Content is king.
တချို့တွေက စျေးရောင်းတယ်။တချို့တွေက အတွေးရောင်းတယ်။တချို့တွေက စျေးကောင်းသလိုတချို့တွေက တခြားသူတွေလုပ်တာငေးကောင်းဆဲပဲ။ Content is cash. Content is king. AKyanPay – အကြံပေးPhyo Paing @ Derek
တချို့တွေက စျေးရောင်းတယ်။တချို့တွေက အတွေးရောင်းတယ်။တချို့တွေက စျေးကောင်းသလိုတချို့တွေက တခြားသူတွေလုပ်တာငေးကောင်းဆဲပဲ။ Content is cash. Content is king. AKyanPay – အကြံပေးPhyo Paing @ Derek
တွေးရဲတယ်။ရေးရဲတယ်။လူတွေဝေဖန် ကဲ့ရဲ့ခံရဲတယ်။ ဦးနှောက်ရှိတယ်။ဇွဲရှိတယ်။ပြင်ထန်တဲ့ လုပ်ရှားအကောင်ထည်ဖော်မှုရှိတယ်။ အမှားကိုဝန်ခံရဲတဲ့သတ္တိရှိတယ်။တာဝန်ယူမှုရှိတယ်။ဘုရင့်နောင်ဖောက်ဖျက် လုပ်ရဲတယ်။ အရေးမပါတာကို အရာမပေး လျစ်လျူရှုရဲတယ်။ စွန့်လွတ်ရဲတယ်။စောက်တလွဲကောင်တွေကိုUnfollow လုပ်၊ Ban ရဲတယ်။ အဲ။ 😆 Phyo Paing @ Derek
အရေးမပါတာကို အရာမပေး Read More »
စိတ်ညစ်တာနည်းချင်ရင်စည်းခြားထားဖို့လိုတယ်။လူတိုင်းမှာ inner circle လိုတယ်။ Phyo Paing @ Derek
သူများရေးထားတဲ့စာအုပ်အကြောင်းပြန်ပြောပြရင် copyright နဲ့ မငြိဘူးလား။ သူများအိုင်ဒီယာကို ခိုးသလိုမဖြစ်ဘူးလား? ဟုတ်။ Copyright ဆိုတာ ဘယ်လောက်လေ့လားဖူးလဲ သိပါရစေ။ Copyright နဲ့ Patent နဲ့ Trademark နဲ့ကွာခြားချက်တော့သိမှာပေါ့။ Copyright မှာ fair use ဆိုတာလေးကြားဖူးလား။ ပြောထားတဲ့စာသားကို သူပြောတိုင်းအတိုင်းမဟုတ်ပဲ ကိုယ်နားလည်တဲ့အတိုင်းပြန်ပြောရင်fair use ဖြစ်တယ်လို့ထင်သလား? ဒါမှ မဟုတ် ကိုယ့်အထင်အမြင်နဲ့ သူရေးထားတာနဲ့ ပေါင်းပြီးတခြားသူတွေအတွက် ပိုကောင်းအောင်ဖန်တီးရင် fair use ဖြစ်တယ်ထင်သလား။ Youtube ပေါ်က စာအုပ်တွေအကြောင်းပြန်ပြောပြတာ၊ review လုပ်တာကfair use ဖြစ်သလား။ အမှန်တော့ လူတွေအကဲဖြတ်တယ်ဆိုတာသူ့ရဲ့လောကအမြင်က ကျဥ်းနေတတ်ပြီးသူ့အမြင်နဲ့ အကဲဖြတ်လိုက်လို့ဖြစ်ပါတယ်။ အဲ့အချိန်မှာ ကိုယ်ကစိတ်နည်းနည်းရှည်ပြီးမေးခွန်းပြန်မေး၊ အမြင်ဖွင့်ပေးတဲ့အခါ သင်ယူမှုကို လက်ခံသူဆို သူ့အမြင်ကျယ်လာနိုင်မယ်။ Phyo Paing
မေးခွန်းပြန်မေးပါ။
အမြင်ချဲ့ပေးပါ။
အတွေးပြောင်းလာလိမ့်မယ်။ Read More »
ကိုယ့်ကိုယ်ကို ဖျက်စီးနေတဲ့သူက မှန်ထဲမှာ မြင်တဲ့ ကိုယ်တိုင်ပဲ။ လူတွေက ဆန္ဒတွေရှိနေလို့ လောကီမှာ နေနေကြတာပေါ့။ ကိုယ့်ဆန္ဒ ရည်မှန်းချက်ပန်းတိုင်တွေပြည့်ဖို့၁။ ဘယ်အရာတွေက ရပ်တန်းကရပ်ရမယ်။Stop လုပ်ရမည့်အရာတွေကို သိရမယ်။ ၂။ ဘယ်အရာတွေကို လျော့ရမယ်။ Slow down လုပ်ရမည့်အရာတွေကိုသိရမယ်။ ၃။ ဘယ်အရာတွေကို စတင်လုပ်ဆောင်ရမယ်။Start ရမည့်အရာတွေကို သိဖို့လိုတယ်။ Phyo Paing @ Derek
Stop, Slow down, Start Read More »
အဲလက်ဆန်းဒါး ဒဂရိတ်ကစစ်မဟာဗျူဟာပိုင်းမှာတစ်ဖက်ကမ်းခပ်ကျွမ်းကျင်တဲ့အပြင်နယ်မြေသစ်ပေါင်းများစွာကိုအောင်နိုင်တယ်။တနေ့ နေမြေသစ်တွေကို အောင်နိုင်ပြီးအိမ်အပြန်လမ်းမှာ နာမကျန်းဖြစ်ပြီးသေခြင်းတရားနဲ့ ရင်ဆိုင်ရတယ်။ အဲ့အခါမှာ သူတွေ့ချင်တဲ့ သူအမေကို နောက်ဆုံးအနေနဲ့လဲမတွေ့နိုင်တော့ဘူး။ ဒါနဲ့ သူ့ဗိုလ်ချုပ်ကြီးကိုခေါ်တယ်။ ငါမသေခင် သုံးခုလုပ်ပေးကွာတဲ့။ ၁။ ငါသေရင် ငါ့အလောင်းကို ဆရာဝန်ကိုယ်တိုင်ပဲသယ်ရမယ်။၂။ ငါ့ကိုသဂြိုလ်တဲ့အခါ အသုဘချတဲ့လမ်းမှာ ငါ့ဘဝမှာ ရှာဖွေအောင်နိုင်ရရှိခဲ့တဲ့ကျောက်သံ၊ ရွှေငွေ၊ ရတနာတွေနဲ့ ခင်းကြင်းထားရမယ်။၃။ ငါ့လက်နှစ်ဖက်ကို အခေါင်းအပြင်ကိုထုတ်ထားပေးတဲ့။ လူတွေကို သိစေချင်တာသုံးချက်ရှိတယ်။ ပထမတစ်ချက်ကဘယ်လောက်ပဲအောင်မြင်အောင်မြင်ဘယ်လို ဘုရင်ကြီးဖြစ်နေပါစေမင်းအသက်ကို ဆရာဝန်ကအကုန်လုံးကုနိုင်မှာ မဟုတ်ဘူး။ဘဝဆိုတာ တိုတယ်။ ဘဝမှာ ကိုယ်ဖြစ်ချင်တာကိုယ်လုပ်ပါ။သာမာန်သမရိုးကျဘဝနဲ့ မသေပါနဲ့။ ဘဝမှာ တရားသေပြောလို့မရဘူး။ အချိန်မဖြုန်းနဲ့။ ဒုတိယတစ်ချက်က မင်းဘာတွေ ဘယ်လောက်ရှာခဲ့ရှာခဲ့နောက်ဆုံးထားခဲ့ရမှာပဲ။ ချမ်းသာကြွယ်ဝမှုတစ်ခုနောက်ပဲလိုက်ပြီး ဘဝကို အဆုံးမသတ်ပါနဲ့။ တတိယအချက်က လူတိုင်းက လက်ဗလာနဲ့လောကထဲလာတယ်။လက်ဗလာနဲ့ ပြန်တယ်။ကမ္ဘာကြီးမှာ မင်းဘယ်သူ့ကို ဘယ်လို အနိုင်ယူခဲ့ယူခဲ့နောက်ဆုံးလက်ဗလာနဲ့ပဲပြန်လည်ထွက်ခွာရမယ်ဆိုတာ သိတယ်တဲ့။ Phyo
လူတွေကို သိစေချင်တာသုံးချက်ရှိတယ်။ Read More »
ဖြစ်ချင်တာဖြစ်ဖို့ လုပ်ဖို့လိုတာ၊ မလုပ်ချင်ပေမည့် လုပ်ရမည့်အရာတွေကိုလဲဇွဲရှိရှိနဲ့ လုပ်ဖို့လို့ရင် လုပ်ရမှာပဲ။ Phyo Paing @ Derek
ဖြစ်ချင်တာ နဲ့ ဖြစ်သင့်တာ
ဘာလုပ်ရမလဲ။ Read More »
နှလုံးသားခိုင်းစေရာလုပ်ဖို့ကိုယ့်နှလုံးသားအသံနားထောင်တတ်ဖို့လဲလိုတတ်တယ်။ကိုယ့်နှလုံးသားအသံ inner voice ကအပြင်က ဆူညံသံ noise တွေဖုံးနေတာကြောင့် နားထောင်ဖို့ခက်တတ်တယ်။ နေ့စဥ် ပြန်မေးကြည့်ကြည့်ကိုယ့်နှလုံးသားက ဒီနေ့ဘာလုပ်လိုက်လို့ပြောနေသလဲ။ဒါက ရူးကြောင်ကြောင်နိုင်ပေမယ့်ဒီ မက်ဆေ့ကနေ ဘဝရဲ့အကောင်းဆုံးအကြံဥာဏ် လမ်းညွှန်မှုတွေရတတ်တယ်။ တချို့က ဒါကို higher power တဲ့။ တချို့က ဒါကို spirituality တဲ့။ တချို့ကလဲ intuition တဲ့။ ဒါနဲ့ ကိုယ့်နှလုံးသားအသံကိုနားမထောင်တာ ဘယ်လောက်ကြာပြီလဲ။ Phyo Paing @ Derek
လောကီမှာလိုချင်တဲ့ စိတ်ဆန္ဒ၊ တပ်မက်မှု၊ တဏှာတွေကိုဖြည့်ဆည်းရင်းစိတ်ကျေနပ်မှုကိုရှာဖွေကြတယ်။ ကိုယ်ဖြစ်ချင်တာဖြစ်လာတော့ပျော်တယ်။ကိုယ်ဖြစ်ချင်စေချင်တာဖြစ်မလာတော့ ဝမ်းနည်းတယ်။ မဖြစ်စေချင်တာ ဖြစ်လာတော့ဒေါသထွက်တယ်။ ချစ်တယ်။ ကြိုက်တယ်။လိုချင်တယ်။ တောင်းတတယ်။လူတွေအထင်ကြီးစေချင်တယ်။လူတွေအထင်အမြင်သေးရင်စိတ်ညစ်မယ်။ ကိုယ်ကသာနေရင်ပျော်မယ်။နောက်ကောက်ကျနေရင်အားငယ်မယ်။ လောကုတ္တရာကျတော့ကိုယ့်ရဲ့ဖြစ်တည်မှု ပကတိအခြေအနေမှာပစ္စုပ္ပာန်တည့်တည့်ကိုရှုတဏှာနဲ့ တပ်မက်မှုတွေကကိုယ့်စိတ်ကိုလာရောက်နှိုးဆွတာကိုဥာဏ်နဲ့ရှုတယ်။ ဆင်ခြင်တယ်။ သုံးသပ်တယ်။ ငယ်တုန်းမှာ ဖြစ်ချင်တာတွေဖြစ်အောင် မြန်မြန်အကောင်အထည်ဖော်။နောက် စိတ်ထားတတ်အောင်လေ့ကျင့်။ Phyo Paing @ Derek
ငယ်တုန်းမှာ ဖြစ်ချင်တာတွေ
ဖြစ်အောင် မြန်မြန်အကောင်အထည်ဖော်။ Read More »
လုပ်ရပ်တိုင်းရဲ့နောက်ကွယ်မှာကောင်းမွန်တဲ့ရည်ရွယ်ချက်တွေရှိတယ်။ ဒါကသိပ်လက်မခံချင်လဲ သေချာနှလုံးသွင်းနိုင်ရင်ဘဝကိုနေပျော်စေနိုင်တဲ့ အယူအဆတစ်ခုပဲ။ NLP မှာတော့Every behaviour has a positive intentionလို့ဆိုတယ်။ အချိန်ဆွဲ Procrastination တဲ့ရည်ရွယ်ချက်ကရှုံးနိမ့်မှာကြောက်တဲ့စိတ်၊ တခြားသူတွေထားတဲ့မျှော်မှန်းချက်အတိုင်းမလုပ်နိုင်မှာစိုးတဲ့အတွက်စိတ်ဖိစီးမှုများပြီး အချိန်ဆွဲတာဖြစ်ကောင်းဖြစ်မယ်။ အစားအစာအများကြီးစားဖြစ်တဲ့ overeating ကစိတ်ဖိဆီးမှုများတာတွေကို ဖြေဖျောက်ဖို့ကြိုးစားတာဖြစ်ကောင်းဖြစ်မယ်။ လူတွေကို အားနာတတ်တာဟာ သူ့ကိုသဘောကျစေလိုတဲ့စိတ်ကြောင့်ဖြစ်ကောင်းဖြစ်နိုင်တယ်။ ကျွန်တော်တို့လုပ်ရပ်တိုင်းရဲ့နောက်ကွယ်မှာ ကောင်းမွန်တဲ့ရည်ရွယ်ချက်တွေရှိတယ်။ အပြောကြမ်းတာဟာ ကိုယ့်ကိုမနိုင်စားအောင် ကာကွယ်တာဖြစ်ကောင်းဖြစ်မယ်။ ကိုယ့်ရဲ့မကောင်းတဲ့အပြုအမူတွေရှိရင်ကိုယ့်ကိုကိုယ် အရမ်းအပြစ်မတင်လိုက်ပါနဲ့။အရင်းအမြစ်ကို သေချာစဥ်းစားကြည့်ပြီးဖြေရှင်းကြည့်ပါ။ တခြားသူတွေကို စာနာပေးသလိုကိုယ့်ကိုကိုယ် စာနာပေးကြည့်ပါ။ Phyo Paing @ Derek
ကျွန်တော်တို့လုပ်ရပ်တိုင်းရဲ့
နောက်ကွယ်မှာ ကောင်းမွန်တဲ့ရည်ရွယ်ချက်တွေရှိတယ်။ Read More »