Akyanpay

ကိုယ့်ဘဝအတွက် တစ်ရက် အချိန် ငါးမိနစ်ပေးပါ။

ကိုယ့်ဘဝအတွက် တစ်ရက် အချိန် ငါးမိနစ်ပေးပါ။ အားလုံးသိထားကြတဲ့ Productivity ဂုရုကြီး Tim Ferriss ကတော့ သူ့ဘဝအမြဲတိုးတက်နေဖို့ သူ့အတွေးတွေအမြဲပြန်သုံးသပ်ဖို့ Jounaling လုပ်တယ်လို့ဆိုပါတယ်။ Journaling ဆိုတာ အောင်မြင်သူ High-performer တွေကျင့်သုံးလေ့ရှိတဲ့နည်းစနစ်တစ်ခုဖြစ်ပါတယ်။ တစ်ရက်တာမစခင်မှာ ကိုယ့်စိတ်ထဲမှာရှိနေတဲ့ ခံစားချက်အတွေးတွေကို ရေးချဖွင့်ထုတ်တာကို Jounaling လို့ခေါ်ပါတယ်။ Journaling လုပ်တဲ့အတွက် စိတ်ဖိစီးမှုတွေကို လျော့ချပေးနိုင်တယ်၊ အတွေးတွေကို ပိုရှင်းစေသလို၊ ကိုယ့်ရဲ့အတွေးတွေကို မှတ်တမ်းတင်နိုင်ပြီး ပြန်လည်သုံးသပ်လို့ရပါတယ်။ Journaling ရေးဖို့ rule တွေမရှိပါဘူး။ ကိုယ့်ရဲ့ခေါင်းထဲမှာပေါ်တဲ့အတွေးကို မနက်အခါမှာ ချရေးရုံပါပဲ။ တချို့က ညမှာပါရေးကြပါတယ်။ ညမှာရေးတဲ့သူအများစုက တစ်ရက်တာမှာ ကိုယ်သင်ယူလိုက်ရတဲ့အရာတွေ၊ အတွေးတွေရေးပါတယ်။ စာရေးသူလဲ အမြဲ Journaling လုပ်ဖြစ်ပါတယ်။ Journaling ဟာ ကိုယ့်ဘဝကို ပြန်သုံးသပ်တဲ့နေရာမှာ […]

ကိုယ့်ဘဝအတွက် တစ်ရက် အချိန် ငါးမိနစ်ပေးပါ။ Read More »

အောင်မြင်ချင်တဲ့သူတိုင်း ရည်မှန်းချက်ပန်းတိုင်ရှိဖို့လိုပါတယ်။

အောင်မြင်ချင်တဲ့သူတိုင်း ရည်မှန်းချက်ပန်းတိုင်ရှိဖို့လိုပါတယ်။ ရည်မှန်းချက်ပန်းတိုင်ချတဲ့နည်းစနစ်မျိုးစုံရှိပါတယ်။ ကျွန်တော်အကြိုက်ဆုံးနည်းစနစ်တစ်ခုကတော့ Brian Tracy ရဲ့ Goal Setting နည်းစနစ်တစ်ခုဖြစ်ပါတယ်။ ဒီနောက်ပိုင်း planning ကို computer နဲ့ပဲအဓိကလုပ်ဖြစ်ပါတယ်။ စာအုပ်တွေမှာ ရေးလိုက်ပျောက်လိုက် organize မဖြစ်တဲ့ခံစားချက်ကို အားလုံး ခံစားဖူးကြလိမ့်မယ်လို့ထင်ပါတယ်။ နောက်ပိုင်း ရည်မှန်းချက်ပန်းတိုင်တွေကို နေ့တိုင်မြင်နေ့ရမှသာ law of attraction ကို အလုပ်ဖြစ်မှာလို့ယုံကြည်ပါတယ်။ ဒါကြောင့် Brian Tracy ရဲ့ Goal Setting နည်းစနစ်ကို Computer အသုံးပြုပြိး www.Akyanpay.com မှာ ၇ ရက်အခမဲ့အသုံးပြုလို့ရတဲ့အကြောင်းသတင်းကောင်းပါးပါရစေ။ Brain Tracy ရဲ့ ရည်မှန်းချက်ပန်းတိုင်ချမှတ်ပုံ ၈ ဆင့်ကတော့ ၁။ Your Goal – -Target Date: -Starting

အောင်မြင်ချင်တဲ့သူတိုင်း ရည်မှန်းချက်ပန်းတိုင်ရှိဖို့လိုပါတယ်။ Read More »

တစ်ရက်တာကို အကောင်းဆုံးအသုံးချဖို့ RPM နည်းစနစ်

တစ်ရက်တာကို အကောင်းဆုံးအသုံးချဖို့ RPM နည်းစနစ် အောင်မြင်တဲ့သူတိုင်းဟာ ကြိုတင်စီမံခန့်ခွဲကြသူများဖြစ်ကြပါတယ်။ တစ်ရက်တာကို အကောင်းဆုံးအသုံးချဖို့အတွက် ကမ္ဘာ့ထိပ်တန်း Life and Business Strategist ဖြစ်တဲ့ Tony Robbins ရဲ့ သူကိုယ်တိုင်ကျင့်သုံးနေတဲ့ RPM method ကိုဖော်ပြပေးလိုက်ပါတယ်။ RPM ဆိုတာကတော့ results-focused, purpose-driven, massive action plan ဖြစ်ပါတယ်။ အသုံးပြုပုံကတော့ ၁။ ဒီနေ့မှာ ကိုယ်တကယ်လိုချင်တဲ့ရလဒ် (Result) ကဘာလဲဆိုတဲ့မေးခွန်းနဲ့စတင်ပါတယ်။ ၂။ ဒီ ရလဒ်ဘာကြောင့်အရေးကြီးသလဲဆိုတဲ့ (Purpose) ရည်ရွယ်ချက်ကိုဒုတိယစဥ်းစားရပါတယ်။ ၃။ တတိယကျမှ ဒီရလဒ်ကို အကောင်အထည်ဖော်ဖို့ မဖြစ်အနေ အင်တိုက်အားတိုက်လုပ်မည့် massive action plan (MAP) ကိုချရေးပါတယ်။ ကျွန်တော့်ဘဝကို RPM က အကြီးအကျယ်အပြောင်းအလဲလုပ်ပေးခဲ့ပါတယ်။

တစ်ရက်တာကို အကောင်းဆုံးအသုံးချဖို့ RPM နည်းစနစ် Read More »

မပြိုင်ပါနဲ့ Competition Vs Creation

1. မပြိုင်ပါနဲ့ Competition Vs Creation ပြိုင်ဆိုင်မှုဟာ အစွမ်းအစတွေကို ကျစေပါတယ်။ ပြိုင်ဆိုင်မည့်အစား ကိုယ့်ဖောက်သည်တွေအတွက် အသစ်ဖန်တီးဖို့ စဉ်းစားပါ။ Benchmarking တော့လုပ်ပါ။ဥပမာSnapchat ကို Facebook နဲ့ Instagram Clone လုပ်ပေမယ့် Zenly ကိုဝယ်ပြီး online & offline interaction အတွက်လုပ်ပါတယ်။ Facebook နဲ့မတူတဲ့ Social Media အသစ် Pinterest နဲ့ သူ့ရဲ့ Revenue Generation Model ဟာ ဥပမာတစ်ခုဖြစ်ပါတယ်။ Apple ကို Steve Jobs ပြန်ရောက်လာတဲ့အခါ ပြိုင်ဆိုင်မှုအစား အသစ်တွေဖြစ်တဲ့ iTunes, iPod, iPhone, App Store, iPad ကိုအစီအရီဖန်တီးသွားပါတယ်။ 2.

မပြိုင်ပါနဲ့ Competition Vs Creation Read More »

ကိုယ့်လုပ်ငန်းအတွက် Brand Story ရှိပြီလား?

ကိုယ့်လုပ်ငန်းအတွက် Brand Story ရှိပြီလား? ဒီနေ့ခေတ်လုပ်ငန်းမှာအောင်မြင်ဖို့အတွက် လူတွေကိုယ့်အမှတ်တံဆိပ်ကို မှတ်မိဖို့အရေးကြီးပါတယ်။ ဒီလိုမှတ်မိပြီး ရင်ထဲစွဲနေဖို့ဆိုရင် Digital Story-telling အရေးကြီးပါတယ်။ ဒီလို Social Media ကနေ ကိုယ့် အမှတ်တံဆိပ်အကြောင်းပြောပြဖို့ Brand Story လိုပါတယ်။ ကျွန်တော့်ရည်ရွယ်ချက်ကတော့ ပြည်တွင်းလုပ်ငန်းရှင်တွေကို နိုင်ငံတကာကမ္ဘာကြီးတွေနဲ့ရင်ဘောင်တန်းယှဥ်ပြိုင်နိုင်အောင် ကူညီပေးဖို့ဖြစ်ပါတယ်။ ဒီရည်ရွယ်ချက်ကြောင့်လဲ အကြံပေးကို Personal, Professional and Business Development အတွက် တည်ထောင်ဖြစ်တာဖြစ်ပါတယ်။ အမှတ်တံဆိပ်တစ်ခုအောင်မြင်ဖို့ မရှိမဖြစ်ကတော့ Story, Symbol နဲ့ Strategy ဖြစ်ပါတယ်။ ဒီ Post လေးမှာတော့ Story တစ်ခုဘယ်လိုပြောမလဲဆိုတာ ဖော်ပြသွားမှာဖြစ်ပါတယ်။ Story သည် ရင်ထဲကလာတဲ့ အမှန်စကားတော့ဖြစ်ရပါမယ်။ ပုံပြင်တစ်ခုပြောဖို့ Lean Branding ရဲ့

ကိုယ့်လုပ်ငန်းအတွက် Brand Story ရှိပြီလား? Read More »

မွဲဆေး Vs ငွေကြေးလွတ်မြောက်မှု

စီးပွားရေးမလုပ်ဖူးပဲ ပထမဆုံး စီးပွားရေးကို အတိုးယူပြီးလုပ်တယ်ဆိုတာ မွဲဆေးဖော်တာနဲ့ အတူတူပါပဲ။ ဒီနေ့ခေတ် သိန်း ၅၀-၁၀၀-၂၀၀ နဲ့ လုပ်လို့ရတာ များများစားစားမရှိပါဘူး။ ဒီတော့ ကိုယ်ထူကိုယ်ထ လူငယ်တွေအနေနဲ့ ပထမဆုံးမေးရမှာ “သိန်း ဘယ်လောက်ဘယ်လောက်ရှိတယ်။ ဘာလုပ်မရလဲ မသိဘူး” ဆိုတဲ့မေးခွန်းမဟုတ်ပါဘူး။ မေးရမည့်မေးခွန်းက “ငါ့အနေနဲ့ High Income Skill” ရှိပြီလား။ “ငါဘယ်အပိုင်းမှာ ကျွမ်းကျင်အောင်လုပ်မလဲ” ဒီမေးခွန်းကို အဓိကမေးရမှာဖြစ်ပါတယ်။ High Income Skill တွေထဲမှာ အရောင်းပညာ၊ ဒီဂျစ်တယ်မားကတ်တင်းပညာ၊ လူရှေ့သူရှေ့မှာ ဟောပြောနည်းအတတ်ပညာ၊ ကြော်ငြာရေးနည်းအတတ်ပညာ၊ Design အတတ်ပညာ၊ တခြားသူကို ပြန်သင်ပေးနိုင်တဲ့အတတ်ပညာ အစရှိတာတွေပါဝင်ပါတယ်။ ပထမဆုံး ဒီ High Income Skills တစ်ခုခုကိုရှိအောင် အရင်လုပ်ရမှာဖြစ်ပါတယ်။ ဒုတိယအဆင့်က ဒီ Skill

မွဲဆေး Vs ငွေကြေးလွတ်မြောက်မှု Read More »

Don’t just build a business. Build yourself.

လုပ်ငန်းအသေးလေးတွေစတဲ့အခါ Entrepreneur အများစုက ကိုယ့်ကိုကိုယ် small business လို့ပဲ မြင်ကြတယ်။ Small business ဆိုတာမရှိဘူး။ Small business owner ပဲရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ လုပ်ငန်းတစ်ခုရဲ့ Sale နဲ့ Profit ကို သင်ခန့်ထားတဲ့ ဝန်ထမ်းဦးရေနဲ့ တိုင်းတာလို့မရတော့ဘူး။ နည်းပညာကို leverage လုပ်မလား၊ supply chain နဲ့ network ကို leverage လုပ်မလား၊ အတွေ့အကြုံကို leverage လုပ်မလား၊ levearge လုပ်စရာတွေအများကြီးရှိလာပြီ။ စီးပွားရေး စလုပ်ကတည်းက ကျွန်တော့်ရဲ့ philosophy က အမြတ်ရဖို့ဆိုတာထက် ကိုယ့်ကိုကိုယ်တိုးတက်ဖို့ကို အဓိကစဥ်းစားခဲ့တယ်။ အလုပ်လုပ်တဲ့အခါမှာလဲ ဒီအတိုင်းပဲ။ အကောင်းဆုံး ရင်းနှီးမြုပ်နှံသင့်တဲ့ နေရာကလဲ​ကိုယ့်ကိုကိုယ်လို့ ယုံကြည်တယ်။ ကိုယ်တိုးတက်သလောက်၊ ဥာဏ်ရှိသလောက်ပဲ

Don’t just build a business. Build yourself. Read More »

လုပ်ငန်းတစ်ခုကိုကြီးထွားဖို့
ကိုယ်တစ်ယောက်တည်းနဲ့မလုပ်နိုင်ဘူး။

၁။ ကိုယ့်မှာ Team တစ်ခုလိုမယ်။ ဒီ Team မှာ လူလေးမျိုးလိုမယ်။ Repetitive task တွေလုပ်နိုင်တဲ့သူ၊ တီထွင်စမ်းသစ်မှုတွေလုပ်ဆောင်နိုင်တဲ့သူ၊ ပေါင်းသင်းဆက်ဆံရေးကောင်းသူနဲ့ သူတို့ကိုသေချာအုပ်ချုပ် စာရင်းဇယားလုပ်နိုင်မည့်သူ။ ၂။ မဟာဗျူဟာ Strategy လိုတယ်။ ကိုယ်က ဘယ် game မှာကစားနေတာလဲ၊ အနာဂတ်ကို anticipate လုပ်နိုင်ရမယ်။ အနာဂတ်ပြဿနာကို ကြိုတင်ဖြေရှင်းထားဖို့လိုတယ်။ ၃။ အကောင်အထည်ဖော်မှု Execution Chief Executive Officer လို့ခေါ်တာ ဒီသဘောပဲဖြစ်တယ်။ လူတော်တွေဘယ်လောက်ရှိရှိ၊ မဟာဗျူဟာဘယ်လောက်ကောင်းကောင်း execution ဂွမ်းရင် အကုန် ဂွမ်းတာပဲ။ ၄။ Cash ငွေသား ငွေသားဆိုတာ လုပ်ငန်းရဲ့ လောက်စာဆီပဲ။ သူမရှိရင် ရှေ့ဆက်မရဘူး။ Cashflow ကိုသေချာ manage လုပ်နိုင်ဖို့လိုတယ်။ Cash

လုပ်ငန်းတစ်ခုကိုကြီးထွားဖို့
ကိုယ်တစ်ယောက်တည်းနဲ့မလုပ်နိုင်ဘူး။
Read More »

Customer တွေချစ်အောင်လုပ်ပါ။

ခင်ဗျား ပြိုင်ဘက်တွေ ခင်ဗျားကိုဘယ်လိုမြင်တယ် အရေးမကြီးဘူး။သူတို့က ခင်ဗျားအောင်မြင်အောင်ကူညီမှာ မဟုတ်ဘူး။ ခင်ဗျား customer တွေကသာ ကူညီမှာဖြစ်တယ်။ဒါကြောင့် ကိုယ့်ရဲ့ ပြိုင်ဘက်အထင်ကြီးအောင်လုပ်မည့်အစား customerတွေချစ်အောင်လုပ်ပါ။

Customer တွေချစ်အောင်လုပ်ပါ။ Read More »

အပြစ်မတင်ပါနဲ့။

ပြဿနာဖြစ်နေတဲ့ စီးပွားရေးလုပ်ငန်းဆိုတာမရှိဘူး။ ပြဿနာဖြစ်နေတဲ့လုပ်ငန်းရှင်ပဲရှိတယ်။ ဘယ်လောက် growth rate နည်းတဲ့ industry မှာပဲဖြစ်ဖြစ် အဆင်ပြေနေတဲ့ လုပ်ငန်းတွေရှိတယ်။ အစိုးရနဲ့လဲမဆိုင်ဘူး။ ဖောက်သည်နဲ့လဲမဆိုင်ဘူး။ အဓိက လုပ်ငန်းကို ဦးစီးတဲ့သူနဲ့ပဲဆိုင်တယ်။ ဦးစီးတဲ့သူတွေအနေနဲ့ လုပ်ငန်းကကိုယ့်ထက်ကြီးတယ်လို့ထင်မိတာဟာ ပထမအမှားပါပဲ။ လုပ်ငန်းတစ်ခုဟာ သူ့ကိုဦးဆောင်တဲ့သူ ပုံစံအတိုင်းပဲထွက်ပါတယ်။ နည်းလမ်းတစ်ခုအလုပ်မဖြစ်ရင် အလုပ်ဖြစ်တဲ့နည်းလမ်းကို ရှာရမှာ လုပ်ငန်းကို ဦးဆောင်သူရဲ့အလုပ်ဖြစ်ပါတယ်။ လိုလျင်ကြံဆနည်းလမ်းပါ။ အမေရိကန် ကုမ္ပဏီတွေက Mobile မှာ Android နဲ့ iOS ကိုဖန်တီးပြီး တစ်ကမ္ဘာလုံးကို လွမ်းမိုးထားတယ်။ တရုတ် Tencent က Wechat မှာ miniprogram ထွင်ပြီး webapp နဲ့ ထိန်းချုပ်မှုကို bypass လုပ်သွားတယ်။ မဖြစ်နိုင်ဘူး။ အနိုင်ကျင့်တယ် ထိုင်ငြီးနေရင် နားငြီးတာပဲအဖတ်တင်မယ်။ အောင်မြင်မှုဆိုတာ

အပြစ်မတင်ပါနဲ့။ Read More »