Optimize လုပ်ဖို့စနစ်လိုတယ်။
စနစ် နဲ့ လူနဲ့ပေါင်း ရည်မှန်းချက်ရောက်အောင်လုပ်တာကိုစီမံခန့်ခွဲမှုလို့ခေါ်တယ်။တခါတလေစနစ်တွေအဆင်ပြေပြီး လူအဆင်မပြေရင်အလုပ်မဖြစ်သလို၊လူအဆင်ပြေပြီး စနစ်မရှိရင်ပရမ်းပတာတွေ ဖြစ်နေနိုင်တယ်။ Phyo Paing @ Derek
စနစ် နဲ့ လူနဲ့ပေါင်း ရည်မှန်းချက်ရောက်အောင်လုပ်တာကိုစီမံခန့်ခွဲမှုလို့ခေါ်တယ်။တခါတလေစနစ်တွေအဆင်ပြေပြီး လူအဆင်မပြေရင်အလုပ်မဖြစ်သလို၊လူအဆင်ပြေပြီး စနစ်မရှိရင်ပရမ်းပတာတွေ ဖြစ်နေနိုင်တယ်။ Phyo Paing @ Derek
အခု ကောင်းကင်မှာ အခုမြင်နေရတဲ့ ကြယ်အလင်းဟာလွန်ခဲ့တဲ့ လေး၊ ငါးနှစ်ကျော်က အလင်းဖြစ်ကောင်းဖြစ်နိုင်တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့နဲ့ အနီးဆုံး ကြယ်ဖြစ်တဲ့Alpha Centauri ကနေ ကမ္ဘာမြေရောက်ဖို့လေးနှစ်သုံးလကြာတယ်။တခါတလေ ကိုယ့်ရဲ့အနာဂတ်အတွက်အလင်းရောင်ထွန်းလင်းဖို့ အချိန်တစ်ခုပေးရတယ်။စိတ်ရှည်သည်းခံနိုင်ဖို့ အရေးကြီးတယ်။ Phyo Paing @ Derek
ရည်မှန်းချက် ပိုကြီးလာတာနဲ့အမျှT = ကိုယ့်ရဲ့ Thinking အတွေးA = အစွမ်းအစ AbilityS = ကျွမ်းကျင်မှု SkillK = အသိပညာ Knowledge ကို ပိုကြီးအောင်လုပ်ရမှာပဲ။ ၁၀၀ တန်တဲ့ အတွေး၊၁၀၀ တန်တဲ့ စွမ်းရည်၊၁၀၀ တန်တဲ့ ကျွမ်းကျင်မှု၊ ၁၀၀ တန်တဲ့ အသိက ၁၀၀ တန်တဲ့ ရလဒ်ကိုပဲ ရစေမှာ။ Phyo Paing @ Derek
လီကွမ်းယူပြောဖူးတဲ့ စကားတစ်ခွန်းရှိတယ်။ငါဖျားပြီးကုတင်ပေါ်ကမထနိုင်ပါစေ၊ငါ့ကိုမြေမြုပ်ပြီးနေပါစေ၊တစ်ခုခုမှားနေတယ်လို့ခံစားရရင်ပြန်ထလာပြီး ဖြစ်အောင်လုပ်မယ်တဲ့။ သူ့စကားတွေ နားထောင်ရင် လူတောင် တခါတခါ ကြက်သီးတော်တော်ထတယ်။သူလွန်ခဲ့တဲ့ အနှစ်သုံးလေးဆယ်မှာပြောခဲ့တဲ့ စကားတွေက ဒီနေ့ထိမှန်နေတုန်။ The hard truth keeping Singapore going မှာဆိုလဲTaiwanese brand ဖြစ်တဲ့ HTC ဘယ်လောက်ပြိုင်နှိုင်မလဲဆိုတာပါ ပြောပြီး MNC တွေလုပ်တာထက် နိုင်ငံရဲ့ strategy ဘယ်အပိုင်းကို အဓိကထားသင့်တယ်ပြောသွားတာတော်တော်လေး လက်တွေ့ကျတယ်။ ငယ်ငယ်က တရုတ်စာကောင်းကောင်းမသင်ခဲ့ရတာကိုစိတ်ဓာတ်မကျဘူးပဲ အသက်ကြီးတော့ တရုတ်စာပြန်သင်တယ်၊ တရုတ် channel တွေမှာ တရုတ်လိုပဲ interview လုပ်တယ်။ သူ့ရဲ့ အောင်မြင်ရေး formula ကအလုပ်ဖြစ်တာနဲ့ မဖြစ်တာကို သိအောင်လုပ်၊ ပြီးရင် အလုပ်ဖြစ်တာကိုရွေးတဲ့။ လုပ်မယ်လို့ဆုံးဖြတ်ပြီးရင် သူ့လို စိတ်မာဖို့လိုတယ်။ ခံယူချက် ပြတ်သားဖို့လိုတယ်။ growth mindset
အဆုံးထိ ဖတ်ကြည့်ကြည့်ပါ။ Covid-19 ကာကွယ်ဆေးကလဲမထိုးရသေးဘူး။တရုတ်ဆေးတွေကလဲ စိတ်ချရမလားမသိဘူး။Cold Chain ကလဲ မကောင်းဘူး။ နိုင်ငံရေးပြဿနာတွေကြောင့် အလုပ်ကလုပ်လို့မရဘူး။ကြော်ငြာရင်ကလဲ အဆဲခံရမလားမသိဘူး။ အနာဂတ်အတွက် ရင်လေးလိုက်တာ။ ကံကလဲ ဆိုးလိုက်တာ။ လောကငရဲပဲ။ ဒါတွေအကုန်လုံး ဒီ မအလ ကြောင့်။ Internet လိုင်တွေက ဘယ်အချိိန်ပိတ်မလဲ စိုးရိမ်နေရတယ်။ငွေစျေးတွေကလဲ တက်လိုက်တာ။ ဒီလိုဆို စီးပွားရေး မလုပ်နဲ့တော့။ ခေတ်ကာလကလဲ ကြာလေမကောင်းလေ။ နိုင်ငံတကာ ကုမ္ပဏီတွေကလဲထွက်ကုန်ပြီ။အလုပ်အကိုင်အခွင့်အလမ်းတွေကလဲ ရှားလိုက်တာ။ နိုင်ငံခြားထွက် အလုပ်လုပ်ရအောင်လဲ သူ့နိုင်ငံမှာတင် အလုပ်တွေက ရှားနေတာ။ လုပ်ငန်းတွေကလဲ တစ်ခုပြီးတစ်ခုပြုတ်ပြုတ်ဖြုန်းနေတာ။ လူတွေက ငွေသိပ်မသုံးနိုင်တော့ဘူး။ အားလုံးက စိတ်ညစ်စရာကြီး။ ဘဝကြီးက သွားပြီ။ အဲ့လို စဥ်းစားမှု looping ပတ်နေရင် တိုင်ပတ်မှုအပေါင်း သရဖူးဆောင်းပြီးဝင်္ကဘာထဲက ထွက်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့်
C Ronaldo နဲ့ သာမာန်ကစားသမားဘယ်နှစ်ယောက်နဲ့ ညီသလဲယှဥ်လို့မရသလိုကိုယ့်ရဲ့ team ထဲက star employee တွေဟာလဲတခြားသူ ဆယ်ယောက်နဲ့ညီရင်ညီမယ်။ ဒီထက်လဲသာသွားနိုင်တယ်။ Star employee ရှာပြီးရင် သူ့ရဲ့ upside potential တိုးဖို့ partnership လမ်းကြောင်းကိုဖွင့်ပေးရမှာပဲ။ Google ရဲ့ CEO Sundar Pichai တို့၊ Facebook ရဲ့ COO Sheryl Sandberg တို့ဆို Mckinsey ထွက်တွေပဲ။ ဒီက လုပ်ငန်းရှင်တချို့လို ထွက်သွားလို့ ရန်သူဆိုပြီးမလုပ်ဘူး။ ထွက်သွားတဲ့ဝန်ထမ်းဟောင်းတွေအတွက် McKinsey Alumni ဆိုတာလုပ်လိုက်တယ်။ အဲ့ထဲကထွက်လာတဲ့ ခေါင်းဆောင်တွေကAlumni ထဲကဆိုတော့ အောင်မြင်လေလေMcKinsey Consulting firm ကလဲနာမည်တက်လေလေပဲ။ ငါးဆင့်လောက် ကြိုစဥ်းစားထားဖို့လိုတယ်။ရေရှည်အတွက် စဥ်းစားထားဖို့လိုတယ်။ Phyo Paing
ကိုယ်က ရန်ကုန်-မန်းလေးလမ်းမောင်းလာရင်းကိုယ်က မန္တလေးသွားမယ်။ကိုယ့်လာပြိုင်တဲ့သူကတောင်ကြီးသွားရင်သွားမယ်။ လမ်းမှာကားပြိုင်မောင်းရင်းပြိုင်ဖက်လမ်းကြောင်းအတိုင်းလိုက်ပြီးကိုယ့်ပန်းတိုင်မပျောက်သွားဖို့လိုတယ်။ ကိုယ့်ခရီးကိုယ်နင်တယ်။ပြိုင်ဖို့လဲစိတ်မဝင်စားသလိုကိုယ့်ပြိုင်ဖက်လို့လဲမသတ်မှတ်ထားဘူး။ဘာလို့လဲ? ကိုယ့်လမ်းကြောင်းကိုယ်ရှင်းလို့။ Phyo Paing @ Derek
ဆန္ဒပြတဲ့ ရည်ရွယ်ချက်က လုပ်ရပ်တစ်ခု၊ အိုင်ဒီယာတစ်ခုကိုသဘောမတူ ဆန့်ကျင်ကြောင်းဆန္ဒထုတ်ဖော်တာဖြစ်ပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တဲ့ပြည်သူပြည်သားတွေကို ရက်စက်စွာပစ်ခတ် နှိမ်နင်းတာကိုပြည်သူတစ်ယောက်အနေနဲ့ ရှုံ့ချပါတယ်။ မတရားမှုကို မတရားကြောင်းရပ်တည်ရဲတဲ့ တစ်ဦးတစ်ယောက်ချင်းစီကိုလေးစားပါတယ်။နောင်လာမည့် မျိုးဆက်သစ်တွေကိုမဟုတ်တာကို ရေငုံပိတ်ပြီးခေါင်းငြိမ့်တဲ့ မျိုးဆက်မျိုးမဖြစ်စေရဘူး။ #MilkTeaAlliance #JusticeOfMyanmar
လူတွေအထင်ကြီးဖို့ အလုပ်မလုပ်ပါနဲ့။ သင့်ကိုအထင်မကြီးတဲ့သူတွေက ဘာလုပ်လုပ်အထင်ကြီးမှာမဟုတ်ဘူး။ ကိုယ့်အိမ်မက်တွေအတွက် အလုပ်လုပ်ပါ။ Phyo Paing @ Derek
၁။ Smallest viable market လူပေါင်း ၁၀၀၀ ရဲ့ ပြဿနာကို အကောင်းဆုံးဖြေရှင်းပေးနိုင်ရမယ်။ ၂။ စျေးကို ကိုယ်တိုင် control လုပ် သတ်မှတ်နိုင်ရမယ်။ ၃။ စတင်တဲ့အချိန်မှာ ပင်ပန်းခံပြီး လုပ်ငန်းစတင်ပြီး သတ်မှတ်ချိန်တစ်ခုရောက်ရင် ကိုယ်လုံးဝပါစရာမလိုတာမျိုးဖြစ်ရမယ်။ ၄။ ဒီနေ့လုပ်လိုက်တဲ့အလုပ်ဟာ အနာဂတ်ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့ အားဖြည့်ပေးနိုင်ရမယ်။ ၅။ အလွယ်တကူချဲ့ဖို့ Scalable ဖြစ်ရမယ်။ ၆။ လူ (ဝန်ထမ်း) အသုံးပြုမှု အနည်းဆုံးဖြစ်ရမယ်။ ၇။ စျေးကွက်မှာရှိတာတွေထက် တစ်မူထူးရမယ်။ ၈။ Linchpin talent တွေနဲ့ပဲ အလုပ်လုပ်မယ်။ ဒီအတွက် customer first, move fast, work hard and learn everyday လုပ်နေဖို့လိုမယ်။ ဒီလေးခုက ကျွန်တော်တို့နဲ့အလုပ်လုပ်ရင်
နောက်ပိုင်းလုပ်တဲ့ လုပ်ငန်းတွေမှာ
ဒီ အယူအဆတွေထည့်ထားတယ်။ Read More »