ကွာသွားမှာပဲ။
ဝန်ထမ်းတွေတိုးတက်အောင် ပံ့ပိုးတဲ့ လုပ်ငန်းနဲ့ ဝန်ထမ်းတွေဆီက ကျွမ်းကျင်မှုပဲယူပြီးတိုးတက်အောင် မပံ့ပိုးတဲ့လုပ်ငန်းကွာသွားမှာပဲ။ Phyo Paing @ Derek
ဝန်ထမ်းတွေတိုးတက်အောင် ပံ့ပိုးတဲ့ လုပ်ငန်းနဲ့ ဝန်ထမ်းတွေဆီက ကျွမ်းကျင်မှုပဲယူပြီးတိုးတက်အောင် မပံ့ပိုးတဲ့လုပ်ငန်းကွာသွားမှာပဲ။ Phyo Paing @ Derek
စီးပွါးရေးဆိုတာ ဖောက်သည်ရဲ့ ပြဿနာကို အကျိုးအမြတ်ယူပြီးဖြေရှင်းပေးတာပဲ။ဖြေရှင်းပေးမယ်ပြောပြီးကတိမတည်တာ လိမ်တာနဲ့ တူတူပဲ။ Phyo Paing @ Derek
၁။ ကိုယ်လိုချင်တာဘာလဲ ပြတ်ပြတ်သားသား တိတိကျကျသိတယ်။ ၂။ တစ်ခုခုဆို အကောင်အထည်ဖော်လုပ်ဆောင်မှုမြန်တယ်။၃။ တစ်ခုခုဆို သင်ခန်းစာယူ ရှေ့ဆက်မှု မြန်တယ်။၄။ ပြိုင်ဆိုင်အနိုင်ယူလိုစိတ်ရှိတယ်။ဆာလောင်မှု ရှိတယ်။၅။ ဆရာတင်ဖို့ ဝန်မလေးဘူး။ တစ်ခုခုဆို ဆရာတို့က အသိဆုံးပါဆိုပြီးအရင်ဆုံးသူတို့ပဲ ချမ်းသာသွားတဲ့သူတွေ။၆။ မသိတာကိို သိသလို တတ်ယောင်ကားလုပ်ပြီး ကိုယ့်အတွက် အကျိုးမရှိတာတွေကိုပြိုင်ငြင်းမနေဘူး။၇။ အနာဂတ်အတွက် အမြဲစဥ်းစားကြံဆနေတယ်။၈။ သွားတိုင်း၊ စားတိုင်း သူ့အလုပ်အကြောင်းပဲစဥ်းစားနေတယ်။၉။ ကိုယ့်အလုပ်ကို ကိုယ်ဂုဏ်ယူတယ်။ ၁၀။ ပြဿနာတစ်ခုဖြစ်ရင် အပြစ်တင်နေတာထက်နည်းလမ်းရှာ ဖြေရှင်းကြတယ်။၁၁။ ဝန်ထမ်းတွေကို ဦးဆောင်နိုင်တယ်။ဘယ်သူ့ကို ဘယ်နေရာမှာ ဘယ်လိုနေရာချရမလဲဆိုတာ သိတယ်။ ၁၂။ တန်ရာတန်ကြေးပေးဖို့ ဝန်မလေးဘူး။ ၁၃။ အပေါင်းအသင်းတွေကို ဖြစ်သလိုမပေါင်းဘူး။ ဘယ်သူနဲ့ ပေါင်းသင့်တယ်၊ ဘယ်သူနဲ့ အပေါင်းသင့်ဘူး သေချာဆန်းစစ်တယ်။၁၄။ အလုပ်မဖြစ်တာတွေကို လွတ်ချပြီးအလုပ်ဖြစ်တာကို ဆက်လုပ်ဖို့ ဝန်မလေးဘူး။
တော်တဲ့ လုပ်ငန်းရှင်တွေမှာ တွေ့ရတဲ့ အချက် ၁၉ ချက် Read More »
လုပ်ငန်းတစ်ခုမှာ meeting လုပ်ရင်အရေးမပါတာတွေကြားမှာ အရေးပေးနေမိပြီး ဝေ့နေတတ်တယ်။ ဒီလို မဖြစ်ဖို့ meeting လုပ်တဲ့ frame လိုတယ်။ ၁။ ဒီနေ့ ငါတို့ ဘာအကြောင်းဆွေးနွေးမှာလဲ။၂။ ဒါနဲ့ ပတ်သတ်တဲ့ အချက်တွေကဘာတွေလဲ။ဘာသတင်းအချက်အလက်တွေရှိထားပြီလဲ။အသေးစိတ် တစ်ခုချင်းမသွားခင်တစ်ချက်ချင်းအရင်ချရေးထား။ ၃။ ဒါနဲ့ ပတ်သက်လို့ ငါတို့ဘာတွေသိထားပြီလဲ။ငါတို့ အရင်က ဒါနဲ့ပတ်သက်လို့ ဘယ်လို လုပ်ဆောင်မှုတွေလုပ်ခဲ့လဲ။၄။ အခု ဒီ meeting က ငါတို့ရဲ့ တစ်နှစ်စာ ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့ ဘာတွေ ကူညီပေးနိုင်မလဲ။ ၅။ ဟုတ်ပြီ။ လုပ်စရာတွေကို ဘယ်သူက ဘာကို ဘယ်အချိန်မှာ ဘယ်လိုပြီးအောင်လုပ်ပြီးပြီးမပြီးကို ဘယ်သူက ပြန်လည်ကြီးကြပ်မှာလဲ။ ၆။ နောက် meeting ကို ဘယ်နေ့၊ ဘယ်အချိန်မှာ၊ ဘယ်သူတွေနဲ့၊ ဘယ်လို လုပ်ကြမလဲ။ မဝေ့နေအောင်
ကိုယ့်မှာ ရည်မှန်းချက်ပန်းတိုင်တစ်ခု၊အိမ်မက််တစ်ခုရှိလာတဲ့အခါ၊ဒီရည်မှန်းချက်ပန်းတိုင်၊ ဒီအိမ်မက်နဲ့ လက်တွေ့ဘဝကြားမှာကွာဟမှု တစ်ခုရှိလာပြီ။ ဒီကွာဟမှုကို ပိတ်ဖို့ ဘယ်လိုလမ်းကြောင်းတွေနဲ့သွားမလဲ၊ဘာအတားအဆီးတွေရှိလဲဆိုတဲ့ပြဿနာဖြေရှင်းမှုတွေကိုလုပ်ဆောင်ရပြီ။ ဒီလိုပြဿနာတွေတစ်ခုချင်းဖြေရှင်းပြီးရည်မှန်းချက်ပန်းတိုင်ရောင်အောင်သွားဖို့ ၁။ စိတ်နေသဘောထား၊ ယုံကြည်မှု၊ အခြေခံအယူအဆ၂။ ပြဿနာကို ချဥ်းကပ်ဖြေရှင်းပုံ၃။ မြန်ဆန်မှုနဲ့ စိတ်ရှည်မှု ၄။ သင်ခန်းစာယူမှု ဒီလေးခုလိုတယ်။ သင်္ချာတောင် unseen ဆိုကြောက်အောင်သင်ခဲ့ရတဲ့ ကျောင်းတွေနဲ့ ပြီးခဲ့တဲ့သူတွေဆိုတော့မမြင်ဖူးတဲ့ ဘဝပြဿနာကို အဖြေမရှာနိုင်တာအားငယ်စရာတော့ မဟုတ်ဘူး။ ဒါတွေက မျက်စိကိုဖွင့်၊ နားကိုစွင့်၊ အမြင်ကျယ်ကျယ်ထားလေ့လာရင် လေ့လာလို့ရတယ်။ ကိုယ့်လုပ်ငန်းရှေ့မရောက်တာ ပြဿနာဖြေရှင်းနိုင်စွမ်းမရှိတဲ့ problem-solving အားနည်းတဲ့ မန်နေဂျာနဲ့ ဝန်ထမ်းတွေကြောင့်ဆိုရင်မမှားဘူးလို့ယူဆတယ်။ Phyo Paing @ Derek
ကိုယ့်လုပ်ငန်း ကိုယ့်ဘဝက
ကိုယ့်ဥာဏ်ရှိသလောက်တိုးတက်တာပဲ။ Read More »
ပစ္စည်းကောင်းမကောင်းမသေချာရင်လူတွေ မသေချာမရေရာမှု မဖြစ်အောင်review တွေ၊ testimonials တွေလိုတယ်။ဒါက မားကတ်တင်းစိတ်ပညာမှာcognitive dissonance ကိုလျော့ချတယ်လို့ခေါ်တယ်။ အရမ်းကောင်းသွားရင် ဒါတွေမလိုတော့ဘူး။ Review တွေဇွတ်လုပ်လေလေကိုယ့် အမှတ်တံဆိပ်ပါဝါ ပိုကျသွားလေလေဖြစ်တတ်တယ်။ အလယ်အလတ်ပစ္စည်းနဲ့အရမ်းကောင်းတဲ့ပစ္စည်းမားကတ်တင်းလုပ်တဲ့စနစ် ကွာတယ်။ ဒါကတော့ ကျွန်တော့်အယူအဆတစ်ခုပဲ။အခြေအနေတစ်ခုကျော်ရင်လုပ်နေကျပုံစံပြောင်းဖို့လိုတယ်။ Phyo Paing @ Derek
အခြေအနေတစ်ခုကျော်ရင်
လုပ်နေကျပုံစံပြောင်းဖို့လိုတယ်။ Read More »
လူတိုင်းဘဝ၊ အလုပ်နဲ့ စီးပွါးရေးမှာအကွက်ရွေ့နေရတာပဲ။အရေးကြီးတာ ရွေ့မည့်အကွက်တွေကိုကြိုတင်ပြင်ဆင်ထားဖို့နဲ့မဟာဗျူဟာကျကျ မှန်တဲ့အချိန်၊မှန်တဲ့ အကွက်ရွေ့နိုင်ဖို့ပဲ။တိုက်ပွဲလေးတွေထက်နောက်ဆုံးစစ်ပွဲမှာနိုင်ဖို့ စိတ်ရှည်ရမယ်။ တချို့အချိန်တွေမှာ မြက်စားပြီးနေရရင်နေရနိုင်တယ်။အရေးကြီးတာ ဒီဂိမ်းက ဆယ်စုနှစ်ပေါင်းများစွာသွားမည့် ဂိမ်းဆိုတာသိဖို့ပဲ။ Phyo Paing @ Derek
နောက်ဆုံးစစ်ပွဲမှာနိုင်ဖို့ စိတ်ရှည်ရမယ် Read More »
အသိ၊ မိတ်ဆွေ၊ သူငယ်ချင်း၊ ရင်းနှီးမိတ်ဆွေ၊စီးပွါးရေးပါတနာ တစ်ယောက်နဲ့တစ်ယောက်ရင်းနှီးမှု အတိုင်းအတာမတူသလိုဝင်ပါလို့ရတဲ့ စည်းမတူဘူး။ဒါကို နားလည်ဖို့လိုတယ်။ ကျွန်တော်တို့ ယဉ်ကျေးမှုမှာစေတနာဆိုတဲ့စကားနဲ့ ကိုယ်နဲ့မဆိုင် ဝင်ပါချင်ကြတာသတိထားရမည့် အပိုင်းပဲ။ Personal, Professional နဲ့ Business ကိုမရောမိဖို့လိုတယ်။ကိုယ့်စည်းနဲ့ ကိုယ်ပဲ။သူများပိုက်ဆံယူပြီးရင်Professional မှာ ကိုယ်ပေးတဲ့ ကတိတည်ရမယ်။စိတ်ပါတာ မပါတာ အရေးမကြီးဘူး။ကိုယ့်စည်း ကိုယ်စောင့်ဖို့အရေးကြီးတယ်။ ℙ𝕙𝕪𝕠 Paing @ Derek
Professional မှာ ကိုယ်ပေးတဲ့
ကတိတည်ရမယ် Read More »
ဘဝမှာ နေပျော််ချင်ရင်ကိုယ်ငွေရှာတဲ့ပုံအရေးကြီးတယ်။ငွေရှာဖို့ စီးပွားရေးလုပ်ရတယ်။စီးပွားရေးလုပ်ဖို့ business modelစီးပွားရေးလုပ်တဲ့ပုံစံလိုတယ်။ သမရိုးကျ စီးပွားရေးပုံစံကဆိုင်ဖွင့်ပြီး အရင်းကျေဖို့ဖောက်သည်ရှာနေရတာ။နေ့စဥ်ရင်မောနေရတယ်။ ဒီလိုမဖြစ်အောင် ဖောက်သည်အလိုအလျောက်လာအောင်သူ့ဘာသာသူ ငွေဝင်နေဖို့ စနစ်တည်ဆောက်ဖို့လိုတယ်။စနစ်တည်ဆောက်တဲ့အခါ စိတ်ရှည်ဖို့လိုတယ်။ Business Model နဲ့ စနစ်ကိုသေချာ တည်ဆောက်နိုင်ရင်ကိုယ်လိုချင်တဲ့ ဘဝပုံစံကိုလဲတည်ဆောက်လို့လွယ်သွားပြီ။ လူအများစု ကိုယ်လိုချင်တဲ့ဘဝပုံစံမတည်ဆောက်နိုင်တာငွေရှာတဲ့ပုံစံကြောင့်ပဲ။ ဒါကြောင့် ငွေရှာရင်အလုပ်လုပ်လို့ဝင်ငွေ active incomeမလုပ်ပဲဝင်ဖို့ passive incomeကြားကျတဲ့ hybrid နဲ့ကိုယ့်လုပ်ငန်းပြန်ရောင်းရင်တောင်ရနိုင်တဲ့ Value of the companyဒီလေးခုကို စဥ်းစားဖို့လိုတယ်။ Phyo Paing @ Derek
စနစ်တည်ဆောက်တဲ့အခါ စိတ်ရှည်ဖို့လိုတယ် Read More »
Marketing သမားတစ်ယောက်ကိုကျွန်တော်တိုင်းတာတဲ့ ပေတံ KPI က ကိုယ့်ရဲ့ ကိုယ့်နာမည် personal brand ဒါမှ မဟုတ် စီးပွါးအမှတ်တံဆိပ် business brand ဒါမှမဟုတ် ကုန်ပစ္စည်း product brand ဒါမှမဟုတ် အတွေးအခေါ် ideology ကိုအထူးအားပေးတဲ့ ပုရိသတ်raving fans ဘယ်လောက်တည်ဆောက်နိုင်လဲပဲ။ Personal brand က တော့ တည်ဆောက်ရတာအလွယ်ဆုံးပဲ။ဒုတိယက business နဲ့ product brand။အခက်ခဲဆုံးက ကိုယ့်အတွေးအခေါ်ကိုVirus လိုပြန့်အောင် လုပ်တာ။ Phyo Paing @ Derek
Personal brand က တော့ တည်ဆောက်ရတာ
အလွယ်ဆုံးပဲ။ Read More »