မပျော်တဲ့အရာတွေ၊
စိတ်ညစ်စေတဲ့ အဖြစ်အပျက်တွေကိုပဲထပ်ခါထပ်ခါ စဥ်းစားပြီး
ဖျက်မပစ်နိုင်တဲ့အခါ
စိတ်ညစ်မှုကင်ဆာစွဲကပ်လာတတ်တယ်။
ခန္ဓာကိုယ်မှာ apotosisဆိုတဲ့ ဖြစ်စဥ်တစ်ခုရှိတယ်။အဟောင်းအနွမ်း၊ မလိုအပ်၊ပုံမမှန်တဲ့ ဆဲလ်တွေကိုအလိုအလျောက်သေအောင်စနစ်ချထားတဲ့ ဖြစ်စဥ်တစ်ခုဖြစ်တယ်။ ဒီဖြစ်စဥ် ပျက်တဲ့အခါပုံမှန်မဟုတ်တဲ့ ဆဲလ်တွေကြီးလာပြီးကင်ဆာတို့လို ရောဂါတွေပေါ်လာတတ်တယ်။ ဘဝမှာလဲ အလားတူပဲ။လိုအပ်တဲ့အရာတွေပဲ မှတ်ပြီးမလိုအပ်တဲ့အရာတွေ မေ့လို့ရအောင်ဦးနှောက်က ဖန်တီးထားပေးတယ်။ ဒါကိုလွန်ဆန်ပြီး မပျော်တဲ့အရာတွေစိတ်ညစ်စေတဲ့ အဖြစ်အပျက်ကိုပဲထပ်ခါထပ်ခါ စဥ်းစားပြီးဖျက်မပစ်နိုင်တဲ့အခါစိတ်ညစ်မှုကင်ဆာစွဲကပ်လာတတ်တယ်။ Phyo Paing @ Derek