Burning desire
လိုချင်တာရဖို့ ပြင်းပြတဲ့ စိတ်ဆန္ဒလိုတယ်။Burning desire 🔥 လို့လဲခေါ်ကြတယ်။ကောက်ရိုးမီးနဲ့တော့ မရဘူး။ Phyo Paing @ Derek
လိုချင်တာရဖို့ ပြင်းပြတဲ့ စိတ်ဆန္ဒလိုတယ်။Burning desire 🔥 လို့လဲခေါ်ကြတယ်။ကောက်ရိုးမီးနဲ့တော့ မရဘူး။ Phyo Paing @ Derek
လူတွေက အောင်မြင်တဲ့သူတွေအဖွဲ့အစည်း၊ အသင်း၊ အမှတ်တံဆိပ်ကိုပဲ ပိုအားပေးချင်ကြတယ်။ဒါကြောင့် အောင်မြင်တဲ့သူတွေကအောင်မြင်ဖို့ ပိုလွယ်တယ်။ပထမဆုံးအောင်မြင်မှုကအရေးအကြီးဆုံးပဲ။ Phyo Paing @ Derek
ပထမဆုံးအောင်မြင်မှုက အရေးအကြီးဆုံးပဲ။ Read More »
ဘ၀ စာမေးပွဲတိုင်းကို အကောင်းဆုံးဖြေခဲ့တယ်။ ဒီအတွက်လဲ metrics တွေ ယှဉ်တဲ့အခါတိုင်း ဂုဏ်ယူနေရတယ်။ 2030, 2040, 2050 နဲ့ အထက်Milestone တွေထားထားတယ်။ အဲ့အချိန် ဘယ်သူဘာဖြစ်နေမလဲ စိတ်ဝင်စားဖို့ကောင်းတယ်။Phyo Paing @ Derek
စမှတ်တွေ တစ်ယောက်နဲ့တစ်ယောက်မတူကြပေမဲ့ ဘယ်မှာဆုံးမလဲ အရေးကြီးတာပဲ။ Read More »
ဒါလေးလုပ်ကြည့်ကြည့် Google မှာMarketing MyanmarMarketing In MyanmarDigital Marketing In MyanmarMarketing Myanmar Tik TokMarketing Trainer in MyanmarMarketing Plan in Myanmarဒါတွေရိုက်ရှာတဲ့အခါဘယ်သူ့ video ကိုတွေ့လဲ ပြောကြည့်ကြည့်။ ဒီလို ဖြစ်ဖို့ ကြိုတင်ပြင်ဆင်မှုလိုတယ်။မဟာဗျူဟာလိုတယ်။အဲ့လို လုပ်ဖို့ စိတ်ရှည်ဖို့လိုတယ်။ ဘဝဆိုတာတစ်နှစ်၊ နှစ်နှစ် ကစားရတဲ့ပြိုင်ပွဲဆယ်နှစ်၊ နှစ်နှစ်ဆယ်၊ သုံးလေးငါးဆယ်ကစားတဲ့ပွဲပဲ။ အောင်မြင်မှုဆိုတာ အိမ်ငှါးသလိုပဲ။အိမ်ငှါးခမပေးနိုင်ရင်ကန်ချခံရမယ်။ ကိုယ့်ကိုကိုယ် ပြန်ပြောမိတယ်ရေတိုမကြည့်နဲ့။စိတ်ရှည်ရှည် သွေးအေးအေးနဲ့တစ်လှမ်းချင်းသွား။ Phyo Paing @ Derek
အနာဂတ်တွေ ရင်ခုန်စရာကောင်းမှရှင်သန်ရတာ လတ်ဆတ်မှာ။ ဒီလို လတ်ဆတ်ဖို့ သာမာန်လူတွေမလုပ်တဲ့ အရာတွေ လုပ်ဖို့လိုတယ်။သာမာန်လူအများစုဟာပစ္စုပ္ပန် ပြဿနာတွေနဲ့ တိုင်ပတ်နေကြတယ်။သူတို့ဘဝ လတ်ဆတ်မှုမရှိကြဘူး။ ဘယ်လို အခြေအနေမျိုးမှာဖြစ်ဖြစ်ကိုယ့်ရဲ့ စိတ်ကို ခရီးကြမ်းမှာ အာရုံမစိုက်ပဲပန်းတိုင်ကို အာရုံစိုက်ဖို့လိုတယ်။ ပန်းတိုင်ကို သွားတဲ့လမ်းခရီးကမှတ်တိုင်ရောက်တိုင်း ဂုဏ်ယူနိုင်ဖို့လိုတယ်။ဒီအတွက် ကိုယ့်ဘဝရဲ့ dream list လိုတယ်။ ကျွန်တော့်ရဲ့ dream list ကိုဘယ် မအလ မှ လာလွမ်းမိုးလို့မရဘူး။ Phyo Paing @ Derek
ကိုယ့် Dream List ကို အာရုံစိုက်ပါ။ Read More »
အစားအသောက်နဲ့ လေ့ကျင့်ခန်းပေါ်မူတည်ပြီးခန္ဓာကိုယ်ပုံစံကွာသွားသလို၊ ခေါင်းထဲထည့်တဲ့ အတွေးအခေါ်နဲ့လုပ်ရပ်ပေါ်မူတည်ပြီးဘဝတွေကွာသွားတယ်။ Phyo Paing @ Derek
လုပ်ရပ်ပြောင်းရင် ရလဒ်ပြောင်းတယ်။ Read More »
ကျောင်းပြီးတဲ့အခါ အလုပ်မရတာဖြစ်နိုင်တယ်။စိတ်ဓာတ်တွေ ခဏခဏ ကျတာဖြစ်နိုင်တယ်။ လုပ်ငန်းလုပ်တဲ့အခါကျဆုံးတဲ့ပြဿနာတွေဖြစ်နိုင်တယ်။လုပ်ငန်းထဲကထွက်မရတဲ့ပြဿနာတွေဖြစ်နိုင်တယ်။ နာမကျန်းဖြစ်နိုင်တယ်။ အိမ်ထောင်ကျတဲ့အခါ အဆင်မပြေတာဖြစ်နိုင်တယ်။ အသက်ကြီးတဲ့အခါ ကိုယ့်ကလေးက ကိုယ်ဖြစ်စေချင်သလိုမဖြစ်တာ ဖြစ်နိုင်တယ်။ အသက်ကြီးတဲ့အခါ အထီးကျန်တာဖြစ်နိုင်တယ်။ သေတဲ့အခါ ညင်ညင်သာသာမသေတာ ဖြစ်နိုင်တယ်။ လောကမှာ ဖြစ်နိုင်တဲ့ မကောင်းတာတွေကိုကြိုတင် list လုပ်ထားတယ်။ ဒါတွေဖြစ်လာတဲ့အခါ ဖြေရှင်းဖို့ အဖြေတွေကြိုရှာထားတယ်။ ဒါကြောင့် တက္ကသိုလ်ပြီးပြီးချင်းအလုပ်လုပ်လို့ရခဲ့သလို အကုန်လုံးအချိပ်အဆက်မိမိနဲ့ခရီးဆက်ခဲ့နိုင်တယ်။ ဘဝမှာ ဖြစ်သလိုနေရင်ဖြစ်သလို ရလဒ်ပဲရလာမယ်။ဒါကြောင့် သေချာ design လုပ်ဖို့လိုတယ်။ ဒီနေ့ နေရာမရွေးပဲ အလုပ်လုပ်လို့ရလာတယ်။location independent ဖြစ်ဖို့ လွန်ခဲ့တဲ့ငါးနှစ်လောက်ကတည်းက ကြိုတင်စီမံခဲ့တယ်။ ဒီနေ့ခေတ် ပို့စရာမလိုတဲ့digital products တွေနဲ့စီးပွားရေးတည်ဆောက်နိုင်တယ်။ ဒါကလဲ လွန်ခဲ့တဲ့နှစ်တွေက ကြိုတင်ပြင်ဆင်ထားလို့။ Client တွေကိုလိုက်မရှာရပဲကိုယ့်ကိုလာရှာကြတယ်။ တချို့တွေက ဒီလျှို့ဝှက်ချက်ကိုလာလာမေးတယ်။ ဒါလဲ လွန်ခဲ့တဲ့ ငါးနှစ်လောက်ကကြိုတင်ပြင်ဆင်ခဲ့လို့။
ဘဝကို သေချာ design မလုပ်ရင်
distraction တွေကြားမှာ
အကြည်ဓာတ်တွေ တည်ဆောက်နိုင်မှာ
မဟုတ်ဘူး။ Read More »
အနာဂတ်ကို မြင်တဲ့ အမြင်က အတိတ်ကိုမှတ်မိတဲ့ မှတ်ဉာဏ်ထက် ရှင်းလင်း ပြတ်သားနေတဲ့အခါ ဘ၀က ပို ရင်ခုန်ဖို့ ကောင်းလာတယ်။
ဒီလိုစည်းမျဉ်းတွေ သတ်မှတ်ဖို့က data လိုတယ်။အသက် ကိုးဆယ်ကျော်လောက်နေရမယ်ဆိုအခုက 30% ပြည့်တဲ့အချိန်ပြည့်ပြီဖြစ်တဲ့အတွက်ကိုယ်ဘာကြိုက်လဲ၊ မကြိုက်လဲ ကိုယ်နဲ့ပတ်သက်တဲ့ data တော်တော်လေးExplore လုပ်ပြီးသားဖြစ်တဲ့အခါနောက်တစ်ဆင့် Exploit လုပ်ဖို့ပဲကျန်တော့မယ်။(2019 data အရမြန်မာပြည်ရဲ့ အမျိုးသား life expectancy က67.13 နှစ်ပဲရှိတယ်။) ဒီလို စည်းကမ်းတွေကို algorithm လို့ခေါ်တယ်။ကျွန်တော့်ဘဝမှာ ချမှတ်ထားတဲ့ algorithm တချို့ရှိတယ်။ ရှောင်ရတဲ့ rule တစ်ခုရှိတယ်။ဒါကတော့ “ဘူကောင်တွေရှောင်ပါ။” ဘူကောင်ဆိုတာ unhappy and unluckyဖြစ်တဲ့သူတွေကို ဆိုလိုတာပါ။အမူအကျင့်ကို complain လုပ်တာblame လုပ်တတ်တာနဲ့ တွေ့နိုင်တယ်။ ဒါကို marketing မှာလဲကျင့်သုံးတယ်။Fire your bad customers ပါ။AT&T မှာ bad or vampire customer တွေကိုFire လုပ်လိုက်တဲ့အခါ
စနစ် နဲ့ လူနဲ့ပေါင်း ရည်မှန်းချက်ရောက်အောင်လုပ်တာကိုစီမံခန့်ခွဲမှုလို့ခေါ်တယ်။တခါတလေစနစ်တွေအဆင်ပြေပြီး လူအဆင်မပြေရင်အလုပ်မဖြစ်သလို၊လူအဆင်ပြေပြီး စနစ်မရှိရင်ပရမ်းပတာတွေ ဖြစ်နေနိုင်တယ်။ Phyo Paing @ Derek
Optimize လုပ်ဖို့စနစ်လိုတယ်။ Read More »