Change

မပြောင်းလဲချင်တဲ့သူကို
ဘယ်အရာမှ အပြောင်းအလဲ
လုပ်လို့မရဘူး။

လူတစ်ယောက်က ကိုယ့်ကြောင့်ပြောင်းလဲသွားလိမ့်မယ်လို့ဘယ်တော့မှ မစဉ်းစားနဲ့။ မပြောင်းလဲချင်တဲ့သူကို ဘယ်အရာမှ အပြောင်းအလဲလုပ်လို့မရဘူး။ တခါတလေ ကိုယ့်ကိုကိုယ်လူစွမ်းကောင်းထင်ပြီးတဖက်လူကို ပြောင်းလဲဖို့ကြိုးစားကြလိမ့်မယ်။အများစု မအောင်မြင်တာတွေ့ရလိမ့်မယ်။ Phyo Paing @ Derek

မပြောင်းလဲချင်တဲ့သူကို
ဘယ်အရာမှ အပြောင်းအလဲ
လုပ်လို့မရဘူး။
Read More »

သူများနဲ့ မနှိုင်းယှဉ်ပါနဲ့။

မပြီးသေးတဲ့ ကိုယ့်ရဲ့ ပန်းချီကားနဲ့ တခြားနဲ့သွားမနှိုင်းပါနဲ့။ အဖြစ်အပျက်တိုင်းက လူတိုင်းရဲ့ ဘဝ trajectory ကိုအကြီးအကျယ်အပြောင်းအလဲဖြစ်သွားစေနိုင်တယ်။ Phyo Paing @ Derek

သူများနဲ့ မနှိုင်းယှဉ်ပါနဲ့။ Read More »

သင်ခန်းစာတစ်ခုတော့ အမြဲယူခဲ့လိုက်ပါ။

ဆယ်တန်း – အမှတ်ကောင်းဖို့ အမှတ်ပေးစည်းမျဉ်းသိဖို့လိုတယ်။ ဆေးကျောင်း – အထင်အမြင်နဲ့ရမ်းမလုပ်နဲ့။ ဆုံးဖြတ်ချက်တစ်ခုချဖို့ data လိုတယ်။ သုံးသပ်တတ်ဖို့လိုတယ်။ ထောင့်ပေါင်းစုံက စဉ်းစားတတ်ဖို့လိုတယ်။ ဒါက Evidence-based medicine (EBM) က ရတာ။ Getmebook – ကိုယ်ရောင်းချင်တာမရောင်းခင် စျေးကွက်လိုချင်တာ အရင်ရောင်း။ Timing အချိန်ကောင်း အရေးကြီးတယ်။ ဖုန်းပြင် – Timeless ဖြစ်တဲ့အရာတွေကို ဖန်တီးပါ။ စျေးကွက်မှာ နေ့မြင်ညပျောက်ဖြစ်မည့် အရာတွေပေါ်မူတည်ပြီး ဘဝကို မတည်ဆောက်ပါနဲ့။ ဆေးကုမ္ပဏီ – လေ့လာလို့ ကုန်ရင်ထွက်။ ငွေတစ်ခုတည်းအတွက် အလုပ်မလုပ်နဲ့။ ကိုယ်နဲ့တွေ့ခဲ့တဲ့ လူတိုင်းကို အကောင်းဆုံးပေး။ တစ်သက်တာ ဘာလုပ်လုပ် အားပေးမည့် customer ဖြစ်လာလိမ့်မယ်။ ဖုန်းဆိုင် – ယုံကြည်မှုက မလိုအပ်တဲ့

သင်ခန်းစာတစ်ခုတော့ အမြဲယူခဲ့လိုက်ပါ။ Read More »

Self-discipline

ကိုယ့်စိတ်ကို ထိန်းချုပ်ပြီးလိုရာပန်းတိုင်ရောက်ဖို့အရေးအကြီးဆုံးစကားလုံးဖြစ်တယ်။ဝိတ်ပဲ ချချ၊ဘာသာစကားပဲ လေ့လာလာ၊အတတ်ပညာတစ်ခုပဲ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်အောင်လုပ်လုပ် အရေးအကြီးဆုံး စကားလုံးဖြစ်တယ်။ကိုယ့်စိတ်ကိုယ်နိုင်ဖို့အရေးကြီးတယ်။ Phyo Paing @ Derek

Self-discipline Read More »

စာရေး၊ စာဖတ်၊ တွေးတယ်ဆိုတာ
စိတ်နဲ့ လုပ်ရတဲ့အလုပ်။

စိတ်ကို ကောင်းကောင်း စီမံခန့်ခွဲမှု မလုပ်တတ်ရင်မတွေး၊ မရေး၊ သေချာ မဖတ်နိုင်ဘူး။ နေ့တိုင်း အကြည်ဓာတ်ရှိဖို့တရားမျှတမှုမရှိတဲ့ လောကဓံရဲ့တချို့အပိုင်းတွေကို ခဏလျစ်လျူရှုပြီးကိုယ့်ရဲ့ သမိုင်းပေးတာဝန်ဖြစ်တဲ့ကိုယ်နဲ့ထိတွေ့တဲ့လူတွေကို အကောင်းဆုံး version တည်ဆောက်နိုင်ဖို့personal, professional, business တိုးတက်မှုပိုင်းကို ကူညီပေးဖို့အာရုံပြုပြီး လုပ်နေမိတယ်။ ဒီနိုင်ငံမှာ အင်တာနက်ရှိနေသမျှဒီမှာဆက်ရှိိနေအုံးမှာပဲ။ ဘာကြောင့်လဲဆိုတော့ပညာရေးနဲ့ နည်းပညာအသုံးပြီးလူသားတွေရဲ့ဘဝအပြောင်းအလဲလုပ်ဖို့ကYEC ရဲ့ Mission ဖြစ်နေလို့။ Phyo Paing @ Derek

စာရေး၊ စာဖတ်၊ တွေးတယ်ဆိုတာ
စိတ်နဲ့ လုပ်ရတဲ့အလုပ်။
Read More »

ဦးနှောက်ကို အသုံးပြု
အလုပ်လုပ်ရတဲ့ အရသာက
အင်မတန်ကောင်းတယ်။

မတူညီတဲ့ idea တွေကို ပေါင်းစပ်လို့ရသလို၊ သင်ယူလေလေ ဖြစ်နိုင်ခြေတွေအများကြီး ရှာဖွေတွေ့လေလေပဲ။ လူအများစုက မားကတ်တင်းလေ့လာရင်မားကတ်တင်းသမား၊ စာရင်းလေ့လာရင် accountantကိုယ့်ကိုကိုယ် တစ်သက်တာ တံဆိပ်ကပ်လိုက်တယ်။ လောကမှာ အသက်ရှင်နေသမျှအရာရာကို ပြောင်းလဲလို့ရတယ်။ Phyo Paing @ Derek

ဦးနှောက်ကို အသုံးပြု
အလုပ်လုပ်ရတဲ့ အရသာက
အင်မတန်ကောင်းတယ်။
Read More »

လုပ်ရပ်ပြောင်းရင် ရလဒ်ပြောင်းတယ်။

အစားအသောက်နဲ့ လေ့ကျင့်ခန်းပေါ်မူတည်ပြီးခန္ဓာကိုယ်ပုံစံကွာသွားသလို၊ ခေါင်းထဲထည့်တဲ့ အတွေးအခေါ်နဲ့လုပ်ရပ်ပေါ်မူတည်ပြီးဘဝတွေကွာသွားတယ်။ Phyo Paing @ Derek

လုပ်ရပ်ပြောင်းရင် ရလဒ်ပြောင်းတယ်။ Read More »

လူတွေရဲ့ အထင်အမြင်က
သင့်ခံစားချက်ကို မလွမ်းမိုးနိုင်တော့ရင်
သင်က next level ရောက်သွားပြီ။

Elon Musk ဆိုလဲကြည့်လေcrypto community က တချို့ဝိုင်းဆဲကြတယ်။အေးဆေးပဲ။ ဂရုကိုမစိုက်ဘူး။ Next Level ရောက်ဖို့ကအရာရာကို ယုတ္တိကျကျတွေးခေါ်ပြီးသတင်းတစ်ခုကို နှလုံးသားနဲ့မခံစားခင်ဦးနှောက်နဲ့ စကာစစ်ဖို့ လိုတယ်။ ဒီလိုဖြစ်ဖို့ ကိုယ့် personality ကိုFeeling သမားကနေ Thinking သမားဖြစ်အောင်စိတ်ပညာ intervention တွေနဲ့ ပြောင်းလိုက်တယ်။ ဘဝမှာ ပိတ်နေတဲ့ တံခါးတွေအများကြီးပွင့်သွားတယ်။ Phyo Paing @ Derek

လူတွေရဲ့ အထင်အမြင်က
သင့်ခံစားချက်ကို မလွမ်းမိုးနိုင်တော့ရင်
သင်က next level ရောက်သွားပြီ။
Read More »

လူတွေက အခြေအနေတစ်ခုကို
ထိန်းချုပ်နိုင်ရင် ပျော်တယ်။
ကိုယ့်ထိန်းချုပ်မှုအောက်မရှိရင်
သွေးပျက်တတ်ကြတယ်။

နေ့တိုင်း Schedule ရှိဖို့လိုတယ်။ဘယ်အချိန်မှာ ဘာလုပ်ရမယ်ဆိုတဲ့အချိန်ဇယားက ဘဝကိုစနစ်တစ်ခုပေးတယ်။ရည်ရွယ်ချက်တစ်ခု၊ ထိန်းချုပ်မှုတစ်ခု၊တာဝန်တစ်ခု၊ အာရုံစိုက်လုပ်ဆောင်စရာတစ်ခု၊စိတ်ကျက်စားရာတစ်ခု ပေးတယ်။ ဒီ schedule ရှိနေခြင်းအားဖြင့်ဘဝရဲ့ အခြေနေဘယ်လောက်ဆိုးဆိုးငါဒါကို မဖြစ်ဖြစ်အောင်လုပ်ရမယ်ဆိုတဲ့အသိတစ်ခုဖြစ်စေတဲ့အတွက် ကိုယ့်ဘဝ ကိုယ့်လက်ထဲမှာဆိုတဲ့အသိတစ်ခုရစေတယ်။ လူတွေက အခြေအနေတစ်ခုကိုထိန်းချုပ်နိုင်ရင် ပျော်တယ်။ကိုယ့်ထိန်းချုပ်မှုအောက်မရှိရင်သွေးပျက်တတ်ကြတယ်။ ဒီနေ့လို ဆီစျေး၊ နိုင်ငံရေး၊စီးပွါးရေး၊ လျှပ်စစ်မီးအရေးထိန်းမရတဲ့ ပြဿနာပေါင်းစုံကြားမှာကိုယ့်ထိန်းချုပ်လို့ရတာ နေ့စဉ်အမူအကျင့်နဲ့နေ့စဉ် ဘာလုပ်မယ်ဆိုတဲ့ အချိန်ဇယားနဲ့ အကောင်အထည်ဖော်မှုပဲ။ Phyo Paing @ Derek

လူတွေက အခြေအနေတစ်ခုကို
ထိန်းချုပ်နိုင်ရင် ပျော်တယ်။
ကိုယ့်ထိန်းချုပ်မှုအောက်မရှိရင်
သွေးပျက်တတ်ကြတယ်။
Read More »

Differentiate or Die

သာမန် လူတွေကို ရောင်းဖို့သာမန် ကုန်ပစ္စည်းတွေ မထုတ်ပါနဲ့။ဒါဒီနေ့ခေတ်ရဲ့ မားကတ်တင်းအတွေးအခေါ်ဖြစ်တယ်။ သာမန်လူတွေအတွက်သာမန်ကုန်ပစ္စည်းတွေထုတ်ခြင်းဟာရှုံးနိမ့်မှုရဲ့ ရှေ့ပြေးပဲလို့ဆိုကြတယ်။ သာမန် ဖုန်းဆိုင်၊ သာမန်လက်ဖက်ရည်ဆိုင်သာမန်စားသောက်ဆိုင်၊ သာမန်အထည်ဆိုင်သာမန် လက်ဝတ်ရတနာဆိုင်ဒီသာမန် ကုန်ပစ္စည်းရောင်းတဲ့သာမန်ဆိုင်တွေက ပုံစံတူတွေဖြစ်နေတယ်။ စီးပွါးရေးလုပ်ငန်းမှာ ထူးရင်ထူးမထူးရင်း အဆင်မပြေလို့မျက်စံပြူးမယ်။Differentiate or Die ပဲ။ ထူးဖို့ ကိုယ်လုပ်တဲ့အလုပ်ကိုရူးသွပ်ဖို့လိုတယ်။ဆရာကျအောင် လေ့လာနေဖို့လိုတယ်။တီထွင်ဆန်းသစ်ဖို့လိုတယ်။ Business Model နဲ့ထူးအောင်လုပ်မှာလား။ကုန်ပစ္စည်းနဲ့လား၊ဝန်ဆောင်မှုနဲ့လား၊စျေးနှုန်းနဲ့လား၊Marketing လုပ်တဲ့ပုံစံနဲ့လား။ Phyo Paing @ Derek

Differentiate or Die Read More »