသရာထဲရောက်ပြီးသူကနိဗ္ဗာန်ကိုသွားလို့ရပြီး၊နိဗ္ဗာန်ရောက်ပြီးသူကသံသရာပြန်လာလို့မရတော့ဘူးပေါ့။ဒီလိုပေါက်ပေါက်ရှာရှာစဥ်းစားဖူးတယ်။ ဆရာတော်ဘုရားကနိဗ္ဗာန်ရောက်ပြီးသူက ဘယ်သူမှ ပြန်မလာချင်ဘူးလို့ဆုံးမတယ်။ နောက်ပိုင်တော့တဖြည်းဖြည်းနားလည်လာတာနိဗ္ဗာန်ဆိုတာ နေရာမဟုတ်ဘူး။နိဗ္ဗာန်ဟာ အသိဥာဏ် (ပညာ) ဆိုတာပဲ။ ဥပမာ ဆယ်ကျော်သက်ကလေးဟော်မုန်းတွေသောင်းကြမ်းနေတဲ့အချိန်မှာနိဗ္ဗာန်အကြောင်းပြောလဲသူစိတ်ဝင်စားချင်မှ စိတ်ဝင်စားလိမ့်မယ်။ လောကရဲ့အထုအထောင်းတွေကြုံပြီးသွားရင်မာန်တွေကျသွားတဲ့အခါပြောပြတာနဲ့မရတဲ့လောကသဘာဝကို နားလည်စပြုလာတတ်တယ်။ ဗုဒ္ဓက နိဗ္ဗာန်ရောက်ဖို့ဥာဏ်စဥ် ၁၆ ပါးရှိတယ်လို့ဟောခဲ့တယ်။ဒီဥာဏ်စဥ်တက်ဖို့ အတန်းပညာလိုပဲ လေ့ကျင့်ဖို့လိုတယ်ကိုးကွယ်ယုံနဲ့မရဘူးဆိုတာလဲဟောကြားခဲ့တယ်။ နိဗ္ဗာန်ဆိုတာ ဥာဏ် ၁၆ ပါးနဲ့သိရတဲ့အဆင့်ဆင့်တွေလို့ဟောကြားခဲ့တယ်။ ၁။ နာမရူပပရိစ်ဆဒေဥာဏျရုပ်နဲ့နာမ်ကို ပိုင်းခြားသိတဲ့ဥာဏ်ခန္ဓာငါးပါးကို သိမြင်နိုင်တဲ့ဥာဏ်ဥပမာ – စားပွဲတစ်လုံးကို မြင်တဲ့အခါ “စားပွဲရဲ့ပုံသဏ္ဍာန်က ရုပ်၊ စားပွဲလို့သိတာက နာမ်” လို့ ခွဲခြားသိခြင်း ၂။ ပစ္စယပရိဂ္ဂဟဥာဏ်အကြောင်းအကျိုးဆက်စပ်မှုကို သိတဲ့ဥာဏ်ပဋိစ္စသမုပ္ပါဒ်ကို သိမြင်တဲ့ဥာဏ်ဥပမာ – အပင်တစ်ပင် ကြီးထွားလာတာကို ကြည့်ပြီး “မျိုးစေ့၊ မြေ၊ ရေ၊ နေရောင်

နိဗ္ဗာန်ဆိုတာ နေရာမဟုတ်ဘူး။
နိဗ္ဗာန်ဟာ အသိဥာဏ် (ပညာ) ဆိုတာပဲ။
Read More »

တချို့လူတွေကို
သင်ပေးဖို့အခက်ဆုံးအရာက
သင်က အကောင်းဆုံးနဲ့ထိုက်တန်တယ်။

ဒီအတွေးအခေါ်ကို တော်တော်လေးသင်ပေးရခက်တယ်။ ငွေကြေးဘယ်လောက်ရှိရှိတချို့လူတွေအတွက်အကောင်းနဲ့မထိုက်တန်ဖူးလို့အမြဲတွေးနေတတ်တဲ့သူတွေရှိတယ်။ အဲ့လိုလူတွေအတွက် ကိုယ်ရှာပြီး ကိုယ်မသုံးလိုက်ရတာမျိုးတွေအမြဲဖြစ်တတ်တယ်။ ဘဝကို ကောင်းကောင်းဖြတ်သန်းဖို့ကိုယ့်ကိုကိုယ် အကောင်းဆုံးနဲ့ထိုက်တန်တယ်ဆိုတာအမြဲယုံကြည်ထားဖို့လိုတတ်တယ်။ ကိုယ့်ကိုကိုယ် ဆုလာဘ်လို့မြင်ပြီးအဲ့လိုဖြစ်အောင်လဲနေ့တိုင်းပြုမူနေထိုင်ဖို့လိုတယ်။ “သင်ဟာ တခြားသူတွေအတွက်ဆုလာဘ်တစ်ခုပဲ။” Phyo Paing @ Derek

တချို့လူတွေကို
သင်ပေးဖို့အခက်ဆုံးအရာက
သင်က အကောင်းဆုံးနဲ့ထိုက်တန်တယ်။
Read More »

လူတွေကို သန်မာစေတာ
ဒုက္ခတွေပဲ။

လိုချင်တာမရတဲ့အခါ၊ရထားတာမလိုချင်တဲ့အခါ၊မလိုချင်တာရတဲ့အခါဒီခါးသီးမှုတွေကို ဘယ်လိုတုန့်ပြန်လဲဆိုတာ လူတစ်ယောက်ရဲ့ဘဝကိုအဆုံးအဖြတ်ပေးပါတယ်။ ဘဝဆိုတာ ဒုက္ခလို့ဗုဒ္ဓက သစ္စာလေးပါးရဲ့ပထမတစ်ပါးအနေနဲ့ဟောကြားခဲ့တယ်။ ဒုက္ခ ဆိုတဲ့ စကားလုံးကပါဠိဘာသာစကား (Pali) ကနေ ဆင်းသက်လာတာဖြစ်ပြီးဒီစကားလုံးရဲ့ ဇစ်မြစ်ကို ပိုင်းခြားကြည့်ရင် “du” – ဆိုးရွား၊ မကောင်း၊ ခက်ခဲ“kha” – လွတ်လပ်ခြင်း၊ လေဟာပြင်အဓိပ္ပာယ်ရပါတယ်။ လွတ်မြောက်မှု မရနိုင်သေးတဲ့ အခြေအနေ၊ ဆင်းရဲဒုက္ခနဲ့ ယှဉ်နေရတဲ့ အခြေအနေကို ဆိုလိုတာဖြစ်ပါတယ်။ ဒုက္ခကို အကြမ်းသုံးမျိုးခွဲလို့ရပါတယ်။ ၁။ ဒုက္ခဒုက္ခ (Dukkha-dukkha) ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုတွေဥပမာ – နာမကျန်းဖြစ်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ ဝမ်းနည်းခြင်းဒါကတစ်ဒုက္ခ။ ၂။ ဝိပရိဏာမဒုက်ခ (Viparinama-dukkha) ပြောင်းလဲခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ဒုက္ခဥပမာ – ချစ်ခင်သူနဲ့ ကွဲကွာရခြင်း၊ ပစ္စည်းဥစ္စာ ပျက်စီးဆုံးရှုံးခြင်းပျော်ရွှင်မှုတွေ၊ ကောင်းမွန်တဲ့အရာတွေ ပြောင်းလဲပျက်စီးသွားခြင်းကြောင့် ဖြစ်ပေါ်လာတဲ့

လူတွေကို သန်မာစေတာ
ဒုက္ခတွေပဲ။
Read More »

အောင်မြင်မှုလို့ သတ်မှတ်ထားတယ်။

ကိုယ်မလုပ်ဘဲမနေနိုင်တဲ့အလုပ်ကိုလုပ်၊ကိုယ်ချစ်တဲ့သူတွေနဲ့နေ၊မနက်ဖြန်ဆက်ရန်လောင်စာဆီအလုံအလောက်ရှိပြီးကိုယ်မဆက်ဆံချင်သူတွေကို ဆက်ဆံစရာမလိုတဲ့ဘဝမျိုးကိုအောင်မြင်မှုလို့ သတ်မှတ်ထားတယ်။ Phyo Paing @ Derek

အောင်မြင်မှုလို့ သတ်မှတ်ထားတယ်။ Read More »

နောက်ကျကျန်ခဲ့မယ်ဆိုတဲ့
FOMO သားကောင်မဟုတ်တော့ဘူး။

လူတွေက ဥာဏ်ကောင်းရင်စိတ်ဓာတ်တက်ကြွပြီးအလုပ်လုပ်ဖို့ မော်တီဗေးရှင်းသင်တန်းတွေပဲသွားနေမှ အလုပ်လုပ်နိုင်တာမျိုးစွမ်းဆောင်ရည်မြင့်နေတာမျိုးမဟုတ်တော့ဘူး။ ဘာကြောင့်လဲဆိုတော့ပြဿနာအဖြေရှာတတ်သွားပြီ။ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်သွားပြီ။လေ့လာသင်ယူနိုင်သွားပြီ။ ဆရာသင်မှ တတ်မယ်ဆိုတဲ့ကိုယ့်ကိုကိုယ် ကန့်သတ်ထားတဲ့ကန့်သတ်တွေးပြုတ်သွားပြီ။ ဘယ်သင်တန်းလေးမတက်လိုက်ရရင်နောက်ကျကျန်ခဲ့မယ်ဆိုတဲ့FOMO သားကောင်မဟုတ်တော့ဘူး။ ကိုယ်လိုချင်တာ ကိုယ်သိသွားပြီ။ လူတိုင်းက ကိုယ့်ပြဿနာကိုယ်အဖြေရှာရမှာပဲ။ ဒီလိုအဖြေရှာဖို့ ၁၀၀ တန်ဦးနှောက်နဲ့၁၀၀၀ တန်ပြဿနာဖြေရှင်းဖို့မလွယ်ဘူး။ ကိုယ့်ဦးနှောက်ပိုကောင်းအောင်လုပ်ရမှာ။ Phyo Paing @ Derek

နောက်ကျကျန်ခဲ့မယ်ဆိုတဲ့
FOMO သားကောင်မဟုတ်တော့ဘူး။
Read More »

ဥာဏ်ရှိရင် ရှိသလို
အဖြေရှာနိုင်မယ်လို့ယူဆပါတယ်။

ဗုဒ္ဓဘာသာက သင်ပေးလိုက်တဲ့စိတ်ထားကတော့ကိုယ်ထူကိုယ်တဆိုတာပဲ။ ကိုယ့်ပြဿနာ ကိုယ်ဖြေရှင်းနိုင်ဖို့လိုတယ်။ ပြဿနာ စကားလုံးဟာ ပါဠိဘာသာက “ပဿနာ” ဆိုတဲ့ စကားလုံးကနေ ဆင်းသက်လာပါတယ်။ အဓိပ္ပါယ်က “မေးခွန်း” သို့မဟုတ် “စဉ်းစားစရာကိစ္စ” လို့ အဓိပ္ပါယ်ရပါတယ်။ မြန်မာဘာသာထဲကို ဝင်လာတဲ့အခါ “ပြဿနာ” လို့ ပြောင်းလဲသွားပြီး အဓိပ္ပါယ်ကလည်း “အခက်အခဲ”“ကိစ္စရပ်”၊ “ဖြေရှင်းရမယ့်အရာ” စတဲ့ အဓိပ္ပါယ်တွေနဲ့ သုံးစွဲလာကြတယ်။ လူတိုင်းမှာ ဆန္ဒတွေရှိတယ်။လိုအင်တွေရှိတယ်။ လိုအပ်ချက်တွေရှိတယ်။လိုချင်ပြီး မရသေးတဲ့အရာတွေကိုဖြေရှင်းဖို့ “ပြဿနာ အဖြေရှာတတ်ဖို့” လိုတယ်။ ဖျားနာရင်ကုဖို့ ဆေးပညာရှိတယ်။အိမ်တွေဆောက်၊ လျပ်စစ်မီးဖန်တီးစတာတွေလုပ်ဖို့ အင်္ဂျင်နီယာပညာ။ ကိုယ့်ပြဿနာကိုယ်အဖြေမရှာတတ်တော့ရင်အရင်းခံ အကြောင်းအရင်းတွေကိုပဲအပြစ်တင်နိုင်တတ်ကြတယ်။ အဖေကြောင့်၊ အမေကြောင့်၊သမီးရည်းစားလင်မယားကြောင့်၊ကြောင့်ပေါင်းများစွာနဲ့ပြဿနာကိုမီးပိုလောင်စေတယ်။ ဒါကြောင့် ပြဿနာဖြေရှင်းတဲ့အခါအချိန်ရဲ့ ၅% ကို ပြဿနာအရင်းခံကိုသိဖို့သုံး။ကျန်တဲ့အချိန်အာရုံကိုပြဿနာအဖြေရှာဖို့သုံးလို့ဆိုတယ်။ လူတစ်ယောက်ရဲ့ပြဿနာ။မိသားတစ်ခုရဲ့ပြဿနာ။ လူမျိုးတစ်မျိုးရဲ့ပြဿနာ။နိုင်ငံတစ်ခုရဲ့ပြဿနာ။ တစ်ကမ္ဘာလုံးရဲ့ပြဿနာ။ သံသရာတစ်ကွေ့ ဒီတစ်နေ့ကိုယ်တွေ့တဲ့သူတိုင်းရဲ့ပြဿနာကိုကူမဖြေရှင်းနိုင်ရင်တောင်ကိုယ့်ပြဿနာကိုယ်ဖြေရှင်းနိုင်ဖို့လိုတတ်တယ်။ လိုလျင်ကြံဆ နည်းလမ်းရဆိုတဲ့ဆိုရိုးစကားလဲရှိတာမဟုတ်လား။

ဥာဏ်ရှိရင် ရှိသလို
အဖြေရှာနိုင်မယ်လို့ယူဆပါတယ်။
Read More »

“သင်ဟာ တခြားသူတွေအတွက်
ဆုလာဘ်တစ်ခုပဲ။”

တချို့လူတွေကိုသင်ပေးဖို့အခက်ဆုံးအရာကသင်က အကောင်းဆုံးနဲ့ထိုက်တန်တယ်။ ဒီအတွေးအခေါ်ကိုတော်တော်လေးသင်ပေးရခက်တယ်။ ငွေကြေးဘယ်လောက်ရှိရှိတချို့လူတွေအတွက်အကောင်းနဲ့မထိုက်တန်ဖူးလို့အမြဲတွေးနေတတ်တဲ့သူတွေရှိတယ်။ အဲ့လိုလူတွေအတွက်ကိုယ်ရှာပြီး ကိုယ်မသုံးလိုက်ရတာမျိုးတွေအမြဲဖြစ်တတ်တယ်။ ဘဝကို ကောင်းကောင်းဖြတ်သန်းဖို့ကိုယ့်ကိုကိုယ် အကောင်းဆုံးနဲ့ထိုက်တန်တယ်ဆိုတာအမြဲယုံကြည်ထားဖို့လိုတတ်တယ်။ ကိုယ့်ကိုကိုယ် ဆုလာဘ်လို့မြင်ပြီးအဲ့လိုဖြစ်အောင်လဲနေ့တိုင်းပြုမူနေထိုင်ဖို့လိုတယ်။ “သင်ဟာ တခြားသူတွေအတွက်ဆုလာဘ်တစ်ခုပဲ။” Phyo Paing @ Derek

“သင်ဟာ တခြားသူတွေအတွက်
ဆုလာဘ်တစ်ခုပဲ။”
Read More »