Advice

အမြင်မတူရင် အမြင့်မတူဘူး။

လူနှစ်ယောက် အတူတူ ကြည့်တယ်။တစ်ယောက်က ပြဿနာ မြင်တယ်။တစ်ယောက်က အခွင့်အလမ်း မြင်တယ်။ မြင်တာ မတူလို့ လုပ်တာ မတူတယ်။လုပ်တာ မတူလို့ ရောက်တာ မတူတယ်။ ကိုယ် ဘယ်လောက် ကြိုးစားကြိုးစားကိုယ့်အမြင်က နိမ့်ရင်ကိုယ့်အမြင့်က နိမ့်မှာပဲ။ အမြင်ကျဉ်းတဲ့သူက ရှေ့တည့်တည့်ပဲ မြင်တယ်။အမြင်ကျယ်တဲ့သူက ဘေးနားကိုပါ မြင်တယ်။အမြင်စူးရှတဲ့သူက သူများ မမြင်တာကို မြင်တယ်။ ဒါဆို အမြင်ကို ဘယ်လို မြှင့်မလဲ? လေ့လာပါ။ကိုယ် မသိတဲ့ နယ်ပယ်ကို ဖတ်ပါ။ကိုယ်နဲ့ မတူတဲ့ လူတွေနဲ့ စကားပြောပါ။ကိုယ် သဘောမတူတဲ့ အယူအဆကို နားထောင်ကြည့်ပါ။ လေ့ကျင့်ပါ။သိတာနဲ့ လုပ်တတ်တာ မတူဘူး။ဖတ်ပြီးရင် ရေးပါ။ ရေးပြီးရင် သင်ပါ။ သင်ပြီးရင် လုပ်ပါ။လုပ်မှ ကိုယ့်ဟာ ဖြစ်တယ်။ စမ်းသပ်ပါ။မှန်မမှန် မသိတာကို မှန်တယ်ဆိုပြီး မယုံပါနဲ့။ကိုယ်တိုင် […]

အမြင်မတူရင် အမြင့်မတူဘူး။ Read More »

သင်၊ မြင်၊ ပြင်

သင်၊ မြင်၊ ပြင် ပညာသင်တဲ့ ရည်ရွယ်ချက်က ဒီသုံးလုံးပဲ။ သင် — မသိတာကို သိအောင်လုပ်တာ။မြင် — မမြင်ဖူးတာကို မြင်လာအောင်လုပ်တာ။ပြင် — မှားနေတာကို ပြင်တာ။ သင်ပြီး မမြင်ရင် — အချိန်ဖြုန်းတာ။မြင်ပြီး မပြင်ရင် — အသိဖြုန်းတာ။ပြင်မှ — တကယ် သင်တာ။ ကိုယ့်ဘဝမှာ ဘာသင်နေလဲ မေးပါ။ဘာမြင်လာလဲ မေးပါ။ဘာပြင်ပြီးလဲ မေးပါ။ အဲဒီသုံးခုကို မဖြေနိုင်ရင် — သင်နေတာ မဟုတ်ဘူး။နားပဲထောင်နေတာ။ Phyo Paing @ Derek

သင်၊ မြင်၊ ပြင် Read More »

ကျွန်တော်ကတော့ ငွေဘယ်လောက်ရရဒီလိုလူတွေရှောင်တယ်။

ဘဝမှာ တချို့လူတွေနဲ့အဆက်အဆံမလုပ်ချင်ဘူး။သိလဲမသိချင်ဘူး။စကားလဲမပြောချင်ဘူး။ခုလဲပတ်သက်ဖို့မရှိသလိုနောက်လဲ ပတ်သက်ဖို့မရှိဘူး။ ဒီလိုလူတွေနဲ့သိရလို့ကောင်းတာလဲဘာမှဖြစ်မှာမဟုတ်သလိုသူ့ဘဝသူတောင် မကျေနပ်တိုင်ပတ်နေတာဖြစ်တဲ့အတွက်ဖြစ်နိုင်ရင် အတတ်နိုင်ဆုံးရှောင်တယ်။ ဒီလို လူတွေကို​လှောင်၊လောကကိုပြောင်၊ကိုယ့်ဘဝကို မကျေနပ်၊​လောကကို စိတ်တိုင်းမကျတဲ့သူတွေကိုဘူကောင်လို့ပဲခေါ်မလား။ ကျွန်တော်ကတော့ ငွေဘယ်လောက်ရရဒီလိုလူတွေရှောင်တယ်။ လူမှုကွန်ယက်မှာတွေ့ရင်ထပ်မတွေ့ချင်တော့တဲ့အတွက်ban လိုက်၊ block လိုက်တယ်။ ဘဝက တော်တော်လေး မိုက်လာတာဘူကောင်တွေကို ဘဝထဲမှာမထားတာပဲ။ Phyo Paing @ Derek

ကျွန်တော်ကတော့ ငွေဘယ်လောက်ရရဒီလိုလူတွေရှောင်တယ်။ Read More »

မပြိုင်ဘဲနိုင်လို့ရတဲ့winning formula ရှိတယ်။

ကိုယ့်ကိုကိုယ် သူများနဲ့သွားနှိုင်းယှဥ်ပြီးချို့ယွင်းချက်တွေပဲမမြင်ပါနဲ့။ ကိုယ့်မှာ ဒုက္ခတွေကြီးလှပြီဆိုလဲစိတ်ညစ်ပြီး မနေပါနဲ့။ လူတိုင်းမှာ ကိုယ့်စူပါပါဝါပါတယ်။မပြိုင်ဘဲနိုင်လို့ရတဲ့winning formula ရှိတယ်။ ဘဝရဲ့ပေးထားချက်တွေသိရင်ရွေးထားချက်တွေမှန်လာလိမ့်မယ်။ ပြဿနာတက် ဒုက္ခရောက်တိုင်းစိတ်မညစ်နဲ့။ပြဿနာရဲ့တစ်ဖက်ခြမ်းမှာအခွင့်အလမ်းတွေရှိတယ်။ Phyo Paing @ Derek

မပြိုင်ဘဲနိုင်လို့ရတဲ့winning formula ရှိတယ်။ Read More »

ရှုံးသွားရင်တောင် နိုင်နေမည့် အလုပ်လုပ်ပါ။

ရှုံးသွားရင်တောင် နိုင်နေမည့် အလုပ်လုပ်ပါ။ ကိုယ် လုပ်ငန်း စတယ်။အောင်မြင်ရင် ငွေရတယ်။ရှုံးရင် သင်ခန်းစာ ရတယ်။ ဒါဆို ဘယ်မှာ ရှုံးတာလဲ? ကိုယ် content ရေးတယ်။viral ဖြစ်ရင် follower တက်တယ်။viral မဖြစ်ရင် ကိုယ့်အတွေးက ပိုရှင်းသွားတယ်။ ဒါဆို ဘယ်မှာ ရှုံးတာလဲ? ကိုယ် ကျွမ်းကျင်မှု သင်တယ်။အလုပ်ရရင် ငွေရတယ်။အလုပ်မရရင် ကိုယ့် skill က ကိုယ့်ဆီ ကျန်တယ်။ ဒါဆို ဘယ်မှာ ရှုံးတာလဲ? ဒါက asymmetric bet ပါ။ရှုံးရင် နည်းနည်း ရှုံးတယ်။နိုင်ရင် အများကြီး နိုင်တယ်။ လူအများစုက ပြောင်းပြန်လုပ်တယ်။ နိုင်ရင် နည်းနည်း နိုင်တယ်။ရှုံးရင် အကုန်လုံး ရှုံးတယ်။ ကိုယ်မှာ ရှိတဲ့ ငွေအကုန် ထည့်တယ်။ကိုယ်မှာ

ရှုံးသွားရင်တောင် နိုင်နေမည့် အလုပ်လုပ်ပါ။ Read More »

အရေးမပါတာကို အရာမပေးနဲ့။

လူတွေ ဘာပြောလဲ — အရေးမပါဘူး။လူတွေ ဘာထင်လဲ — အရေးမပါဘူး။Like ဘယ်နှစ်ခု ရလဲ — အရေးမပါဘူး။ ဒါပေမယ့် ကိုယ် ဒါတွေကို အရာပေးနေတယ်။ ကိုယ့်အချိန်ကို ပေးနေတယ်။ကိုယ့်စွမ်းအင်ကို ပေးနေတယ်။ကိုယ့်စိတ်ကို ပေးနေတယ်။ အရေးမပါတဲ့ အရာကို အရာပေးတိုင်းအရေးပါတဲ့ အရာက လျော့သွားတယ်။ ကိုယ့်ကို မကြိုက်တဲ့ လူကို ပြန်ကြိုက်အောင် လုပ်နေတယ်။ဒါ အရေးပါလား? ကိုယ်နဲ့ မဆိုင်တဲ့ drama ထဲ ဝင်နေတယ်။ဒါ အရေးပါလား? ကိုယ့် ego ကို ကာကွယ်ဖို့ ရက်ပေါင်းများစွာ စိတ်ညစ်နေတယ်။ဒါ အရေးပါလား? ကိုယ့်မှာ ၂၄ နာရီ ရှိတယ်။ဒါ ပြောင်းလို့ မရဘူး။ ဒါပေမယ့် ဒီ ၂၄ နာရီကို ဘာကို ပေးလဲဒါ

အရေးမပါတာကို အရာမပေးနဲ့။ Read More »

ကိုယ့်ကိုကိုယ် အပြောင်းအလဲလုပ်ဖို့ကကိုယ်ထင်တာထက် ပိုလွယ်တယ်။​

ဝတ်ကောင်းစားလှ ဝတ်လိုက်။ခံစားချက်ပြောင်းသွားလိမ့်မယ်။မတူညီတဲ့နေရာသွားလိုက်ခံစားချက် ပြောင်းသွားလိမ့်မယ်။​မတူညီတဲ့သူတွေနဲ့ စကားပြောကြည့်ခံစားချက် ပြောင်းသွားလိမ့်မယ်။ပျင်းနေရင် တစ်မိနစ်လောက်ပဲထမျက်နှာ၊ သစ်သွားတိုက်၊ ရေသောက်တစ်ခုခုလုပ်လိုက်ခံစားချက်ပြောင်းသွားလိမ့်မယ်။အိုင်ဒီယာအသစ်တစ်ခုစဉ်းစားမိခံစားချက်ပြောင်းသွားလိမ့်မယ်။​ ကိုယ့်ကိုကိုယ် အပြောင်းအလဲလုပ်ဖို့ကကိုယ်ထင်တာထက် ပိုလွယ်တယ်။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် အပြောင်းအလဲလုပ်ဖို့ကကိုယ်ထင်တာထက် ပိုလွယ်တယ်။​ Read More »

အတားအဆီးဆိုတာ

အတားအဆီးဆိုတာအားကြီးဖို့ဖြစ်လာတာ။အခက်အခဲပဲအများကြီးစဉ်းစားမနေနဲ့။ကိုယ့်အသံနဲ့ကိုယ်နားငြီးနေမယ်။အခက်အခဲတိုင်းရဲ့တစ်ဖက်ခြမ်းမှာအခွင့်အလမ်းတွေရှိတယ်။ Phyo Paing @ Derek

အတားအဆီးဆိုတာ Read More »

လူတိုင်းက ကိုယ့်အားသာချက်နဲ့ကိုယ်။

ငယ်ငယ်က လူတွေကို သိပ်အထင်ကြီးတတ်တယ်။​နောက်ပိုင်း လူတိုင်းကပြောတဲ့အတိုင်း တကယ်လုပ်နိုင်တာမဟုတ်ဘူးဒါကို နားလည်လာတဲ့အခါအမြင်မှန်လာတယ်။​ လူတွေက အပေါ်ယံမှာ ပြထားတာအမှန်တွေမဟုတ်ဘူး။ လူတိုင်းကို မလိုအပ်ပဲအရမ်းမထင်မကြီးနဲ့။အထင်လဲ အရမ်းမသေးလိုက်နဲ့။ Phyo Paing @ Derek

လူတိုင်းက ကိုယ့်အားသာချက်နဲ့ကိုယ်။ Read More »

ဘဝဆိုတာ ခဏပဲ။

တစ်နှစ်၊ နှစ်နှစ်အတွက်အလုပ်လုပ်နေတာမဟုတ်ဘူး။နှစ်ပေါင်း သုံး၊ လေး၊ ငါးဆယ်အတွက်အလုပ်လုပ်နေတာ။ တစ်နေ့နေ့ တစ်ချိန်ချိန်ပြန်တွေ့တဲ့အခါလူတွေ မမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲနေဖို့။ ဒါကြောင့် စိတ်ရှည်တယ်။အလုပ်ကို မြန်မြန်အကောင်အထည်ဖော်တယ်။နေသလိုဖြစ်တဲ့ဘဝမှာဖြစ်သလို မနေဘူး။ဘဝကို ပြောင်မနေဘူး။လူတွေကို လောင်မနေဘူး။ဘေးထိုင်ဘုမပြောဘူး။ရည်မှန်းချက်တွေလျော့ပြီးရောင့်ရဲမနေဘူး။ဖြစ်ချင်တာ ဖြစ်လာဖို့နည်းလမ်းတွေရှာလိုက်၊​မှားလိုက်၊ သင်ခန်းစာယူလိုက်၊လဲကျလိုက်၊ ပြန်ထလိုက်ရှေ့ဆက်နေတယ်။ ဘဝဆိုတာ ခဏပဲ။ဒီခဏက ကိုယ်နဲ့ထိုက်တန်တဲ့ဘဝဖြစ်ဖို့လိုတယ်။ Phyo Paing @ Derek

ဘဝဆိုတာ ခဏပဲ။ Read More »