Dr. Phyo Paing

https://yec.company

ကိုယ်နဲ့အဆင်မပြေတိုင်း
လူတိုင်းနဲ့အဆင်မပြေတာမဟုတ်။

စာအုပ်ဖတ်ခြင်းကြောင့်တိုးတက်တဲ့အရသာကို မသိဖူးတဲ့သူကစာအုပ်ဖတ်တာ အလကားလို့ပြောလိမ့်မယ်။စီးပွါးရေးလုပ်ငန်းသစ်စပြီးတိုးတက်မှုအရသာကို မသိဖူးတဲ့သူကပင်ပန်းခံနေလိုက်တာလို့ ပြောကောင်းပြောလိမ့်မယ်။အရသာသိတဲ့သူကပေးဆပ်ရတာတန်တယ်လို့စဉ်းစားကြတယ်။ကိုယ်နဲ့အဆင်မပြေတိုင်းလူတိုင်းနဲ့အဆင်မပြေတာမဟုတ်။ Phyo Paing @ Derek

ကိုယ်နဲ့အဆင်မပြေတိုင်း
လူတိုင်းနဲ့အဆင်မပြေတာမဟုတ်။
Read More »

ဘဝရဲ့အရည်အသွေးဆိုတာကလဲ
ကိုယ့်ဘဝပြဿနာ
ဘယ်လောက်အဖြေရှာနိုင်လဲနဲ့ဆိုင်တယ်။

တိုးတက်ချင်ရင်အဓိက တစ်နည်းပဲရှိတယ်။ပြဿနာဖြေရှင်း။ ဒီထက်ကောင်းတဲ့တိုးတက်တဲ့နည်းမရှိဘူး။ ပုစ္စာတွေပြဿနာအဖြေရှာတာကိုသူငယ်တန်းကတည်းကလုပ်ခဲ့တယ်။အတန်းကြီးလေ ပုစ္စာတွေခက်လာလေပဲ။ ဘဝရဲ့အရည်အသွေးဆိုတာကလဲကိုယ့်ဘဝပြဿနာဘယ်လောက်အဖြေရှာနိုင်လဲနဲ့ဆိုင်တယ်။ Phyo Paing @ Derek

ဘဝရဲ့အရည်အသွေးဆိုတာကလဲ
ကိုယ့်ဘဝပြဿနာ
ဘယ်လောက်အဖြေရှာနိုင်လဲနဲ့ဆိုင်တယ်။
Read More »

အရမ်းမမျှော်လင့်နဲ့။ 

မပျော်တတ်တဲ့သူကို ပျော်အောင်လုပ်ပေးဖို့၊မချစ်တတ်တဲ့သူကို ချစ်အောင်လုပ်ဖို့၊မသနားတတ်တဲ့သူကို သနားအောင်လုပ်ဖို့အခက်ခဲဆုံးပဲ။ပေးတိုင်းလက်မခံနိုင်တဲ့သူတွေကိုအရမ်းကာရောသွားမပေးနဲ့။မပေးနိုင်တဲ့သူဆီကလဲ အရမ်းမမျှော်လင့်နဲ့။  Phyo Paing @ Derek

အရမ်းမမျှော်လင့်နဲ့။  Read More »

သင်ယူမှုပြုလုပ်တယ်ဆိုတာ
Risk management အန္တရာယ်ကို စီမံခန့်ခွဲမှုပြုလုပ်တာပဲ။

ကိုယ်နားမလည်တာကိုလုပ်တာRisk အန္တရာယ်ပဲ။သင်ယူမှုပြုလုပ်တယ်ဆိုတာRisk management အန္တရာယ်ကိုစီမံခန့်ခွဲမှုပြုလုပ်တာပဲ။ Phyo Paing @ Derek

သင်ယူမှုပြုလုပ်တယ်ဆိုတာ
Risk management အန္တရာယ်ကို စီမံခန့်ခွဲမှုပြုလုပ်တာပဲ။
Read More »

အားလုံးက သံသရာမှာ
တခဏလာတွေ့ကြတယ်။

နောက်အနှစ်ငါးဆယ်ဆိုFacebook ပေါ်ကလူတော်တော်များများရှိချင်မှ ရှိကြတော့မယ်။​ Facebook ကြီးကလဲရှိချင်မှ ရှိကြတော့မယ်။ ရှိရင်လဲ သိချင်မှသိကြတော့မယ်။ အားလုံးက သံသရာမှာတခဏလာတွေ့ကြတယ်။ မသေခင်တော့အထောက်အပံကောင်းတွေတည်ဆောက်သွားဖို့လိုနိုင်တယ်။ဘာကြောင့်လဲဆို အနာဂတ်မှာဘာတွေဖြစ်မလဲ၊ဘာတွေရှိမလဲမသိနိုင်ဘူး။​ကုသိုလ်၊ ဥစ္စာ၊ ပညာဒီသုံးခုဖြည့်ဆည်းထားတာကတော့မှားတဲ့အလုပ်မဟုတ်ဘူး။နေ့တိုင်း ဒီသုံးခုစလုံးမဟုတ်ရင်တောင်တစ်ခုကတော့ ဖြည့်ဆည်းထားမှအနာဂတ်အတွက် တော်ကာကျနိုင်မယ်။ Phyo Paing @ Derek

အားလုံးက သံသရာမှာ
တခဏလာတွေ့ကြတယ်။
Read More »

ဆာလောင်မှု အရေးကြီးတယ်။

ဆာလောင်မှု အရေးကြီးတယ်။ ရည်မှန်းချက်တွေရှိပြီးဆာလောင်မှုမရှိရင်အဖြေရှာနိုင်မှုနည်းမယ်။ အကောင်အထည်ဖော်မှုနည်းမယ်။ လောကီမှာ ရှင်သန်တဲ့အခါရည်မှန်းချက်တွေအတွက်ဆာလောင်မှုတွေ မရပ်သွားဖို့လိုတယ်။ Stay Hungry, Stay Foolish လဲစတိဂျော့ပြောတာ ကြားဖူးလိမ့်မယ်။ Phyo Paing @ Derek

ဆာလောင်မှု အရေးကြီးတယ်။ Read More »

မနက်ဖြန်အတွက် ပိုက်ဆံကို
သေချာစီမံ။

မနက်ဖြန်တွေထက်ပိုက်ဆံတွေကို ပိုယုံကြည်တာကောင်းတတ်တယ်။ ဘာကြောင့်လဲဆို မနက်ဖြန်က မသေချာဘူး။ပိုက်ဆံရှိရင်က မနက်ဖြန်မှာသုံးလို့ရမှာသေချာတယ်။ ကိုယ်ချစ်တဲ့အလုပ်ကိုပဲလုပ်နေပြီးငွေကြေးကို မစုစောင်းမပွါးရင် ရေရှည်အဆင်ပြေဖို့မလွယ်ဘူး။ အနာဂတ် အလုပ်အကိုင်ရဲ့သဘောတရားအပြောင်းအလဲရှိမယ်။ဒီနေ့လုပ်နေတဲ့အလုပ်နောက်နှစ်ထဲ ဘာဖြစ်မလဲမသိဘူး။လူလတ်တန်းစားတွေနည်းလာမယ်။ဆင်းရဲချမ်းသာမှု ကွာဟချက်ပိုများလာမယ်။ နည်းပညာအသုံးပြုနိုင်စျေးကွက်ပြဿနာအနံ့ခံနိုင်ဖြေရှင်းနိုင်ရင် လုပ်ငန်းပိုကြီးလာမယ်။ ပိုနေမြဲ ကျားနေမြဲနေနေရင်တစ်ပတ်နဲ့တစ်ပတ်မတူညီတဲ့အပြောင်းအလဲတွေက ကိုယ့်အနာဂတ်ကို တိုက်စားသွားနိုင်တယ်။ နည်းပညာကို ပုံမှန်လေ့လာ၊ စျေးကွက်နဲ့ အဆက်မပြတ်စေနဲ့။ ရတဲ့ငွေ ပုံမှန်ထိန်းသိမ်း၊ ပုံမှန် ပြန်ပွား။ မနက်ဖြန်က မသေချာဘူး။ပိုက်ဆံက သေချာတယ်။ မနက်ဖြန်အတွက် ပိုက်ဆံကိုသေချာစီမံ။ ဒါကတော့ ကိုယ်ချစ်တဲ့အလုပ်ကိုလုပ်နေပြီးပိုက်ဆံပြန်ပွါးဖို့ မေ့သွားတဲ့သူတွေအတွက်။ Phyo Paing @ Derek

မနက်ဖြန်အတွက် ပိုက်ဆံကို
သေချာစီမံ။
Read More »

ဦးနှောက်အလုပ်လုပ်ပုံတွေ
အားသာချက်တွေ မတူကြဘူး။

တချို့က အလုပ်လုပ်ရင်ပင်ပန်းတယ်။တချို့က အလုပ်မလုပ်ရင်ပိုပင်ပန်းတယ်။ တချို့က အလုပ်အရမ်းလုပ်တဲ့သူကြည့်ပြီးပင်ပန်းတယ်။တချို့ကလဲ အလုပ်မလုပ်တဲ့သူကြည့်ပြီးဘဝကြီးကို ဘယ်လိုများဖြတ်သန်းနေလဲအားမရဘူး။ လူတွေမွေးကတည်းကဦးနှောက်ဖွဲ့စည်းပုံတွေမတူဘူး။ဦးနှောက်အလုပ်လုပ်ပုံတွေအားသာချက်တွေ မတူကြဘူး။ Phyo Paing @ Derek

ဦးနှောက်အလုပ်လုပ်ပုံတွေ
အားသာချက်တွေ မတူကြဘူး။
Read More »

ဒါကို Strategic Patience လို့ခေါ်တယ်။

မျိုးစေ့ချချိန်၊ ရေလောင်းပေါင်းသင်ပေးချိန်၊ ရိတ်သိမ်းချိန်ဆိုတာရှိတယ်။ ဘယ်အချိန်မှာ ဘာလုပ်ရမလဲသိဖို့လိုတယ်။ မစိုက်ပျိုးဘဲ ရိတ်သိမ်းဖို့မလွယ်ဘူး။ အချိန်မတိုင်ခင် ရိိတ်သိမ်းတော့အကောင်းဆုံးမရတာမျိုးလဲဖြစ်တတ်တယ်။ ဒါကြောင့် မဟာဗျူဟာတစ်ခုတည်ဆောက်တဲ့အခါ စိတ်ရှည်ရှည်နဲ့ ပုံမှန်လုပ်သွားဖို့လိုတယ်။ဒါကို Strategic Patience လို့ခေါ်တယ်။ Phyo Paing @ Derek

ဒါကို Strategic Patience လို့ခေါ်တယ်။ Read More »

အိမ်တွင်းတိုက်ပွဲတွေအောင်မှ
ဘဝတိုက်ပွဲမှာ ပိုအစွမ်းပြနိုင်မှာ။

အိမ်တွင်းတိုက်ပွဲမရှိတော့တဲ့သူတွေကဘဝတိုက်ပွဲမှာ အစွမ်းပိုပြနိုင်တတ်ကြတယ်။ လူတိုင်းကတော့ အနည်းနဲ့အများအိမ်တွင်းတိုက်ပွဲ ဆင်နွဲခဲ့ဖူးကြလိမ့်မယ်။ မိသားစု၊ သားသမီး၊ အမျိုး၊သမီးရည်းစား၊ လင်မယား။ အိမ်တွင်းတိုက်ပွဲတွေအောင်မှဘဝတိုက်ပွဲမှာ ပိုအစွမ်းပြနိုင်မှာ။ ဒါကို တချို့သူတွေပဲသေချာနားလည်မယ်ထင်တယ်။ Phyo Paing @ Derek

အိမ်တွင်းတိုက်ပွဲတွေအောင်မှ
ဘဝတိုက်ပွဲမှာ ပိုအစွမ်းပြနိုင်မှာ။
Read More »