ဘဝမှာ အမှန်ဆုံးသုံးခု
ဘဝမှာ အမှန်ဆုံးသုံးခုရှိတယ်။၁။ တိုးတက်ရေးစိတ်ပညာလေ့လာခဲ့တာ၂။ မားကတ်တင်းပညာလေ့လာခဲ့တာ၃။ စီးပွားရေးပညာလေ့လာခဲ့တာ Phyo Paing @ Derek
ဘဝမှာ အမှန်ဆုံးသုံးခုရှိတယ်။၁။ တိုးတက်ရေးစိတ်ပညာလေ့လာခဲ့တာ၂။ မားကတ်တင်းပညာလေ့လာခဲ့တာ၃။ စီးပွားရေးပညာလေ့လာခဲ့တာ Phyo Paing @ Derek
ကိုယ့်ဘဝကိုယ်သိပ်စိတ်တိုင်းမကျသေးတဲ့သူတွေကဇာတ်ကနေရတတ်တယ်။ ဇာတ်ကားနာမည်ကမထူးဇာတ်။ ဒီအလုပ်၊ အချစ်၊ နေရာ၊ ဘဝမှာအဆင်ပြေတယ်လဲမဟုတ်၊အဆင်မပြေဘူးလားဆိုလဲအပြည့်မဟုတ်။ မထူးပါဘူးလေ။မထူးတော့ပါဘူး။ဘာတတ်နိုင်မှာလဲ။ဒီမထူးဇာတ်ကြီးနဲ့ ဘဝကိုဆက်နေရတတ်တယ်။ ကိုယ့်ရဲ့အတိတ်ကဆုံးဖြတ်ချက်တွေကြောင့်ငါ့ထိုက်နဲ့ ငါ့ကံပါပဲကိုယ့်ကိုကိုယ်ပြောတတ်တယ်။ ကိုယ့်အကောင်းဆုံးဖြစ်နိုင်တာတွေကိုလဲမြင်တယ်။လုပ်ဖို့လဲ လူ့ဘောင်ကရှိသေးတယ်။လူတွေရဲ့အထင်အမြင်ကရှိသေးတယ်။ ဒီလို မထူးဇာတ်ကရင်းဇာတ်ပွဲပြီးသွားတဲ့အခါကိုယ်နဲ့ထိုက်တန်တဲ့ ဇာတ်မကလိုက်ရဘဲအထူးဇာတ် မင်းသား၊ မင်းသမီးအနေနဲ့ဘဝအဆုံးသတ်သွားတတ်ကြတယ်။ တခါတလေ ကိုယ့်မသိစိတ်Intuition ရဲ့နှလုံးသားအသံကိုနားထောင်ကြည့်။လုပ်သင့်ရင် လုပ်သာလုပ်ချလိုက်။ မထူးဇာတ်က မတူထူးကိုယ်ဆောက်ချင်တဲ့အိမ်မက်ကို တည်ဆောက်ဖို့ကကိုယ့်တာဝန်တစ်ခုဖြစ်တတ်တယ်။ Phyo Paing @ Derek
တခါတလေ ကိုယ့်မသိစိတ်
Intuition ရဲ့နှလုံးသားအသံကို
နားထောင်ကြည့်။ Read More »
ဘာနဲ့နီးလဲ။ တချို့တွေကပြောကြတယ်။ပိုက်ဆံနဲ့ နီးရင်ပိုက်ဆံရှာရပိုလွယ်မယ်။ပညာနဲ့နီးရင်ပညာရှာရပိုလွယ်မယ်။တရားသမားတွေနဲ့နီးရင်တရားရှာရပိုလွယ်နိုင်မယ်။ပြဿနာတွေနဲ့နီးရင်ပြဿနာရဖို့ပိုလွယ်တယ်။ တချို့ကလဲ နီးတိုင်းမဟုတ်ဘူးတဲ့။ တချို့က နီးရင်တော့ပိုလွယ်တာပေါ့တဲ့။ တချို့က နီးပြီးမလွယ်တာခင်ဗျာရဲ့အစွမ်းအစတဲ့။ ဘာနဲ့နီးလဲ။အရေးကြီးတယ်။Proximity is Power လို့လဲပြောကြတယ်။ တချို့အတွက်က အရက်ဆိုင်။တချို့အတွက်က ကျောင်း။ တချို့တွေအတွက်ပြောရင်လဲ ဟာသလိုဖြစ်လို့။ တချို့ ကလေးတွေက ကျောင်းနဲ့နီးပြီးဘဝတွေကို ပျက်လို့။ Phyo Paing @ Derek
ရှေ့ကိုသွားမယ်ဆိုရှေ့ကို ကြည့်။ နောက်ပြန်သွားမယ်ဆိုနောက်ကို အဓိကကြည့်။ ဘဝရဲ့ တိုးတက်ပြောင်းလဲမှုဖြစ်စဥ်တိုင်းမှာအပြောင်းအလဲတွေကြုံရလိမ့်မယ်။ အရင်လူတွေကို ထားခဲ့ရတာမျိုး။အရင်ကိုယ့်ကို သဘောကျတဲ့သူတွေသဘောကျချင်မှ ကျတော့မယ်။ လူအသစ်တွေနဲ့တွေ့မယ်။အလုပ်အသစ်တွေ လုပ်ပြီးအခွင့်အလမ်းအသစ်တွေတွေ့မယ်။ ရှေ့သွားမယ်ဆို ရှေ့ကိုကြည့်။ Phyo Paing @ Derek
လူမှန်ရင် အလုပ်လုပ်ရတယ်။အလုပ်လုပ်တိုင်း အလုပ်မဖြစ်ဘူး။အလုပ်ဖြစ်ဖို့ အစွမ်းအစတိုးတက်ဖို့လိုတယ်။အစွမ်းအစတိုးတက်ဖို့ ပညာသင်တယ်။ သိသင့်တာသိတဲ့ အသိပညာရှိဖို့အထက်တန်းကျောင်းပြီးအောင်ကျောင်းပညာသင်တယ်။ လုပ်ဆောင်နိုင်တဲ့ အတတ်ပညာတတ်ဖို့အတွက် တက္ကသိုလ်တက်တယ်။ လောကရဲ့ အမှန်အမှားဆုံးဖြတ်နိုင်တဲ့ဥာဏ်ပညာတိုးတက်ဖို့အတွက်ဘဝတက္ကသိုလ်တက်ရတယ်။ တချို့က ဘဝကို တက္ကသိုလ်ထဲမှာကြုံတွေ့ရတဲ့ ပြဿနာကိုတွေ့ရာက အဖြေရှာတယ်။တချို့က စာအုပ်ဖတ် အဖြေရှာတယ်။တချို့က ပြင်ပသင်တန်းတွေတက်အဖြေရှာတယ်။တချို့က တတ်ကျွမ်းသူတွေဆီကသင်ကြားအကြံယူရင်အဖြေရှာတယ်။ ဒီလုပ်ဆောင်မှုတွေအားလုံးကအစွမ်းအစ တိုးတက်ဖို့ဖြစ်တယ်။ အစွမ်းအစရှိပြီးအလုပ်မလုပ်ရင်လဲအလုပ်မဖြစ်ဘူး။ အစွမ်းမစမရှိဘဲအလုပ်လုပ်ရင်လဲအလုပ်ဖြစ်သင့်သလောက်မဖြစ်ဘူး။ Phyo Paing @ Derek
ကာယကံ၊ဝဇီကံ၊မနောကံ။ ဒီကံသုံးပါးကိုသေချာအသုံးချနိုင်ဖို့လိုတယ်။တစ်ခုပဲအသုံးချနေလို့မရဘူး။ ၁။ မနောကံ Law of Attraction တို့၊Manifestation တို့၊စိတ်ထဲကဆုတောင်းတာတို့ဆိုတာမနောကံ။ဒါကို အလုပ်လုပ်ဖို့ကိုယ်လိုချင်တာကိုပြတ်ပြတ်သားသားရှင်းရှင်းလင်းလင်းသိဖို့လိုတယ်။သံသယဖြစ်ခြင်းကိုသက်ဝင်ယုံကြည်မှု faith နဲ့အစားထိုးရတယ်။နောက်ခဏခဏ frequencyကြိမ်ရည်များအောင် မနောနဲ့စဥ်းစားရတယ်။ တစ်ခုခုကိုရဖို့သေချာတယ်ယုံကြည်ပြီးရင်ခုန်တာမျိုး။ တစ်ခုရှိတာ ဒီလူကိုလိုချင်တာထက်ဒီလူပုံစံကို စိတ်ကူးရင်ပိုဖြစ်နိုင်တယ်။ ၂။ ဝဇီကံ ဒါဖြစ်ဖို့ တချို့က ဂါထာတွေရွတ်တယ်။တချို့က လူတွေသိအောင်ကိုယ်လိုချင်တာကို ခဏခဏပြောတယ်။Public announcement လုပ်ကြေငြဖို့လဲ တချို့လူတွေကဆိုတယ်။ဥပမာ Tony Robbins တို့လို။တချို့က ကိုယ့်အနာဂတ်အမြင်ကိုခဏခဏ မြင်ယုံတင်မဟုတ်ဘူး။ပြောလဲပြောတယ်။ ၃။ ကာယကံ တွေး၊ ပြောပြီးမလုပ်ရင်မဖြစ်ဘူး။ဒီတော့ ရဖို့ ကြံစီအကောင်အထည်ဖော်ရတာကာယကံ။ တချို့က အလုပ်တွေတော့အရမ်းလုပ်တယ်။ရှေ့မရောက်ဘူး။ကာယကံပဲသုံးနေလို့လဲမရဘူး။မနောကြီးပဲသုံးနေလို့လဲမရဘူး။ပြောပဲပြောနေလို့လဲမရဘူး။ စိတ်လဲကူး။ပြောလဲပြော။ကြံစဥ်ပြီး လုပ်လဲလုပ်။ Phyo Paing @ Derek
တကယ့်မှန်ကန်တဲ့အချိန်နဲ့ကြုံရင်ချမ်းသာကြွယ်ဝမှုကတစ်နှစ်၊ တစ်လ၊ တစ်ရက်နဲ့လဲဖြစ်နိုင်တယ်လို့ထင်တယ်။ ဒီတစ်နှစ်၊ တစ်လ၊ တစ်ရက်အတွက်ပြင်ဆင်ဖို့အချိန်ကအနည်းဆုံး လေး၊ ငါး၊ ဆယ်နှစ်ပဲ။ စိတ်ရှည်ရှည် လုပ်ရင်းစောင့်။ Phyo Paing @ Derek
ဘဝမှာ ပျော်ချင်ရင်တပါးသူတွေအပေါ်ထားတဲ့မျှော်မှန်းချက်တွေလျော့။ ဘဝမှာ တော်ချင်ရင်ကိုယ့်အပေါ်ကိုယ်ထားတဲ့မျှော်မှန်းချက်တွေတင်။ Phyo Paing @ Derek
ကိုယ့်ဖြစ်တည်မှုအတွက်ကိုယ်ဂုဏ်ယူတဲ့သူတွေကသူများကို မနှိမ်တတ်ကြဘူး။ ကိုယ့်ဖြစ်တည်မှုကိုမကျေနပ်လေထွက်ပေါက်အနေနဲ့သူများတွေကို ပိုနှိမ်တတ်လေ။ ဒါကလဲ ဘယ်သူ့မှအပြစ်တင်လို့မရဘူး။ ကိုယ့်ဘဝကိုယ်ပြောင်းလို့မရရင်အပြစ်တင်တာနဲ့ စိတ်ဖြေတတ်ကြတာလူ့သဘာဝလိုဖြစ်လာတာပါပဲ။ “အပြစ်မတင်နဲ့ အဖြေရှာ”ဒါစကားနဲ့ ကိုယ့်ကိုကိုယ်အမြဲအားပေးရတတ်တယ်။ Phyo Paing @ Derek
လောကအမြင်ကိုမိဘနဲ့ အသိုင်းအဝိုင်ဆီကအများစုက သင်ယူလာကြတယ်။ ဒါကြောင့် ပညာတတ်တဲ့မိသားစုတွေက ပညာတတ်တွေပိုထွက်ကြပြီးချမ်းသာတဲ့မိသားစုတွေကချမ်းသာတဲ့သူတွေပိုထွက်တယ်။ အေးချမ်းတဲ့မိသားစုကလဲအေးချမ်းသူတွေပိုထွက်တယ်။ တိုင်ပတ်တဲ့ မိသားစုကလဲတိုင်ပတ်တဲ့သူတွေ ပိုထွက်တယ်။ ဘာကြောင့်လဲဆို လောကအမြင်ကြောင့်။ ဒါကြောင့် ဗုဒ္ဓက မဂ္ဂင်ရှစ်ပါးရဲ့ပထမတစ်ပါးမှာမှန်ကန်တဲ့အမြင်ရှိရမယ်။သမ္မာဒိဋ္ဌိအရေးကြီးတယ်။ လောကအမြင်တွေမတူတော့ဘဝတွေမတူကြတော့ဘူး။ Phyo Paing @ Derek