ဘဝအဆင့်လေးမျိုး။
ဘဝအဆင့်လေးမျိုး။ ၁။ ရုန်းကန်၂။ လမ်းလွဲ၃။ လမ်းငြိ၄။ အထာကျကျ ရုန်းကန်ရတဲ့အဆင့်မှာရေမနစ်အောင်ရေကူးနေရတဲ့အဆင့်။ သွားတော့သွားနေတယ်။လွဲနေမှန်းတော့သိတယ်။လွဲလွဲနဲ့ သွားနေတဲ့အဆင့်။ လွဲနေမှန်းသိပြီ။တဖြည်းဖြည်း ပြန်ငြိတဲ့အဆင့်။ ဘဝမှာ ဖြစ်ချင်တာနဲ့ဖြစ်နေတာနဲ့ သဟဇာတဖြစ်ပြီးဆက်ဖြစ်မည့်အရာအတွက်ရင်ခုန်နေတဲ့အဆင့်။ လူတိုင်းရောက်နေတဲ့အဆင့်မတူကြဘူး။ အပေါ်ရောက်ပြီးလဲအောက်ပြန်ကျနိုင်တယ်။ အဆင့်တွေ လည်နေတယ်။မတူညီတဲ့အဆင့်မှာအမြင့်မတူရင် အမြင်တွေ မတူကြဘူး။ အဆင့်တက်ချင်ရင်အမြင်ပြောင်းဖို့လိုနိုင်တယ်။ Phyo Paing @ Derek
