ဘာအလုပ် လုပ်လုပ်
စိတ်ရှည်ရတယ်။
ရွှေဥ တော့ဥစေတယ်တယ်။ငန်းမမွေးချင်ဘူး။ အစာပုံမှန်မကျွေးချင်ဘူး။ ငန်းကို ကြီးအောင်မစောင့်ချင်ဘူး။ ခုမွေး၊ ခုကြီး၊ ခု ရွှေဥ ဥစေချင်တယ်။ အဲ့လို မရဘူး။ စီးပွားရေးလုပ်ငန်းဆိုတာပိုက်ဆံရိုက်စက် “Money Making Machine”ဖန်တီးတာ ပဲ။ တချို့တွေက ဒီစက်ကို ဖန်တီးတတ်တယ်။ တချို့က မဖန်တီးတတ်ဘူး။ ဘာကွာသွားလဲဆို စိတ်ရှည်မှု၊ အမြင်၊ နည်းနာ၊ ပြုလွယ်ပြင်လွယ်စိတ်၊ လေ့လာလိုစိတ် ကွာသွားတယ်။ ကိုယ်လုပ်နေတဲ့ လုပ်ငန်းပေါ်မူတည်ပြီးတော့ငွေကြေးအနည်းအများ ဝင်တာကွာနိုင်ပေမယ့်ဘယ်လုပ်ငန်းလုပ်နေနေ အတွေး၊ အကြံ၊ အလုပ်တွေးပုံ၊ ကြံစဥ်ပုံ၊ အလုပ်လုပ်ပုံမှာစိတ်ရှည်မှုဆိုတာ ထည့်သွင်းစဥ်းစားဖို့လိုမယ်ထင်တယ်။ Phyo Paing @ Derek
