Life

ဘဝရဲ့ပေးထားချက်တွေမသိရင်ရွေးထားချက်တွေမှားနေမယ်။

လူတိုင်းမှာ ပါရမီပါတယ်။မသုံးပဲ ဖြုန်းပြီးနေသလိုဖြစ်တဲ့ဘဝမှာဖြစ်သလိုနေသွားတာနှမြောစရာလို့ထင်တယ်။ ဘဝရဲ့ပေးထားချက်တွေမသိရင်ရွေးထားချက်တွေမှားနေမယ်။ Phyo Paing @ Derek

ဘဝရဲ့ပေးထားချက်တွေမသိရင်ရွေးထားချက်တွေမှားနေမယ်။ Read More »

သတိပြုမိရင်ကျန်တာပြင်လို့လွယ်တယ်။

ဘဝမှာ တစ်ခုခုလိုနေသေးတယ်လို့အမြဲတမ်းခံစားဖူးလား။ ဝင်ငွေဆိုလဲ ထပ်လိုသေးတယ်။အချစ်ဆိုလဲ ထပ်လိုသေးတယ်။တော်ဖို့ ထပ်လိုသေးတယ်။ ဘာကြောင့်လဲပြန်ဆန်းစစ်တဲ့အခါဘဝမှာ ငယ်ဘဝဖြတ်သန်းမှုမှာအုပ်ထိန်းသူတွေရဲ့ကိုယ့်ဖြစ်တည်မှုကို ဝမ်းသာမှုအစားလိုအပ်ချက်တွေကိုအမြဲထပ်လိုနေသေးတယ်ဆိုတဲ့ပြုစုပျိုးထောင်မှုကြောင့်“ငါလိုနေသေးတယ်” ဆိုတဲ့စိတ်ဝင်တာဖြစ်နိုင်တယ်။ ဒီစိတ်က ဘဝကို မငြိမ်းချမ်းစေဘူး။ကျန်းမာရေး၊ ငွေကြေး၊ အချစ်၊စီးပွားရေး ပြည့်စုံနေရင်တောင်ထပ်လိုနေသေးတယ်ငါနဲ့များတကယ်ထိုက်တန်ရဲ့လားစိတ်ကရှိထားတာတွေကို ဖျက်ဆီးတဲ့အမူအကျင့်မျိုးကို ဖြစ်စေတတ်တယ်။ တခါတလေ ကိုယ့်အမူအကျင့်တွေ၊ခံစားချက်တွေ၊ အတွေးတွေကငယ်ဘဝဖြတ်သန်းမှုကြောင့်မသိစိတ်ထဲမှာ စွဲကျန်နေတတ်တာမျိုး။ သတိပြုမိရင်ကျန်တာပြင်လို့လွယ်တယ်။ Phyo Paing @ Derek

သတိပြုမိရင်ကျန်တာပြင်လို့လွယ်တယ်။ Read More »

သေနေ့မစောင့်ပဲနေနေရတာကိုကအောင်မြင်မှုတစ်ခုဖြစ်နေနိုင်တယ်။

ကျန်းမာအသက်ရှင်နေပြီးအသက်ဝဝလင်လင်ရှူပြီးအသက်မငင်၊ကင်ဆာ၊ အနာကြီး၊ ကူးစက်ရောဂါမဖြစ်သေနေ့မစောင့်ပဲနေနေရတာကိုကအောင်မြင်မှုတစ်ခုဖြစ်နေနိုင်တယ်။ Phyo Paing @ Derek

သေနေ့မစောင့်ပဲနေနေရတာကိုကအောင်မြင်မှုတစ်ခုဖြစ်နေနိုင်တယ်။ Read More »

ဒီ ၇ ခု နေ့တိုင်း လုပ်ရင်ဘဝ ပြောင်းသွားမယ်။ကိုယ် ပြောင်းသွားမယ်။

စက်ရုပ်လို အလုပ်လုပ်။အနုပညာသမားလိုဘဝရဲ့အနှစ်သာရကိုခံစား။ သိပ္ပံပညာရှင်တစ်ယောက်လိုလေ့လာ။အတွေးအခေါ်ပညာရှင်တစ်ယောက်လိုမေးခွန်းထုတ်။​ အင်္ဂျင်နီယာတစ်ယောက်လိုဘဝကို တည်ဆောက်။ ဆရာဝန်တစ်ယောက်လိုပြဿနာကို အဖြေရှာ။ရှေ့နေတစ်ယောက်လိုကိုယ့်အမှုကို ကာကွယ်။ ဒီ ၇ ခု တတ်ရင် ဘဝ ကို master လုပ်နိုင်ပြီ။ လူအများစုကဘဝ ကို အမျိုးအစား တစ်ခုတည်းနဲ့ နေကြတယ်။ တစ်ချို့က အလုပ် ပဲ လုပ်တတ်တယ်ဒါပေမယ့် ခံစားမှု မရှိဘူး တစ်ချို့က ခံစားမှု ပဲ ရှိတယ်ဒါပေမယ့် စနစ်တကျ မလုပ်တတ်ဘူး တစ်ချို့က မေးခွန်း ထုတ်တတ်တယ်ဒါပေမယ့် အဖြေ ရှာမတတ်ဘူး ဘဝ ကို ဆရာကျဖို့အမျိုးအစား ၁ ခု နဲ့ မရဘူးအနည်းဆုံး ၇ ခု လိုတယ် ဒီ ၇ ခု ကိုကိုယ့်ထဲ ပေါင်းစပ်ထားရမယ်။ ၁။ စက်ရုပ်လို

ဒီ ၇ ခု နေ့တိုင်း လုပ်ရင်ဘဝ ပြောင်းသွားမယ်။ကိုယ် ပြောင်းသွားမယ်။ Read More »

ဘဝတိုက်ပွဲဆိုတာက ပါမွှားလေး။

တချို့သူတွေကဘဝရဲ့ ငယ်ရွယ်နုပျိုမှာတစ်ဝက်မဟုတ်တောင်လေးပုံတစ်ပုံကအဖေ၊ အမေ သို့ မိသားစုအကြွေးကို ဆပ်ရတတ်ကြတယ်။ တချို့သူတွေအတွက်တခါတလေ တိုးတက်အောင်မြင်အောင်လုပ်တာမခက်ဘူး။အမြဲရှုံးနေတဲ့အရာကိုမရှုံးအောင်လုပ်ပေးရတာ အခက်ဆုံးပဲ။မရှုံးအောင်လုပ်လဲနောက်ဆုံးတော့ ရှုံးမှာပဲ။ ဒီပြဿနာကို ကျော်လွှားဖို့ကတချို့ကိစ္စတွေမှာကပြဿနာတွေရဲ့နောက်မှာလက်ဆောင်တွေရှိတတ်တယ်လို့စိတ်ထားရမှာပဲ။ ငယ်ငယ်ကတည်းကဒီလို အတွေ့အကြုံတွေသာမရှိခဲ့ရင်ဘဝတိုက်ပွဲက ကိုယ့်အတွက်ကြမ်းတမ်းနေမှာ။ တချို့အတွက်တကယ်တမ်း မွေးရာပါမိသားစုအတွက်ဝင်ရတဲ့တိုက်ပွဲနဲ့ဘဝတိုက်ပွဲယှဥ်ရရင်ဘဝတိုက်ပွဲဆိုတာက ပါမွှားလေး။ လောကမှာ စိတ်ပိုင်းဆိုင်ရာTrauma တွေလွတ်မြောက်ချင်ရင်ဒီလေးခုကို ခွင့်လွတ်ဖို့လိုတတ်တယ်လို့ပညာရှင်တချို့ဆိုတယ်။​ ၁။ ကိုယ့်မိဘကို ခွင့်လွတ်၂။ ကိုယ့်ကိုကိုယ်ခွင့်လွတ်၃။ ကိုယ့်ကို ဒုက္ခပေးထားတဲ့သူတွေကိုခွင့်လွတ်၄။ တောင်းပန်စရာရှိသူကို စိတ်ထဲကဝန်ချတောင်းပန်တဲ့။ Phyo Paing @ Derek

ဘဝတိုက်ပွဲဆိုတာက ပါမွှားလေး။ Read More »

ကိုယ့် ဘဝ ကို ကိုယ် ကယ်ပါ

ကိုယ့်ကိုကိုယ် မကယ်ချင်သူကိုဘယ်သူမှ ကယ်လို့ မရဘူး။ ကူညီချင်တယ်ကယ်ချင်တယ်ပြောင်းစေချင်တယ် ဒါပေမယ့်တစ်ဖက်သားက ကိုယ့်ကိုကိုယ် မကယ်ချင်ဘူး ဆိုရင်ဘယ်လောက် ကြိုးစားကြိုးစားဘယ်သူမှ ကယ်လို့ မရဘူး။ ဒါ ခက်ခဲတဲ့ အမှန်တရား ဖြစ်တယ်ဒါပေမယ့် အမှန်တရား ဖြစ်တယ်။ — ဘာကြောင့် ကယ်လို့ မရတာလဲ — ပြောင်းလဲခြင်း ဆိုတာအတွင်း ကနေ လာရတယ်အပြင် ကနေ ထည့်လို့ မရဘူး စိတ်ပညာရှင် Carl Rogers ပြောခဲ့ပါတယ်“ပြောင်းလဲခြင်းရဲ့ paradox ကကိုယ့်ကိုကိုယ် လက်ခံလိုက်တဲ့ အခါပြောင်းလဲခြင်း ဖြစ်လာတယ်” လို့ ပြောင်းလဲဖို့ ပထမ အဆင့်က“ငါ ပြောင်းရမယ်” ဆိုတဲ့ ဆန္ဒ ဖြစ်တယ် ဒီ ဆန္ဒ မရှိရင်ဘယ်သူ ဘယ်လောက် ကူညီပေးပေးဘာမှ မပြောင်းဘူး ရေ မသောက်ချင်တဲ့

ကိုယ့် ဘဝ ကို ကိုယ် ကယ်ပါ Read More »

မေတ္တာရှိတဲ့သူတွေအတွက်အသုံးဝင်ရင် မေတ္တာရှာရလွယ်မယ်။

ကိုယ့်ကိုကိုယ် အမြဲပြန်စဉ်းစားမိတာတစ်ခုကငါ ဘာ တန်ဖိုးရှိလဲ။ဘယ်သူတွေအတွက်လဲ။ဘယ်လို တန်ဖိုးရှိသလဲ။ သူများတော့မသိဘူးကိုယ့်ဘဝအတွက်ကလူဖြစ်ကြောင်း လူရာဝင်ဖို့အသုံးဝင်ဖို့လိုတယ်။ အဒေါ်ခိုင်းတာလုပ်နိုင်ရင်အဒေါ်နဲ့အဆင်ပြေတယ်။ဦးလေးရဲ့အောင်မြင်မှုတွေနားထောင်ချီးကျူးပေးနိုင်ရင်လဲ သူ့အိမ်နေရတာအဆင်ပြေတယ်။ အသုံးဝင်ရင် လူတွေခေါ်ချင်ပြောချင်တယ်။အသုံးမဝင်ရင် လူတွေဂရုမစိုက်ချင်ဘူး။ ဒီတော့ ကိုယ့်အတွက် ကိုယ်အသုံးဝင်ဖို့အရင်လုပ်ဆောင်ရတယ်။ပြီးတော့ အနီးဆုံးသူတွေနဲ့ တခြားသူတွေအတွက်။ လူတချို့ရဲ့ ပြဿနာကိုဖြေရှင်းပေးနိုင်ရင်အသုံးဝင်သလို၊လူတချို့လိုချင်တာကိုရအောင်ကူညီပေးနိုင်ရင်အသုံးဝင်တယ်။ ပထမဆုံး ကိုယ့်ပြဿနာကိုယ်ဖြေရှင်းကိုယ့်ကိုကိုယ် အသုံးဝင်အောင်လုပ်ရင်းကိုယ်လိုလူတွေအတွက်အသုံးဝင်အောင်လုပ်လိုက်ကြည့်တယ်။​ V x L x S = Wealthကျွန်တော့်ရဲ့ ဖော်မြူလာတစ်ခု။ အသုံးဝင်မှု x နည်းနည်းလုပ်များများရ x ချဲ့ထွင်နိုင်ဝင် = ကြွယ်ဝမှုValue x Leverage x Scalability = Wealth ပိုက်ဆံရှိတဲ့သူတွေအတွက်အသုံးဝင်ရင် ပိုက်ဆံရှာရလွယ်မယ်။ မေတ္တာရှိတဲ့သူတွေအတွက်အသုံးဝင်ရင် မေတ္တာရှာရလွယ်မယ်။ Phyo Paing @ Derek

မေတ္တာရှိတဲ့သူတွေအတွက်အသုံးဝင်ရင် မေတ္တာရှာရလွယ်မယ်။ Read More »

ဘဝက ရေလှိုင်းလိုပဲ

ထူးဆန်းတာတစ်ခုကပြဿနာလာရင်အစုလိုက်အပြုံလိုက်လာတယ်။ပြီးသွားတဲ့အခါလဲအစုလိုက် အပြုံလိုက်ပြီးတယ်။ ပြီးသွားတဲ့အခါလဲreset ချလိုက်သလိုပဲတစ်ခုပြီးတစ်ခု တစ်ရက်တည်း။ ဘဝက ရေလှိုင်းလိုပဲလှိုင်းပေါ်ရောက်နေချိန် စမာန်မတက်နဲ့။လှိုင်းအောက်ရောက်နေချိန်လဲ စိတ်ဓာတ်မကျနဲ့။ ဘဝက duality ပဲ။​အလင်းအမှောင်။အနိမ့်အမြင့်။​အတက်အကျ။လောကဓံရှစ်ပါး။ Phyo Paing @ Derek

ဘဝက ရေလှိုင်းလိုပဲ Read More »

ဒါ ဘဝဂိမ်း ကို master လုပ်တဲ့ နည်းလမ်း ဖြစ်တယ်။

Social Game ကို ကစားတတ်တဲ့ သူကဘဝမှာ ရွေးချယ်ခွင့် ရတယ်။မကစားတတ်တဲ့ သူက ရွေးချယ်ခံ ရတယ်။ လူတိုင်း social game ထဲ ရှိတယ်ကိုယ် သိသိ မသိသိ။ ရုံးထဲ ဝင်တာနဲ့ game စပြီဈေးကွက်ထဲ ဝင်တာနဲ့ game စပြီဆက်ဆံရေး ထဲ ဝင်တာနဲ့ game စပြီ “ငါ game မကစားဘူး” ပြောတဲ့ သူgame ထဲ ရှိပြီးသား ဖြစ်တယ်ဒါပေမယ့် ကစားနည်း မသိတာ ဖြစ်တယ် ကစားနည်း မသိတဲ့ သူကကစားခံ ရတယ်။ — Social Game ဆိုတာ ဘာလဲ — Social game ဆိုတာmanipulateလှည့်စား လုပ်တာ မဟုတ်ဘူးလူတွေ ကြားထဲ

ဒါ ဘဝဂိမ်း ကို master လုပ်တဲ့ နည်းလမ်း ဖြစ်တယ်။ Read More »

ဘဝဆိုတာ ရွေးချယ်မှုကစားပွဲတစ်ခုပဲ။

ကိုယ့်အစွမ်းအစတွေကိုဖြုန်းတီးပြီးနေသလိုဖြစ်တဲ့ဘဝမှာဖြစ်သလိုနေကိုယ်နဲ့မထိုက်တန်တဲ့သူ၊မထိုက်တန်တဲ့နေရာ၊မထိုက်တန်တဲ့အိုင်ဒီယာနဲ့နေထိုင်ပြီး အသက်ထွက်မည့်သူတွေကိုမုန်းတယ်။ အမှန်တော့ စိတ်ပညာရှာ Carl Jung ကခင်ဗျာမုန်းတဲ့အရာကခင်ဗျာကိုယ်တိုင် ဖိနှိပ်ထားတဲ့အရာတဲ့။ဒါကို အရိပ် shadow လို့ခေါ်တယ်တဲ့။ မှန်တော့မှန်တယ်။ဘဝမှာ အဲ့ခေတ်က သိန်း ၂၀ ကျော်ဖုန်းလေးဝယ်ချင်တော့လဲကိုယ်တိုင်ပဲကြံရတယ်။ကားဝယ်ချင်တော့လဲ အဲ့လဲပဲ။တစ်ခုခုလိုချင်တိုင်းခေါင်းကကြံ၊ လုပ်ဆောင်ရတော့တစ်ခုခုဆို လိုချင်တာမရတဲ့ငတုံးဖြစ်မှာ စိုးရိမ်တယ်။ ဒီနေ့ နေသလိုဖြစ်တဲ့ဘဝမှာအတတ်နိုင်ဆုံး ဖြစ်သလိုမနေမိအောင်စီမံရတယ်။ငယ်ရွယ်နုပျိုမှုအချိန်တွေကိုအလဟသ မဖြစ်ဖို့လေ့လာ၊ စမ်းသပ်၊ လုပ်ဆောင်ရတယ်။နောက်ကိုယ်နဲ့မတန်တော့တဲ့သူတွေအနားက ထွက်ခွာ၊အရင်အိုင်ဒီယာတွေကို စွန့်ခွာရပြန်တယ်။ အမှန်တော့ ကိုယ်မုန်းတဲ့အရာတွေကကိုယ်က ဖိနှိပ်ထားတဲ့ အရာတွေတဲ့။ ဘဝဆိုတာ ရွေးချယ်မှုကစားပွဲတစ်ခုပဲ။ Phyo Paing @ Derek

ဘဝဆိုတာ ရွေးချယ်မှုကစားပွဲတစ်ခုပဲ။ Read More »