အသိုင်းအဝိုင်းကို ရွေးချယ်ခြင်းက
ကိုယ့်အနာဂတ်ကို ရွေးချယ်ခြင်းပဲ။
လူတစ်ယောက်အကြောင်းသိချင်သူကြီးပျင်းတဲ့ပတ်ဝန်းကျင်မှာထိတွေ့ခဲ့တဲ့သူတွေကို လေ့လာကြည့်။ အဖေ၊ အမေ၊ အဘိုး၊ အဘွား၊ဦးလေး၊ အဒေါ်၊ဆရာ၊ ဆရာမ၊ သူငယ်ချင်း၊အသိုင်းအဝိုင်း။ ဒါတွေက လူတွေရဲ့လောကအဓိပ္ပာယ်ဖွင့်ဆိုမှုကိုတော်တော် ကြီးလွမ်းမိုးထားတတ်တယ်။ ဟာဗတ်သုတေသနမှာ Social contagion theory အရဝတဲ့သူနဲ့ပေါင်းရင် ဝဖို့အလားအလာ ၅၇% ပိုများတယ်တဲ့။ လေ့ကျင့်ခန်းလုပ်တဲ့သူနဲ့ပေါင်းရင်၅၇% လေ့ကျင့်ခန်းပိုလုပ်ဖို့များတယ်။ အရက်သမားနဲ့ပေါင်းရင် အရက်သောက်ဖို့အလားအလာ ၅၇% ပိုများတယ်တဲ့။ဘူတဲ့သူနဲ့ ပေါင်းရင် ဘူဖို့၅၇% ပိုများတယ်။ မွဲတဲ့သူနဲ့ပေါင်းရင် မွဲဖို့ ၅၇% ပိုများတယ်။ တရားသမားနဲ့ပေါင်းရင် တရားလုပ်ဖြစ်ဖို့၅၇% ပိုများတယ်။ အသိုင်းအဝိုင်းကို ရွေးချယ်ခြင်းကကိုယ့်အနာဂတ်ကို ရွေးချယ်ခြင်းပဲ။ ကိုယ်လိုချင်တဲ့အသိုင်းအဝိုင်းထဲဝင်ဖို့ကြိုးစားနိုင်ခြင်းက ကိုယ့်ရဲ့အားထုတ်မှုပဲ။ Phyo Paing @ Derek
အသိုင်းအဝိုင်းကို ရွေးချယ်ခြင်းက
ကိုယ့်အနာဂတ်ကို ရွေးချယ်ခြင်းပဲ။ Read More »
