အသက်ရှင်ပြီး အသက်ဝင်ဖို့
အသက်ရှင်ပြီး အသက်ဝင်ဖို့၁။ ပိုက်ဆံအရင်ဝင်ဖို့လိုတယ်။၂။ အဓိပ္ပာယ်ရှိတဲ့အလုပ်နေ့တိုင်းလုပ်နေဖို့လိုတယ်။၃။ ကိုယ့်စိတ်နဲ့ ကိုယ် ကော်နက်ရှင်မိဖို့လိုတယ်။ Phyo Paing @ Derek
အသက်ရှင်ပြီး အသက်ဝင်ဖို့ Read More »
အသက်ရှင်ပြီး အသက်ဝင်ဖို့၁။ ပိုက်ဆံအရင်ဝင်ဖို့လိုတယ်။၂။ အဓိပ္ပာယ်ရှိတဲ့အလုပ်နေ့တိုင်းလုပ်နေဖို့လိုတယ်။၃။ ကိုယ့်စိတ်နဲ့ ကိုယ် ကော်နက်ရှင်မိဖို့လိုတယ်။ Phyo Paing @ Derek
အသက်ရှင်ပြီး အသက်ဝင်ဖို့ Read More »
ကိုယ့်အတွက် အကျိုးရှိမယ်ဆိုရင်ကိုယ်မုန်းတဲ့အရာတွေကိုချစ်အောင်ကြိုးစားကြည့်။ အလေးမရတာ မကြိုက်ဘူး။ရေရှည်အတွက် အကျိုးရှိရင်ချစ်အောင်ကြိုးစားကြည့်ရမှာပဲ။ နည်းပညာသစ်တွေအသုံးမပြုချင်ဘူး။ရေရှည်အတွက် အကျိုးရှိရင်ချစ်အောင်ကြိုးစားကြည့်ရမှာပဲ။ တချို့လူတွေကို အဆက်အဆံမပြုချင်ဘူး။ရေရှည်အတွက် အကျိုးရှိရင်ချစ်အောင်ကြိုးစားကြည့်ရမှာပဲ။ စာတွေ၊ ဗီဒီယိုတွေလုပ်ငန်းအတွက်တင်ရမှာ မကြိုက်ဘူး။ရေရှည်အတွက် အကျိုးရှိရင်မကြိုက်လဲ ကြိုက်အောင်ကြိုးစားကြည့်ရမှာပဲ။ ဘဝမှာ တချို့အတွေးအခေါ်တွေကိုလက်မခံချင်ဘူး။ရေရှည်အတွက် အကျိုးရှိရင်လက်ခံနိုင်အောင် ကြိုးစားကြည့်ရမှာပဲ။ ကိုယ်က ဘာကောင်မှလဲမဟုတ်ဘူး။ကိုယ့်အတွက်၊ မိသားစုအတွက်၊ကိုယ့်လုပ်ငန်းအတွက်၊ ကိုယ့်ရပ်ရွာ၊ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံ၊ လူတွေအတွက်တစ်ဆင့်ချင်းလာတယ်။ရေရှည်အတွက် အကျိုးရှိရင်မချစ်တာကို ချစ်အောင်လုပ်နိုင်ဖို့လဲလိုတတ်တယ်။ Phyo Paing @ Derek
ရေရှည်အတွက် အကျိုးရှိရင်
မချစ်တာကို ချစ်အောင်လုပ်နိုင်ဖို့လဲလိုတတ်တယ်။ Read More »
အသက်ကြီးလာတော့ကိုယ်ချစ်တာ၊ မချစ်တာတွေမသိတော့ဘူး။ ကိုယ့်အတွက် အကျိုးရှိတာ၊မရှိတာပဲရှိတော့တယ်။ ထာဝရချစ်သူ၊ထာဝရ ရန်သူလဲမရှိတော့ဘူး။အကျိုးရှိလား၊အကျိုးမရှိဘူးလားပဲစဉ်းစားတော့တယ်။ ဘဝမှာ သစ္စာ၊ မေတ္တာ၊ အနစ်နာနဲ့နေကြည့်ပြီးပြီ။ဘဝရဲ့ အခြေခံလည်ပတ်မှုကအဲ့လိုလည်ပတ်နေတာမဟုတ်ဘူးဆိုတာတဖြည်းဖြည်း သိလာတယ်။ ဒါကြောင့် ဘဝကိုအကျိုးစီးပွါး အခြေပြုပဲစဉ်းစားကြည့်တော့တယ်။ ကိုယ်တိုင်ကလဲ တခြားသူတွေရဲ့အကျိုးစီးပွါးအတွက် အသုံးဝင်ရမယ်။အဲ့လို အသုံးဝင်တဲ့အရာတွေကိုမျှဝေပေးလေလေအသုံးဝင်သွားတဲ့သူတွေက ကျေးဇူးတင်လေလေ။ကိုယ့်အကျိုးစီးပွါးကို ပြန်လည်ဖြည့်ဆည်းပေးတတ်လေလေ။ လောကကြီးတစ်ခုလုံးကအကျိုးစီးပွါးအခြေပြု လည်ပတ်နေတယ်လို့ထင်တာပဲ။ ဒါကလဲ လက်ရှိလောကကိုအဓိပ္ပာယ်ဖွင့်ဆိုတဲ့ ပုံစံတစ်ခုဖြစ်ပါတယ်။ Phyo Paing @ Derek
အသက်ကြီးလာတော့ ကိုယ့်အတွက်အကျိုးရှိတာ၊ မရှိတာပဲရှိတော့တယ်။ Read More »
ဘဝမှာ အခက်အခဲဆုံးအရာကmove on ဖြစ်ဖို့။ ဘဝမှာ ခဏခဏmove on လုပ်ရတတ်တယ်။ ကိုယ်မျှော်လင့်ထားတဲ့အတိုင်းဖြစ်မလာတဲ့ အဖြစ်အပျက်တွေကိုနာကျင်စွာနဲ့ နှလုံးသွင်းmove on လုပ်ခဲ့ဖူးကြလိမ့်မယ်။ သင်ခဲ့တဲ့စာတွေနဲ့လက်တွေ့ဘဝနဲ့မကိုက်တဲ့အခါသင်ခန်းဟောင်းတွေကနေmove on လုပ်ရတယ်။ ဘဝမှာ လာရာတွေတူခဲ့ပေမယ့်လားရာမတူတဲ့သူတွေရဲ့လမ်းခွဲမှုကနေmove on လုပ်ရတတ်တယ်။ ခေတ်ပြောင်း၊ စနစ်ပြောင်းတဲ့အခါလိုအပ်တဲ့ စကေးအပြောင်းမှာစကေးအဟောင်းတွေကိုထားခဲ့move on လုပ်ရပြန်တယ်။ ဖြစ်နေတဲ့ပုံစံကိုမကြိုက်တဲ့အခါလုပ်နေကျပုံစံတွေကိုစွန့်လွတ်ပြီးmove on လုပ်ရပြန်တယ်။ ဘဝမှာ သင်ခန်းစာယူပြီးmove on လုပ်နိုင်တိုင်းအရာရာပိုကောင်းလာနိုင်တာဘဝပါပဲ။ ဒါကြောင့် အရာရာပိုကောင်းဖို့ဖြစ်လာတာပါလို့အမြဲနှလုံးသွင်းဖြစ်တယ်။ Phyo Paing @ Derek
ဘဝမှာ အခက်အခဲဆုံးအရာက
move on ဖြစ်ဖို့။ Read More »
မမှန်ကန်တဲ့သူတွေမှာရင်းနှီးမြုပ်နှံမှု မလုပ်ပါနဲ့။ ဝန်ထမ်းပဲဖြစ်ဖြစ်၊ချစ်သူရည်းစားပဲဖြစ်ဖြစ်၊လူတွေနဲ့ပတ်သက်ရတဲ့အခါမှန်ကန်တဲ့သူတွေမှာရင်းနှီးမြုပ်နှံမှုပြုနိုင်ဖို့အရေးကြီးတယ်။ မမှန်ကန်တဲ့သူတွေမှာကိုယ့်အချိန်၊ငွေကြေး၊အာရုံစိုက်မှု၊စွမ်းအင်ရင်းနှီးမြုပ်နှံမှုပြုလုပ်ပြီးသဲထဲရေသွန်ဖြစ်တဲ့အခါနာကျင်ရတတ်တယ်။ ဒါကြောင့် ရင်းနှီးမြုပ်နှံမှုမလုပ်ခင်လူရွေးရရင်ရွေး။ရွေးလို့မရတဲ့ ဆွေမျိုးတွေဆိုရင်ဘယ်လောက်ထိလုပ်ပေးလိုက်မယ်ဘောင်ထားတတ်ဖို့လိုတယ္။ ဘဝမှာ သံသရာခရီးအတွက်အရင်းအနှီးတစ်ခုဆို မှားမယ်မထင်ဘူး။ မှန်ကန်တဲ့သူတွေမှာရင်းနှီးမြုပ်နှံနိုင်ဖို့အရေးကြီးတယ်။ ဒီလိုဖြစ်ဖို့ မှန်ကန်တဲ့သူတွေကိုရွေးချယ်နိုင်မှုက အရေးအကြီးဆုံးပဲ။ Phyo Paing @ Derek
မှန်ကန်တဲ့သူတွေမှာ
ရင်းနှီးမြုပ်နှံနိုင်ဖို့အရေးကြီးတယ်။ Read More »
ဘာလုပ်ရင်ကောင်းမလဲ။ ကမ္ဘာပေါ်မှာတခြားသူတွေမလုပ်နိုင်ဘဲကိုယ်ပဲလုပ်နိုင်တဲ့အရာဘာရှိသလဲ။ မရှိဘူးဆိုရင်ကိုယ့်နိုင်ငံမှာကိုယ်ပဲလုပ်နိုင်ပြီးတခြားသူတွေ မလုပ်နိုင်တဲ့အရာဘာရှိသလဲ။ မရှိဘူးဆိုရင်ကိုယ့်မြို့မှာကိုယ်ပဲလုပ်နိုင်ပြီးတခြားသူတွေ မလုပ်နိုင်တဲ့အရာဘာရှိသလဲ။ မရှိသေးဘူးဆိုရင်ကိုယ့်ရပ်ကိုယ့်ရွာမှာကိုယ်ပဲလုပ်နိုင်ပြီးတခြားသူတွေ မလုပ်နိုင်တဲ့အရာဘာရှိသလဲ။ မရှိသေးဘူးဆိုရင်ကိုယ့်ကုမ္ပဏီမှာကိုယ်ပဲလုပ်နိုင်ပြီးတခြားသူတွေ မလုပ်နိုင်တဲ့အရာဘာရှိသလဲ။ မရှိသေးဘူးဆိုရင်ကိုယ့် team မှာကိုယ်ပဲလုပ်နိုင်ပြီးတခြားသူတွေ မလုပ်နိုင်တဲ့အရာဘာရှိသလဲ။ ဘာမှ မရှိသေးဘူးဆိုကိုယ့်ဖက်က ရှိဖို့ကျွမ်းကျင်မှုစူပါပါဝါတစ်ခုကိုပြုစုပျိုးထောင်ဖို့လိုလာပြီ။ ဘဝဆိုတာ တိုက်ရိုက်ခေါင်းချင်းတိုက်ပြိုင်တဲ့ဂိမ်းမဟုတ်ဘူး။ညင်ညင်သာသာတိုက်ရိုက်မပြိုင်ဘဲနိုင်အောင်လုပ်တဲ့ ဂိမ်းတစ်ခုပါ။ ဘဝတိုက်ပွဲမှာ နိုင်ဖို့ကိုယ့်ရဲ့ competitive advantageပြိုင်ရင်နိုင်မည့် အားသာချက်ကိုရှာဖွေပျိုးထောင်ဖို့လိုအပ်လာတယ်။ Phyo Paing @ Derek
တခြားသူတွေမလုပ်နိုင်ဘဲ
ကိုယ်ပဲလုပ်နိုင်တဲ့အရာ
ဘာရှိသလဲ။ Read More »
ဘဝမှာ အချိန်အများကြီးမရှိဘူး။တစ်နှစ်တစ်နှစ်ဆိုတာဘယ်လို ကုန်လို့ကုန်သွားမှန်းမသိဘူး။ခက်ခဲနေရင်သာကြာတာ၊ပျော်နေရင် အချိန်ကုန်တာပိုမြန်တယ်။ အများတဲ့အချိန်အများကြီးထဲမှာအလုပ်တိုင်းကို လိုက်လုပ်လို့မရဘူး။ဒီတော့ ဘယ်အလုပ်လုပ်ရင်ကိုယ့်အတွက် အကောင်းဆုံးဖြစ်မလဲစဥ်းစားရပြီ။ ဒီလိုစဥ်းစားတဲ့အချိန်မှာအဓိကအချက်သုံးချက်နဲ့စဥ်းစားတယ်။၁။ Passion ကိုယ်အလုပ်အပေါ်ချစ်မြတ်နိုးမှု၂။ Profit ပြန်ရမည့်ငွေကြေးအမြတ်၃။ Purpose လူတွေအပေါ်အကျိုးပြုမှုရည်ရွယ်ချက် ဒီတော့ဘဝမှာ ကိုယ်လုပ်မည့်အလုပ်တွေကိုရွေးချယ်ဖို့ ပထမဦးဆုံးအနေနဲ့ကိုယ်မလုပ်ရရင် မနေနိုင်၊မစဥ်းစားရရင် မနေနိုင်တဲ့အရာတွေကို ချရေးကြည့်။ ဥပမာ ကျွန်တော့်အနေနဲ့ပြောရမယ်ဆိုစိတ်ပညာ၊ အတွေးအခေါ်ပညာ၊မဟာဗျူဟာပိုင်း၊ တိုးတက်ရေးပိုင်း၊စွမ်းဆောင်ရည်တိုးတက်မှုပိုင်းနဲ့ဒါကိုလုပ်ပေးတဲ့ နည်းပညာသစ်တွေ၊စွန့်ဦးတီထွင်မှု၊ ပညာရေး၊သင်ယူမှု၊ သင်ကြားမှုပညာ၊ဝိဇ္ဇာပညာ၊ အိုင်ဒီယာအသစ်တွေအကြောင်း။ဒါတွေကို မလုပ်ရမနေနိုင်ဘူး။ဒါကြောင့် ကိုယ်လုပ်တဲ့အလုပ်တွေကိုဒီအပေါ်မှာ အခြေခံတယ်။ ဒုတိယအနေနဲ့ ကိုယ်မလုပ်ရမနေနိုင်တဲ့အလုပ်တွေကိုလုပ်ပြီးဝင်ငွေဖန်တီးနိုင်တဲ့နည်းလမ်းတွေကိုစဥ်းစားကြည့်ပါ။ချရေးကြည့်ပါ။ ဥပမာ အလွယ်ဆုံးကတော့ကုမ္ပဏီတစ်ခုအလုပ်ဝင်လုပ်တာ။ဒီနေ့ခေတ် အလွတ်တန်းပညာရှင် freelance လုပ်တာ။ကိုယ့်အလားအလာရှိတဲ့ဖောက်သည်တွေသိအောင်social media လူမှုကွန်ယက်မှာblogging/ vlogging လုပ်တာ၊စာရေးတာ။ဒီကမှတစ်ဆင့် ကိုယ်တိုင်လုပ်ငန်းလုပ်တာ။ကိုယ်တိုင်လုပ်ငန်းလုပ်တဲ့အချိန်လဲတခြားသူတွေနဲ့မတူညီတဲ့business model နဲ့ အလုပ်လုပ်နိုင်တာ။ဝင်ငွေရနိုင်မည့် revenue streams တွေအကုန်မျက်စိဖွင့်နားစွင့်ပြီးစဥ်းစားကြည့်ပါ။ တတိယကတော့ purpose ရည်ရွယ်ချက်။ကိုယ့်ဘဝမှာ အသက်ရင်စဥ်လောကကိုပြန်ပေးခဲ့ချင်တဲ့အရာပေါ့။လူသားတစ်ယောက်က ငွေကြေး
ဘဝဆိုတာ ခက်ခဲတယ်။အနာဂတ်မှာ ဖြစ်နိုင်တဲ့ပြဿနာတွေအတွက်ကြိုတင်အဖြေမရှာထားနိုင်ရင်ပိုလို့တောင်ခက်ခဲသေးတယ်။ သားသမီးရဲ့အနာဂတ်စဉ်းစားတဲ့မိဘတွေကသူတို့သားသမီးတွေရဲ့အနာဂတ်ကို ကြိုတင်စဉ်းစားထားကြတယ်။ ငွေကြေးအရတိုင်မပတ်တဲ့သူတွေကလဲအနာဂတ်ငွေကြေးပြဿနာတွေကိုကြိုတင်တွက်ချက် အဖြေရှာထားကြတယ်။ ဒီနေ့ပြဿနာကိုတောင်ဖြေရှင်းဖို့မကြိုးစားတဲ့သူ၊ဖြေရှင်းဖို့မကြိုးစားနိုင်တဲ့သူရှိမယ်။ဒီနေ့ပြဿနာပဲ ဖြေရှင်းတဲ့သူရှိတယ်။အနာဂတ်ပြဿနာတွေကိုကြိုတင်အဖြေရှာတဲ့သူတွေရှိတယ်။ လူ့ဘဝဆိုတာ ထင်သလောက်မလွယ်ဘူး။အကောင်းကြီးပဲ မြင်နေလို့မရသလို၊အဆိုးကြီးပဲမြင်နေလို့မရဘူး။ အနာဂတ်ပြဿနာ ကြိုတင်အဖြေရှာပါ။ Phyo Paing @ Derek
အနာဂတ်ပြဿနာ ကြိုတင်အဖြေရှာပါ။ Read More »
လူအများစုမပျော်တာ ရှုပ်နေလို့။ ကိုယ်ဘာလိုချင်သလဲရှင်းရှင်းလင်းလင်းမသိဘူး။ကိုယ်ဘာလုပ်ချင်သလဲရှင်းရှင်းလင်းလင်းမသီဘူး။ကိုယ်ဘာလုပ်ရမလဲရှင်းရှင်းလင်းလင်းမသိဘူး။ဘာလုပ်ရင် ဘာရမလဲရှင်းရှင်းလင်းလင်းမသိဘူး။ ကိုယ်ဘာမလိုချင်ဘူးလဲရှင်းရှင်းလင်းလင်းမသိဘူး။ကိုယ်ဘာမလုပ်ချင်ဘူးလဲရှင်းရှင်းလင်းလင်းမသိဘူး။ကိုယ်ဘာမလုပ်သင့်ဘူးလဲရှင်းရှင်းလင်းလင်းမသိဘူး။ လူသားဖြစ်ခြင်းရဲ့အဓိက အရေအသွေးတစ်ခုကကိုယ့်ကိုကိုယ်သိဖို့။self-awareness ဖြစ်ဖို့။ ဒီထက် ထိုးထွင်းသိမြင်တာကိုInsight လို့ခေါ်တယ်။ ဒီလို ထိုးထွင်းသိမြင်ဖို့တရားထိုင်တာကို Insight Meditation ဝိပဿနာလို့ခေါ်တယ်။ အဓိက စကားလုံးကရှင်းရှင်းလင်းလင်း။တခါတလေ ရှင်းသလိုနဲ့ မရှင်းနေတတ်ဘူး။ ကိုယ့်ကိုကိုယ်ရှင်းရှင်းလင်းလင်းသိရင်လောကီမှာ ဘဝရဲ့ မလိုအပ်တဲ့စိတ်ဒုက္ခတွေက လွတ်မြောက်မယ်။သဘာဝတရားရဲ့ဖြစ်တည်မှုကို ရှင်းရှင်းလင်းလင်းသိရင် လောကုတ္တရာမှာသံသရာ ဝဋ်ဆင်းရဲကလွတ်မြောက်မယ်။ လောကီရဲ့နိဗ္ဗာန်က ငွေကြေးလွတ်မြောက်မှု Financial Freedom နဲ့စတယ်။ငွေကြေးလွတ်မြောက်ရင်ကိုယ်မလုပ်ချင်တာ လုပ်စရာမလိုတဲ့Physical Freedom ကာယလွတ်မြောက်မှုရမယ်။ စိတ်ထားတတ်ရင် ရှင်းလင်းရင်Emotional Freedom စိတ်ပိုင်းဆိုင်ရာလွတ်မြောက်မှုရမယ်။ လောကသဘာဝကို သိရှိခံစားနားလည်လာရင်Spiritual Freedom ရမယ်။ အရာရာက Self-awareness ကိုယ့်ကိုကိုယ်သိဖို့ကစတင်တယ်။ Phyo Paing @ Derek
လူအများစုမပျော်တာ
ရှုပ်နေလို့။ Read More »
လူဖြစ်ရတာ လွယ်မလိုလိုနဲ့မလွယ်ဘူး။ ကြိုက်ကြိုက်မကြိုက်ကြိုက် လူရယ်လို့ဖြစ်လာတဲ့အခါဘဝတစ်ခုရမယ်။ မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကြားရှင်သန်ခြင်းဖြစ်စဉ်က ဘဝပဲ။ မွေးတာနဲ့ သေတာကို ကိုယ်ထိန်းချုပ်လို့ရချင်မှရမယ်။ရှင်သန်ခြင်းဖြစ်စဉ် တော်တော်များများကိုကိုယ်ထိန်းချုပ်လို့ရတယ်။ ရှင်သန်ခြင်းဖြစ်စဉ်အတွက်ဘဝမှာ ပေးထားချက်တွေရှိတယ်။နောက် မေးထားချက်တွေရှိတယ်။ မွေးဖွားလာတဲ့ ဇာတိ၊ဖြစ်တည်လာတဲ့လူမျိုး၊ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်၊တွေ့ဆုံလာခဲ့တဲ့ လူတွေ၊ဒီအခြေအနေတွေက ဘဝရဲ့ပေးထားချက်တွေပဲ။ဘဝရဲ့ပေးထားချက်တွေကိုပြင်ဖို့မလွယ်ဘူး။ နောက်ဘဝမှာ မေးထားချက်တွေရှိတယ်။မိဘ၊ မောင်နှမ၊ ဆွေမျိုး၊ မိမိကိုယ်တိုင်ရဲ့ကျန်းမာရေး၊ အလုပ်စီးပွါး၊ အချစ်ရေး၊ပေါင်းသင်းဆက်ဆံရေး။ ဒီရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာအခက်အခဲနဲ့ ရုန်းကန်မှုတွေတစ်ခုမမဟုတ်တစ်ခု လူတိုင်းမှာရှိတတ်ကြတယ်။ အဖြစ်အပျက်တွေ။ ဒါတွေက ဘဝရဲ့မေးထားချက်တွေပဲ။ ဘဝဆိုတာ ပေးထားချက်ထဲကမေးထားချက်တွေကို အဖြေရှာနိုင်မှ နောက်တစ်ဆင့်တက်သွားမှာ။ လူတစ်ယောက်နဲ့တစ်ယောက်ပေးထားချက်တွေမတူဘူး။တစ်ယောက်နဲ့တစ်ယောက်မေးထားချက်တွေမတူဘူး။ ဒါကြောင့် တစ်ချို့သူတွေရဲ့အဖြေကို တိုက်ရိုက်ကူးချလို့မရဘူး။ အရာရာ ကိုယ့်ရဲ့ပေးထားချက်တွေကိုနက်နက်နဲနဲသေချာသိရှိနားလည်နိုင်ဖို့လိုတယ်။မေးထားချက်တွေကို ရှင်းရှင်းလင်းလင်းသိဖို့လိုတယ်။ ဒါတွေဖြေရှင်းဖို့ ကိုယ့်ရဲ့ အတွေးအခေါ်၊အကြံအစည်၊ အလုပ်အကိုင်တွေကို သေချာထိန်းကြောင်းဖို့ပြန်လိုပြန်တယ်။ Phyo Paing @ Dere
ဘဝဆိုတာ ပေးထားချက်ထဲက
မေးထားချက်တွေကို
အဖြေရှာနိုင်မှ
နောက်တစ်ဆင့်တက်သွားမှာ။ Read More »