Life

အသက်က တစ်သက်လုံး
ငယ်နေမှာ မဟုတ်ဘူး။

ကိုယ်ဘာလိုချင်သလဲ။ကိုယ်လိုချင်တာရဖို့ကိုယ်နဲ့အဓိကဆိုင်တယ်။​ လိုချင်တာရဖို့နေ့စဥ် လိုချင်တာကို အဓိကအာရုံစိုက်နည်းလမ်းရှာ၊ စမ်းကြည့်၊အလုပ်ဖြစ်တဲ့လမ်းကိုရွေး။ဖြစ်အောင်လုပ်။ အသက်က တစ်သက်လုံးငယ်နေမှာ မဟုတ်ဘူး။ Phyo Paing @ Derek

အသက်က တစ်သက်လုံး
ငယ်နေမှာ မဟုတ်ဘူး။
Read More »

မိသားစု

ဖရိုဖရဲဖြစ်တဲ့ မိသားစုက၊မိစုံဖစုံရှိရင်တောင်ငယ်ဘဝမှာ စိတ်ပိုင်းဆိုင်ရာလှုံခြုံမှုမရှိတဲ့ မိသားစုကလာတဲ့လူတွေက အပြောင်းအလဲ dynamics ဖြစ်တာပိုကြိုက်တတ်ကြတယ်။ တည်ငြိမ်တဲ့မိသားစု၊စိတ်ပိုင်းဆိုင်ရာလှုံခြုံမှုရှိတဲ့မိသားစုက လာတဲ့လူအများစုကstability တည်ငြိမ်မှုကို အသားပေးတယ်။ Phyo Paing @ Derek

မိသားစု Read More »

နေသလိုဖြစ်တဲ့ဘဝမှာ
ဖြစ်သလိုမနေနဲ့။

နေ့တိုင်း စိတ်နဲ့ ခန္ဓာကို လေ့ကျင့်နေမှ။စိတ်အတွက် စာဖတ်၊ လေ့လာ၊တရားထိုင်၊ ပြဿနာဖြေရှင်း။ခန္ဓာကိုယ်အတွက် လေ့ကျင့်ခန်း။နှစ်ခုလုံးအတွက် အစားအသောက်။ နေသလိုဖြစ်တဲ့ဘဝမှာဖြစ်သလိုမနေနဲ့။ Phyo Paing @ Derek

နေသလိုဖြစ်တဲ့ဘဝမှာ
ဖြစ်သလိုမနေနဲ့။
Read More »

ဘဝမှာ အမှန်ဆုံးသုံးခု

ဘဝမှာ အမှန်ဆုံးသုံးခုရှိတယ်။၁။ တိုးတက်ရေးစိတ်ပညာလေ့လာခဲ့တာ၂။ မားကတ်တင်းပညာလေ့လာခဲ့တာ၃။ စီးပွားရေးပညာလေ့လာခဲ့တာ Phyo Paing @ Derek

ဘဝမှာ အမှန်ဆုံးသုံးခု Read More »

တခါတလေ ကိုယ့်မသိစိတ်
Intuition ရဲ့နှလုံးသားအသံကို
နားထောင်ကြည့်။

ကိုယ့်ဘဝကိုယ်သိပ်စိတ်တိုင်းမကျသေးတဲ့သူတွေကဇာတ်ကနေရတတ်တယ်။​ ဇာတ်ကားနာမည်ကမထူးဇာတ်။ ဒီအလုပ်၊ အချစ်၊ နေရာ၊ ဘဝမှာအဆင်ပြေတယ်လဲမဟုတ်၊အဆင်မပြေဘူးလားဆိုလဲအပြည့်မဟုတ်။ မထူးပါဘူးလေ။မထူးတော့ပါဘူး။ဘာတတ်နိုင်မှာလဲ။ဒီမထူးဇာတ်ကြီးနဲ့ ဘဝကိုဆက်နေရတတ်တယ်။ ကိုယ့်ရဲ့အတိတ်ကဆုံးဖြတ်ချက်တွေကြောင့်ငါ့ထိုက်နဲ့ ငါ့ကံပါပဲကိုယ့်ကိုကိုယ်ပြောတတ်တယ်။ ကိုယ့်အကောင်းဆုံးဖြစ်နိုင်တာတွေကိုလဲမြင်တယ်။လုပ်ဖို့လဲ လူ့ဘောင်ကရှိသေးတယ်။လူတွေရဲ့အထင်အမြင်ကရှိသေးတယ်။​ ဒီလို မထူးဇာတ်ကရင်းဇာတ်ပွဲပြီးသွားတဲ့အခါကိုယ်နဲ့ထိုက်တန်တဲ့ ဇာတ်မကလိုက်ရဘဲအထူးဇာတ် မင်းသား၊ မင်းသမီးအနေနဲ့ဘဝအဆုံးသတ်သွားတတ်ကြတယ်။ တခါတလေ ကိုယ့်မသိစိတ်Intuition ရဲ့နှလုံးသားအသံကိုနားထောင်ကြည့်။လုပ်သင့်ရင် လုပ်သာလုပ်ချလိုက်။ မထူးဇာတ်က မတူထူးကိုယ်ဆောက်ချင်တဲ့အိမ်မက်ကို တည်ဆောက်ဖို့ကကိုယ့်တာဝန်တစ်ခုဖြစ်တတ်တယ်။ Phyo Paing @ Derek

တခါတလေ ကိုယ့်မသိစိတ်
Intuition ရဲ့နှလုံးသားအသံကို
နားထောင်ကြည့်။
Read More »

ဘာနဲ့နီးလဲ။

ဘာနဲ့နီးလဲ။ တချို့တွေကပြောကြတယ်။ပိုက်ဆံနဲ့ နီးရင်ပိုက်ဆံရှာရပိုလွယ်မယ်။ပညာနဲ့နီးရင်ပညာရှာရပိုလွယ်မယ်။တရားသမားတွေနဲ့နီးရင်တရားရှာရပိုလွယ်နိုင်မယ်။ပြဿနာတွေနဲ့နီးရင်ပြဿနာရဖို့ပိုလွယ်တယ်။ တချို့ကလဲ နီးတိုင်းမဟုတ်ဘူးတဲ့။ တချို့က နီးရင်တော့ပိုလွယ်တာပေါ့တဲ့။ တချို့က နီးပြီးမလွယ်တာခင်ဗျာရဲ့အစွမ်းအစတဲ့။ ဘာနဲ့နီးလဲ။အရေးကြီးတယ်။Proximity is Power လို့လဲပြောကြတယ်။ တချို့အတွက်က အရက်ဆိုင်။တချို့အတွက်က ကျောင်း။ တချို့တွေအတွက်ပြောရင်လဲ ဟာသလိုဖြစ်လို့။ တချို့ ကလေးတွေက ကျောင်းနဲ့နီးပြီးဘဝတွေကို ပျက်လို့။ Phyo Paing @ Derek

ဘာနဲ့နီးလဲ။ Read More »

ရှေ့သွားမယ်ဆို ရှေ့ကိုကြည့်။

ရှေ့ကိုသွားမယ်ဆိုရှေ့ကို ကြည့်။ နောက်ပြန်သွားမယ်ဆိုနောက်ကို အဓိကကြည့်။ ဘဝရဲ့ တိုးတက်ပြောင်းလဲမှုဖြစ်စဥ်တိုင်းမှာအပြောင်းအလဲတွေကြုံရလိမ့်မယ်။ အရင်လူတွေကို ထားခဲ့ရတာမျိုး။အရင်ကိုယ့်ကို သဘောကျတဲ့သူတွေသဘောကျချင်မှ ကျတော့မယ်။ လူအသစ်တွေနဲ့တွေ့မယ်။အလုပ်အသစ်တွေ လုပ်ပြီးအခွင့်အလမ်းအသစ်တွေတွေ့မယ်။ ရှေ့သွားမယ်ဆို ရှေ့ကိုကြည့်။ Phyo Paing @ Derek

ရှေ့သွားမယ်ဆို ရှေ့ကိုကြည့်။ Read More »

လူမှန်ရင် အလုပ်လုပ်ရတယ်။

လူမှန်ရင် အလုပ်လုပ်ရတယ်။အလုပ်လုပ်တိုင်း အလုပ်မဖြစ်ဘူး။အလုပ်ဖြစ်ဖို့ အစွမ်းအစတိုးတက်ဖို့လိုတယ်။အစွမ်းအစတိုးတက်ဖို့ ပညာသင်တယ်။ သိသင့်တာသိတဲ့ အသိပညာရှိဖို့အထက်တန်းကျောင်းပြီးအောင်ကျောင်းပညာသင်တယ်။​ လုပ်ဆောင်နိုင်တဲ့ အတတ်ပညာတတ်ဖို့အတွက် တက္ကသိုလ်တက်တယ်။ လောကရဲ့ အမှန်အမှားဆုံးဖြတ်နိုင်တဲ့ဥာဏ်ပညာတိုးတက်ဖို့အတွက်ဘဝတက္ကသိုလ်တက်ရတယ်။ တချို့က ဘဝကို တက္ကသိုလ်ထဲမှာကြုံတွေ့ရတဲ့ ပြဿနာကိုတွေ့ရာက အဖြေရှာတယ်။တချို့က စာအုပ်ဖတ် အဖြေရှာတယ်။တချို့က ပြင်ပသင်တန်းတွေတက်အဖြေရှာတယ်။တချို့က တတ်ကျွမ်းသူတွေဆီကသင်ကြားအကြံယူရင်အဖြေရှာတယ်။ ဒီလုပ်ဆောင်မှုတွေအားလုံးကအစွမ်းအစ တိုးတက်ဖို့ဖြစ်တယ်။ အစွမ်းအစရှိပြီးအလုပ်မလုပ်ရင်လဲအလုပ်မဖြစ်ဘူး။ အစွမ်းမစမရှိဘဲအလုပ်လုပ်ရင်လဲအလုပ်ဖြစ်သင့်သလောက်မဖြစ်ဘူး။ Phyo Paing @ Derek

လူမှန်ရင် အလုပ်လုပ်ရတယ်။ Read More »

စိတ်လဲကူး။
ပြောလဲပြော။
ကြံစဥ်ပြီး လုပ်လဲလုပ်။

ကာယကံ၊ဝဇီကံ၊မနောကံ။ ဒီကံသုံးပါးကိုသေချာအသုံးချနိုင်ဖို့လိုတယ်။တစ်ခုပဲအသုံးချနေလို့မရဘူး။ ၁။ မနောကံ Law of Attraction တို့၊Manifestation တို့၊စိတ်ထဲကဆုတောင်းတာတို့ဆိုတာမနောကံ။ဒါကို အလုပ်လုပ်ဖို့ကိုယ်လိုချင်တာကိုပြတ်ပြတ်သားသားရှင်းရှင်းလင်းလင်းသိဖို့လိုတယ်။သံသယဖြစ်ခြင်းကိုသက်ဝင်ယုံကြည်မှု faith နဲ့အစားထိုးရတယ်။နောက်ခဏခဏ frequencyကြိမ်ရည်များအောင် မနောနဲ့စဥ်းစားရတယ်။ တစ်ခုခုကိုရဖို့သေချာတယ်ယုံကြည်ပြီးရင်ခုန်တာမျိုး။ တစ်ခုရှိတာ ဒီလူကိုလိုချင်တာထက်ဒီလူပုံစံကို စိတ်ကူးရင်ပိုဖြစ်နိုင်တယ်။ ၂။ ဝဇီကံ ဒါဖြစ်ဖို့ တချို့က ဂါထာတွေရွတ်တယ်။တချို့က လူတွေသိအောင်ကိုယ်လိုချင်တာကို ခဏခဏပြောတယ်။Public announcement လုပ်ကြေငြဖို့လဲ တချို့လူတွေကဆိုတယ်။ဥပမာ Tony Robbins တို့လို။တချို့က ကိုယ့်အနာဂတ်အမြင်ကိုခဏခဏ မြင်ယုံတင်မဟုတ်ဘူး။ပြောလဲပြောတယ်။ ၃။ ကာယကံ တွေး၊ ပြောပြီးမလုပ်ရင်မဖြစ်ဘူး။ဒီတော့ ရဖို့ ကြံစီအကောင်အထည်ဖော်ရတာကာယကံ။ တချို့က အလုပ်တွေတော့အရမ်းလုပ်တယ်။ရှေ့မရောက်ဘူး။ကာယကံပဲသုံးနေလို့လဲမရဘူး။မနောကြီးပဲသုံးနေလို့လဲမရဘူး။ပြောပဲပြောနေလို့လဲမရဘူး။ စိတ်လဲကူး။ပြောလဲပြော။ကြံစဥ်ပြီး လုပ်လဲလုပ်။ Phyo Paing @ Derek

စိတ်လဲကူး။
ပြောလဲပြော။
ကြံစဥ်ပြီး လုပ်လဲလုပ်။
Read More »

စိတ်ရှည်ရှည် လုပ်ရင်းစောင့်။

တကယ့်မှန်ကန်တဲ့အချိန်နဲ့ကြုံရင်ချမ်းသာကြွယ်ဝမှုကတစ်နှစ်၊ တစ်လ၊ တစ်ရက်နဲ့လဲဖြစ်နိုင်တယ်လို့ထင်တယ်။ ဒီတစ်နှစ်၊ တစ်လ၊ တစ်ရက်အတွက်ပြင်ဆင်ဖို့အချိန်ကအနည်းဆုံး လေး၊ ငါး၊ ဆယ်နှစ်ပဲ။ စိတ်ရှည်ရှည် လုပ်ရင်းစောင့်။ Phyo Paing @ Derek

စိတ်ရှည်ရှည် လုပ်ရင်းစောင့်။ Read More »