Feeling

ကျေးဇူးတင်စရာတွေကို
ပိုတန်ဖိုးထားရမယ်ဆိုတာ
သိလာစေတဲ့အတွက်
ဘဝဟာပို ++ ဖြစ်လာတယ်။

ဘဝထဲ တချို့လူတွေဝင်လာတယ်။ကိုယ့်ဘဝအရင်ထက်အစစ အရာရာပိုကောင်းမွန်လာတယ်။ကျေးဇူးတင်စရာတွေပေးတယ်။ဘဝဟာ + ဖြစ်လာတယ်။ ဘဝထဲ တချို့လူတွေဝင်လာတယ်။စိတ်ဆင်းရဲစရာတွေ၊ ဝေဖန်မှုတွေ၊အပျက်သဘောဆောင်အတွေးတွေ၊ပေးဖို့ထက် ယူဖို့အတွေးတွေယူလာတယ်။သင်ခန်းစာတွေပေးသွားတယ်။Double + ပေးလိုက်တယ်။ ကျေးဇူးတင်စရာတွေကိုပိုတန်ဖိုးထားရမယ်ဆိုတာသိလာစေတဲ့အတွက်ဘဝဟာပို ++ ဖြစ်လာတယ်။ Phyo Paing @ Derek

ကျေးဇူးတင်စရာတွေကို
ပိုတန်ဖိုးထားရမယ်ဆိုတာ
သိလာစေတဲ့အတွက်
ဘဝဟာပို ++ ဖြစ်လာတယ်။
Read More »

မပျော်တဲ့အရာတွေ၊
စိတ်ညစ်စေတဲ့ အဖြစ်အပျက်တွေကိုပဲထပ်ခါထပ်ခါ စဥ်းစားပြီး
ဖျက်မပစ်နိုင်တဲ့အခါ
စိတ်ညစ်မှုကင်ဆာစွဲကပ်လာတတ်တယ်။

ခန္ဓာကိုယ်မှာ apotosisဆိုတဲ့ ဖြစ်စဥ်တစ်ခုရှိတယ်။အဟောင်းအနွမ်း၊ မလိုအပ်၊ပုံမမှန်တဲ့ ဆဲလ်တွေကိုအလိုအလျောက်သေအောင်စနစ်ချထားတဲ့ ဖြစ်စဥ်တစ်ခုဖြစ်တယ်။ ဒီဖြစ်စဥ် ပျက်တဲ့အခါပုံမှန်မဟုတ်တဲ့ ဆဲလ်တွေကြီးလာပြီးကင်ဆာတို့လို ရောဂါတွေပေါ်လာတတ်တယ်။ ဘဝမှာလဲ အလားတူပဲ။လိုအပ်တဲ့အရာတွေပဲ မှတ်ပြီးမလိုအပ်တဲ့အရာတွေ မေ့လို့ရအောင်ဦးနှောက်က ဖန်တီးထားပေးတယ်။ ဒါကိုလွန်ဆန်ပြီး မပျော်တဲ့အရာတွေစိတ်ညစ်စေတဲ့ အဖြစ်အပျက်ကိုပဲထပ်ခါထပ်ခါ စဥ်းစားပြီးဖျက်မပစ်နိုင်တဲ့အခါစိတ်ညစ်မှုကင်ဆာစွဲကပ်လာတတ်တယ်။ Phyo Paing @ Derek

မပျော်တဲ့အရာတွေ၊
စိတ်ညစ်စေတဲ့ အဖြစ်အပျက်တွေကိုပဲထပ်ခါထပ်ခါ စဥ်းစားပြီး
ဖျက်မပစ်နိုင်တဲ့အခါ
စိတ်ညစ်မှုကင်ဆာစွဲကပ်လာတတ်တယ်။
Read More »

Creator နဲ့ Critics မှာ လူတွေကို
အကျိုးပြုတဲ့ creator ပဲဖြစ်ချင်တယ်။

ဒီအချိန်မှာ လူအများစုကစိတ်ညစ်တာ၊ စိတ်ဓာတ်ကျတာဖြစ်တတ်တာ သဘာဝပါပဲ။ဒါကြောင့် ကျွန်တော့်ဘဝတစ်လျှောက်လေ့လာထားတဲ့ စိတ်ပညာ၊Psycho-analysis ပိုင်းတွေ၊positive psychology, philosophy နဲ့ဇီဝကမ္မဖြစ်စဉ် physiology အပိုင်းတွေကိုIdea, concept တွေအနေနဲ့ပိုမျှဝေပေးဖြစ်တယ်။ဒါက လူတွေကို ကူညီတာတစ်မျိုးပဲလို့ခံယူထားတယ်။ ဒါကြောင့် Social media မှာဝေဖန်ခံရနိုင်ခြေရှိပေမယ့်တခြားသူတွေအတွက် အရေးကြီးတဲ့အတွက်လုပ်ပေးဖြစ်တယ်။ Creator နဲ့ Critics မှာ လူတွေကိုအကျိုးပြုတဲ့ creator ပဲဖြစ်ချင်တယ်။ Phyo Paing @ Derek

Creator နဲ့ Critics မှာ လူတွေကို
အကျိုးပြုတဲ့ creator ပဲဖြစ်ချင်တယ်။
Read More »

ကျွန်တော်တို့ရဲ့ တစ်ကိုယ်ရေ ဥပဒေသတွေဟာ
ဘဝဖြတ်သန်းရေးကို လွယ်ကူစေတယ်။

အသည်းနာရတဲ့အချိန်တွေလူတိုင်းမှာရှိတတ်ကြတယ်။အများစုက ကိုယ်ချစ်တဲ့သူတွေကိုယ်မျှော်မှန်းထားသလိုမဟုတ်ပဲတလွဲတွေးပြီး၊ တလွဲလုပ်တဲ့အချိန်တွေဖြစ်ကောင်းဖြစ်နိုင်သလို၊ကိုယ်ထင်ထားတဲ့ လုပ်နိုင်စွမ်းမရောက်တဲ့အချိန်တွေဖြစ်ကောင်းဖြစ်နိုင်တယ်။ အစပိုင်းမှာ ပြောမယ်။နောက်ပြောပါများ မောလာတော့တွေ့တိုင်း အကြည်ဓာတ်ပျောက်မယ်။နောက် လျစ်လျူရှုလိုက်မယ်။နောက် တဖြည်းဖြည်း connectionမမိဖြစ်လာမယ်။​ဒါက သဘာဝ ဖြစ်လေ့ဖြစ်ထရှိတဲ့ဖြစ်စဥ် တစ်ခုဖြစ်တယ်။ ဒီလို အချိန်နေကြုံတိုင်းဘဝနေထိုင်ရေး ဥပဒေသအသစ်တွေထုတ်ပြီး နေထိုင်ခြင်းအားဖြင့်နောက်ဖြတ်သန်းရမည့်ဘဝကပိုကောင်းလာနိုင်တယ်။ ဥပမာတွယ်တာစိတ် attachment ဆိုတဲ့အစားaffection ချစ်ခင်စိတ််နဲ့ ပေးဆပ်ဖို့ကြည့်တာမျိုး။ ဒါမှ မဟုတ် တခြားသူအပေါ်ထားတဲ့expectation တွေလျော့ပြီးကိုယ့်ကိုကိုယ်ပဲ မျှော်လင့်ချက်ထားထားမျိုး။ ကျွန်တော်တို့ရဲ့ တစ်ကိုယ်ရေ ဥပဒေသတွေဟာဘဝဖြတ်သန်းရေးကို လွယ်ကူစေတယ်။ လူတိုင်းတစ်နေ့သေရမှာဖြစ်တဲ့အတွက်တွယ်တာမှုတွေထားပြီး ကိုယ့်လိုအပ်ချက်ကိုသူ့ကို ဖြည့်ဆည်းခိုင်းမည့်အစားကိုယ်ချစ်တဲ့သူတွေကိုအရှိကိုအရှိအတိုင်း လက်ခံတာက ပိုကောင်းတဲ့နည်းလမ်းတစ်ခုပဲလို့ ခံယူထားလိုက်တယ်။ Phyo Paing @ Derek

ကျွန်တော်တို့ရဲ့ တစ်ကိုယ်ရေ ဥပဒေသတွေဟာ
ဘဝဖြတ်သန်းရေးကို လွယ်ကူစေတယ်။
Read More »

Burning desire

ပြင်းပြတဲ့စိတ်ဆန္ဒဆိုတာသူ့အလိုလိုဖြစ်မလာဘူး။နေ့တိုင်းမီးမွေးနေရတယ်။ဒါမှ ကိုယ့်ရဲ့ဆာလောင်မှုကပျောက်မသွားမှာ။နေ့စဉ် daily rituals တွေကလောင်စာတွေပဲ။ဆုတောင်းတိုင်းဖြစ်လာမယ်ဆိုရင်အိမ်မက်တွေ စျေးပေါနေမှာပေါ့။ Phyo Paing @ Derek

Burning desire Read More »

စိတ်ဓာတ်မကျပါနဲ့။

ကိုယ်ထက်ချမ်းသာတဲ့သူ၊ကိုယ့်ထက် intel ပိုမြင့်တဲ့သူ၊ကိုယ့်ထက်ပို လူချစ်လူခင်ပေါများတဲ့သူ၊အမြဲရှိနေမှာပါပဲ။တစ်တောင်ထက် တစ်တောင်ပိုမြင့်တယ်။ ဘဝဆိုတာ game တစ်ခုဆိုရင်ခန္ဓာကိုယ်နဲ့ ဘဝပေးအခြေအနေတစ်ခုရှိမယ်။ဒီပေးထားချက်ပေါ်မူတည်ပြီး အကောင်းဆုံးလုပ်ရမှာကိုယ့်တာဝန်ပဲလေ။ ကျွန်တော် ကတော့ သူများတွေနဲ့ မနှိုင်းယှဥ်ဘူး။ကိုယ့်ဘဝမှာ ဘယ်လောက်ဝေးဝေးပြေးနိုင်မလဲဘယ်လောက်မြင့်မြင့် ပျံသန်းနိုင်မလဲ​ဒါကို အဓိက စဉ်းစားတယ်။ ဘယ်တော့မှ နောင်တ အကြီးအကျယ်ရပြီးစိတ်ညစ်မနေဘူး။သင်ခန်းစာယူပြီး လုပ်စရာရှိတာ ဆက်လုပ်တယ်။ကိုယ့်ကိုကိုယ် ဘယ်တော့မှ အပစ်မတင်ဘူး။သူ့အရွယ်နဲ့ သူ့ဥာဏ် သူ့ အခြေအနေမှာအကောင်းဆုံးထင်တဲ့အရာလုပ်ခဲ့တာပဲလေ။ကျွန်တော့်ကတော့ ကိုယ့်ကိုကိုယ် ဖြစ်တည်မှုအတွက်ဘယ်လိုပဲ ဖြစ်နေဖြစ်နေ ဂုဏ်ယူတယ်။​ ပေးခဲ့တဲ့ သင်ခန်းစာတိုင်းကိုအကောင်းဆုံးကျော်ဖြတ်ခဲ့တယ်။မနူးမနပ်ကလေးဘဝမှာတပါးသူအပေါ် မျှော်လင့်ချက်တွေအပြည့်ထားပြီးမနက်ဖြန်ဆိုတာ ရှေ့မဆက်ချင်လောက်အောင်ဖြစ်ဖူးတယ်။ဒါပေမယ့် သင်ခန်းစာယူပြီး ရှေ့ဆက်ခဲ့ဖူးတယ်။​ ကျွန်တော့်ဘဝခံယူချက်ကတော့ lean startup ပဲBuild ရယ်၊ Measure ရယ်၊ Learn ရယ်ပဲ။စိတ်ဓာတ်မကျပါနဲ့။ Phyo Paing @ Derek

စိတ်ဓာတ်မကျပါနဲ့။ Read More »

Positive Feeling ၅ခု

နေ့စဥ်ဘဝမှာ အကျိုးရှိစွာ ဖြတ်သန်းနိုင်ဖို့Positive feeling 5ခုလိုပါတယ်။၁. Passion အလုပ်ကိုချစ်မြတ်နိုးမှု၂. Confidence မိမိကိုယ်ကို ယုံကြည်မှု၃. Motivation စိတ်အားထက်သန်မှု၄. Gratefulness ကျေးဇူးတင်တတ်ခြင်း၅. Curiosity စူးစမ်းလိုစိတ် Phyo Paing @ Derek

Positive Feeling ၅ခု Read More »

စိတ်ညစ်နေမည့်အစား

လူတိုင်းအားနည်းချက်ရှိတယ်။ ဒါကို စိတ်ညစ်နေမည့်အစား ကိုယ့်ရဲ့ အားသာချက်ကိုရှာ ပိုကောင်းအောင်လုပ်။ လူကောင်းသေးပေမယ့် ဘောလုံးမှာ ကြိုးစားမှုကြောင့် Messi ဖြစ်လာတယ်။ လူမည်းပေမယ့် သီချင်းအဆိုတော်တဲ့အခါ မိုက်ကယ်ဂျယ်ဆင်ဖြစ်လာတယ်။ Phyo Paing @ Derek

စိတ်ညစ်နေမည့်အစား Read More »

Feeling

😊အလုပ်လုပ်တဲ့အခါ လိုအပ်ဆုံးအရာ…Feeling😊Feeling Good မှ Thinking Good😊Thinking Good မှ Doing Good😊Doing Good မှ Performance ကောင်းပြီ ရလဒ်တွေကောင်းလာမယ်။ 😊ဒါနဲ့ ကိုယ်အခု လုပ်နေတဲ့အလုပ်မှာ Feeling ဘယ်လောက် Good သလည်း? 1 to 10? Phyo Paing @ Derek

Feeling Read More »