နေ့တိုင်း ကိုယ့်ကိုကိုယ် train နေဖို့လိုတယ်
နေ့တိုင်း content marketingလုပ်နေတာမဟုတ်ဘူး။နေ့တိုင်းကိုယ့်ကိုကိုယ် train နေတာ။ ကိုယ်တွေးတဲ့အတွေးတွေကိုချရေးတဲ့အခါ ဘယ်အပိုင်းကယုတ္တိအရ logic လွဲနေလဲပြန်ဆန်းစစ်လို့ရသလိုဘယ်အပိုင်းကို ပိုကောင်းတာလုပ်လို့ရမလဲ။တခြားသူတွေက ကိုယ့်ကိုဘာအမှားတွေပြင်ပေးမလဲ။ဒီရည်ရွယ်ချက်နဲ့ပဲ နေ့တိုင်းရေးနေတာ။ အတွေးကောင်းမှ အရေးကောင်းမယ်။The quality of your client isthe quality of your contents.The quality of your contents isthe quality of your thinking လို့ယုံကြည်ထားတယ်။ ရောမအင်ဘာယာဖြစ်တဲ့Marcus Aurelius တောင်သူ့အတွေး၊ သူ့သင်ခန်းစာတွေကိုနေ့တိုင်းချရေးပြီးခုလို နှစ်ပေါင်း ၂၀၀၀ ကျော်ထိနောင်လာနောက်သားတွေကိုအများကြီး အကျိုးပြုတဲ့Meditations ဆိုတဲ့ စာအုပ်ဖြစ်လာတယ်။ နေ့တိုင်း ကိုယ့်ကိုကိုယ် train နေဖို့လိုတယ်။ဒါမှ တိုးတက်မှာ။တိုးတက်မှုက ပျော်ရွင်မှုပဲ။ Phyo Paing @ Derek
