Dr. Phyo Paing

https://yec.company

ကျန်းမာရေးမကောင်းရင်ကျန်တာလဲ မကောင်းနိုင်ဘူး။

ကျန်းကျန်းမာမာနဲ့မသက်မငင်ရဘဲအသက်ရှင်နေရင်ကိုဘဝက တော်တော်ကောင်းနေပြီ။ တချိန်ဖျားနာတဲ့အခါမှကျန်းမာရေးရဲ့အရေးပါမှုကိုနားလည်လာနိုင်တယ်။ ကျန်းမာရေးမကောင်းရင်ကျန်တာလဲ မကောင်းနိုင်ဘူး။ ကျန်းမာရေး၊​ အချစ်မေတ္တာ၊ငွေရေးကြေးရေး၊ အလုပ်အကိုင်၊အပေါင်းအသင်း၊ စိတ်ငြိမ်းချမ်းရေးတစ်ဆင့်ချင်းလာတယ်။ Phyo Paing @ Derek

ကျန်းမာရေးမကောင်းရင်ကျန်တာလဲ မကောင်းနိုင်ဘူး။ Read More »

လူတွေရဲ့ဘဝကို အဓိကကွာသွားစေတာအမြင်။

အမြင်မတူရင် အမြင့်မတူဘူး။တခါတလေ ဒီအမြင်ကတော်တော်လေးပြင်ဖို့ခက်တယ်။ပြတိုင်းလဲ မြင်ချင်မှမြင်တာ။မြင်နိုင်တဲ့ဥာဏ်ရှိဖို့အချိန်ပေးရတာလဲဖြစ်နိုင်တယ်။ Phyo Paing @ Derek

လူတွေရဲ့ဘဝကို အဓိကကွာသွားစေတာအမြင်။ Read More »

စွမ်းအင် = (ဇီဝဗေဒ × စိတ်ပညာ × ပတ်ဝန်းကျင်)

တချို့လူတွေကအမြဲတက်ကြွနေတယ်။ တချို့ကျ နွမ်းနယ်နေတယ်။အိပ်ချိန်တူရင်တောင် စွမ်းအင်မတူကြဘူး။ စွမ်းအင်က ဘဝတည်ဆောက်ရေးအတွက်အခရာကျပါတယ်။ စွမ်းအင် = (ဇီဝဗေဒ × စိတ်ပညာ × ပတ်ဝန်းကျင်)လို့အကြမ်းမှတ်လို့ရနိုင်တယ်။ ကိုယ်ဘယ်လိုစားသောက်တယ်၊ဘယ်လောက်ကြာကြာအိပ်စက်တယ်ဒီနှစ်ခုနဲ့ပဲဆိုင်တာမဟုတ်ပါဘူး။ ကိုယ့်ခန္ဓာကိုယ်၊ စိတ်နဲ့ ပတ်ဝန်းကျင်ဒီသုံးခု အလုပ်လုပ်ပုံပေါ်မူတည်ပါတယ်။ 🧬 ဇီဝဗေဒ (Biology) ကိုယ့်ရဲ့ ဇီဝကမ္မဖြစ်စဉ်၊ ဟော်မုန်းတွေ၊ အာဟာရနဲ့ လှုပ်ရှားမှုတွေက ကိုယ့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းအင်အခြေခံကို ဖန်တီးပေးတယ်။ 🧠 စိတ်ပညာ (Psychology) ကိုယ့်ရဲ့ စိတ်ခံစားမှု၊ အာရုံစိုက်မှုနဲ့ ရည်ရွယ်ချက်ရှိရှိ နေထိုင်မှုတို့က စွမ်းအင်တွေ စီးဆင်းစေနိုင်သလိုယိုစိမ့်ပျောက်ကွယ်သွားစေနိုင်ပါတယ်။ 🌍 ပတ်ဝန်းကျင် (Environment) ကိုယ့်ပတ်ဝန်းကျင်က လူတွေ၊ နေရာ၊ အလင်းရောင်နဲ့ အသံတွေက ကိုယ့်ကို အားပြန်ဖြည့်ပေးနိုင်သလို၊ ကိုယ့်စွမ်းအင်တွေကို ကုန်ခန်းသွားအောင်လည်း လုပ်နိုင်ပါတယ်။ စွမ်းအင်ပြည့်ဝ နိုးကြားတက်ကြွဖို့သေချာ

စွမ်းအင် = (ဇီဝဗေဒ × စိတ်ပညာ × ပတ်ဝန်းကျင်) Read More »

အရေးမပါတာ အရာမပေးနဲ့။

တိကျပြင်းပြတဲ့ ရည်မှန်းချက်မရှိရင်စိတ်က ဟိုယောင်ယောင် ဒီယောင်ယောင် ဂယောင်ဖြစ်တတ်တယ်။ ဟိုဟာလေးလဲ ဝင်ပါချင်၊ဒီဟာလေးလဲ ဝင်လုပ်ချင်။ကိုယ်နဲ့မဆိုင်တဲ့ ဟိုလူ့ကိုပြင်ပေးချင်၊ ဒီလူ့ကို ပြင်ပေးချင်။ ကိုယ်လဲ ခဏခဏ ဖြစ်ခဲ့ဖူးတယ်။ နောက်ပိုင်း တော်တော်ထိန်းဖို့ကြိုးစားရတယ်။ ကိုယ့်အလုပ် ကိုယ်လုပ်။ကိုယ်၊ ကိုယ့်အနီးဆုံးလူတွေကိုအာရုံစိုက်။ကိုယ့်ရည်မှန်းချက်အိမ်မက်တွေကိုပဲအာရုံစိုက်။ အရေးမပါတာ အရာမပေးနဲ့။ ရည်မှန်းချက်ပန်းတိုင်ချ၊ကြံဆပြီး ရအောင်လုပ်နိုင်တဲ့ခံစားချက်ကဘာနဲ့မှ မလဲနိုင်ဘူး။ဒါကို စွဲလမ်းသွားနိုင်တယ်။ နှစ်စဥ်၊ လစဥ်၊ အပတ်စဥ်၊ နေ့စဥ် မှန်ကန်တဲ့ ရည်ရွယ်ချက်၊ ရည်မှန်းချက်၊ အားထုတ်မှုနဲ့နေထိုင်တာ ဘဝအဓိပ္ပာယ်ရှိတယ်လို့ခံစားရတယ်။ Phyo Paing @ Derek

အရေးမပါတာ အရာမပေးနဲ့။ Read More »

ကိုယ်နဲ့အဆင်မပြေတိုင်း
လူတိုင်းနဲ့အဆင်မပြေတာမဟုတ်။

စာအုပ်ဖတ်ခြင်းကြောင့်တိုးတက်တဲ့အရသာကို မသိဖူးတဲ့သူကစာအုပ်ဖတ်တာ အလကားလို့ပြောလိမ့်မယ်။စီးပွါးရေးလုပ်ငန်းသစ်စပြီးတိုးတက်မှုအရသာကို မသိဖူးတဲ့သူကပင်ပန်းခံနေလိုက်တာလို့ ပြောကောင်းပြောလိမ့်မယ်။အရသာသိတဲ့သူကပေးဆပ်ရတာတန်တယ်လို့စဉ်းစားကြတယ်။ကိုယ်နဲ့အဆင်မပြေတိုင်းလူတိုင်းနဲ့အဆင်မပြေတာမဟုတ်။ Phyo Paing @ Derek

ကိုယ်နဲ့အဆင်မပြေတိုင်း
လူတိုင်းနဲ့အဆင်မပြေတာမဟုတ်။
Read More »

ဘဝရဲ့အရည်အသွေးဆိုတာကလဲ
ကိုယ့်ဘဝပြဿနာ
ဘယ်လောက်အဖြေရှာနိုင်လဲနဲ့ဆိုင်တယ်။

တိုးတက်ချင်ရင်အဓိက တစ်နည်းပဲရှိတယ်။ပြဿနာဖြေရှင်း။ ဒီထက်ကောင်းတဲ့တိုးတက်တဲ့နည်းမရှိဘူး။ ပုစ္စာတွေပြဿနာအဖြေရှာတာကိုသူငယ်တန်းကတည်းကလုပ်ခဲ့တယ်။အတန်းကြီးလေ ပုစ္စာတွေခက်လာလေပဲ။ ဘဝရဲ့အရည်အသွေးဆိုတာကလဲကိုယ့်ဘဝပြဿနာဘယ်လောက်အဖြေရှာနိုင်လဲနဲ့ဆိုင်တယ်။ Phyo Paing @ Derek

ဘဝရဲ့အရည်အသွေးဆိုတာကလဲ
ကိုယ့်ဘဝပြဿနာ
ဘယ်လောက်အဖြေရှာနိုင်လဲနဲ့ဆိုင်တယ်။
Read More »

အရမ်းမမျှော်လင့်နဲ့။ 

မပျော်တတ်တဲ့သူကို ပျော်အောင်လုပ်ပေးဖို့၊မချစ်တတ်တဲ့သူကို ချစ်အောင်လုပ်ဖို့၊မသနားတတ်တဲ့သူကို သနားအောင်လုပ်ဖို့အခက်ခဲဆုံးပဲ။ပေးတိုင်းလက်မခံနိုင်တဲ့သူတွေကိုအရမ်းကာရောသွားမပေးနဲ့။မပေးနိုင်တဲ့သူဆီကလဲ အရမ်းမမျှော်လင့်နဲ့။  Phyo Paing @ Derek

အရမ်းမမျှော်လင့်နဲ့။  Read More »

သင်ယူမှုပြုလုပ်တယ်ဆိုတာ
Risk management အန္တရာယ်ကို စီမံခန့်ခွဲမှုပြုလုပ်တာပဲ။

ကိုယ်နားမလည်တာကိုလုပ်တာRisk အန္တရာယ်ပဲ။သင်ယူမှုပြုလုပ်တယ်ဆိုတာRisk management အန္တရာယ်ကိုစီမံခန့်ခွဲမှုပြုလုပ်တာပဲ။ Phyo Paing @ Derek

သင်ယူမှုပြုလုပ်တယ်ဆိုတာ
Risk management အန္တရာယ်ကို စီမံခန့်ခွဲမှုပြုလုပ်တာပဲ။
Read More »

အားလုံးက သံသရာမှာ
တခဏလာတွေ့ကြတယ်။

နောက်အနှစ်ငါးဆယ်ဆိုFacebook ပေါ်ကလူတော်တော်များများရှိချင်မှ ရှိကြတော့မယ်။​ Facebook ကြီးကလဲရှိချင်မှ ရှိကြတော့မယ်။ ရှိရင်လဲ သိချင်မှသိကြတော့မယ်။ အားလုံးက သံသရာမှာတခဏလာတွေ့ကြတယ်။ မသေခင်တော့အထောက်အပံကောင်းတွေတည်ဆောက်သွားဖို့လိုနိုင်တယ်။ဘာကြောင့်လဲဆို အနာဂတ်မှာဘာတွေဖြစ်မလဲ၊ဘာတွေရှိမလဲမသိနိုင်ဘူး။​ကုသိုလ်၊ ဥစ္စာ၊ ပညာဒီသုံးခုဖြည့်ဆည်းထားတာကတော့မှားတဲ့အလုပ်မဟုတ်ဘူး။နေ့တိုင်း ဒီသုံးခုစလုံးမဟုတ်ရင်တောင်တစ်ခုကတော့ ဖြည့်ဆည်းထားမှအနာဂတ်အတွက် တော်ကာကျနိုင်မယ်။ Phyo Paing @ Derek

အားလုံးက သံသရာမှာ
တခဏလာတွေ့ကြတယ်။
Read More »

ဆာလောင်မှု အရေးကြီးတယ်။

ဆာလောင်မှု အရေးကြီးတယ်။ ရည်မှန်းချက်တွေရှိပြီးဆာလောင်မှုမရှိရင်အဖြေရှာနိုင်မှုနည်းမယ်။ အကောင်အထည်ဖော်မှုနည်းမယ်။ လောကီမှာ ရှင်သန်တဲ့အခါရည်မှန်းချက်တွေအတွက်ဆာလောင်မှုတွေ မရပ်သွားဖို့လိုတယ်။ Stay Hungry, Stay Foolish လဲစတိဂျော့ပြောတာ ကြားဖူးလိမ့်မယ်။ Phyo Paing @ Derek

ဆာလောင်မှု အရေးကြီးတယ်။ Read More »