ရူးသွပ်မှု နဲ့ စတင်တယ်။ လူကြီးဆိုတာ ကလေးအကြီးစားပါ။ ကျွန်တော်တို့မှာ အတွေးတွေ၊ အကြံဥာဏ်တွေရှိမယ်။ငယ်သူငယ်ချင်းတစ်ယောက်နဲ့ ပြန်တွေ့တော့ လွန်ခဲ့တဲ့ ၁၂ ကျော်ကတည်းက ဖြစ်ချင်တယ်ပြောခဲ့တာတွေကို ဆက်လုပ်နေတော့ တော်တော်ဇွဲကောင်းတာပဲနော်တဲ့။ အမှန်တော့ ကိုယ်ကလူ့ဂွစာလို့ပြောရမယ်။အပြင်မှာ လူတွေမသိကြဘူး။ တစ်ခုခုဆို မတူတဲ့နည်းလမ်း၊ ပိုကောင်းတဲ့ နည်းလမ်းနဲ့လုပ်ချင်တယ်။ ၇ တန်းမှာ သမိုင်းကို လူတွေမရတဲ့စာကို ဒုက္ခခံပြီး အော်ကျက်နေတဲ့အချိန်မှာပုံလေးတွေဆွဲပြပြီး timeline တစ်ခုနဲ့ ပြဖူးတယ်။ အဲ့တုန်းကတော့ မှတ်ဥာဏ်ကို hack လုပ်လို့ရတဲ့နည်းတွေ မသိသေးတဲ့ ကလေးအရွယ်။ New idea နဲ့ innovation ကို ကြိုက်တာနဲ့ စာမှတ်မိအောင် flashcard, mindmap, loci method, speed-readingအစရှိတဲ့ ဖြတ်လမ်းတွေသုံးခဲ့သလို အောင်လဲအောင်မြင်ခဲ့တယ်။ ကြိုးစားရင်အောင်မြင်မယ်ဆိိုတာ မယုံဘူး။ ကြိုးစားမှုဆိုတာ အခြေခံလိုအပ်ချက်ဖြစ်တယ်။နယ်ပယ်တစ်ခုမှာ