Dr. Phyo Paing

https://yec.company

မိုးရွာတုန်းရေခံဖို့
အရေးကြီးတယ်။

လူတွေဘာကြောင့် ကျဆုံးလဲနောက်ကျကျန်ခဲ့လဲဆိုဒီလေးခုကြောင့်တဲ့။ 看不见,မမြင်ဘူး看不起,အထင်မကြီးဘူး看不懂,ကြည့်ပြီးနားမလည်ဘူး来不及အလျှင်မမှီတော့ဘူး။ ဒါက အင်တာနက်ခေတ်မှာဂျက်မာပြောခဲ့တဲ့စကားလေး။ အခု အေအိုင်ခေတ်လာနေပြီ။မျက်စိဖွင့်၊ နားစွင့်၊ နေ့စဉ်လေ့လာ၊အခွင့်အလမ်းတွေ့တာနဲ့ချက်ချင်းလုပ်။ လူတွေကိုယ့်ကိုချစ်တာမုန်းတာ၇ ရက်ပဲ။ကိုယ့်ဘဝ၊ ကိုယ့်မိသားစု၊ကိုယ့်ဝန်ထမ်း၊ ကိုယ့်ပါတနာအတွက်ငွေက အရေးကြီးတယ်။နောက် ကိုယ့်သမိုင်းပေးတာဝန်အရေးကြီးတယ်။ မိုးရွာတုန်းရေခံဖို့အရေးကြီးတယ်။ Phyo Paing @ Derek

မိုးရွာတုန်းရေခံဖို့
အရေးကြီးတယ်။
Read More »

ဘယ်မှာရင်းနှီးမြှုပ်နှံရမလဲ။

ဘယ်မှာရင်းနှီးမြုပ်နှံရမလဲ။ ၁။ ကိုယ့်ကိုကိုယ်၂။ ကိုယ့်အသက်မွေးဝမ်းကြောင်းအလုပ်၃။ ကိုယ့်ရဲ့လုပ်ငန်း၄။ ပြီးမှ ကိုယ်နားလည်ပြီးကိုယ့်လုပ်ငန်းအတွက်၊အနာဂတ်အတွက်အထောက်အကူပြုမည့်လုပ်ငန်း Phyo Paing @ Derek

ဘယ်မှာရင်းနှီးမြှုပ်နှံရမလဲ။ Read More »

ရွေးချယ်မှုက
ပေးဆပ်မှုထက်ပိုအရေးကြီးတယ်။

ရွေးချယ်မှုကပေးဆပ်မှုထက်ပိုအရေးကြီးတယ်။ ပေးတိုင်းပြန်ရဖို့ခက်တယ်။​အရွေးမှန်ရင်တော့ရွေးတိုင်းထိုက်တန်တဲ့အရာပြန်ရတယ်။​ ဒါကတော့ တစ်ကိုယ်တော်အမြင်ပေါ့။ ဘဝမှာ ဘယ်အချိန်မှာဘယ်အလုပ်လုပ်မယ်။ဘာထုတ်ကုန်၊​ ဝန်ဆောင်မှုရောင်းမယ်။ဘယ်လိုလူတွေကိုခန့်မယ်။ဘယ်လိုလူတွေနဲ့ ပါတနာလုပ်မယ်။​ဘယ်လိုလူတွေကိုရောင်းမယ်။​ဝင်ငွေဘယ်လိုရှာမယ်။ဘယ်လိုပုံံစံလုပ်ငန်းလည်ပတ်မယ်။လုပ်ငန်းလုပ်တဲ့အခါ ဒါတွေရွေးရတယ်။ဒါကို business model လို့လဲခေါ်တယ်။ အဲ့လိုပဲ ဘဝကို ဘယ်လိုလူတွေနဲ့ဖြတ်သန်းမယ်။​ဘယ်လိုလူတွေ ဝေးဝေးရှောင်မယ်။မပတ်သက်လို့မရတဲ့လူတွေကိုဘယ်လို စည်းခြား၊လုပ်ပေးစရာရှိတာလုပ်ပေးခွဲတမ်းချပြီး ပေးကမ်းမယ်။ဘယ်မှာအဓိက အခြေချမယ်။တစ်ရက်တာကို ဘာတွေအဓိကလုပ်မယ်။ဘာတွေမလုပ်ဘူး။ရွေးရပြန်တယ်။ ဘဝမှာ ရွေးတာက ပေးတာထက်အများကြီး ပိုအရေးကြီးတယ်။ ဘဝမှာ ကိုယ့်အတွက်အကောင်းဆုံးမဟုတ်တဲ့ရွေးချယ်မှုတွေ အများကြီးလုပ်ဖူးတယ်။ဒါပေမယ့် အကောင်းဆုံးမဟုတ်တဲ့ရွေးချယ်မှုတိုင်းကိုကံကောင်းစွာ ပြန်ပြင်လို့ရခဲ့တယ်။ ဘဝရဲ့သင်ခန်းစာတစ်ခုက“ရွေးတာက ပေးတာထက်” ပိုအရေးကြီးတယ်။ အမြင်သာဆုံးဆိုအရမ်းညံ့တဲ့သူကို ဝန်ထမ်းခန့်ပြီးသင်တန်းဘယ်လောက်ပေးပေးတော်လာဖို့က သိပ်မလွယ်ဘူး။ ကိုယ်က ရွေးချယ်လို့ရတဲ့သူဖြစ်အောင်လဲအားထုတ်ဖို့လိုတာပေါ့လေ။ Phyo Paing @ Derek

ရွေးချယ်မှုက
ပေးဆပ်မှုထက်ပိုအရေးကြီးတယ်။
Read More »

အရေးကြီးဆုံးက
တစ်ရက်တာဖြတ်သန်းမည့်ပုံစံ။
လူတိုင်းက ၂၄ နာရီရှိတယ်။

နေ့စဥ်လုပ်ဆောင်နေကျလုပ်ရပ်တွေအကုန်လုံးကိုရည်ရွယ်ချက်ရှိရှိကြိုတင်စီမံထားတာကိုRitual လို့ခေါ်တယ်။ ဘဝမှာ တစ်သက်၊ တစ်နှစ်၊ တစ်လ၊တစ်ပတ်၊ တစ်နာရီရှိမယ်။ ဘဝမှာ တစ်နှစ်တစ်နှစ်ရည်မှန်းချက်ပန်းတိုင်ရှိမယ်။ဒီပန်းတိုင်အတွက် လအလိုက် လုပ်ဆောင်မည့်အရာရှိမယ်။နောက်ဒီအပတ်အတွက် လုပ်ဆောင်မည့်အရာ၊နောက် တစ်ရက်တာ ဖြတ်သန်းမည့်ပုံစံ။ အရေးကြီးဆုံးက တစ်ရက်တာဖြတ်သန်းမည့်ပုံစံ။ လူတိုင်းက ၂၄ နာရီရှိတယ်။ ၈ နာရီအိပ်၊ ရေမိုးချိုး၊ ထမင်းစား၊အားကစားလေ့ကျင့်၊ လမ်းမှာအချိန်ကုန်၊မိတ်ဆွေနဲ့တွေ့က ၈ နာရီလောက်။အလုပ်က ၈ နာရီဆိုပါတော့။ တကယ်လို့ ကိုယ်တိုင်ရွေးချယ်လို့ရရင်ဒီ ၈ နာရီမှာ ဘာလုပ်မလဲစဥ်းစားလို့ရမယ်။ ကျွန်တော်စဥ်းစားပုံတစ်ခုက တစ်ရက်တာကို ကိုယ့်အတွက် အကောင်းဆုံး optimize ဖြစ်အောင်ဘယ်လိုလုပ်မလဲ။ တစ်ရက်တာ ၂၄ နာရီကို TWR – Train, Work, Rechargeသုံးပိုင်းပိုင်းလိုက်တယ်။ Train လုပ်တဲ့ပိုင်းမှာ စိတ်အတွက် စာဖတ်၊ တရားထိုင်၊ ပြန်လည်သုံးသပ် journaling လုပ်။

အရေးကြီးဆုံးက
တစ်ရက်တာဖြတ်သန်းမည့်ပုံစံ။
လူတိုင်းက ၂၄ နာရီရှိတယ်။
Read More »

မှန်ကန်တဲ့အမြင်ရှိဖို့
ပညာသင်ကြတယ်။

ပြဿနာအကုန်လုံးရဲ့အရင်းအမြစ်က မှန်ကန်တဲ့အမြင်မရှိလို့။ သမ္မာဒိဋ္ဌိ မရှိလို့။ ဗုဒ္ဓက မဂ္ဂင်ရှစ်ပါးမှာလဲနိဗ္ဗာန်ရောက်ဖို့ ပထမဆုံးတစ်ပါး သမ္မာဒိဋ္ဌိရှိဖို့ဟောကြားခဲ့တယ်။ လောကီမှာလဲအလားတူပဲပြဿနာအရင်းခံကအရှိကိုအရှိအတိုင်း အမှန်မမြင်နိုင်တာ။ အမှန်မမြင်ရင် နားမလည်နိုင်ဘူး။နားမလည်ရင် မှားမယ်။ အမှန်မြင်ဖို့ ပညာဆိုတာသင်တယ်။ပညာတကယ်သင်လို့တတ်ရင် မြင်မယ်။တကယ်မြင်ရင် တကယ်ပြင်မယ်။ဒါကြောင့် “သင်”၊ “မြင်”၊ “ပြင်” လို့ခေါ်တယ်။ ဘဝမှာဒီလိုကြုံဖူးလားမသိဘူး။အရင်ကမသိခဲ့တဲ့အရာတစ်ခုကဝုန်းကနဲ အလင်းပွင်းသွားတာမျိုး။ ဒါက “မြင်” သွားတာ။ မြင်မှ ပြင်တယ်။ မှန်ကန်တဲ့အမြင်ရှိဖို့ ပညာသင်ကြတယ်။ Phyo Paing @ Derek

မှန်ကန်တဲ့အမြင်ရှိဖို့
ပညာသင်ကြတယ်။
Read More »

ကိုယ့်ကိုကိုယ် ပြန်မေးရမှာ

ကိုယ့်ကိုကိုယ် ပြန်မေးရမှာလွန်ခဲ့တဲ့ သုံးလေးငါးနှစ်ကထက်ဘဝက ပိုကောင်းလာလား၊ပိုဆိုးလာလား။တစ်ကိုယ်ရည်ဘဝအတွက်စိတ်နဲ့ ခန္ဓာဘဝအရည်အသွေးတိုးတက်လာဖို့လိုတယ်လို့ထင်တယ်။ဒီအတွက်လဲ ဘယ်သူ့မှအားကိုးနေလို့မရပြန်ဘူး။ ငှက်ကလေးက သစ်ကိုင်းထက်အတောင်ကိုပိုအားကိုးဖို့လိုတတ်တဲ့အချိန်တွေရှိတယ်။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် ပြန်မေးရမှာ Read More »

နေ့စဥ် ကိုယ့်အတွက်တန်ဖိုးရှိတဲ့
စိတ်အလုပ်တွေလုပ်နေဖို့လိုတယ်လို့ထင်တယ်။

စိတ်အလုပ်နဲ့ငွေရှာပါ။အချိန်နဲ့ငွေမရှာပါနဲ့။ Earn with your mind, not with your time တဲ့။ Naval Ravikant ပြောတဲ့စကားလေး။ တစ်ရက်ကျွန်တော်တို့ သေမင်းနဲ့တွေ့ကြတဲ့အခါငါဒီဘဝကို အကောင်းဆုံးအသုံးချခဲ့လား။ ဒီမေးခွန်းအတွက် အဖြေကောင်းအတွက်နေ့စဥ် ကိုယ့်အတွက်တန်ဖိုးရှိတဲ့စိတ်အလုပ်တွေလုပ်နေဖို့လိုတယ်လို့ထင်တယ်။ Phyo Paing @ Derek

နေ့စဥ် ကိုယ့်အတွက်တန်ဖိုးရှိတဲ့
စိတ်အလုပ်တွေလုပ်နေဖို့လိုတယ်လို့ထင်တယ်။
Read More »

အသက်ရှင်နေသမျှ
ကိုယ့်ကိုကိုယ်ဆီက
ထွက်ပြေးသွားလို့မရဘူး။

ထားပြီးအဝေးကို ထွက်ပြေးသွားလို့မရတဲ့သူက“ကိုယ်” ပဲ။ အသက်ရှင်နေသမျှ ဒီခန္ဓာကိုယ်ကြီးကိုပိုင်ဆိုင်ချင်ချင်၊ မပိုင်ဆိုင်ချင်ချင်ပိုင်ဆိုင်နေရမယ်။ ဒီိခန္ဓာကိုယ်ကြီးနဲ့အတူ စဉ်းစားတဲ့ပုံစံကဖြတ်သန်းလာတဲ့ ဘဝ၊ ယုံကြည်မှု၊ တန်ဖိုးထားမှု၊သင်ယူလေ့လာခဲ့မှု၊ ဘိုးဘေးတွေရဲ့ ဒီအန်အေဒီကတစ်ဆင့်လက်ဆင့်ကမ်းလာတယ်။ ဒီခန္ဓာနဲ့ စိတ်ကို အသက်ရှင်နေသမျှပိုင်ဆိုင်နေရမှာဖြစ်တဲ့အတွက် ပြုစုပျိုးထောင်နေဖို့လိုတယ်။ ကိုယ့်ရဲ့အရေပြားအောက်မှာကိုယ့်ဘဝနေပျော်နေဖို့လိုတယ်။ ဒီလိုနေပျော်ဖို့ ကိုယ့်ရဲ့ hardware ဟတ်ဝဲဖြစ်တဲ့ခန္ဓာကိုယ်ကို ကျန်းမာကြံ့ခိုင်အောင်၊ Software ဆော့ဝဲနဲ့တူတဲ့စိတ်ကို ဖြတ်လတ်နိုးကြားထက်မြက်ပြီးဗိုင်းရပ်ကပ်တာနည်းအောင်လေ့ကျင့်ပျိုးထောင်ဖို့လိုလာတယ်။ အသက်ရှင်နေသမျှကိုယ့်ကိုကိုယ်ဆီက ထွက်ပြေးသွားလို့မရဘူး။ ဒီတော့အကောင်းဆုံးနည်းကကိုယ့်ကိုကိုယ် ရန်မဖြစ်နဲ့။ အကောင်းဆုံးပြုစုပျိုးထောင်။ကိုယ့်အတွေး၊ အကြံအစီ၊ အလုပ်သုံးခုတစ်သားတည်းကျဖို့အလိုင်းမန့် alignment ချိန်နိုင်ဖို့လိုတယ်။ Phyo Paing @ Derek

အသက်ရှင်နေသမျှ
ကိုယ့်ကိုကိုယ်ဆီက
ထွက်ပြေးသွားလို့မရဘူး။
Read More »

တစ်ယောက်နဲ့တစ်ယောက်ရဲ့
ပိုကောင်းတဲ့ဘဝရဲ့
အဓိပ္ပာယ်ဖွင့်ဆိုမှုက တူချင်မှတူမယ်။

ဘဝဆိုတာ နှစ် ၈၀ ပရောဂျက်တစ်ခုပဲ။ ကိုယ်ကဘယ်လောက်နေတစ်ခါအက်ဒိတ် update လုပ်ဖြစ်နေလဲ။ အသိပညာ၊ အတတ်ပညာ၊အတွေးအခေါ်၊ အမူအကျင့်။ ကိုယ့်ရဲ့ အသစ်ဗားရှင်းnew version, next version ဖန်တီးဖို့အတွက်၊ အတွေးအခေါ်၊ အမြင်၊အိုင်ဒီယာ၊ လူ၊ အဆက်အသွယ်၊နေရာ၊ လုပ်ဆောင်ပုံအသစ်တွေလိုတယ်။ နေ့စဥ် အိုင်ဒီယာအသစ်၊အမြင်အသစ်၊ လုပ်ဆောင်ပုံအသစ်၊ နေရာအသစ်လေ့လာခြင်းက ကိုယ့်ကိုကိုယ် အက်ဒိတ် update လုပ်နေခြင်းပဲ။ အရင်နှစ်နဲ့ ဒီနှစ်အတွေးအခေါ်မတူတော့ဘူး။ ဒီနှစ်နဲ့နောက်နှစ်ကွာခြားပြီး ပိုကောင်ဘဝဖန်တီးဖို့လိုလာတယ်။ တစ်ယောက်နဲ့တစ်ယောက်ရဲ့ပိုကောင်းတဲ့ဘဝရဲ့အဓိပ္ပာယ်ဖွင့်ဆိုမှုက တူချင်မှတူမယ်။ Phyo Paing @ Derek

တစ်ယောက်နဲ့တစ်ယောက်ရဲ့
ပိုကောင်းတဲ့ဘဝရဲ့
အဓိပ္ပာယ်ဖွင့်ဆိုမှုက တူချင်မှတူမယ်။
Read More »

အရင်ခေတ်
knowledge is power.

အရင်ခေတ်knowledge is power.ပညာဆိုတာ ပါဝါ။ ဒီနေ့ခေတ်Secret and Specialized Knowledge is Power.လူအများမသိတဲ့ ကိုယ့်လုပ်ငန်းနယ်ပယ်လျှိုဝှက်ချက်၊အထူးပြုအသိပညာက ပါဝါ။ Phyo Paing @ Derek

အရင်ခေတ်
knowledge is power.
Read More »