Advice

၂၀၊ ၃၀၊ ၄၀ ဆိုတာ
အရွယ်ကောင်းပဲ။

တကယ်တမ်း အသက် ၂၀၊ ၃၀၊ ၄၀ ဆိုတာအရွယ်ကောင်းပဲ။ စွမ်းအင်တွေ အပြည့်ရှိသေးတယ်။တွေးနိုင်စွမ်း၊ ကြံနိုင်စွမ်းတွေ၊ အားအင်တွေ အပြည့်ရှိသေးတယ်။ နိုင်ငံခြားမှာဆို ၆၀၊ ၇၀၊ ၈၀ တောင် ကြမ်းနေတုန်း။ ဒါက ခြင်္သေ့ပျိုလေးဖြစ်ပြီးအပျင်းထူနေရင်တော့ ခွေးအတွေ ဝိုင်းကိုက်တာ ခံရနိုင်တယ်။ Phyo Paing @ Derek

၂၀၊ ၃၀၊ ၄၀ ဆိုတာ
အရွယ်ကောင်းပဲ။
Read More »

comfort zone ထဲကထွက်ချင်ရင်
Comfort zone ကို အရင်ချဲ့ပါ။

ငယ်ငယ်က comfort zone ထဲကထွက်ဖို့ပဲစဉ်းစားတယ်။စဉ်းစားရင်သာကောင်းတာ။တကယ့်လက်တွေ့ ကိုယ့်အတွက်အလုပ်သိပ်မဖြစ်ဘူး။ အန္တရာယ်နဲ့ ကျဆုံးနိုင်ခြေပိုများတယ်။ ကိုယ်က နည်းနည်းလုပ်များများရချင်တဲ့သူဆိုတော့အန္တရာယ်နည်းပြီး ရလဒ်များနိုင်တာကိုစဉ်းစားတယ်။ ဒီတော့ Comfort zone ထဲကအတင်းကာရောခုန်ထွက်မည့်အစားComfort zone ကိုအရင်ချဲ့တယ်။ ရေမကူးတက်ပဲ ရေနက်ထဲခုန်ချပြီးComfort zone ထဲကထွက်ရင်သေသွားနိုင်တယ်။ခြေထောက်ပြီး နည်းနည်းချင်းရေနက်တဲ့နေရာလေးသွားလိုက်ပြန်ကူးလာလိုက်ရေကူးသင် comfort zone ချဲ့တာကပိုထိရောက်တယ်။ ဒါကြောင့် comfort zone ထဲကထွက်ချင်ရင်Comfort zone ကို အရင်ချဲ့ပါ။ Comfort Zone ကို ချဲ့ထွင်ခြင်း ၅ နည်းကိုပြောပြပေးပါမယ်။ ၁။ သေးငယ်တဲ့ စိန်ခေါ်မှုတွေကနေ စတင်ပါ ကြီးမားတဲ့ပြောင်းလဲမှုတွေ ချက်ချင်းလုပ်ဖို့ မလိုအပ်ပါဘူး။ သေးငယ်ပေမယ့် အသစ်ဖြစ်တဲ့ အရာတွေကို စတင်လုပ်ဆောင်ပါ။ ဥပမာ –– နေ့စဉ်လမ်းလျှောက်ချိန်ကို ၅ မိနစ် တိုးပါ– မိတ်ဆွေအသစ်တစ်ယောက်နဲ့

comfort zone ထဲကထွက်ချင်ရင်
Comfort zone ကို အရင်ချဲ့ပါ။
Read More »

ဒီနေ့ကို အာရုံပြုပါ။

အနာဂတ်ကို ဘယ်လောက်ပဲ စီမံကိန်းချချကိုယ်အစိုးရတာ “ဒီနေ့”ပဲ။ ဒီ “၂၄ နာရီ” က လူတစ်ယောက်ရဲ့အသက်ဆိုလဲ မမှားဘူး။ ဒီနေ့ကို ဘယ်လို အကောင်းဆုံးအသုံးချမလဲ။ ဒီမေးခွန်းက အရေးကြီးတယ်။ ဘာလိုလိုနဲ့ နောက်လေးလဆို ၂၀၂၄ က ကုန်ပြန်ပြီ။ ခေတ်ကာလအပြောင်းအလဲနဲ့အမီလိုက်နိုင်ပြီး ကိုယ်လုပ်တဲ့ နယ်ပယ်မှာ ရှေ့ကပြေးနေဖို့ စဥ်ဆက်မပြတ်လေ့လာမှုလုပ်နေဖို့လိုတယ်။ ကိုယ်စိတ်နဲ့ ခန္ဓာအတွက်ဂရုစိုက်ဖို့လိုသလို ဘဝက ပေးလိုက်တဲ့ သင်ခန်းစာတွေကိုသင်ယူပြီး တွေ့ရှိချက်အသစ်အသိပညာအသစ်တွေနဲ့နေ့စဥ် ရှေ့ဆက်နေရမှာပဲ။ မဖြစ်သေးတဲ့အနာဂတ်ကို စဥ်းစားပြီး နှိုင်းယှဥ်တဲ့အခါရင်မောမယ်။ တခြားသူတွေပြီးလုနီးပါးဖြစ်တဲ့ပန်းချီကားနဲ့ ကိုယ်ခြယ်သနေတဲ့ ပန်းချီကားနဲ့နှိုင်းယှဥ်ရင်ရင်မောမယ်။ အရေးကြီးတာ “ဒီနေ့”ဟာကိုယ်ဂုဏ်ယူတဲ့အရာတွေလုပ်လိုက်တဲ့နေ့။ ကိုယ့်ဒီနေ့နဲ့ အနာဂတ်အတွက်အကောင်းဆုံးအသုံးချလိုက်တဲ့နေ့တစ်နေ့ဖြစ်ဖို့လိုနိုင်တယ်။ ဒီနေ့ကို အာရုံပြုပါ။ Phyo Paing @ Derek

ဒီနေ့ကို အာရုံပြုပါ။ Read More »

ခေတ်စနစ်နဲ့ အတူ လိုအပ်တဲ့စကေးမရှိရင်
သူများလုပ်တာပဲ ထိုင်ငေးနေရမယ်။

ကျွန်တော်ယုံကြည်တာက ကံကောင်းရင် ပိုက်ဆံကမြန်မြန်ချမ်းသာနိုင်တယ်။ ကျွမ်းကျင်မှုက ချက်ချင်းကျွမ်းကျင်သွားဖို့မလွယ်ဘူး။ဒါကြောင့် မိဘတွေကကလေးတွေကို ငွေကုန်ကြေးကျအကုန်ခံပြီး ငယ်စဥ်အခါပညာသင်ပေးကြတယ်။ အသက်ကြီးတော့လဲအလားတူပဲ။ ခေတ်စနစ်နဲ့ စကေးနဲ့ ကိုက်တဲ့အခါရေကန်သင့် ကြာသင့်ဖြစ်တတ်ကြတယ်။ ခေတ်စနစ်နဲ့ အတူ လိုအပ်တဲ့စကေးမရှိရင်သူများလုပ်တာပဲ ထိုင်ငေးနေရမယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ်တော့အမြဲဆုံးမတယ်။အချိန်မဖြုန်းနဲ့။ ကိုယ့်ကိုထမင်းကြွေးတဲ့အလုပ်ကိုတစ်ဖက်ကမ်းခပ်ကျွမ်းကျင်ဖို့နေ့စဥ် ဝမ်းစာဖြည့်နေဖို့လိုတယ်။ Phyo Paing @ Derek

ခေတ်စနစ်နဲ့ အတူ လိုအပ်တဲ့စကေးမရှိရင်
သူများလုပ်တာပဲ ထိုင်ငေးနေရမယ်။
Read More »

“လေ့လာအဖြေရှာ”

ဒုက္ခကြုံတိုင်း၊ လမ်းသစ်ရှာတိုင်းလုပ်ဆောင်လို့ရတာ “လေ့လာအဖြေရှာ”တာပဲ။ လူသစ်တွေနဲ့တွေ့၊စာအုပ်တွေဖတ်၊ သတင်းအချက်အလက်ရှာဖွေ၊သင်တန်းတွေတက်၊ ခရီးတွေသွား၊ ကျွမ်းကျင်မှုအသစ်တွေသင်၊ ပညာရပ်အသစ်တွေ လေ့လာ၊ကိုယ်တိုင်စမ်းသပ်ကြည့်။ ဒီလိုလုပ်နိုင်ဖို့ ဘဝမှာ ငွေကြေးစီမံတဲ့အဆင့် ငါးဆင့်လိုတယ်။ငါးနှစ်၊ ဆယ်နှစ်လောက်အချိန်ပေးပြီးဒီအဆင့် ငါးဆင့်ကို တည်ဆောက်ကြည့်။ ၁။ နောက်နှစ် သုံးလေးငါးဆယ်အတွက်ရင်းနှီးမြုပ်နှံထားမှု။ Retirement fund၂။ ပြဿနာတစ်ခုခုဖြစ် အရင်လိုသုံးဖို့ငွေEmergency fund ၃။ လစဥ်ဝင်ငွေရှာပေးနေတဲ့ရင်းနှီးမြုပ်နှံမှု Fund for monthly Cash flow ၄။ အဆောင်ထားဖို့ငွေEnergy fund ၅။ လစဥ်အသုံးငွေ Monthly income/ expense budget ကျန်မာရေး၊အလုပ်နဲ့ စီးပွား၊ ငွေကြေးပိုင်ဆိုင်မှု၊ အချစ်နဲ့ မိသားစု၊ စိတ်အေးချမ်းမှုဒါတွေအဆင့်လိုက်လာတယ်။ ဘဝမှာ ကိုယ့်ကိုယ်ကိုယ်မကယ်တင်ရင်လာကယ်တင်မည့်သူ မရှိသလောက်ရှားတယ်။ Phyo Paing @ Derek

“လေ့လာအဖြေရှာ” Read More »

ဖြစ်နိုင်ခဲ့မယ်ဆိုရင်ပေါ့။

အနာဂတ်မရှိတဲ့ သူတွေနဲ့ မပေါင်းနဲ့။အနာဂတ်မရှိတဲ့ အလုပ်မလုပ်နဲ့။အနာဂတ်မရှိတဲ့နေရာ မနေနဲ့။ဖြစ်နိုင်ခဲ့မယ်ဆိုရင်ပေါ့။ Phyo Paing @ Derek

ဖြစ်နိုင်ခဲ့မယ်ဆိုရင်ပေါ့။ Read More »

“မသိတာ”ကို “မရှိဘူး” ထင်တတ်တယ်။

“မသိတာ”ကို “မရှိဘူး” ထင်တတ်တယ်။ ဒါက “အလုပ်မဖြစ်တဲ့သူ”နဲ့“အလုပ်ဖြစ်တဲ့သူ” ကိုကွာခြားစေတဲ့ အချက်ပဲ။ လူအများစုက “မသိတာ”ကို“မသိလို့ မသိမှန်း” မသိဘူး။ မရှိဘူးလို့ပဲထင်တယ်။ အဖြေမရှာ ဖင်ပိတ်ငြင်းတတ်တယ်။ ဒါကြောင့် ထာဝရတိုင်ပတ်မှုတွေနဲ့ကြုံနေကြရတာဆိုမှားမယ်မထင်ဘူး။ Phyo Paing @ Derek

“မသိတာ”ကို “မရှိဘူး” ထင်တတ်တယ်။ Read More »

မပြိုင်ဘဲနိုင်အောင်လုပ်လို့ရတယ်။

တစ်နှစ်၊ နှစ်နှစ် သူတို့နိုင်လိမ့်မယ်။ဆယ်နှစ်၊ နှစ်နှစ်ဆယ် ကိုယ်နိုင်လိမ့်မယ်။သူတို့ဇွဲအဲ့လောက် မရှိဘူး၊စည်းကမ်းအဲ့လောက်မရှိဘူး၊စိတ်အဲ့လောက်မနိုင်ဘူး၊ရည်မှန်းချက်အဲ့လောက်မကြီးဘူး၊အဲ့လောက်မဝေးကြီးမတွေးနိုင်ဘူးဆိုတာ ကိုယ်သိတယ်လေ။ ဘဝမှာ အဲ့စိတ်ပဲထားတယ်။ ပြိုင်စရာမလိုဘူး။ကိုယ့်အနာဂတ် ဆယ်နှစ်၊ နှစ်နှစ်ဆယ်အနာဂတ်အမြင်ကိုသာ အကောင်အထည်ဖော်နေ။မသေသေးရင် ကိုယ်နိုင်မှာပဲ။မပြိုင်ဘဲနိုင်အောင်လုပ်လို့ရတယ်။ Phyo Paing @ Derek

မပြိုင်ဘဲနိုင်အောင်လုပ်လို့ရတယ်။ Read More »

ဘယ်နေရာရောက်ရောက်

၁။ ဘာသာစကားလိုတယ်။၂။ လူတွေနဲ့ ပေါင်းသင်းဆက်ဆံရမယ်။၃။ လူရှေ့သူရှေ့ အိုင်ဒီယာချပြရမယ်။၄။ နည်းပညာအသုံးပြုရမယ်။ ၅။ ပိုက်ဆံရှာရမယ်။ ၆။ လူတွေကို အုပ်ချုပ်ဦးဆောင်နိုင်ရမယ်။၇။ အချိန်စီမံခန့်ခွဲနိုင်ရမယ်။ ၈။ အသစ်တွေ မြန်မြန်သင်ယူနိုင်ရမယ်။ Phyo Paing @ Derek

ဘယ်နေရာရောက်ရောက် Read More »

ပျော်အောင်ပဲနေလိုက်တာ
ရွေးချယ်မှုတစ်ခုဖြစ်လာတယ်။

ကိုယ်တစ်ယောက်တည်း ဒုက္ခရောက်နေတာမဟုတ်တော့ငြီးနေလဲ ပိုအားလျော့နေမှာပဲ။ ဒုက္ခတွေကြားထဲ ပျော်အောင်ပဲနေလိုက်တာရွေးချယ်မှုတစ်ခုဖြစ်လာတယ်။ အခြေအနေကိုရွေးချယ်လို့ရချင်မှရမယ်။ဘယ်လိုတုန့်ပြန်မလဲတော့ရွေးချယ်လို့ရနိုင်တယ်။ ဒုက္ခကို ကော်ဖီခွက်ထဲထည့်ကော်ဖီခါးခါးအရသာနဲ့နိုးကြားပြီး ရှေ့ဆက်ရမှာပဲ။ Phyo Paing @ Derek

ပျော်အောင်ပဲနေလိုက်တာ
ရွေးချယ်မှုတစ်ခုဖြစ်လာတယ်။
Read More »