Life

အလုပ်ကအမြဲလုပ်လို့ရတယ်။
အလုပ်က အမြဲဖြစ်မနေဘူး။

အလုပ်ကအမြဲလုပ်လို့ရတယ်။အလုပ်က အမြဲဖြစ်မနေဘူး။အလုပ်ဖြစ်နေတုန်းအလုပ်ကိုပိုစိုးပက်စက်လုပ်။နားတဲ့အချိန် သာသာယာယာအေးဆေးလေး chill. Phyo Paing @ Derek

အလုပ်ကအမြဲလုပ်လို့ရတယ်။
အလုပ်က အမြဲဖြစ်မနေဘူး။
Read More »

ကယ်တင်ရှင် မရှာနဲ့။ ကိုယ့်အားကိုယ်ကိုး။

ဘဝမှာ ပေးမှရ၊ကျွေးမှစား၊ထားရာနေ၊သူ့စိတ်နဲ့ ကိုယ်မဖြစ်ချင်ရင်ကယ်တင်ရှင် မရှာနဲ့။ကိုယ့်အားကိုယ်ကိုးမှပဲရမယ်။ Phyo Paing @ Derek

ကယ်တင်ရှင် မရှာနဲ့။ ကိုယ့်အားကိုယ်ကိုး။ Read More »

လမ်းပျောက်တယ်လို့သိတဲ့သူကလမ်းရှာနေတဲ့သူဖြစ်ဖို့များတယ်။

လမ်းပျောက်တယ်လို့သိတဲ့သူကလမ်းရှာနေတဲ့သူဖြစ်ဖို့များတယ်။ လမ်းမရှာတဲ့သူကလမ်းပျောက်လို့ပျောက်မှန်းသိချင်မှသိမယ်။​ Phyo Paing @ Derek

လမ်းပျောက်တယ်လို့သိတဲ့သူကလမ်းရှာနေတဲ့သူဖြစ်ဖို့များတယ်။ Read More »

ဘဝရဲ့ပြဿနာတွေကို အဖြေရှာဖို့
တွေးတော၊ အဖြေရှာ၊ ဖန်တီးဖို့လိုတယ်။

ဖလော်ဆော်ဖာလိုတွေး၊အင်ဂျင်နီယာလိုပြဿနာအဖြေရှာ၊အနုပညာရှင်တစ်ယောက်လို ဖန်တီး။ ဖလော်ဆော်ဖာက ဘာကြောင့်လဲဇစ်မြစ်ကို ဆန်းစစ်တယ်။အင်ဂျင်နီယာက ပြဿနာအတိမ်အနက်ကိုပေးထားချက်အကန့်အသတ်တွေကြားစနစ်ကိုဖန်တီးဖြေရှင်းတယ်။အနုပညာရှင် artist က ခံစားမှုတွေကောင်းဖို့နည်းလမ်းရှာတင်ဆက်တယ်။ ဘဝရဲ့ပြဿနာတွေကို အဖြေရှာဖို့တွေးတော၊ အဖြေရှာ၊ ဖန်တီးဖို့လိုတယ်။ Phyo Paing @ Derek

ဘဝရဲ့ပြဿနာတွေကို အဖြေရှာဖို့
တွေးတော၊ အဖြေရှာ၊ ဖန်တီးဖို့လိုတယ်။
Read More »

ဘဝမှာ ကိုယ့်ရဲ့အကောင်းဆုံးဗားရှင်းပုံစံကို
ဖန်တီးနိုင်ဖို့
သညာကို ပညာနဲ့ ထိန်းဖို့လိုတယ်။

ချမ်းသာတဲ့သူတွေက ပိုချမ်းသာတယ်။ အောင်မြင်တဲ့သူတွေကပိုအောင်မြင်တယ်။ တော်တဲ့သူတွေက ပိုတော်လာတယ်။ ဘာကြောင့်လဲ။ သညာလို့ခေါ်တဲ့ perception နဲ့ဆိုင်မယ်။ သညာက “အာရုံ”ကို “သိမြင်”၊ “ခွဲခြား”၊ “မှတ်သား”ပေးတယ်။ အဖြူ၊ အနီ၊ အပြာ၊ အဝါကိုသိသလိုချို၊ ချဥ်၊ ငံ၊ စပ်၊ ခါးကိုလဲသိတယ်။ သညာစေတသိတ်ကကောင်းတဲ့ ကုသိုလ်စေတသိတ်လဲမဟုတ်ဘူး၊မကောင်းတဲ့ အကုသိုလ်စေတသိတ်လဲမဟုတ်ဘူး။စိတ်တိုင်းတွင် မပါမနေ ပါဝင်တယ်။စိတ်အလုပ်လုပ်တိုင်း သညာပါတယ်။ အခု ဒီစာကို ဖတ်ပြီးနားလည်တာကလဲသညာစေတသိတ်က အလုပ်လုပ်နေတာ။ တစ်ယောက်နဲ့တစ်ယောက်အဓိပ္ပာယ်ဖွင့်ပုံ တူချင်မှတော့တူလိမ့်မယ်။ သူက အညာစေတသိက် ၁၃ ပါးထဲကအညာဏသာဓာရဏ ၇ ပါးထဲက တစ်ပါးဖြစ်ပါတယ်။ ဒီ သညာ Perception အထင်အမြင်ကအဓိပ္ပာယ်ဖွင့်တာလွဲသွားရင်ဘဝကလဲ လွဲသွားတတ်တယ်။ လောကုတ္တရာအဓိပ္ပာယ်ဖွင့်တာလွဲရင်လောကုတ္တရာချမ်းသာရဖို့မဖြစ်နိုင်သလိုလောကီရေးရာ အဓိပ္ပာယ်ဖွင့်တာလွဲရင်လောကီရေးရာချမ်းသာရဖို့ မဖြစ်နိုင်ဘူးလို့ဆိုရမယ်။ သညာရဲ့ လုပ်ဆောင်ချက် အဆင့်ဆင့်ကပထမအဆင့် – အာရုံကို ခံယူခြင်း

ဘဝမှာ ကိုယ့်ရဲ့အကောင်းဆုံးဗားရှင်းပုံစံကို
ဖန်တီးနိုင်ဖို့
သညာကို ပညာနဲ့ ထိန်းဖို့လိုတယ်။
Read More »

ဘဝကို
အသက်ရှင်ပြီး အသက်ဝင်ချင်ရင်
အဿပြာတွေရှာနေရင်းနဲ့
အဓိပ္ပာယ်ပါရှာဖို့လိုတတ်တယ်။

အဿပြာပြည့်စုံရင်အဓိပ္ပာယ်ရှာတတ်တာလူတွေရဲ့သဘော သဘာဝ။ Money ပြီးရင်Meaning ရှာတယ်။ ရှင်သန်မှုရဲ့အဓိပ္ပာယ်ကိုတချို့က အချစ်ကရှာတယ်။တချို့က အလုပ်ကရှာတယ်။တချို့က အောင်မြင်မှုကရှာတယ်။တချို့က အာဏာပါဝါက ရှာတယ်။တချို့က ပေးဆပ်မှုကရှာတယ်။တချို့က တွေ့ရှိမှုကရှာတယ်။တချို့က မျှဝေမှုကရှာတယ်။တချို့က ဘာသာတရားကိုးကွယ်မှုကရှာတယ်။ ရှင်သန်မှုရဲ့ အဓိပ္ပာယ်ရှာမတွေ့တဲ့အခါလောကမှာ လမ်းတွေပျောက်တယ်။သောကတွေများပြီးဒေါသတွေပွားတယ်။အခြေခံကကိုယ့်ရဲ့ရှင်သန်ခြင်းအဓိပ္ပာယ်ကိုမသိနားမလည်ခြင်း မောဟကလာတယ်။ သောကတွေနည်း၊ဒေါသတွေစဲဖို့ကိုယ့်ရှင်သန်ဖို့ရဲ့အဓိပ္ပာယ်ရှာဖို့လိုတယ်။ Logo ဆိုတာ အဓိပ္ပာယ်။ဘဝရဲ့အဓိပ္ပာယ်ရှာဖွေခြင်းနဲ့လူတွေရဲ့စိတ်ရောဂါကိုကုသပေးတဲ့Logotherapy ဆိုတာစိတ်ပညာမှာ ရှိတယ်။Man’s search for meaningဘဝအဓိပ္ပာယ်ရှာဖွေခြင်းလို့ဆိုတဲ့ကမ္ဘာကျော်စာအုပ်ကိုရေးခဲ့တဲ့Dr. Viktor Frankl ဖန်တီးထားတာ။ ဘဝကိုအသက်ရှင်ပြီး အသက်ဝင်ချင်ရင်အဿပြာတွေရှာနေရင်းနဲ့အဓိပ္ပာယ်ပါရှာဖို့လိုတတ်တယ်။ Phyo Paing @ Derek

ဘဝကို
အသက်ရှင်ပြီး အသက်ဝင်ချင်ရင်
အဿပြာတွေရှာနေရင်းနဲ့
အဓိပ္ပာယ်ပါရှာဖို့လိုတတ်တယ်။
Read More »

အဓိပ္ပာယ်ရှိတဲ့ တိုက်ဆိုက်မှုများ

ဒီလိုကြုံဖူးလားမသိဘူး။လူတစ်ယောက်အကြောင်းစဉ်းစားနေတုန်းသူ့ဆီက မက်ဆေ့ပို့လာတာမျိုး။တစ်ယောက်ယောက်ကို တွေးနေတုန်းသူနဲ့လမ်းမှာ ဆုံတာမျိုး။ ဒါကို စိတ်ပညာရှင်ကြီးCarl Jung က synchronicityအဓိပ္ပာယ်ရှိတဲ့ တိုက်ဆိုက်မှုများလို့နာမည်ပေးခဲ့တယ်။ ဒါဖြစ်တော့မလားမသိဘူးဆိုတဲ့အချိန်ဖြစ်သွားတာမျိုး။လူတချို့ ဘဝမှာ မကြာမကြာကြုံဖူးတတ်ကြတယ်။အထူးသဖြင့် intuitive ဖြစ်တဲ့သူတွေမှာဒီလိုအဖြစ်အပျက်ပိုတွေ့တတ်တယ်လို့ဆိုတယ်။ ဒါကို တချို့က cognitive biasစဉ်းစားမှုဆိုင်ရာဘက်လိုက်မှုလို့ဆိုသလို၊တချို့က ရာခိုင်နှုန်းအရကြည့်ရင်ဖြစ်နိုင်ခြေရှိတဲ့အရာတစ်ခုလို့ဆိုပြီး၊Carl Jung ကတော့Collective unconsciousness ကြောင့်လို့ဆိုတယ်။ ဘဝမှာ အဲ့လို ကြုံဖူးသလား။ Phyo Paing @ Derek

အဓိပ္ပာယ်ရှိတဲ့ တိုက်ဆိုက်မှုများ Read More »

ကိုယ်စိတ်ထဲက အမှိုက်တွေ
နေ့စဥ်ရှင်းနေဖို့လိုတယ်။

လူတွေရဲ့စိတ်ကအမှိုက်တွေနဲ့ရှုပ်ပွနေတယ်။မယုံရင် ခဏလောက်ဒီအတိုင်းလေးထိုင်ပြီးနှာသီးဖျားမျာ ဝင်လေထွက်လေမှတ်ကြည့်။ပုံတွေ၊ အသံတွေ၊ အတွေးပေါင်းစုံရောက်လာလိမ့်မယ်။ လူတွေက ကိုယ့်စိတ်ကိုထိန်းချုပ်နိုင်တယ်လို့ထင်တာ။အမှန်တော့ ဗုဒ္ဓအဆုံးအမအရစိတ်ကို စေတသိတ် ၅၂ ပါးကအစဥ်ခြယ်လှယ်နေတယ်။ ကောင်းတဲ့စေတသိတ်တွေအပြင်မကောင်းတဲ့ စေတသိတ်တွေပါပါတယ်။ သဒ်ဒါ၊ သတိ၊အကောင်းမှုပြုလုပ်ရမှာရှက်ခြင်း ဟီရိ၊သနားညာတာတဲ့ ကရုဏာ၊သူတစ်ပါးဝမ်းသာမှုကို ဝမ်းမြောက်တဲ့ မုဒိတာ၊အမှန်ကိုသိမြင်သောဉာဏ် ပညာကို ပွားများတာကောင်းတဲ့စေတသိတ်တွေကိုပွားများတာပဲ။ လောဘ၊ ဒေါသ၊ မောဟ၊မာန၊ မနာလိုခြင်းဖြစ်တဲ့ ဣဿာ၊မှားယွင်းသောအယူ ဒိဋ္ဌိ၊မကောင်းမှုပြုရန် မရှက်ခြင်း အဟိရိကဒါတွေကို ကိုယ်စိတ်နှုတ်ကနေလုပ်ပြီးပွားများနေခြင်းကမကောင်းတဲ့စေတသိတ်တွေပွားနေတာပဲ။ လူမှုကွန်ယက် social media ဆိုတာအလိုမပြည့်ခြင်း၊​ လောဘ၊ဒေါသ၊ မောဟ ကို လောင်စာဆီသုံးတဲ့အခါပိုမိုပေါက်ကွဲတယ်။ သံသရာခရီးသည်ဖြစ်တဲ့အတွက်ဒီသံသရာခရီး ဒီဘဝနဲ့အဆုံးသတ်နိုင်ဖို့နေ့စဥ်အမှိုက်ရှင်းဖို့လိုတယ်။ နောက်ပြီးနေ့စဥ်သတိ၊ ပညာ၊ သဒ္ဒါပွားများနိုင်ဖို့လိုတယ်။ ကိုယ့်စိတ်ကိုယ်တောင် မပိုင်တာ၊တခြားသူတွေကို အပြစ်ပြောနေတာလဲထိရောက်မှု အများကြီးရှိချင်မှရှိမယ်။​ ကိုယ်စိတ်ထဲ့က အမှိုက်တွေနေ့စဥ်ရှင်းနေဖို့လဲလိုတယ်။ ကိုယ့်ကိုကိုယ် သတိပေးရင်းမှတ်စုထုတ်ဖြစ်တာလေး ပြန်မျှဝေဖြစ်တာ။ Phyo Paing @

ကိုယ်စိတ်ထဲက အမှိုက်တွေ
နေ့စဥ်ရှင်းနေဖို့လိုတယ်။
Read More »

ဖြစ်ချင်တာနဲ့ ဖြစ်နိုင်တာမျှနေရင်ဘဝက အထာကျကျစီးဆင်းနေမယ်။

အေးချမ်းမှုအရသာကိုသိပြီးတော့ပူလောင်မှုတွေမရချင်တော့ဘူး။ ဖြစ်ချင်တာတွေများပြီးဖြစ်နိုင်တာတွေနည်းနေရင်ပူလောင်တာပဲ။ ဖြစ်ချင်တာနဲ့ ဖြစ်နိုင်တာမျှနေရင်ဘဝက အထာကျကျစီးဆင်းနေမယ်။ နေတဲ့နေရာ၊လုပ်တဲ့အလုပ်၊တွေ့တဲ့သူ၊တွေးနဲ့အတွေး၊နေ့စဥ်အမူအကျင့်အရေးကြီးတယ်။ Phyo Paing @ Derek

ဖြစ်ချင်တာနဲ့ ဖြစ်နိုင်တာမျှနေရင်ဘဝက အထာကျကျစီးဆင်းနေမယ်။ Read More »