စီးပွားရေးဆန်တယ်ဆိုတာ…
စီးပွားရေး လုပ်တဲ့အခါစီးပွားရေး ဆန်မှရမယ်။ အလှူအတန်းလုပ်တဲ့အခါသဒ္ဒါစိတ်နဲ့ အလှူအတန်းဆန်မှရမယ်။ စီးပွားရေးဆန်တယ်ဆိုတာ ကိုယ့်ဦးစားပေးဖောက်သည်ရဲ့ လိုချင်တာ၊ လိုအပ်တာကိုဖြည့်ဆည်းပေးရင်းနှစ်ဦးနှစ်ဖက် အကျိုးအမြတ်ရှိအောင်လုပ်တာ။ စီးပွားရေးလုပ်ပြီး စေတနာမပါတာလို့ပြောတဲ့အခါစျေးသက်သာတဲ့ Budget airline စီးတဲ့အခါ စျေးသက်သာတဲ့အရည်အသွေးပဲရမှာပဲ။ ဇိမ်ခံအရည်အသွေးမြင့်လေကြောင်းစီးရင်သူနဲ့တူတဲ့ အရည်အသွေးရမှာပဲ။ ယူတာနဲ့ တန်းတူပြန်မပေးနိုင်ရင်၊တန်ဖိုးပိုပြန်မပေးနိုင်ရင် ဘယ်လုပ်ငန်းမှ တာရှည်မခံဘူး။ စီးပွားရေးလုပ်တဲ့အခါ စီးပွားရေး ဆန်မှရမယ်လို့ထင်တယ်။ မှန်ကန်တဲ့ မျှော်မှန်းချက်ထားဖို့လိုတယ်လို့ထင်တယ်။ Phyo Paing @ Derek
စီးပွားရေးဆန်တယ်ဆိုတာ… Read More »
