Life

ဘဝမှာ ရှုံးသွားရင်တောင်
နိုင်နေမည့်အရာတွေ
ရွေးချယ်ဖို့လိုတယ်။

နိုင်သွားရင်တောင် ရှုံးတဲ့အရာနဲ့ ရှုံးသွားရင်တောင် နိုင်တဲ့အရာ။ ဥပမာ အရက်ပြိုင်သောက်တယ်။ နောက်တစ်ခုက စာပြိုင်တယ်။ ၁။ အရက်သောက်ပြိုင်တာ – အရက်သောက်ပြိုင်ပွဲမှာ နိုင်သွားရင်တောင် ကိုယ့်ကျန်းမာရေးကို ထိခိုက်စေတဲ့အတွက် တကယ်တမ်း ရှုံးနေတာပါပဲ။ ၂။ စာပြိုင်တာ – စာပြိုင်ပွဲမှာ ရှုံးသွားရင်တောင် ကိုယ်က ဗဟုသုတ၊ အသိပညာတွေ တိုးလာတဲ့အတွက် တကယ်တမ်း နိုင်နေတာပါပဲ။ ဘဝမှာ ရှုံးသွားရင်တောင်နိုင်နေမည့်အရာတွေရွေးချယ်ဖို့လိုတယ်။ Phyo Paing @ Derek

ဘဝမှာ ရှုံးသွားရင်တောင်
နိုင်နေမည့်အရာတွေ
ရွေးချယ်ဖို့လိုတယ်။
Read More »

မာစတာ ကီး

ရုပ်ခန္ဓာကအင်ဂျင်ဆိုစိတ်ကမောင်းနှင်တဲ့ ဒရိုက်ဘာပဲ။ နွေပူ၊ မိုး၊ ဆောင်းကြားမှဘဝဖြတ်သန်းမှု အများစုက“စိတ်အလုပ်” လုပ်နေရတာပဲ။ အတွေးကောင်းချင်ရင်စိတ်ကို စီမံနိုင်ဖို့လိုတယ်။အကြံအစည်ကောင်းချင်ရင်စိတ်ကို စီမံနိုင်ဖို့လိုတယ်။ အလုပ်အကိုင် ကောင်းချင်ရင်စိတ်ကို စီမံနိုင်ဖို့လိုတယ်။ စိတ်အလုပ် လုပ်ရတာဖြစ်တဲ့အတွက်စိတ်ရှုပ်ရမည့်အရာတွေဖြစ်နိုင်ရင် အတတ်နိုင်ဆုံးရှောင်ပါ။ မြန်မြန်ဖြေရှင်းလို့ရရင် ဖြေရှင်း။ဘာကြောင့်လဲဆိုတာ ဘဝဆိုတာ စိတ်အလုပ်။ စိတ်မပျော်ရင် အိပ်မပျော်ဘူး။စိတ်ထောင်းရင် ကိုယ်ကြေတယ်။ ဒါကြောင့် ဓမ္မပဒ မှာ“မနောပုဗ္ဗင်္ဂမာ ဓမ္မာ မနောသေဋ္ဌာ မနောမယာ” လို့ဆိုပြီး “စိတ်ဟာ တရားအားလုံးရဲ့ရှေ့ဦးဆောင်ဖြစ်တယ်၊ စိတ်ဟာ အကောင်းဆုံးဖြစ်တယ်၊ အရာခပ်သိမ်းဟာ စိတ်ကနေ ဖြစ်ပေါ်လာတယ်” လို့ဆိုတယ်။ ဗုဒ္ဓရဲ့အဆုံးအမဖြစ်တဲ့“မနောပုဗ္ဗင်္ဂမာ ဓမ္မာ”၊“စိတ်ဟာ တရားအားလုံးရဲ့ရှေ့ဦးဆောင်ဖြစ်တယ်” ဒါက ဘဝဖြတ်သန်းရေးအတွက်မာစတာ ကီးပဲ။ Phyo Paing @ Derek

မာစတာ ကီး Read More »

ဘဝရဲ့ အနှစ်သာရ

ဘဝရဲ့ အနှစ်သာရဆိုတာကိုယ့်ဘဝ ကိုယ်ဘယ်လောက်ကျေနပ်လဲဆိုတာပဲ။ အာဏာပါဝါ ဘယ်လောက်ရှိရှိဘဝက ဘယ်လောက်ကောင်းကောင်းစိတ်မထားတတ်ရင်ဘဝ အရည်အသွေးမကောင်းနိုင်ဘူး။ မွဲနေလဲ အဆင်မပြေသလို၊မတင့်တိမ်နိုင်ရင်လဲ အဆင်မပြေဘူး။ ဘဝက အလယ်အလတ်လမ်းစဉ်။Yin ယင်း နဲ့ Yang ရန် နှစ်ခုကြား။ Phyo Paing @ Derek

ဘဝရဲ့ အနှစ်သာရ Read More »

ကိုယ့်အချိန်ကို ကိုယ်ပိုင်ဖို့ပဲ။

နေ့စဥ် ဘဝကို လုပ်ချင်တဲ့အလုပ်တွေလုပ်၊ကိုယ့်အတွက် အဆင်အပြေစိတ်ငြိမ်းချမ်းမှုအရှိဆုံးနေရာမှာနေကိုယ့်အချိန်ကို ကိုယ်ပိုင်ဖို့ပဲ။ Phyo Paing @ Derek

ကိုယ့်အချိန်ကို ကိုယ်ပိုင်ဖို့ပဲ။ Read More »

ဘဝကို ကျေးဇူးတင်တဲ့စိတ်ထားဖို့
ဆုံးဖြတ်ချက်ချခဲ့တယ်။

ဆေးရုံမှာ အသက်ရှူမဝအသက်ငင်နေရတဲ့လူနာတွေ အများကြီးကိုပြုစုပေးခဲ့ဖူးတယ်။ဒါကြောင့် ကိုယ်အသက်ကိုဝဝလင်လင် ရှူနေနိုင်တိုင်းဘဝကို ကျေးဇူးတင်တဲ့စိတ်ထားဖို့ဆုံးဖြတ်ချက်ချခဲ့တယ်။ ဘဝမှာ ကင်ဆာနောက်ဆုံးအဆင့်နဲ့ဘဝနေဝင်ချိန်ကို ပင်ပင်ပန်းပန်းစောင့်နေတဲ့ လူနာတွေကိုပြုစုပေးခဲ့ဖူးတယ်။ကျန်းကျန်းမာမာ အသက်ရှင်နေတဲ့နေ့ရက်တိုင်းကို ကျေးဇူးတင်စိတ်နဲ့တန်ဖိုးထားဖို့ ဆုံးဖြတ်ခဲ့တယ်။ ဘဝမှာ လမ်းလျှောက်လို့မရတော့တာ၊မျက်စိမမြင်ကွယ်သွားတာဒီလို အဖြစ်အပျက်ပေါင်းများစွာလူနာတွေကိုတွေ့ရှိကြုံကြိုက်ဖူးခဲ့တယ်။ ကိုယ့်ဘဝရဲ့ ရှင်သန်မှုတိုင်းကိုတန်ဖိုးထားဖို့နဲ့ အသုံးဝင် တန်ဖိုးရှိတဲ့သူတစ်ယောက်ဖြစ်ဖို့ဆုံးဖြတ်ခဲ့တယ်။ အသက်ရှင်တိုင်းပညာရေးနဲ့နည်းပညာသုံးပြီးဘဝတွေ ပိုကောင်းအောင်လုပ်ပေးဖို့သံဓိဠာန်ချထားတယ်။ Phyo Paing @ Derek

ဘဝကို ကျေးဇူးတင်တဲ့စိတ်ထားဖို့
ဆုံးဖြတ်ချက်ချခဲ့တယ်။
Read More »

ပိုပိုပြီးကောင်းတာတွေရလာတယ်။

ဘဝမှာ လိုချင်ပြီးမရခဲ့တဲ့အရာတွေကြောင့်ပိုပိုပြီးကောင်းတာတွေရလာတယ်။တခါတလေ လောက ကကိုယ်လိုချင်တာထက်ကောင်းတဲ့အရာတွေပေးတတ်တယ်။ Phyo Paing @ Derek

ပိုပိုပြီးကောင်းတာတွေရလာတယ်။ Read More »

နေသလို ဖြစ်တဲ့ဘဝမှာ
ဖြစ်သလိုမနေနဲ့။

ရည်မှန်းချက်ပန်းတိုင်ချ။ ကိုယ့်ကိုကိုယ် လျော့မတွက်နဲ့။ သေချာ ကြံစည်။ အမြဲမပြတ်လေ့လာ။ အကောင်အထည်ဖော်မှုသေသပ်။အမှားတွေက သင်ခန်းစာယူ။ ရှေ့ဆက်။ ဘဝက ခဏလေးပဲ။ အချိန်တွေ ပြန်မရနိုင်ဘူး။ နေသလို ဖြစ်တဲ့ဘဝမှာဖြစ်သလိုမနေနဲ့။ Phyo Paing @ Derek

နေသလို ဖြစ်တဲ့ဘဝမှာ
ဖြစ်သလိုမနေနဲ့။
Read More »

မေးခွန်းကောင်းမေးနိုင်ဖို့လိုတယ်။

စာကောင်းပေကောင်းက အတွေးကိုကောင်းစေတယ်။ အတွေးကောင်းရင် စဥ်းစားတာကောင်းတယ်။ စဥ်းစားတာကောင်းရင် ဆုံးဖြတ်တာကောင်းတယ်။ ဆုံးဖြတ်တာကောင်းရင် ရွေးချယ်မှုကောင်းတယ်။ ရွေးချယ်မှုကောင်းရင် ဘဝကောင်းတယ်။ ဒီနေ့ရောက်နေတဲ့ဘဝက ကိုယ့်ရဲ့ရွေးချယ်မှုကြောင့်။ မေးခွန်းကောင်းမေးနိုင်ဖို့လိုတယ်။ Phyo Paing @ Derek

မေးခွန်းကောင်းမေးနိုင်ဖို့လိုတယ်။ Read More »

ကျေးဇူးတင်တတ်တဲ့စိတ်

ကျေးဇူးတင်တတ်တဲ့စိတ်မရှိရင်လောကရဲ့ အရာရာမှောင်မိုက်နေမယ်။ကိုယ့်ဝန်ထမ်း၊ ကိုယ့်ပါတနာ၊ကိုယ့်မိသားစုရှိလို့ကျန်တဲ့အပိုင်းတွေ သေချာလုပ်ဆောင်နိုင်တာ။ Phyo Paing @ Derek

ကျေးဇူးတင်တတ်တဲ့စိတ် Read More »

ဘဝကို ပြန် အလိုင်းမန့်ချိန်ကြည့်

ဘဝကို ပြန် အလိုင်းမန့်ချိန်ကြည့် 1️⃣ အတွေးကို စစ်ဆေး – အမှန်လား? အထင်လား? 2️⃣ ပြဿနာကို အပိုင်းလိုက်ခွဲ – တစ်ဆင့်ချင်း ဖြေရှင်း 3️⃣ ကိုယ့်ကိုယ်ကို အားပေး – “မလုပ်နိုင်ဘူး” အစား “ကြိုးစားကြည့်မယ်” 4️⃣ အတိတ်က အောင်ပွဲတွေ သတိရ – ဘယ်လိုကျော်ဖြတ်ခဲ့လဲ? 5️⃣ အကူအညီတောင်း – တစ်ယောက်တည်း မဟုတ်ပါဘူး ဒီနည်းတွေကို နေ့စဉ်သုံးပြီး သင့်ဘဝကို အသစ်တစ်ဖန် ဖန်တီးကြည့်ပါ။ Phyo Paing @ Derek

ဘဝကို ပြန် အလိုင်းမန့်ချိန်ကြည့် Read More »