Akyanpay

အပြစ်မတင်ပါနဲ့။

ပြဿနာဖြစ်နေတဲ့ စီးပွားရေးလုပ်ငန်းဆိုတာမရှိဘူး။ ပြဿနာဖြစ်နေတဲ့လုပ်ငန်းရှင်ပဲရှိတယ်။ ဘယ်လောက် growth rate နည်းတဲ့ industry မှာပဲဖြစ်ဖြစ် အဆင်ပြေနေတဲ့ လုပ်ငန်းတွေရှိတယ်။ အစိုးရနဲ့လဲမဆိုင်ဘူး။ ဖောက်သည်နဲ့လဲမဆိုင်ဘူး။ အဓိက လုပ်ငန်းကို ဦးစီးတဲ့သူနဲ့ပဲဆိုင်တယ်။ ဦးစီးတဲ့သူတွေအနေနဲ့ လုပ်ငန်းကကိုယ့်ထက်ကြီးတယ်လို့ထင်မိတာဟာ ပထမအမှားပါပဲ။ လုပ်ငန်းတစ်ခုဟာ သူ့ကိုဦးဆောင်တဲ့သူ ပုံစံအတိုင်းပဲထွက်ပါတယ်။ နည်းလမ်းတစ်ခုအလုပ်မဖြစ်ရင် အလုပ်ဖြစ်တဲ့နည်းလမ်းကို ရှာရမှာ လုပ်ငန်းကို ဦးဆောင်သူရဲ့အလုပ်ဖြစ်ပါတယ်။ လိုလျင်ကြံဆနည်းလမ်းပါ။ အမေရိကန် ကုမ္ပဏီတွေက Mobile မှာ Android နဲ့ iOS ကိုဖန်တီးပြီး တစ်ကမ္ဘာလုံးကို လွမ်းမိုးထားတယ်။ တရုတ် Tencent က Wechat မှာ miniprogram ထွင်ပြီး webapp နဲ့ ထိန်းချုပ်မှုကို bypass လုပ်သွားတယ်။ မဖြစ်နိုင်ဘူး။ အနိုင်ကျင့်တယ် ထိုင်ငြီးနေရင် နားငြီးတာပဲအဖတ်တင်မယ်။ အောင်မြင်မှုဆိုတာ […]

အပြစ်မတင်ပါနဲ့။ Read More »

သင့်လုပ်ငန်းက သင့်အတွက် ထောင်မဟုတ်ပါဘူး။

သင့်လုပ်ငန်းက သင့်အတွက် ထောင်မဟုတ်ပါဘူး။သင့်လုပ်ငန်းက သင့်အတွက်ကစားကွင်းတစ်ခုပါ။လုပ်ငန်းထဲမှာ ပျော်နေမှအောင်မြင်မှုဆိုတာ ဖြစ်လာမှာ။ Phyo Paing @ Derek

သင့်လုပ်ငန်းက သင့်အတွက် ထောင်မဟုတ်ပါဘူး။ Read More »

မသိစိတ်စွမ်းအားကို ကောင်းကောင်းအသုံးချပါ။

ကျွန်တော်တို့ရဲ့ 95% သော အပြုအမူတွေဟာ မသိစိတ်ကဖြစ်လာတယ်။ လုပ်နေကျ၊ တွေးနေကျအတိုင်း အမြဲပြုမူတွေးခေါ်နေတယ်။ ဒါကိုသိရင် ကိုယ့်ကိုကိုယ်ပို စွမ်းဆောင်ရည်မြင့်အောင် အလွယ်တကူလုပ်ဆောင်နိုင်တယ်။ ဒီအချက်ကိုသိကတည်းက မနက်မှာ priming လုပ်တာ၊ တရားထိုင်၊ စိတ်ကူးပုံဖော်တာနဲ့ ညမအိပ်ခင် Online သင်တန်းလေ့လာတာဟာ စွမ်းဆောင်ရည်ကိုများစွာမြင့်စေတယ်။ ကိုယ်နေထိုင်တဲ့ဘဝဟာ ကိုယ်ဒီဇိုင်းလုပ်ထားတဲ့ စနစ်နဲ့ အပြုအမူကြောင့်ဖြစ်လာတာ။ ဒါကြောင့် ဒီဇိုင်းတီဆောက်ပုံကိုသေချာဖန်တီးလုပ်ဆောင်ပြီး ဒီထက်ပိုတိုးတက်အောင်လုပ်ဖို့လိုတယ်။ 95% of our behavior are unconscious. That means we are always in the autopilot mood, and keep thinking and doing the same things. That’s interesting because

မသိစိတ်စွမ်းအားကို ကောင်းကောင်းအသုံးချပါ။ Read More »

လုပ်နေကျအတိုင်းဆို ဖြစ်နေကျအတိုင်းပဲဆက်ဖြစ်နေမယ်။

ငယ်ငယ်က အိမ်မှာ သုံးမရတဲ့ငွေတွေတွေ့တယ်။ အဖွားမေးကြည့်တော့ အနှစ်နှစ်အလလရှာထားတဲ့ငွေက တစ်မနက်မှာ သုံးမရတော့ဘူးလို့ပြောတယ်။ ရန်သူမျိုးငါးပါးဆိုတာရှိတယ်ကိုး။ မနေ့က Facebook အနေနဲ့ Independent organization ဖြစ်တဲ့ Libra နဲ့ Calibra အကြောင်းပြောတယ်။ Libra က blockchain ပေါ်အခြေခံတဲ့ currency တစ်ခုဖြစ်လာပြီး ဒေါ်လာ၊ ယွမ်နဲ့ local currency တွေကို ပြန်လည် exchange လုပ်နိုင်မယ်။ Calibra ကတော့ Libra ကိုပို့ပေးနိုင်မည့် Digital wallet ဖြစ်မယ်။ Internet ဟာ လူမှုဘဝနဲ့ ပညာသင်ယူရေးမှာ first world နဲ့ third world ကွာဟချက်ကို ဆွဲငြိပေးသလို Crytocurrency ဟာလည်း အပြောင်းအလဲကြီးတစ်ခုယူဆောင်လာတော့မယ်။ မေးစရာရှိတာတစ်ခုက digital

လုပ်နေကျအတိုင်းဆို ဖြစ်နေကျအတိုင်းပဲဆက်ဖြစ်နေမယ်။ Read More »

ဘာကြောင့်လုပ်ငန်းစတင်မှာလဲ?

1. Money- drivenငွေကြောင့်လုပ်ငန်းစတင်တယ်။ငွေကြောင့်လုပ်တယ်။ 2. Mission- drivenခံယူချက်တစ်ခု၊ အဓိပ္ပာယ်တစ်ခုကိုဖော်ဆောင်ချင်လို့။Industry ကိုအပြောင်းအလဲလုပ်ချင်လို့။ 3. Market- driven ဈေးကွက်ရဲ့လိုအပ်ချက်အရ ဖြစ်ပေါ်လာတာ။ဈေးကွက်ရဲ့ အခွင့်အလမ်းကိုရယူပြီးဖြစ်ပေါ်လာတာ။ (P.S- Passion-driven တစ်ခုတည်းနဲ့ စွန့်ဦးတီထွင်အတွက် ရည်ရှည်motivation မရနိုင်ဘူး။လုပ်ငန်းတစ်ခုစတော့မယ်ဆို ဘာကြောင့်လဲသိပါ။) Phyo Paing @ Derek

ဘာကြောင့်လုပ်ငန်းစတင်မှာလဲ? Read More »

ကျောင်းတုန်းက အမှတ်စာရင်းက
Report Card ပဲ။

ကျောင်းပြီးအလုပ်ခွင်ဝင်တော့Financial Statement ကReport card ဖြစ်လာတယ်။Income statement,Balance sheet နဲ့Cashflow statement လောက်ကိုတော့လုပ်ငန်းရှင်တိုင်း သိသင့်တယ်။Phyo Paing @ Derek

ကျောင်းတုန်းက အမှတ်စာရင်းက
Report Card ပဲ။
Read More »

SME လုပ်ငန်းရှင်တွေကို သိစေချင်တာလေးတွေ။

လုပ်ငန်းအများစုက Sale တက်ချင်တဲ့အခါSales promotion နဲ့စျေးလျော့ရောင်းကြတယ်။အဲ့ဒီမှာ ကျွန်တော်တို့ Marketer တွေပြောတဲ့ဆေးစွဲတာ စတင်ပေါ်လာတာပဲ။ရောင်းအားတက်ဖို့ စဥ်းစားတဲ့အခါစျေးလျော့ဖို့ အရင်စဥ်းစားကြတော့တာပဲ။Saleတက်ချင်ရင် Saleနဲ့မစပါနဲ့။Branding အမှတ်တံဆိပ်တည်ဆောက်ခြင်းနဲ့စဖို့လိုပါတယ်။Phyo Paing @ Derek

SME လုပ်ငန်းရှင်တွေကို သိစေချင်တာလေးတွေ။ Read More »

စီးပွားရေးလုပ်ရတာ မပျော်ဘူးလို့မပြောပါနဲ့။

စီးပွားရေးဆိုတာအပျော်လုပ်တာမဟုတ်ပါဘူး။ခက်ခဲကြမ်းတမ်းမှုတွေခေါင်းခြောက်စရာတွေရှိမယ် ရဲဘော်တို့။Phyo Paing @ Derek

စီးပွားရေးလုပ်ရတာ မပျော်ဘူးလို့မပြောပါနဲ့။ Read More »

လုပ်ငန်းစတင်ချိန်မှာ Customer ရှာပါ။

ကြီးထွားလာတဲ့အချိန် ဝန်ထမ်းကောင်း ရှာပါ။စနစ်ကောင်းဖို့ Consultant ရှာပါ။တိုးချဲ့ဖို့ Investor ရှာပါ။Phyo Paing @ Derek

လုပ်ငန်းစတင်ချိန်မှာ Customer ရှာပါ။ Read More »

အလုပ်တစ်ခု မအောင်မြင်တဲ့အကြောင်းရင်း ခုနှစ်ချက်ရှိတယ်။

၁. အလုပ်အပေါ် ရူးသွပ်မှု မရှိလို့။ (အလုပ်ကအနားယူဖို့လောက်ပဲစဉ်းစားနေလို့။ အလုပ်လုပ်တဲ့ရည်ရွယ်ချက်က retired ယူဖို့ပဲစဉ်းစားနေလို့။) ၂. ဖောက်သည်တွေအပေါ်စေတနာမပါလို့။ ၃. ဝင်ငွေ၊ ထွက်ငွေစာရင်းကို သေချာမစီစစ်တဲ့အပြင်၊ မိမိလုပ်ငန်းရှုံးနေလား၊ မြတ်နေလား သေချာမသိလို့။ ၄. Timing တကယ်အလုပ်လုပ်နေသင့်တဲ့အချိန်မှာ လုပ်သင့်တာကို မလုပ်နေလို့။ မိုးရွာတုန်းရေမခံတတ်လို့။ ၅. အမြင်မရှိလို့။ လုပ်ငန်းနဲ့ပတ်သတ်တဲ့ Vision မရှိဘူး။ ဒီ ကုန်ပစ္စည်းအဆင်မပြေတော့ရင် ဒီ လုပ်ငန်းအဆင်မပြေတော့ရင် ဘာတွေဆက်လုပ်မလဲဆိုတဲ့ အသိအမြင်မရှိခဲ့လို့။ ၆. ပညာတတ်ပြီး တော်တဲ့ဝန်ထမ်းတွေကို လစာပေးခေါ်ရမှာ နှမြောလို့။ ဒါမှမဟုတ် ဒီလိုခေါ်လိုက်တဲ့အခါ ကိုယ့်ထက်ပိုတော်နေရင် အဆင်မပြေနိုင်ဘူးဆိုတဲ့ အတ္တခံနေလို့။ ၇. သင့်လုပ်ငန်းနဲ့ပတ်သက်လို့ တိုင်ပင်စရာ အတွေ့အကြုံရှိတဲ့သူမရှိလို့။ Phyo Paing @ Derek

အလုပ်တစ်ခု မအောင်မြင်တဲ့အကြောင်းရင်း ခုနှစ်ချက်ရှိတယ်။ Read More »