Future

အရှုံးကို ကန့်သတ်၊သင်ခန်းစာယူဖို့ လုပ်လို့ရတယ်

လူတိုင်းမှာ ကံညံ့တဲ့အချိန်ဆိုတာရှိတတ်တယ်။ဘာလုပ်လုပ် အဆင်မပြေ။တိုင်တစ်ခုပြီး တစ်ခုပတ်။ဒါက ဘဝမှာ မှတ်တိုင်စိုက်တဲ့အချိန်ဖြစ်တတ်တယ်။ဘာမှ မလုပ်ပဲ ရပ်နေလို့ရတယ်။ဒါကလဲ မမှားဘူး။အရှုံးကို ကန့်သတ်၊သင်ခန်းစာယူဖို့ လုပ်လို့ရတယ်။ဒီက အတွေ့အကြုံကကံပြန်ကောင်းရင် ကြီးကြီးကောင်းနိုင်တယ်။ကမ္ဘာ၊ မြန်မာမှာကြည့်ရင် သာဓကတွေအများကြီးပဲ။ Phyo Paing @ Derek

အရှုံးကို ကန့်သတ်၊သင်ခန်းစာယူဖို့ လုပ်လို့ရတယ် Read More »

နေသလို ဖြစ်တဲ့ဘဝမှာဖြစ်သလိုနေတာ အချိန်တစ်ခုထိပဲကောင်းတယ်

အာဖရိက ချမ်းသာတဲ့လယ်သမား အလီလိုပဲ။အာဖရိက စိန်တွင်းတွေအကြောင်းကြားပြီးရင်ခုန်လွန်းလို့ မအိပ်နိုင် မစားနိုင်အိမ်ကို ရောင်းပြီး စိန်သွားတူးတယ်။ သူ့အိမ်ဝယ်လိုက်တဲ့သူကတနေ့ မထင်မှတ်ပဲလက်လက်လက်လက်တွေတွေ့တော့မြေတူးကြည့်တယ်။အိမ်အောက်မှာစိန်တွင်းကြီးတွေ့တယ်။ ဘဝမှာလဲ အလားတူပဲတခြားသူတွေရဲ့ ပုံပြင်တွေကြားမှာမျောနေပြီးကိုယ့်ရဲ့ အစွမ်းအစတွေကိုတူးဖော်ထုတ်ယူဖို့ မေ့နေတတ်တယ်။ နေသလို ဖြစ်တဲ့ဘဝမှာဖြစ်သလိုနေတာ အချိန်တစ်ခုထိပဲကောင်းတယ်။ Phyo Paing @ Derek

နေသလို ဖြစ်တဲ့ဘဝမှာဖြစ်သလိုနေတာ အချိန်တစ်ခုထိပဲကောင်းတယ် Read More »

ကားအကြောင်းနားမလည်သူကကားမှန်သမျှ အကုန်ကားပဲ

ကားအကြောင်းနားမလည်သူကကားမှန်သမျှ အကုန်ကားပဲ။စာအုပ်စာပေအကြောင်းနားမလည်သူကစာအုပ်မြင်ရင် စာအုပ်ပဲသိတယ်။လူအကြောင်းနားမလည်သူကလဲလူမြင်ရင် ယောကျာ်း၊ မိန်းမ၊ လူမျိုးဒီလောက်ပဲ သိမယ်။ အပေါ်ယံအသိတွေပဲရှိတဲ့အခါအပေါ်ယံအမြင်တွေပဲရှိမယ်။​ အသိ၊ အမြင်ဆိုတဲ့အတိုင်းမသိရင် မမြင်ဘူး။​ အခွင့်အလမ်းမမြင်ဘူး။အန္တရာယ်မမြင်ဘူး။ဝေးဝေးကို မမြင်ဘူး။ မှန်ကန်တဲ့အမြင်မရှိရင်မှန်ကန်တဲ့ အတွေးရှိဖို့မလွယ်ဘူး။​မှန်ကန်တဲ့အတွေး မရှိရင်မှန်ကန်တဲ့ အလုပ်လုပ်ဖို့ မလွယ်ဘူး။​ ကံဆိုတာ အလုပ်အလုပ်ဆိုတာ ကံဖြစ်တဲ့အတွက်အသိခေါက်ခက် အဝင်နက်လို့ရှေးမြန်မာလူကြီးတွေက ဆိုကြတယ်။ အသိကြွယ်ဖို့ သတိနဲ့သင်ယူတိုးတက်နေဖို့လိုနိုင်တယ်။ Phyo Paing @ Derek

ကားအကြောင်းနားမလည်သူကကားမှန်သမျှ အကုန်ကားပဲ Read More »

စားလို့မကုန် မှားလို့ကုန်တယ်

စားလို့မကုန် မှားလို့ကုန်တယ်။ကိုယ်မကျွမ်းကျင်တဲ့ဂိမ်း (နယ်ပယ်) မှာမရှိတဲ့ ပိုက်ဆံ (ချေးငှား) ထည့်ခြင်းကမွဲဆေးဖော်တာပဲ။ Phyo Paing @ Derek

စားလို့မကုန် မှားလို့ကုန်တယ် Read More »

သင်ခန်းစာရနိုင်သမျှယူ။

ဒီနေ့မှာ လုပ်နေတဲ့အလုပ်တိုင်းကအနာဂတ်မှာလုပ်မည့်အလုပ်အတွက်လှေကားထစ်ပဲ။သင်ခန်းစာရနိုင်သမျှယူ။အနာဂတ်အတွက် နေ့တိုင်းပြင်။ Phyo Paing @ Derek

သင်ခန်းစာရနိုင်သမျှယူ။ Read More »

စာတွေ့ + ငါတွေ့ = တကယ်တွေ့

သစ္စာလေးပါးသိတယ်။မဂ္ဂင်ရှစ်ပါးသိတယ်။ မကျင့်သုံးရင် စာတွေ့။ စာတွေ့ပြီး ငါတွေ့မှတကယ့်တွေ့မှာ။ book smart က စာတွေ့၊ ခက်ခက်ခဲခဲ အကြပ်အတည်းကနည်းလမ်းရှာရှင်သန်နိုင်တာ street smart ငါတွေ့။ စာပဲ တွေ့ပြီး ငါမတွေ့ရင်ပညာရင်ဖြစ်မယ်။ ငါပဲ တွေ့ပြီး စာမတွေ့ရင်စျေးသည်အကြီးစားပဲဖြစ်မယ်။ စာတွေ့နဲ့ ငါတွေ့ဖြစ်မှပိုကြီးတဲ့ အနာဂတ်တည်ဆောက်ရေးမှာကူညီပေးနိုင်မယ်။ Phyo Paing @ Derek

စာတွေ့ + ငါတွေ့ = တကယ်တွေ့ Read More »

ကိုယ့်ကို ပိုက်ဆံပေးတဲ့လူတွေကိုလေးစားတန်ဖိုးထားဖို့လိုတယ်

အချစ်က ဘဝမဟုတ်ဘူး။အလုပ်က ဘဝ။ အချစ်ကို မကိုးကွယ်ဘူး။​အလုပ်ကို ကိုးကွယ်တယ်။ ကိုယ်နဲ့ တစ်သက်လုံးအတူရှိနေတဲ့အရာက“အဓိပ္ပာယ်ရှိတဲ့ အလုပ်”။ဒါကြောင့်Work is life ပဲ။ တချို့တွေက အလုပ်လုပ်ရင်ပင်ပန်းနွယ်နယ်တယ်။တချို့က အလုပ်မလုပ်ရင်ပင်ပန်းနွယ်နယ် ဟာတာတာဖြစ်တယ်။ ဘဝမှာ တိုးတက်ချင်ရင်အလုပ်ကို ကိုးကွယ်ဖို့လိုတယ်။ လူတိုင်းအတွက်တော့ မှန်မှာမဟုတ်ဘူး။ တချို့လူတွေအတွက်ကတော့အလုပ်ဆိုတာ လွတ်မြောက်မှုပဲ။ ဒီနေ့စီးနေတဲ့ ကား၊နေနေတဲ့ အိမ်၊ဘဝနေထိုင်မှုအတွက် ဝင်ငွေ၊လူတွေထားတဲ့ လေးစားမှုဒါတွေအကုန်လုံးက အလုပ်ကြောင့်ဖြစ်လာတာ။ ဒါကြောင့် ကိုယ်လုပ်နေတဲ့အလုပ်ကိုအသက်လို တန်ဖိုးထားဖို့လိုတယ်။ကိုယ့်ကို ပိုက်ဆံပေးတဲ့လူတွေကိုလေးစားတန်ဖိုးထားဖို့လိုတယ်။ Phyo Paing @ Derek

ကိုယ့်ကို ပိုက်ဆံပေးတဲ့လူတွေကိုလေးစားတန်ဖိုးထားဖို့လိုတယ် Read More »

အပြစ်မတင်နဲ့ အဖြေရှာ

Master Your Flow အပြစ်မတင်နဲ့ အဖြေရှာ။ပေးထားချက်နဲ့ အရေးထားချက်ကို တွဲ။ သင်၊ မြင်၊ ပြင်။အတွေး၊ အကြံ၊ အလုပ်။ Noise များရင် Voice မကြားပဲ Choice မှားမယ်။အရေးမပါတာတွေကို အရာမပေးနဲ့။နေသလိုဖြစ်တဲ့ဘဝမှာ ဖြစ်သလိုမနေနဲ့။ မပြိုင်ပဲ နိုင်အောင်လုပ်။အဟဇာတက ဘဝရဲ့ အလှပဲ။တစ်သားတည်းဖြစ်နေဖို့ လိုတယ်။ တံတားလေး တစ်စင်းပဲလိုတယ်။ (သတင်းအချက်အလက်)စာဖတ်တိုင်း ဓားသွေးတာပဲ။ပြဿနာတွေကို ခုတ်ထစ်မှအောင်မြင်တယ်။နားထောင်မှ နားလည်မယ်။ နားလည်မှ နားချ (nurture) လို့ရမယ်။ အတွေးအခေါ် ဘေးချော်ရင် အရေးပေါ်ပြင်ဖို့လိုတယ်။အမြင်မမှန်ရင် အမှန်မမြင်ဘူး။See မှ ပွားမယ်။ စီးပွား။ တစ်ရက်တာအတွက် မနက်အခါက အရေးကြီးတယ်။အမြင့်မတူရင် အမြင်မတူပြန်ဘူး။လာရာမတူလဲ လားရာတူရင် တူတူသွားလို့ရတယ်။ မရှာနဲ့ လာအောင်လုပ်။ Phyo Paing @ Derek

အပြစ်မတင်နဲ့ အဖြေရှာ Read More »

လူတိုင်းက ကျွမ်းကျင်ရာ လိမ္မာရာ

လူတိုင်းက ကျွမ်းကျင်ရာ လိမ္မာရာအသက်မွေးကြတယ်။အလုပ်အပေါ်ထားတဲ့ ခံယူချက်တွေကခံစားချက်တွေကို လွမ်းမိုးတယ်။အကောင်းဆုံး ဖောက်သည်တွေရချင်ရင်အကောင်းဆုံးဖြစ်အောင် လုပ်နေဖို့လိုတယ်။ဓာတ်တူရာစုဖြစ်တဲ့အတွက်တူရာ တူရာပဲစုတယ်။ Phyo Paing @ Derek

လူတိုင်းက ကျွမ်းကျင်ရာ လိမ္မာရာ Read More »

အနာဂတ် plan ချတဲ့ ၁၀ ဆင့်

ပေးထားချက်နဲ့ အတိတ်ကို ပြန်လည်ဆန်းစစ်မှု ၁။ လက်ရှိအခြေအနေရဲ့ပေးထားချက်တွေချရေး၂။ ကိုယ့်မှာရှိတဲ့ အရင်းအမြစ်တွေ၊လုပ်ခဲ့တဲ့ အတွေ့အကြုံတွေ၊ လုပ်နိုင်စွမ်းတွေ ချရေးကြည့်၃။ အတိတ်က အောင်မြင်တယ်လို့ ယူဆတဲ့မိုင်တိုင် milestone တွေ ချရေးကြည့်၄။ ကိုယ့်ကိုအောင်မြင်အောင်လုပ်ပေးခဲ့တဲ့အောင်မြင်ရေးဖော်မြူလာ winning formula တွေချရေးကြည့်၅။ ဒီပေါ်မူတည်ပြီး ရွေးချယ်လို့ရတဲ့ လမ်းကြောင်းတွေ အကုန်စဥ်းစားပြီးချရေးကြည့်။ သွားမည့်အနာဂတ်နဲ့ အတိတ်ကို ချိပ်ဆက််မှု ၆။ ကိုယ်သွားချင်တဲ့ ရည်မှန်းချက်ပန်းတိုင်ချရေးကြည့်။ဒါကို အဆင့်သုံးဆင့်ခွဲလိုက်။ ရေတို၊ ရေလတ်၊ ရေရှည် အနာဂတ်ရည်မှန်းချက်တွေချရေးကြည့်။၇။ ရောက်နေတဲ့နေရာက အနာဂတ်ပန်းတိုင်တွေရောက်အောင်လာလို့ရတဲ့ လမ်းကြောင်းတွေအကုန်စဥ်းစားကြည့်။ ၈။ ကိုယ့်ရဲ့ အောင်မြင်ရေး ဖော်မြူလာ winning formulaနောက် ပေးထားချက်၊ အခြေအနေတွေနဲ့ရည်မှန်းချက် ရောက်အောင်သွားလို့ရတဲ့အလွယ်ဆုံး၊ အမြန်ဆုံး၊ အထိရောက်ဆုံး လမ်းကြောင်း တွေကိုချရေး။၉။ တစ်ခုချင်းစီကို try ကြည့်။ အလုပ်ဖြစ်ရင်

အနာဂတ် plan ချတဲ့ ၁၀ ဆင့် Read More »