Akyanpay

လူတွေဘာလို့ဝယ်သလဲ?

လူတိုင်းဟာ ဝယ်ယူမှုကိုကြိုက်ကြတယ်။ဒါကြောင့် အကြောင်းပြချက်တွေလိုက်ရှာကြတယ်။ ပထမအဆင့်ကတော့ ငွေပိုရှာနိုင်ဖို့၊ ငွေခြွေတာပေးဖို့၊ အချိန်ခြွေတာပေးဖို့ ပြဿနာတွေဖြေရှင်းဖို့ စိတ်ဆင်းရဲဒဏ်ကိုယ်ဆင်းရဲဒဏ် ကိုဖြေရှင်းဖို့ဝယ်ယူကြတယ်။ ဒုတိယအဆင့်က ကျန်းမာဖို့ဇိမ်ကျဖို့လူအထင်ကြီးဖို့လူချစ်လူခင်ပေါများ၊ အချစ်ခံရဖို့ ဝယ်ယူကြတယ်။ တကယ်လို့ ကိုယ်ရောင်းတဲ့ပစ္စည်းဒီထဲမှာ မပါရင်ပဲဖြစ်ဖြစ်၊ ကြော်ငြာရေးတဲ့အခါ သေချာ မရေးမိရင်ပဲ ဖြစ်ဖြစ် ရောင်းရသင့်သလောက် ရောင်းရဖို့ မလွယ်ဘူး။ Phyo Paing @ Derek

လူတွေဘာလို့ဝယ်သလဲ? Read More »

Business is a spiritual pursuit

အရှုံးအမြတ်၊ ဝင်ငွေတွေကို တခြားသူတွေနဲ့နှိုင်းယှဥ်တဲ့အခါ သာနေရင်ပျော်မယ်။ နောက်ကျနေရင် စိတ်ညစ်မယ်။ စီးပွားရေးရဲ့ ရည်ရွယ်ချက်က ကိုယ့်ရဲ့ စားဝတ်နေရေး၊ လွတ်လပ်မှု၊ တိုးတက်ရေးနဲ့ စိတ်ပျော်ရွင်မှုကို ယူဆောင်ပေးတဲ့ activities တွေဖြစ်တဲ့အတွက် တခြားသူနဲ့ နှိုင်းယှဥ်ပြီး စိတ်ညစ်နေစရာမလိုဘူး။ လူတိုင်း လုပ်ငန်းလုပ်တဲ့အခါ တိုးတက်ဖို့ ကြိုးစားအားထုတ်ရတာကြီးပဲ။ ဒီ struggle က ကိုယ့်ကို ပျော်ရွင်မှုတွေယူပေးတဲ့ struggle လေးဖြစ်ဖို့လိုတယ်။ ကိုယ်ချစ်တဲ့ လုပ်ငန်းကိုလုပ်ရင်း စားဝတ်နေရေး၊ လွတ်လပ်မှု၊ တိုးတက်ရေးနဲ့ စိတ်ပျော်ရွင်မှုတွေကို ယူဆောင်နိုင်ရင် ဘဝရဲ့ blessings ပဲ။ ဘယ်လုပ်ငန်းက ဝင်ငွေဘယ်လောက်ဝင်တဲ့အတွက် အဲ့လုပ်ငန်းကိုလုပ်ဆိုတာထက် ကိုယ့်ချစ်တဲ့ industry ရဲ့ ပြဿနာတွေကို ဖြေရှင်းပြီးတိုးတက်သွားဖို့ ပိုအရေးကြီးတယ်။ ဘယ် industry မှာမဆို အမြဲတမ်း မုန့်ဝေနေမှာမဟုတ်ဘူး။ ဒုတ်ဝေတဲ့ကာလလဲရှိမယ်။

Business is a spiritual pursuit Read More »

ဆိုင်တစ်ဆိုင်က suprise အစီအစဥ်လုပ်ပြီး လူတွေကလဲ ပျော်ပျော်ကြီး share ကြ အလုပ်ဖြစ်တာတွေတော့ တခြားဆိုင်တွေ လိုက်လုပ်ကြတယ်။

ဒါဟာ စီးပွားရေးလုပ်ရင် မဖြစ်မနေကြုံတွေ့ရမှာပဲ။ Copy လိုက်ကူးကြလိမ့်မယ်။ အရေးကြီးတာ ဒီနည်းစနစ်တွေကိုလူတွေ လိုက်ကူးလို့ရပေမယ့် လုပ်ငန်းရဲ့ မဟာဗျူဟာ၊ DNA ဖြစ်တဲ့ culture ကို copy ကူးလို့မရဘူး။ ဒါကြောင့် Strategy before tactics လို့ပညာရှိတွေက ဆိုကြတယ်။ Phyo Paing @ Derek

ဆိုင်တစ်ဆိုင်က suprise အစီအစဥ်လုပ်ပြီး လူတွေကလဲ ပျော်ပျော်ကြီး share ကြ အလုပ်ဖြစ်တာတွေတော့ တခြားဆိုင်တွေ လိုက်လုပ်ကြတယ်။ Read More »

လူအများစုက advertising ကို
marketing လို့ထင်တတ်ကြတယ်။

ဒီတော့ လူတွေမလိုအပ်တော့တဲ့ကိုယ်ရောင်းနေကျ ပစ္စည်းကိုထိုးရောင်းဖို့ နည်းပေါင်းစုံနဲ့ကြိုးစားကြတယ်။ လူတွေအမှန်တကယ်လိုအပ်နေတဲ့၊လိုချင်နေတဲ့ ပစ္စည်းကိုစျေးကွက်ထုတ်နိုင်တာဟာမားကတ်တင်းမှာ အရေးအကြီးဆုံးအစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဒါလုပ်နိုင်ရင် ခေါင်းကြီးပိုင်းရေးတာတွေ၊Boost လုပ်တာတွေ အရမ်းကြီးခေါင်းစားစရာတောင် မလိုသလောက်ပဲ။ စျေးကွက်ကို မျက်ခြေမပျက်လေ့လာပါ။​ဖောက်သည်တွေရဲ့ ပြောင်းလဲသွားတဲ့စိတ်နေသဘောထား၊ အကြိုက်တွေ၊secret desire တွေကို ဖော်ထုတ်ပါ။ဒါတွေကို ဖြည့်ဆည်းပေးဖို့ကုန်ပစ္စည်း၊ ဝန်ဆောင်မှုဘယ်လိုဖန်တီးရမလဲ စဥ်းစားပါ။ စျေးကွက်လိုအပ်ချက်လေ့လာတယ်ဆိုတာရွှေရှာသလိုပါပဲ။ကိုယ်ကသိပြီး မြန်မြန်တူးဖော်နိုင်လေလေကိုယ့်လုပ်ငန်းအတွက် အလားအလာပိုကောင်းလေလေပဲ။တချိန်တည်းသိထားရမှာကရွှေထွက်တဲ့နေရာက အမြဲပြောင်းလဲနေမှာပဲ။ ကိုယ့်လုပ်ငန်းဟာလာမည့် အပြောင်းအလဲထက်စောနေဖို့ လိုတယ်။ Phyo Paing @ Derek

လူအများစုက advertising ကို
marketing လို့ထင်တတ်ကြတယ်။
Read More »

ကိုယ့်လုပ်ငန်းကို ထုတ်ကုန်တစ်ခုလို စဥ်းစားပါ။

ကိုယ့်လုပ်ငန်းကို ထုတ်ကုန်တစ်ခုလို စဥ်းစားပါ။ ကိတ်မုန့်ဆရာက ကိတ်မုန့်ဆိုင်ဖွင့်တဲ့အခါ မုန့်ဖုတ်တဲ့အပိုင်းကိုပဲ ဝင်လုပ်နေလို့မရတော့ဘူး။ ကိတ်မုန့်ဖုတ်တယ်ဆိုတာ သူ့လုပ်ငန်းရဲ့ တစ်စိတ်တစ်ဒေသပဲဖြစ်သွားတဲ့အတွက် ဒီအပိုင်းကိုပဲ အာရုံစိုက်မယ်ဆိုရင် လုပ်ငန်းတစ်ဖက်စောင်းနင်းဖြစ်ပြီးရှေ့ရောက်သင့်သလောက်မရောက်ဖြစ်မယ်။ ကိတ််မုန့်ဆရာက ကိတ်မုန့်ဆိုင်စဖွင့်တာနဲ့သူ့ရဲ့ ကုန်ပစ္စည်းဟာ ကိတ်မုန့်လုပ်ငန်းဖြစ်သွားပြီ။ ပုံမှန်ရောင်းနေကျ ကိတ်မုန့်ဖုတ်တာအပြင် ဖောက်သည်အသစ်ရှာတာ၊ဖောက်သည်တွေကို လေ့လာပြီးကြိုက်နိုင်တဲ့ ကုန်ပစ္စည်းအသစ်ထုတ်တာ၊ဖောက်သည်တွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်တာ၊ဝန်ထမ်းနေရာချထားမှုနဲ့ စီမံခန့်ခွဲတာ၊ စာရင်းဇယားအပိုင်း၊ ကုန်ပစ္စည်းဝယ်ယူမှုအပိုင်း အစရှိတာတွေဟာသူနဲ့ သက်ဆိုင်လာပြီ။ ဒီအပိုင်းတွေကို အစပိုင်းမှာ ကိုယ်တိုင်လုပ်ဆောင်ကြတယ်။နောက်ပိုင်းကျ တခြားသူတွေကို တာဝန်လွဲပြောင်းပေးကြတယ်။ ဒီကမှ တစ်ဆင့် လုပ်ငန်းတွေထပ်ချဲ့ကြတယ်။ လုပ်ငန်းရှင်တစ်ယောက် လုပ်မယ်ဆိုရင်လုပ်ငန်းရဲ့ အရှင်သခင်ဖြစ်ဖို့ ကိုယ်ဟာ ကိုယ့်လုပ်ငန်းထက်ကြီးတယ်ဆိုတာ သေချာ သိထားရပါမယ်။ ကိုယ်ကတိုးတက်မှုတွေမရှိပဲ ကိုယ့်လုပ်ငန်းက ကံကောင်းပြီးကြီးထွားသွားတဲ့အခါ လုပ်ငန်းရှင်အများစုက ရထားတဲ့ အောင်မြင်မှုလေးပြန်ကျသွားမှာ ကြောက်တတ်ကြတယ်။ ဒီလို မဖြစ်ဖို့ စီးပွားရေးရေလှိုင်းတွေကြားမှာ တစ်နေရာက တစ်နေရာရောက်ဖို့

ကိုယ့်လုပ်ငန်းကို ထုတ်ကုန်တစ်ခုလို စဥ်းစားပါ။ Read More »

ကိုယ့်လုပ်ငန်းကို ထုတ်ကုန်တစ်ခုလို စဥ်းစားပါ။

ကိတ်မုန့်ဆရာက ကိတ်မုန့်ဆိုင်ဖွင့်တဲ့အခါ မုန့်ဖုတ်တဲ့အပိုင်းကိုပဲ ဝင်လုပ်နေလို့မရတော့ဘူး။ ကိတ်မုန့်ဖုတ်တယ်ဆိုတာ သူ့လုပ်ငန်းရဲ့ တစ်စိတ်တစ်ဒေသပဲဖြစ်သွားတဲ့အတွက် ဒီအပိုင်းကိုပဲ အာရုံစိုက်မယ်ဆိုရင် လုပ်ငန်းတစ်ဖက်စောင်းနင်းဖြစ်ပြီးရှေ့ရောက်သင့်သလောက်မရောက်ဖြစ်မယ်။ ကိတ််မုန့်ဆရာက ကိတ်မုန့်ဆိုင်စဖွင့်တာနဲ့သူ့ရဲ့ ကုန်ပစ္စည်းဟာ ကိတ်မုန့်လုပ်ငန်းဖြစ်သွားပြီ။ ပုံမှန်ရောင်းနေကျ ကိတ်မုန့်ဖုတ်တာအပြင် ဖောက်သည်အသစ်ရှာတာ၊ဖောက်သည်တွေကို လေ့လာပြီးကြိုက်နိုင်တဲ့ ကုန်ပစ္စည်းအသစ်ထုတ်တာ၊ဖောက်သည်တွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်တာ၊ဝန်ထမ်းနေရာချထားမှုနဲ့ စီမံခန့်ခွဲတာ၊ စာရင်းဇယားအပိုင်း၊ ကုန်ပစ္စည်းဝယ်ယူမှုအပိုင်း အစရှိတာတွေဟာသူနဲ့ သက်ဆိုင်လာပြီ။ ဒီအပိုင်းတွေကို အစပိုင်းမှာ ကိုယ်တိုင်လုပ်ဆောင်ကြတယ်။နောက်ပိုင်းကျ တခြားသူတွေကို တာဝန်လွဲပြောင်းပေးကြတယ်။ ဒီကမှ တစ်ဆင့် လုပ်ငန်းတွေထပ်ချဲ့ကြတယ်။ လုပ်ငန်းရှင်တစ်ယောက် လုပ်မယ်ဆိုရင်လုပ်ငန်းရဲ့ အရှင်သခင်ဖြစ်ဖို့ ကိုယ်ဟာ ကိုယ့်လုပ်ငန်းထက်ကြီးတယ်ဆိုတာ သေချာ သိထားရပါမယ်။ ကိုယ်ကတိုးတက်မှုတွေမရှိပဲ ကိုယ့်လုပ်ငန်းက ကံကောင်းပြီးကြီးထွားသွားတဲ့အခါ လုပ်ငန်းရှင်အများစုက ရထားတဲ့ အောင်မြင်မှုလေးပြန်ကျသွားမှာ ကြောက်တတ်ကြတယ်။ ဒီလို မဖြစ်ဖို့ စီးပွားရေးရေလှိုင်းတွေကြားမှာ တစ်နေရာက တစ်နေရာရောက်ဖို့ ရေကူးတတ်နေရုံနဲ့ မရပါဘူး။ လှေလှော်တတ်ဖို့၊

ကိုယ့်လုပ်ငန်းကို ထုတ်ကုန်တစ်ခုလို စဥ်းစားပါ။ Read More »

အကြွေးနွံထဲကနေအမြန်ဆုံးရုန်းထွက်နိုင်မဲ့ နည်းလမ်း ၁၀ ခု

အကြွေးနွံထဲကနေအမြန်ဆုံးရုန်းထွက်နိုင်မဲ့ နည်းလမ်း ၁၀ ခု Writer -U Sithu Tun ကျွန်တော်ကိုယ်တိုင်ဟာလဲ စီးပွားရေးလုပ်ငန်းတွေ ဆုံးရှုံးခဲ့တဲ့အခါတုန်းက အကြွေးတွေ နဲ့ ၅ နှစ်ကျော်လောက် ကျင်လည်ခဲ့ရတာပါ။အကြွေးက တစ်ယောက်ထဲဆီက ယူတာမဟုတ်တဲ့အပြင် အတိုးတွေပါ ဆပ်ခဲ့ရတယ်ဆိုပါတော့ ။အကြွေးတွေကြောင့်လဲ စိတ်ညစ်ခဲ့ရဖူးပါတယ်။အိပ်မပျော်တဲ့ညတွေကလဲ ခဏခဏပါပဲ။အတိုးတွေကို တစ်ယောက်ထဲဆပ်ပြီး ရုန်းကန်ခဲ့ရတာပေါ့။ နောက်ဆုံးတော့ အကြွေးနွံထဲကနေ ရုန်းထွက်နိုင်ခဲ့ပါတယ်။ ဒီတော့ ကျွန်တော်ကိုယ်တိုင်ဖြတ်သန်းခဲ့တဲ့အတွေ့အကြုံတွေ နဲ့ အခြေခံပြီးရေးသားလိုက်ပါတယ်။ စိတ်ဓာတ်မကျပါနဲ့။အကြွေးတွေ နဲ့ စိတ်ညစ်မခံပါနဲ့ ။ အကြွေးနဲ့ပတ်သက်ပြီး စိတ်ညစ်နေရရင် ဒီနည်းလမ်းတွေသုံးကြည့်ပါ။ ၁.အတိုးအများဆုံးပေးနေရတဲ့ အကြွေးကို အရင်ဆုံးဆပ်ပါ။ တချို့အကြွေးတွေဟာ အတိုးများလှပါတယ်။တချို့ကျတော့လဲ အပေါင်နဲ့ယူထားတော့အတိုးနည်းတာပေါ့။ အကြမ်းဖျင်း တစ်လကို ၁၀%(၁၀ကျပ်တိုး) နဲ့ အထက်ပေးနေရ ရင် အတိုးများတယ်လို့ ယူဆနိုင်ပါတယ်။ သဘောက ၁၀သိန်းချေးထားရင်

အကြွေးနွံထဲကနေအမြန်ဆုံးရုန်းထွက်နိုင်မဲ့ နည်းလမ်း ၁၀ ခု Read More »

လုပ်ငန်းရှင်တိုင်း မဖတ်မဖြစ် စာအုပ်

လုပ်ငန်းရှင်တိုင်း မဖတ်မဖြစ် စာအုပ် ========================= E-Myth Revisited ကအသေးစားစီးပွားရေးများ၏ ၈၀% ကျရှုံးရခြင်းအကြောင်းအရင်းနှင့်သင့်လုပ်ငန်း စနစ်များကို အခြေခံ၍ တည်ဆောက်ခြင်းအားဖြင့် ကိုယ်ပါဝင်စရာမလိုပဲ လည်ပတ်လို့ရတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုအ‌ဖြစ် တည်ဆောက်နိုင်ကြောင်း ရှင်းပြထားပါသည်။ E-myth ဆိုတာကတော့ Entrepreneurial Myth အတိုကောက်ဖြစ်ပြီး စွန့်ဦးတီထွင်အများစုမှာ ရှိသည့်ယုံကြည်မှုအမှားများဟု အဓိပ္ပာယ်ရပါသည်။ စာရေးသားသူ Michael E. Gerber (၁၉၃၆၊ ဇွန် ၂၀ တွင်မွေးဖွားသည့်) သည်အမေရိကန်စာရေးဆရာဖြစ်ပြီး Michael E. Gerber Group of Companies ကိုတည်ထောင်သူ၊ ကာလီဖိုးနီးယားပြည်နယ်၊ Carlsbad အခြေစိုက်စီးပွားရေးကျွမ်းကျင်မှုသင်တန်းကုမ္ပဏီဖြစ်သည်။ လုပ်ငန်းတစ်ခုတွင် Technician နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သူ၊ Manager စီမံခန့်ခွဲသူ နှင့် Entrepreneur စွန့်ဦးတီထွင် လူသုံးမျိုးလိုအပ်ပါသည်။ ကိတ်မုန့်ဆိုင်တစ်ခုနဲ့

လုပ်ငန်းရှင်တိုင်း မဖတ်မဖြစ် စာအုပ် Read More »

လူတွေအသက်ရှင်ဖို့ ဝင်ငွေလိုတယ်။

ဝင်ငွေရှိဖို့ အလုပ်လိုတယ်။ အလုပ်တွေရှိဖို့ လုပ်ငန်းတွေလည်ပတ်ဖို့လိုတယ်။လုပ်ငန်းတွေရပ်တည်ဖို့ နိုင်ငံရေး၊ သဘာဝ ပတ်ဝန်းကျင်ဘေးအန္တရာယ်၊ရောဂါဘယ အန္တရာယ်တွေကို ကျော်လွှားနိုင်ဖို့လိုတယ်။ အလုပ်တွင်တဲ့ အလုပ်ခွင်ယဥ်ကျေးမှုတည်ဆောက်ဖို့ဆိုတာ အချိန်တော်တော်ပေးရတဲ့အလုပ်ပါ။ ကိုယ်မသိသေးတဲ့အမှားတွေကို ပြင်ဆင်ရတာရယ်ကိုယ်သွားချင်တဲ့လမ်းကြောင်းနဲ့ကိုက်တဲ့လူတော်၊ လူကောင်းတွေ recruit လုပ်နိုင်ဖို့ရယ်အတွက် အချိန်တော်တော်ပေးရပါတယ်။ နောက်လုပ်ငန်းအရှိန်ရဖို့ ရှိထားတဲ့ momentum ကိုလျော့မသွားဖို့အများကြီးစဉ်းစားရပြန်တယ်။ လုပ်ထားတဲ့ product/ service တွေထဲမှာ တချို့တွေက 50% – 70% လောက်ထိရပ်တန့်နေတယ်။ Project အသစ်တွေကတော့ grow ဖြစ်လာတဲ့အတွက် တောင်ထိပ်ကို ဆက်ခရီးနှင်လို့ရတာဖြစ်တယ်။ အခုအချိန်မှာ အလုပ်မဖြစ်တော့တဲ့ product/ service တွေကို ဇွတ်အတင်း တွန်းတင်မည့်အစားလုပ်ငန်းရှင်တွေအနေနဲ့ တခြားနည်းလမ်းကိုစဥ်းစားကြည့်တာ ဖြစ်နိုင်ချေပိုများနိုင်ပါတယ်။ လုပ်ငန်းဆိုတာ ဖောက်သည်တွေရဲ့ပြဿနာတွေဖြေရှင်းပေးတာဖြစ်တဲ့အတွက် ပေါ်ပေါက်လာတဲ့ပြဿနာအသစ်တွေကို ဆက်လက်ဖြေရှင်းနေဖို့ အရေးကြီးပါတယ်။ Phyo Paing @ Derek

လူတွေအသက်ရှင်ဖို့ ဝင်ငွေလိုတယ်။ Read More »

ကိုယ်ထုတ်လိုက်တဲ့ policies ရဲ့ရည်ရွယ်ချက်နဲ့ လူတွေရဲ့အပြုအမူ ပြောင်းပြန်ဖြစ်ရင် ပြည်သူတွေကို အပြစ်တင်ရမှာမဟုတ်ဘူး။

Marketing မှာလဲအတူတူပဲ။ကိုယ်တည်ဆောက်ထားတဲ့ funnel အလုပ်မဖြစ်ရင်Prospect တွေကို အပြစ်တင်ရမှာမဟုတ်ဘူး။ကိုယ့်ကိုကိုယ် အပြစ်တင်ရမှာ။ကိုယ်အသုံးမကျလို့။ Phyo Paing @ Derek

ကိုယ်ထုတ်လိုက်တဲ့ policies ရဲ့ရည်ရွယ်ချက်နဲ့ လူတွေရဲ့အပြုအမူ ပြောင်းပြန်ဖြစ်ရင် ပြည်သူတွေကို အပြစ်တင်ရမှာမဟုတ်ဘူး။ Read More »