Dr. Phyo Paing

https://yec.company

လူတွေဘာကြောင့် ဘွဲ့ယူချင်လဲစဉ်းစားကြည့်တယ်။

လူတွေဘာကြောင့်ဘွဲ့ယူချင်လဲစဥ်းစားကြည့်တယ်။ လူရာဝင်ချင်လို့လို့ကောက်ချက်ချမိတယ်။ လူတွေက ပညာတတ်တယ်ဆိုတာကိုဘွဲ့ရတာနဲ့ ကြည့်တယ်လို့အကြမ်းယူဆလိုက်ကြတယ်။ သာမန်လူအများစုအတွက်လူရာဝင်ဖို့ ဘွဲ့ယူဖို့လိုတယ်လို့လူတွေက သတ်မှတ်ထားကြတယ်။ ဘွဲ့ရဖို့ သတ်မှတ်စာမေးပွဲအောင်ရတယ်။စာမေးပွဲအောင်ဖို့ စာလုပ်ရတယ်။ ဘယ်နေရာမှာနေလဲပေါ်မူတည်ပြီးလူရာဝင်တဲ့ပုံကလဲ မတူဘူး။ အသိုင်းအဝိုင်းပေါ်မူတည်ပြီးလဲလူရာဝင်တဲ့ပုံမတူဘူး။ ကိုယ့်အနေနဲ့လဲ လူရာဝင်ဖို့ပထမဘွဲ့ယူတယ်။နောက်လိုအပ်လာတော့ဒုတိယဘွဲ့ပြန်ယူပြန်တယ်။ နောက်ပိုင်းကျတော့ပညာတတ်ချင်တာလားလူရာဝင်ချင်တာလားပြန်စဥ်းစားမိတယ်။ ကျောင်းတွေကတတ်သိပညာတွေသင်တဲ့နေရာကစာမေးပွဲတွေစစ်ဆေးနေရာဖြစ်လာတယ်။ သင်ယူချင်တဲ့ စူးစမ်းလိုစိတ်ကိုကျောင်းအများစုက သတ်လိုက်တယ်။ ဘွဲ့ရပြီး ပညာမတတ်တွေအများကြီးခေတ်မှာဘွဲ့ရတိုင်းလဲပညာတတ်ဖြစ်တာမဟုတ်တော့ဘူး. ဒါကြောင့်ဘာဘွဲ့ရလဲဆိုတာထက်ဘယ်ကဘွဲ့ရလဲက ပိုအရေးကြီးလာတာဖြစ်တယ်။ Phyo Paing @ Derek

လူတွေဘာကြောင့် ဘွဲ့ယူချင်လဲစဉ်းစားကြည့်တယ်။ Read More »

ခံယူချက်မတူရင် ခံစားချက်မတူဘူး။

အချစ်ရေးမှာဖြစ်ဖြစ်အလုပ်မျာဖြစ်ဖြစ်ကိုယ့်ရဲ့ပါတနာတိုင်းကခံယူချက်တူဖို့အရေးကြီးတယ်။ ခံယူချက်မတူရင်ခံစားချက်မတူဘူး။ ဥပမာတစ်ယောက်ကအလုပ်ကိုတန်ဖိုးထားတဲ့ခံယူချက်ရှိတယ်။အလုပ်ကိုဘဝလိုတန်ဖိုးထားတယ်။အလုပ်ဆိုတာ ကိုယ့်ဘဝရဲ့အရေးကြီးတဲ့အစိတ်အပိုင်းလို့ယူဆတယ်။ တစ်ယောက်ကအလုပ်ဆိုတာ မသေမချင်းလုပ်ရမှာပါကွာ။အေးဆေးပေါ့လို့စဥ်းစားမယ်။ ခံယူချက်မတူရင် ငြိယူဖို့ခက်တယ်။ ဘဝတစ်လျှောက်လုံးမှာတဖြည်းဖြည်းနားလည်လာတဲ့သင်ခန်းစာတစ်ခုပဲ။ ဒါကြောင့် အချစ်ရေး၊အလုပ်အကိုင် အကုန်လုံးမှာခံယူချက်တူတဲ့သူတွေနဲ့အလုပ်လုပ်ဖို့လိုတယ်။ အမြင်နဲ့ ခံယူချက်နဲ့မတူဘူး။ခံယူချက်က အတွင်းပိုင်းစိတ်ထား။အမြင်က အကြောင်းအရာတစ်ခုအပေါ်မြင်တဲ့အမြင်။အမြင်တွေကွဲလို့ရတယ်။ခံယူချက်တွေ မတူလို့မရဘူး။ ဘာကြောင့်လဲဆိုတော့ခံယူချက်မတူရင်ခံစားချက်မတူဘူး။ Phyo Paing @ Derek

ခံယူချက်မတူရင် ခံစားချက်မတူဘူး။ Read More »

ကိုယ့်အတွက် အကျိုးစီးပွါး
အခုရော၊ ရေရှည်အတွက်ပါမရှိဘဲ
လာဘူနေတဲ့သူတွေကို
ဖယ်နိုင်စွမ်းက ဘာနဲ့မှမလဲနိုင်ဘူး။

လူမှုကွန်ယက် social media မှာအကြိုက်ဆုံးက ban လုပ်နိုင်တာ။ကိုယ့်အတွက် အကျိုးစီးပွါးအခုရော၊ ရေရှည်အတွက်ပါမရှိဘဲလာဘူနေတဲ့သူတွေကိုဖယ်နိုင်စွမ်းက ဘာနဲ့မှမလဲနိုင်ဘူး။X မှာတော့ block လို့ရတာဖယ်မယ်ပြောတယ်။ လူတွေက မွဲနေရင်မပျော်ဘူး။ကိုယ့်ပြဿနာကိုယ် မဖြေရှင်းနိုင်ရင်မပျော်ဘူး။အချစ်မရှိရင်လဲ မပျော်ဘူး။ပလစ်ခံရရင်လဲ မပျော်ဘူး။မပျော်ရင် ဒီအပူကိုတခြားသူကိုပေးချင်တယ်။ဂရုစိုက်ရတယ်။ ချစ်ကျွမ်းဝင် romantic ဖြစ်နေတဲ့သူနူးညံ့နေတာကြည့်ရင်ပျော်တဲ့သူက အပျော်တွေပေးနိုင်တယ်။ဘူမွဲက ဘူတာ၊ မွဲတာပေးနိုင်တယ်။ကိုယ့်အကြောင်းထက် သူများအကြောင်းပိုစိတ်ဝင်စားမယ်။လူတွေက အမှိုက်ရှိမှ အမှိုက်လိုက်ပစ်တာ။လက်မခံဖို့လိုတတ်တယ်။ Phyo Paing @ Derek

ကိုယ့်အတွက် အကျိုးစီးပွါး
အခုရော၊ ရေရှည်အတွက်ပါမရှိဘဲ
လာဘူနေတဲ့သူတွေကို
ဖယ်နိုင်စွမ်းက ဘာနဲ့မှမလဲနိုင်ဘူး။
Read More »

ယောကျာ်းဆိုတာက တာဝန်ယူမှုနဲ့
အားကိုးလို့ရတဲ့သူဖြစ်ရမယ်။

ကိုယ်သာ သားလေးရှိရင်ယောကျာ်းဆိုတာအချစ်ကို ကိုးကွယ်ရမှာမဟုတ်ဘူး။အချစ်က ကိုယ့်ကွယ်အောင်လုပ်ရမှာ။​ ဒီအတွက်ယောကျာ်းဆိုတာက တာဝန်ယူမှုနဲ့အားကိုးလို့ရတဲ့သူဖြစ်ရမယ်။ ဒီလိုဖြစ်ဖို့ Superior Manတန်ဖိုးရှိတဲ့ ယောကျာ်းဖြစ်ဖို့လိုတယ်။​ တန်ဖိုးရှိတဲ့ ယောကျာ်းတွေကအတင်းမပြောဘူး။စောင်းပြော၊ မြောင်းပြောမလုပ်ဘူး။ကိုယ့်အထင်အမြင်ကို ပွင့်ပွင့်လင်းလင်းပြောရတယ်။ အလုပ်ကိုသေချာလုပ်တယ်။မပျင်းဘူး။ကိုယ့်တာဝန်ကိုယ်ကျေတယ်။ ပြဿနာကို ခံစားချက်တွေနဲ့ဟိုလူ့အပြစ်တင် ဒီလူ့အပြစ်မတင်နေဘူး။ပြဿနာကို အဖြေရှာတယ်။အနိုင်ယူဖို့ထက်ပြေလည်ဖို့ အသားပေးတယ်။ အလုပ်အတွက် စည်းကမ်းရှိတယ်။ကိုယ့်မိဘ၊ သားသမီးနဲ့ အိမ်အတွက်တာဝန်ယူတယ်။ရည်မှန်းချက်ရှိတယ်။အားကိုးလို့ရတယ်။ သူ့ဟာနဲ့သူ လိင်ပိုင်းဆိုင်ရာsexual preference က ဘယ်လိုဖြစ်ဖြစ်ဒါက ခံယူချက်နဲ့ ဆိုင်တယ်လို့ထင်တယ်။ ဒါကတော့ တန်ဖိုးရှိတဲ့ယောကျာ်းလို့ထင်တယ်။ဒီနေ့ခေတ် တန်ဖိုးထားမှုတွေပြောင်းသွားပြီလားတော့သေချာမသိဘူး။ Phyo Paing @ Derek

ယောကျာ်းဆိုတာက တာဝန်ယူမှုနဲ့
အားကိုးလို့ရတဲ့သူဖြစ်ရမယ်။
Read More »

ဘဝက Do-It-Yourself
ကိုယ်ကြိုက်သလိုပုံဖော်တဲ့ဂိမ်းတစ်ခုပဲ။

Laptop တစ်လုံးLuggage တစ်လုံးနဲ့နေရာအစုံလျှောက်သွားနေတာ။ ကိုယ့်ဘဝရဲ့ အကြိုက်ဆုံးဘဲကji gong ကျိကုန်း။ဝိုင်လဲသောက်တယ်။တရားလဲကျင့်တယ်။unorthodox သမရိုးမကျဘူး။ သမရိုးကျမဖြစ်တွယ်တာမှုအနည်းဆုံးနဲ့ဘဝမှာ ကိုယ်မလုပ်ဘဲမနေနိုင်တဲ့အလုပ်တွေလုပ်ရင်းအသက်မွေးမှုပြုချင်တယ်။ အလုပ်ဆိုတာ ငွေကြေးတစ်ခုတည်းထက်ပိုတယ်။ကိုယ်ဘယ်သူလဲဆိုတာကိုဖော်ပြတဲ့ self-expression တစ်ခုလဲဖြစ်တယ်။ကိုယ့် identity ငါဘယ်သူလဲဆိုတာနဲ့လဲဆက်စပ်နေတယ်။ ဘဝက Do-It-Yourselfကိုယ်ကြိုက်သလိုပုံဖော်တဲ့ဂိမ်းတစ်ခုပဲ။ အသက်အရွယ်အလိုက်ဟော်မုန်းတွေ အတက်အကျနဲ့အတူစိတ်အပြောင်းအလဲတွေဖြစ်နေတယ်။ လူတော်တော်များများကလူအများလိုချင်တာကိုလိုချင်ကြတယ်။သူတို့ဘာကိုလိုချင်လဲသေချာ မသိကြဘူးတဲ့။ ဖရက်ဒရစ် နီးရှား (Friedrich Nietzsche) က “Few people have the independence of mind to resist the instincts of the herd.”— Human, All Too Human (1878) တဲ့။ ကိုယ့်ရဲ့စိတ်ကို ချုပ်နှောင်ထားတဲ့လူအများစုရဲ့ယုံကြည်မှု၊ အခြေခံယူဆချက်၊လောကအမြင်တွေထဲကထောင်ဖောက်ပြီး လွတ်မြောက်မှုကိုဖန်တီးဖို့က တော်တော်လေးမလွယ်ဘူး။ တခြားလူတွေလိုချင်တဲ့ဘဝကိုကိုယ်မလိုချင်ဘူး။ကိုယ်လိုချင်တဲ့ဘဝကိုသံသရာတစ်ကွေ့ ဒီနေ့မှာမျက်မြင်ကိုယ်တွေ့တည်ဆောက်ပြီးဖြတ်သန်းနေတယ်။​ဘယ်အရာနဲ့မှ မလဲနိုင်ဘူး။

ဘဝက Do-It-Yourself
ကိုယ်ကြိုက်သလိုပုံဖော်တဲ့ဂိမ်းတစ်ခုပဲ။
Read More »

ကိုယ်ချစ်ချစ် မုန်းမုန်း
တစ်ရက်အားလုံး ခွဲခွာရမှာပဲ။

ဘဝမှာ နောင်တမရချင်ဘူး။ ဒါကြောင့် စာလုပ်သင့်တဲ့အချိန်စာလုပ်။​အလုပ်လုပ်သင့်တဲ့အချိန်အလုပ်လုပ်။စုရမည့်အချိန်စု။သုံးရမည့်အချိန်သုံး။ အဆင်မပြေတဲ့ အချစ်နဲ့ဆက်ဆံရေးတွေအဆုံးသတ်စရာရှိရင်အဆုံးသတ်။ ဒါကြောင့် မိဘမဆုံးပါးခင်မှာအလုပ်အကျွေးပြု။ အလုပ်ဖြစ်တုန်းအလုပ်လုပ်။ သူများအယူအဆနဲ့ဘဝကို မဖြတ်သန်းဘဲကိုယ့်အယူအဆနဲ့ကိုယ်ဘဝကို ဖြတ်သန်း။ ဘဝဆိုတာ ဒါပါပဲ။အသက် ၈၀ ကျော်ရက်ပေါင်း ၃၀၀၀၀ လောက်နေရမည့် ဂိမ်းတစ်ခုပဲ။ ကိုယ်ချစ်ချစ် မုန်းမုန်းတစ်ရက်အားလုံး ခွဲခွာရမှာပဲ။ Phyo Paing @ Derek

ကိုယ်ချစ်ချစ် မုန်းမုန်း
တစ်ရက်အားလုံး ခွဲခွာရမှာပဲ။
Read More »

လူတိုင်းမှာ မွေးရာပါ ပါရမီရှိတယ်။

လူတိုင်းမှာ မွေးရာပါ ပါရမီရှိတယ်။တချို့တွေက စကားပြောကောင်းတယ်။တချို့တွေက ဥာဏ်အထူးကောင်းတယ်။တချို့က စျေးရောင်းတော်တယ်။တချို့က အတွက်အချက်ကျွမ်းတယ်။တချို့က လူတွေကို ဦးဆောင်တတ်တယ်။တချို့က နားထောင်ပေးတတ်တယ်။တချို့က ဖန်တီးနိုင်တယ်။တချို့က ထိန်းချုပ်နိုင်တယ်။ လူတိုင်းမှာ ပျိုးထောင်လို့ရတဲ့ကျွမ်းကျင်မှုတွေရှိတယ်။​စာရေးတာ။လူရှေ့သူရှေ့စကားထွက်ပြောတာ။ကိုယ့်အတွေးအခေါ်ကို ဗီဒီယိုရိုက်တာ။ဦးဆောင်တာ။ပေါင်းသင်းဆက်ဆံတာ။ မွေးရာပါ အားသာချက်တွေနဲ့ပြုစုပျိုးထောင်တဲ့ကျွမ်းကျင်မှုတွေnature နဲ့ nurture ပေါင်းစပ်ပြီးဘဝရဲ့ အောင်နိုင်ရေးဖော်မြူလာwinning formula တည်ဆောက်လို့ရနိုင်တယ်။ Phyo Paing @ Derek

လူတိုင်းမှာ မွေးရာပါ ပါရမီရှိတယ်။ Read More »

ကိလေသာက လောင်စာဆီပဲ။

ကိလေသာက လောင်စာဆီပဲ။ ကိလေသာဆယ်ပါးကြောင့်ကမ္မဝဋ်ဖြစ်တယ်။ကမ္မဝဋ်ကြောင့်ခန္ဓာဝဋ် ဖြစ်တယ်။ လည်ပတ်နေတဲ့စက်ဝန်း(သံသရာစက်ဝန်း) ကိုဝဋ် ခေါ်ပါတယ်။ လူတွေရဲ့စိတ်ထဲမှာ ရှိနေတဲ့ညစ်ညမ်းမှု၊ ရမ္မက်၊ လောဘ၊ဒေါသ၊ မောဟ စတဲ့ အညစ်အကြေးတွေကိုကိလေသာလို့ခေါ်တယ်။ ဒီကိလေသာကြောင့်သံသရာလည်စေတဲ့ကံစက်ဝန်းကိုကမ္မဝဋ်လို့ခေါ်တယ်။ကုသိုလ်၊ အကုသိုလ်နဲ့ စျာန်သုံးပါးနဲ့လည်ပတ်နေတယ်။ အမြင်၊ အကြား၊ အရသာ၊အထိအတွေ့၊ သိမှု၊ခံစားမှုတွေပါဝင်တဲ့ဖြစ်လိုက်၊ ပျက်လိုက်၊မတည်မြဲပဲ တချိန်ပုပ်ပွမည့်ခန္ဓာကြီးရှိနေတာခန္ဓာဝဋ်ပါပဲ။ ဒီလို ဒစ်လည်နေတာကိုဖြတ်ဖို့အတွက် ကိလေသာမီးငြိမ်းဖို့ကြိုးစားအားထုတ်ကြဖို့ဗုဒ္ဓက ဆုံးမခဲ့တယ်။​ ကမ္ဘာပေါ်မှာ စေတီပုထိုးအများဆုံးတည်ပြီးတလွဲအလုပ်ဆုံးနိုင်ငံပြပါဆိုကိုယ့်ပေါင်ကိုယ်လှန်ထောင်းရမှာပဲဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ကိုးကွယ်မှုအသားပေးပြီးကျင့်သုံးမှု အားနည်း လို့ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဆိုတာ Secular practiceကျင့်သုံးမှုအသားပေးအဆုံးအမဖြစ်ပါတယ်။ ကိလေသာမီးငြိမ်းဖို့ကိလေသာမီးဆယ်ပါးကိုသိဖို့လိုတယ်။ ၁။ လောဘ – အရာဝတ္ထုများကို စွဲလမ်းတပ်မက်ခြင်းဖြစ်ပါတယ်။ ပိုင်ဆိုင်မှု၊ ရာထူး၊ ဂုဏ်သိက္ခာ စတာတွေအပေါ် တွယ်တာစွဲလမ်းခြင်းပါ။ လောဘကြောင့် လူတွေဟာ မရိုးသားတဲ့နည်းတွေနဲ့ ဥစ္စာရှာတတ်ကြပါတယ်။ ၂။ ဒေါသ – စိတ်ဆိုးခြင်း၊ ပူဆွေးခြင်း၊

ကိလေသာက လောင်စာဆီပဲ။ Read More »

“နာမည်တစ်လုံး တည်ဆောက်ဖို့”လိုတယ်။

ပိုက်ဆံရှာတဲ့အဆင့်ပြီးသွားရင်ပိုက်ဆံ ကိုယ့်ကို လာရှာတဲ့အဆင့်ဖြစ်အောင်လုပ်။ ဘာကြောင့်လဲဆို ပိုက်ဆံရှာရတာ မောတယ်။လာရှာတာက အဲ့လောက်မမောတော့ဘူး။ဘဝက အထာကျသွားပြီ။ ဖုန်းတွေအရမ်းဆက်ရောင်းစရာမလိုတော့ဘူး။အိန္ဒြေရရနဲ့ စီးပွားရေးတည်ဆောက်လို့ရပြီ။ ဒီိလို မရှာဘဲ လာအောင်လုပ်တာကို “အမှတ်တံဆိပ် တည်ဆောက်ခြင်း”Branding လို့ခေါ်တယ်။ ဒီလိုလုပ်ဆောင်ဖို့“နာမည်တစ်လုံး တည်ဆောက်ဖို့”လိုတယ်။ ကိုယ်က ဘာကို ကိုယ်စားပြုသလဲ။ဘယ်နယ်ပယ်ကလဲ။ ဘယ်လိုလူတွေ အတွက်လဲ။ဘယ်လိုလူတွေအတွက် မဟုတ်ဘူးလဲ။ ကိုယ့်ထုတ်ကုန်ကိုဝယ်မယ်ဆို ဘယ်လို “အထာ” လေးတွေရှိသလဲ။ ဒါတွေက အမှတ်တံဆိပ်တည်ဆောက်ခြင်းပဲ။ ဖောက်သည်ရှာရတာမောနေရင်မရှာဘဲ လာအောင်လုပ်တဲ့အမှတ်တံဆိပ်တည်ဆောက်ကြည့်ပါ။ Phyo Paing @ Derek

“နာမည်တစ်လုံး တည်ဆောက်ဖို့”လိုတယ်။ Read More »

“အရင်လို” ကို “အရင်ထက်”နဲ့
အစားထိုးလိုက်။

ဘဝမှာ ဒုက္ခအပေးဆုံးစကားလုံးက“အရင်လို”။အားရှိစေမည့်စကားလုံးက“အရင်ထက်”။ ငါအရင်လို ပြန်ဖြစ်ချင်တယ်ဆိုပစ္စုပ္ပန်က အတိတ်လောက်ပျော်စရာမကောင်းတော့လို့။ “အရင်လို” ကို “အရင်ထက်”နဲ့အစားထိုးလိုက်။ Phyo Paing @ Derek

“အရင်လို” ကို “အရင်ထက်”နဲ့
အစားထိုးလိုက်။
Read More »