Dr. Phyo Paing

https://yec.company

Change your story,
change your life.

ဘဝတစ်ခုမှာဇာတ်ကောင်တစ်ခုရမယ်။ခန္ဓာတစ်ခု၊မိဘ၊ ဆွေမျိုး၊ လူမျိုး၊ နိုင်ငံနောက်ခံသမိုင်းကျောင်းတစ်ခုရမယ်။ ဒီဇာတ်ကောင်ကို ထိန်းချုပ်လို့ရတဲ့အသိဥာဏ်တစ်ခုရမယ်။ အတိတ်ကိုပြောင်းလို့မရပေမယ့်အနာဂတ်ကိုပြောင်းလဲလို့ရမယ်။ အနာဂတ်ကိုပြောင်းဖို့ပုံပြင်အသစ်လိုတယ်။အတိတ်ကပြောနေကျပုံပြင်တွေကစွန့်ခွာနိုင်ဖို့လိုတယ်။ ကိုယ့်ကိုကိုယ်ပြောနေတဲ့ပုံပြင်တွေပြောင်းလဲနိုင်တဲ့အခါဇာတ်ကောင်ရဲ့ရပ်တည်မှုကိုအဓိပ္ပာယ်ဖွင့်တဲ့ပုံစံပြောင်းသွားလိမ့်မယ်။ လူအများစုက အတိတ်၊ဟိုဟောင်းနေတဲ့ယဥ်ကျေးမှု၊ ထုံးတမ်းစဥ်လာ၊အမြင်ဟောင်းကြီးထဲကထွက်ဖို့ ရုန်းကန်နေကြရတယ်။ Change your story,change your life ဆိုတာလဲကြားဖူးလိမ့်မယ်။ ဦးနှောက်ထဲမှာ Reticular activating system (RAS)ဆိုတာရှိတယ်။အရေးကြီးတာ၊ အရေးမကြီးတာကိုဇကာစစ်ပေးတယ်။ကိုယ်ယုံကြည်တဲ့အတိုင်းအရေးကြီးတာကိုတွေ့စေတယ်။ ဘဝကြီးက ခက်ခဲတယ်ဆိုခက်ခဲတဲ့အရာတွေကိုပဲပြေတယ်။ဘဝမှာ အခွင့်အလမ်းတွေရှိတယ်။ငွေဆိုတာရှာရလွယ်တယ်ဆိုအရမ်းခက်ခဲတဲ့နေရာမှာတောင်အခွင့်အလမ်းတွေတွေ့နိုင်တယ်။ရှင်းပြတာ မော်တီဗေးရှင်းနယ်စပီကာများဆန်သွားသလား။အဲ့လိုပဲ။ ကိုယ့်ဘဝကို ဂိမ်းကစားနေသလိုစဥ်းစားကြည့်။ဇာတ်ကောင်ရဲ့ပုံစံပြောင်းချင်ရင်ကိုယ့်ကိုကိုယ်ပြောနေတဲ့ပုံပြင်ပြော။ Phyo Paing @ Derek

Change your story,
change your life.
Read More »

ကိုယ့်ကိုကိုယ် စိတ်ချမ်းသာအောင်
ထားနိုင်ခြင်းက
အောင်မြင်မှုပဲ။

ကိုယ့်ကိုကိုယ် စိတ်ချမ်းသာအောင်ထားနိုင်ခြင်းကအောင်မြင်မှုပဲ။ဒါကတော့ ကျွန်တော့်အဓိပ္ပာယ်ဖွင့်ဆိုမှုပေါ့။ လိုချင်တာရရင်လဲ စိတ်ချမ်းသာတယ်။မလိုချင်တာ မရရင်လဲ စိတ်ချမ်းသာတယ်။​ သူနဲ့ပြောင်းပြန်က စိတ်ဆင်းရဲတာ။ ရထားတာမလိုချင်ရင် စိတ်ဆင်းရဲတယ်။မလိုချင်တာရပြန်ရင်လဲ စိတ်ဆင်းရဲတယ်။ လိုချင်တာရဖို့က ဆာလောင်မှုလိုတယ်။ကြံဆမှု၊ အားထုတ်မှု၊ အကင်းပါးမှုလိုတယ်။ မလိုချင်တာမရဖို့က ကြိုတင်ပြင်ဆင်မှု၊အန္တရာယ်တွေကို စီမံခန့်ခွဲမှုလိုတယ်။ ရထားတာမလိုချင်မဖြစ်ဖို့လူတိုင်းလိုချင်တာကိုကိုယ်လိုချင်တာဟုတ်မဟုတ်ပြန်ဆန်းစစ်ဖို့လိုတယ်။ မလိုချင်တာမရဖို့ကိုယ်မလိုချင်တာကို ပြတ်ပြတ်သားသားNo ပြောရဲဖို့လိုတယ်။မလိုချင်တာပေးတတ်သူတွေကိုကြည့်ရှောင်နိုင်ဖို့လဲလိုတယ်။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် စိတ်ချမ်းသာအောင်
ထားနိုင်ခြင်းက
အောင်မြင်မှုပဲ။
Read More »

ကိုယ့်ဘဝကိုယ် စိတ်တိုင်းကျဖို့လိုတယ်။

ကိုယ့်ဘဝမှာဘာလုပ်ရမှန်းမသိရင်စာရွက်တစ်ရွက်ယူ။ ၁ ကနေ ၁၀ အထိအမှတ်ပေးကြည့်။၁ က အနည်းဆုံး၊ ၁၀ က အမှတ်ပြည့်၊၅ က အလည်အလတ်။ ကျန်းမာကြံ့ခိုင်ရေးနဲ့ပတ်သက်လို့ ၁-၁၀အလုပ်စီးပွါးနဲ့ပတ်သက်လို့ ၁-၁၀ငွေရေးကြေးရေးနဲ့ပတ်သက်လို့ ၁-၁၀အချစ်၊ အိမ်ထောင်၊ မိသားစုအရေးနဲ့ပတ်သက်လို့ ၁-၁၀အပေါင်းအသင်းနဲ့ပတ်သက်လို့ ၁-၁၀တိုးတက်ရေးနဲ့ပတ်သက်လို့ ၁-၁၀စိတ်ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ၁-၁၀ ဒီနယ်ပယ် ၇ ခုကို အမှတ်ပေးပြီးအမှတ်နည်းနေတာတွေကိုဖြည့်ကြည့်။ ဒါကို Wheel of life လို့လဲခေါ်တယ်။ တခါတလေ သူများနဲ့ပြိုင်စရာမလိုဘူး။ကိုယ့်ဘဝကိုယ် စိတ်တိုင်းကျဖို့လိုတယ်။ Phyo Paing @ Derek

ကိုယ့်ဘဝကိုယ် စိတ်တိုင်းကျဖို့လိုတယ်။ Read More »

ကျန်းမာရေးအရေးကြီးတယ်။

ဆရာတော်ဘုရားတစ်ပါးဟောကြားသလိုကျန်းမာနေရင် ပြဿနာပေါင်းတစ်သောင်းခြောက်ထောင်ရှိလိမ့်မယ်။​မကျန်းမာရင် ပြဿနာတစ်ခုပဲရှိမယ်။ကျန်းမာရေးအရေးကြီးတယ်။ Phyo Paing @ Derek

ကျန်းမာရေးအရေးကြီးတယ်။ Read More »

တစ်ရက်တာကို ဘယ်လိုဖြတ်သန်းလဲမေးရုံနဲ့
လူတစ်ယောက်ရဲ့ဘဝအကြောင်း
အများကြီးသိနိုင်တယ်။

တစ်ရက်တာကို ဘယ်လိုဖြတ်သန်းလဲမေးရုံနဲ့လူတစ်ယောက်ရဲ့ဘဝအကြောင်းအများကြီးသိနိုင်တယ်။ နေ့စဥ်မလုပ်မနေလုပ်ဆောင်ရမည့်Ritual လိုတယ်။ပိုကောင်းတဲ့ဘဝ၊ထုတ်ကုန်၊ လုပ်ငန်းတည်ဆောက်ချင်ရင်ritual လိုတယ်။ လုပ်ငန်းရှင်တစ်ယောက်နေ့စဥ်လုပ်နေတဲ့ အရာတွေကိုကြည့်သူ့လုပ်ငန်းအကြောင်းကို သိလိမ့်မယ်။လူတစ်ယောက်ရဲ့နေ့စဥ်လုပ်ဆောင်တဲ့အရာတွေကိုကြည့်သူ့ဘဝကိုခန့်မှန်းလို့ရလိမ့်မယ်။ Phyo Paing @ Derek

တစ်ရက်တာကို ဘယ်လိုဖြတ်သန်းလဲမေးရုံနဲ့
လူတစ်ယောက်ရဲ့ဘဝအကြောင်း
အများကြီးသိနိုင်တယ်။
Read More »

ကိုယ့်ဘဝရဲ့ ရည်ရွယ်ချက်ကဘာလဲ။

ကိုယ်ဒီနေ့ဘာလုပ်ချင်သလဲ၊ကိုယ်ဒီနှစ်ထဲဘာလုပ်ချင်သလဲ၊နောက် သုံးနှစ်အတွင်းဘာဖြစ်ချင်သလဲ၊ကိုယ့်အနာဂတ်မှာ ဖြစ်ချင်သမျှဖြစ်နိုင်မယ်ဆိုအနာဂတ်အမြင်က ဘာဖြစ်မလဲ။ လောကီမှာ အသက်ရှင်နေရုံမဟုတ်ဘဲတည်ဆောက်ဖို့အတွက်ဆို “ရည်ရွယ်ချက်” တစ်ခုလိုတယ်။ ဒီရည်ရွယ်ချက်ကို ရည်မှန်းချက်အနေနဲ့ပြောင်း။ လိုချင်တာတွေလက်တွေ့ဖြစ်ဖို့ ၁။ အတွေးအခေါ်နဲ့ လက်ခံရရှိတဲ့ သတင်းအချက်အလက်ကိုပြောင်းရင်ပြောင်း၂။ အစွမ်းအစကိုပြောင်းရင်ပြောင်း၃။ အပေါင်းအသင်းကိုပြောင်းရင်ပြောင်း၄။ အခြေအနေနဲ့ ပတ်ဝန်းကျင်ကိုပြောင်းရင်ပြောင်း၅။ အလုပ်နဲ့ လုပ်ပုံကိုင်ပုံကိုပြောင်းရင်ပြောင်းဒီငါးချက်ကိုပြောင်းရမှာပဲ။ ဒီငါးချက်လုပ်လို့မှ မရတော့ရင်ကိုယ့်ရည်မှန်းချက်ကိုပြောင်း။ ရည်ရွယ်ချက်ကိုတော့ မပြောင်းနဲ့။ ရည်မှန်းချက်က Objective ရည်ရွယ်ချက်က Purpose ဥပမာ ကျွန်တော့်ရည်ရွယ်ချက်က“ပညာရေးနဲ့နည်းပညာအသုံးပြုဘဝတွေ တိုးတက်အောင်ကူညီပေးဖို့” ဒါကို ရည်မှန်းချက်အနေနဲ့ပြောင်းတော့“ရန်ကုန်၊ မန္တလေးနဲ့ မြို့ကြီးတွေမှာကိုယ်တိုင် ကျောင်းတွေဖွင့်မယ်။ဆရာ၊ ဆရာမတွေကို သင်တန်းပေးမယ်။” နိုင်ငံတွင်းအခြေအနေတွေကြောင့်ရည်ရွယ်ချက်ကိုမပြောင်းဘူး၊ရည်မှန်းချက်ကို နည်းနည်းပြောင်းလိုက်တယ်။ ပညာရေးနဲ့နည်းပညာအသုံးပြုတိုးတက်ပြောင်းလဲအောင်ကူညီဖို့အင်တာနက်ကနေပဲသွားမယ်။ မြန်မာတစ်နိုင်ငံလုံးကိုသွားတဲ့ဖြစ်စဥ်အတွက်ကိုယ်တစ်ယောက်တည်းမသွားတော့ဘူး။ဦးဆောင်နိုင်တဲ့သူတစ်ယောက်နဲ့တွဲသူ့ကိုကူညီပေးလိုက်မယ်။ ဘဝမှာ အပြောင်းအလဲတွေအတွက်အမြဲပြောင်းနေရမှာပဲ။ မပြောင်းလဲပဲဆက်ရှိနေမှာကျွန်တော်တို့ဘာကြောင့် ရပ်တည်နေလဲဆိုတဲ့ “လောကတာဝန်”ပဲ။ ဂေါတမဗုဒ္ဓကတော့ သတ္တဝါတွေကို ကယ်တင်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ ပါရမီဖြည့်ခဲ့တာကို လက်တွေ့ဘဝမှာ စံထားပြီးလုပ်ဆောင်လို့ရတယ်။ ကိုယ့်ဘဝရဲ့

ကိုယ့်ဘဝရဲ့ ရည်ရွယ်ချက်ကဘာလဲ။ Read More »

လူတိုင်းပညာသင်ဖူးတယ်။

လူတိုင်း သင်ယူခြင်းကို အကောင်းဆုံးပြုလုပ်ခြင်းlearning how to learn ကို မလေ့လာဖူးဘူး။ စာဖတ်တတ်တဲ့သူတိုင်း စာဖတ်ဖူးတယ်။ လူတိုင်းစာဖတ်မြန်နည်း speed-reading ကို မလေ့လာဖူးဘူး။ လူတိုင်းသိလိုက်သည်ဖြစ်စေမသိလိုက်သည်ဖြစ်စေတွေးတယ်။ ဒါပေမယ့် စနစ်တကျဘယ်လိုတွေးရမလဲthinking skill ကို သင်ကြားဖူးတဲ့သူမများဘူး။ လူတိုင်းစကားပြော၊ စာရေး၊ လူရှေ့စကားပြောဆက်သွယ်ပြောဆိုနေကြတယ်။ ဒါပေမယ့် လူတိုင်း အကောင်းဆုံးဘယ်လိုဆက်သွယ်ရမလဲမလေ့လာဖူးကြဘူး။ လူတိုင်းအချိန်ကို အသုံးပြုကြတယ်။ လူတိုင်းအချိန်ကို အကောင်းဆုံးဘယ်လိုအသုံးပြုရမလဲမလေ့လာဖူးကြဘူး။ လူတိုင်းကိုယ့်ရဲ့စိတ်နဲ့ကိုယ်ကိုထိန်းကျောင်းရတယ်။လူတိုင်း ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေး၊စိတ်အခြေအနေကိုပြန်လည်မလေ့လာဖြစ်ဘူး။ လူတိုင်းစားကြတယ်။ အစားအသောက်ကို ကိုယ့်အတွက်ဖြစ်အောင်အာဟာရဖြစ်အောင်မလေ့လာဖူးကြဘူး။ ကိုယ်နားမလည်တဲ့အရာတစ်ခုကပဲကိုယ့်ကို ဒုက္ခပေးတာ။မကြာသင့်ပဲအချိန်တွေကြာနေစေတာ။ နည်းနည်းလုပ် များများရဖို့သင်ယူလေ့လာမှုပြုကြတယ်။ စစ်မှန်တဲ့ သင်ယူလေ့လာမှုမပြုရင်များများလုပ်ပြီး နည်းနည်းပဲရနေမှာ။ Phyo Paing @ Derek

လူတိုင်းပညာသင်ဖူးတယ်။ Read More »

တချို့သူတွေအတွက် အရေးအကြီးဆုံးက
“လွတ်လပ်မှု”ပဲ။

အလုပ်၊ စီးပွား၊ ငွေကြေးရှာဖွေရတဲ့ရည်ရွယ်ချက်အများကြီးထဲမှာ“လွတ်လပ်မှု” ဆိုတဲ့တစ်ခုပါဝင်တယ်။ မလုပ်ချင်တဲ့အလုပ်ကို လုပ်စရာမလိုတာလွတ်လပ်မှုပဲ။ မသွားချင်တဲ့နေရာကို ငွေအတွက်သွားစရာမလိုတာလွတ်လပ်မှုပဲ။ မပြုံးပြချင်တဲ့သူကို ထမင်းစားဖို့အတွက်ပြုံးပြစရာမလိုတာ လွတ်လပ်မှုတစ်ခုပဲ။ မနေချင်တဲ့နေရာမှာ အသက်မွေးမှုအတွက်နေနေစရာမလိုပဲ စိတ်ကြိုက်ရွေးချယ်ခွင့်ရှိတာရွေးချယ်မှုတစ်ခုပဲ။ ပထမလွတ်မြောက်မှုကမလုပ်ချင်တာ မလုပ်ရဖို့။ နောက်တစ်ပိုင်းကတော့လုပ်ချင်တာလုပ်နိုင်ဖို့။ လုပ်ချင်တဲ့အလုပ်ကိုလုပ်နိုင်ဖို့။ သွားချင်တဲ့နေရာ သွားချင်တဲ့အချိန်သွားနိုင်ဖို့။ တွေ့ချင်တဲ့သူတွေနဲ့ တွေ့နိုင်ဖို့။ လွတ်လပ်မှုကို အကြမ်းသုံးမျိုးပိုင်းကြည့်တယ်။၁။ မလုပ်ချင်တာ မလုပ်ရဖို့၂။ လုပ်ချင်တာ လုပ်ရဖို့။၃။ လုပ်ချင်တာ၊ ရချင်တာ တပ်မက်မှုမရှိတော့ဖို့။ ဘဝဆိုတာ တစ်ဆင့်ချင်းလာရတာပဲ။ မလုပ်ချင်တာ မလုပ်ရဖို့၊လုပ်ချင်တာလုပ်ရဖို့၊ တပ်မက်မှုတွေအလွန်သွားဖို့ ကုသိုလ်၊ ဥစ္စာ၊ ပညာ တစ်ခုခုတော့လုံလောက်မှုလိုတယ်။ Phyo Paing @ Derek

တချို့သူတွေအတွက် အရေးအကြီးဆုံးက
“လွတ်လပ်မှု”ပဲ။
Read More »

လောကကြီးက ကိုယ်ယူတာထက်
ပိုပေး။
ကျေးဇူးတင်စိတ်နဲ့နေ။

ဘဝရဲ့အသက် ၃၀ လောက်ထိကအကောင်းဆုံးသူ့အလိုလိုဖြစ်လာတာဆိုတာမရှိသလောက်ပဲ။ ၃၀ နောက်ပိုင်းမှာ တစ်နှစ်တစ်ခါကိုsurprise တိုက်တာမျိုးဖြစ်လာတယ်။မထင်မှတ်ထားတဲ့ ကြိုတင်မစီမံထားတဲ့လောကကြီးကပေးတဲ့လက်ဆောင်တွေတစ်ခုမဟုတ်တစ်ခု ရောက်လာတတ်တယ်။ ကိုယ်ဖက်က ယူဖို့ပဲမစဉ်းစားပဲပြန်ပေးဖို့ကို အသားပေးလုပ်ဆောင်ကြည့်တဲ့အခါတော်တော်လေးအပြောင်းအလဲဖြစ်လာတယ်။ စိတ်ထားကောင်းကောင်းထား။ မှန်မှန်ထား။လောကကြီးက ကိုယ်ယူတာထက်ပိုပေး။ ကျေးဇူးတင်စိတ်နဲ့နေ။ ကိုယ့်ကိုလုပ်တာ မကြိုက်တာကိုတပါးသူကိုမလုပ်နဲ့။ ကိုယ့်မှာပိုနေပြီး မပန်းမကြီးတာတွေကိုလိုအပ်နေသူတွေကို မျှဝေပေး။ အတိုကောက်ကတော့ “ကယ”ပေါ့။ က – ကျေးဇူးတင်စိတ်နဲ့နေယ – ယူတာထက်ပိုပေး။ ကိုယ့်ကိုမွေးဖွားခဲ့တဲ့မိဘကိုယ်က ယူတာထက်ပိုပေး။ ကိုယ်မွေးဖွားခဲ့တဲ့နေရာအတွက်ယူတာထက် ပိုပေး။ နေ့စဉ်နေထိုင်ရတာလိပ်ပြာလဲလုံတယ်။ Phyo Paing @ Derek

လောကကြီးက ကိုယ်ယူတာထက်
ပိုပေး။
ကျေးဇူးတင်စိတ်နဲ့နေ။
Read More »

လူတိုင်းအတွက် အချစ်လိုတတ်တယ်။

Relationship တစ်ခုကစိတ်ဒဏ်ရာတွေကုသတဲ့နေရာတစ်ခုဖြစ်နိုင်တယ်။ နေ့စဉ်ဘဝရဲ့ရုန်ကန်မှုတွေမှာလူတိုင်းအတွက် တစ်ချိန်မဟုတ်တစ်ချိန်ဒဏ်ရာတွေရှိတတ်ကြတယ်။ လောကမှာ လူတွေနဲ့ဝင်ဆန့်ဖို့သရုပ်ဆောင်ရတဲ့အချိန်တွေရှိတယ်။ တခါတလေ အရာရာကိုသရုပ်မဆောင်ပဲအရှိကို အရှိအတိုင်းချပြလို့ရတဲ့ relationship တွေရှိလာတဲ့အခါဒဏ်ရာတွေတောင် အမာရွက်မကျန်ပျောက်ကုန်တတ်တယ်။ ငါ့ရဲ့ဖြစ်တည်မှုအရှိကို အရှိအတိုင်းလက်ခံနိုင်ပါလားဆိုတဲ့အတွေးကလူတစ်ယောက်ကိုခွန်အားတွေအကြီးကြီးပေးတယ်။ နေ့စဉ်ဘဝရဲ့တိုက်ပွဲအပြင်အိမ်တွင်းတိုက်ပွဲတွေပါဆင်နွဲနေရတဲ့သူတွေရှိတတ်တယ်။ အပြင်မှာသရုပ်ဆောင်ရတဲ့အပြင်၊အိမ်မှာပါ အမြဲသရုပ်ဆောင်၊အမှန်အတိုင်းမဖော်ပြနိုင်၊ဖော်ပြတဲ့အခါတိုင်း ပြဿနာတက်၊ကြာလာတော့မွန်းကြပ်လာတတ်တယ်။ကိုယ့်ကိုကိုယ် သနားလာတတ်တယ်။စဉ်းစားရင်းမျက်ရည်ကျလာတတ်တယ်။ ဘဝမှာ လူနဲ့ပတ်သက်တဲ့ရွေးချယ်မှုတွေကအတိုင်းထက်အလွန်အရေးကြီးတယ်။ တချို့ရွေးချယ်မှုတွေကတချို့နေရာတွေမှာနှစ်ခါပြုလုပ်ဖို့ လက်မခံနိုင်ဘူး။ အမှန်တော့ ဘဝတစ်ခုတည်ဆောက်တဲ့အခါrelationship ကလဲcofounder လိုပဲ။ရှေ့သွားနောက်လိုက်ညီရင်ဘဝက စိုပြေနေမယ်။ လူတိုင်းမှာ အရှိကိုအရှိအတိုင်းချပြုလို့ရတဲ့နေရာတစ်ခုလိုတယ်။ တချို့အတွက် မိဘတွေကိုချပြလို့ရတယ်။တချို့က ချစ်သူရည်းစားလင်မယား။တချို့က ကိုယ်နဲ့အယုံကြည်ရဆုံးလူတွေ။တချို့ကျတော့ ဘုရားကျောင်းမှာဘုရားသခင်ကိုချပြလို့ရတယ်။ ကိုယ့်ရဲ့ဖြစ်တည်မှုအတိုင်းလက်ခံချစ်ပေးနိုင်တာအချစ်လို့ထင်တာပဲ။လူတိုင်းအတွက် အချစ်လိုတတ်တယ်။ Phyo Paing @ Derek

လူတိုင်းအတွက် အချစ်လိုတတ်တယ်။ Read More »