Life

ဘဝဆိုတာ စမ်းသပ်မှုတစ်ခုပဲ။

လွန်ခဲ့တဲ့ ၁၂ နှစ်လောက်ကပေါ့။ မှတ်မှတ်ရရ HIV လူနာကို ဆေးသွင်းပေးနေရင်းအိုင်ဒီယာ တစ်ခုရလာတယ်။ဆေးရုံမှာ အလုပ်သင်ဆရာဝန်လုပ်တဲ့အချိန်တုန်းကပေါ့။အိုင်ဒီယာကတော့ တရုတ်က ဒီ စာဖတ်တဲ့ Linux tablet တွေများများမှာပြီးရောင်းဖို့လုပ်တယ်။ 2011 ဆိုတော့ ဖေ့ဘုတ်သုံးတဲ့လူက အရမ်းမများသေးဘူး။ ဆေးကျောင်းတစ်လျှောက် ဂိုက်သင်လိုက်၊တရုတ်က ဘွန်စိုင်းအပင်တွေ သူငယ်ချင်းနဲ့ပေါင်းတင်သွင်းလိုက်။ရတဲ့ငွေ စုကြေးစုလိုက်။အတိုးချေးလိုက် အလိမ်ခံလိုက်ရကနေစုထားတဲ့ ငွေနဲ့ Mebook ဆိုပြီး ကစ်ပလိုက်တယ်။ ပစ္စည်းတွေ မရောင်းရ၊consignment တွေတင်၊ ငွေခေါင်းတွေကွဲ၊ အပြတ်ပြတ်နဲ့ နာခေါင်းသွေးထွက်ခဲ့တယ်။ တော်တော်လေး တင်းသွားတယ်။ လူတွေ လိုအပ်နေပြီးမလိုအပ်ဘူးထင်တဲ့ကုန်ပစ္စည်းကို လူတွေလိုအပ်တယ်၊ဝယ်အောင် ဘယ်လိုလုပ်မလဲ အဖြေရှာတယ်။ UK နောက်ဆုံးနှစ်နဲ့ညီတဲ့ စီးပွားရေး diploma ကို ခတ်တည်တည်နဲ့ဝင်တက်ပြီး လေးလလောက် အိမ်တွင်းအောင်း ရှယ်ဝုန်းလိုက်တယ်။Part-time စာပြန်သင်တယ်။နိုင်ငံတကာဆေးကုမ္ပဏီမှာလုပ်တယ်။နောက် MBA တက်တယ်။ အဖြေက […]

ဘဝဆိုတာ စမ်းသပ်မှုတစ်ခုပဲ။ Read More »

ဘဝဂိမ်းကစားပွဲကို
ဘယ်နေရာကဆော့နေလဲ။

ဘဝပေးထားချက်တွေထဲမှာ အကန့်အသတ်နဲ့လုပ်ဆောင်နေရတာ User mode ဒီအကန့်အသတ်တွေကြားထဲမှာလိမ်မာပါးနပ်ဆရာကျလာတာ Super user mode ဆရာကျပြီး စီမံနိုင်လာတာ Admin mode ကိုယ့်ဘဝ ကိုယ်လိုသလို စိတ်ကြိုက်ပုံဖော် ဒီဇိုင်းလုပ်လို့ရလာတာ God mode ဘဝဂိမ်းကစားပွဲကို ဘယ်နေရာကဆော့နေလဲ။ ကိုယ်က play နေတာလား၊အ play ခံနေရသလား။ Phyo Paing @ Derek

ဘဝဂိမ်းကစားပွဲကို
ဘယ်နေရာကဆော့နေလဲ။
Read More »

ခက်တဲ့အရာတွေ နေ့စဥ်လုပ်ရင်
အချိန်ကြာရင် လွယ်လာလိမ့်မယ်။

ဘဝကို လွယ်ကူချင်ရင်နေ့စဥ် ခက်ခဲတဲ့အရာတွေကိုလုပ်ဖို့လိုတယ်။ Phyo Paing @ Derek

ခက်တဲ့အရာတွေ နေ့စဥ်လုပ်ရင်
အချိန်ကြာရင် လွယ်လာလိမ့်မယ်။
Read More »

တချို့နာကျင်မှုတွေက
ကိုယ့်ဘဝလမ်းကြောင်းကို
အများကြီးအပေါင်းအလဲဖြစ်သွားစေတယ်။

ကိုယ့်ကိုအပြောင်းအလဲဖြစ်သွားစေတဲ့နာကျင်မှုတွေကို ကျေးဇူးတင်ပါ။ တချို့နာကျင်မှုတွေက ကိုယ့်ဘဝလမ်းကြောင်းကို အများကြီးအပေါင်းအလဲဖြစ်သွားစေတယ်။မြန်နှုန်းလဲမြင့်သွားစေနိုင်တယ်။ ဒီဘဝရဲ့နာကျင်မှုတွေ ကြုံလာတဲ့အခါတိုင်းခါးခါးသီးသီးရှောင်ရှားနေတာထက်ဒါကို လှေကားထစ်လို့မြင်ပြီးနောက်တစ်ဆင့်တက်သွားကြည့်ပါ။ ဘဝမှာ the pain that changes you တွေကြောင့်သန်မာတဲ့လူတွေ ဖြစ်လာတတ်ကြတယ်။ Phyo Paing @ Derek

တချို့နာကျင်မှုတွေက
ကိုယ့်ဘဝလမ်းကြောင်းကို
အများကြီးအပေါင်းအလဲဖြစ်သွားစေတယ်။
Read More »

လျစ်လျူရှုတတ်အောင် လေ့ကျင့်ပါ။

တစ်နေ့တစ်နေ့ စိတ်ကသိကအောင့်လာဖြစ်စေတဲ့အရာကတော့အလိုက်မသိ၊ လူလုပ်နည်းမသိတဲ့သူတွေကြောင့်ဖြစ်တတ်ကြတယ်။ ကိုယ်နဲ့မဆိုင်ဝင်ပါတတ်တဲ့သူတွေဖြစ်တတ်ကြသလိုလောကကြီးကို စိတ်တိုင်းမကျကိုယ့်မှာရှိတဲ့အမှိုက်ကို သူများဆီလာပစ်ချင်တဲ့သူတွေဖြစ်တတ်ကြတယ်။ ပြဿနာသေးသေးလေးကိုပုံကြီးချဲ့ပြောတတ်ကြသလို၊တခါတခါ ကိုယ်မကြိုက်တဲ့စကားကိုမှထပ်ခါထပ်ခါပြောတတ်ကြတယ်။ အဲ့လိုလူတွေက သူစိမ်းတွေဖြစ်တတ်ကြသလို၊အရင်းနီးဆုံးသူတွေလဲဖြစ်နိုင်တယ်။ မဆီမဆိုင် ကိုယ်နဲ့လဲမသိကိုယ့်အကြောင်းဖြစ်ရပ်မှန်လဲနားမလည်ကိုယ့်ကိုကောက်ချက်ချ စိတ်အနှောက်အယှက်ပေးချင်သူလဲဖြစ်နိုင်တယ်။ ဒီလိုလူတွေနဲ့ အကောင်းဆုံးထိုက်တန်တာကကိုယ့်ရဲ့ အာရုံ attention မဟုတ်ပါဘူး။သူတို့နဲ့ထိုက်တန်တာ ကိုယ့်ရဲ့လျစ်လျူရှုမှုပါ။ The only way to win with a toxic person, isnot to play. ဒါလေးကြားဖူးကောင်းကြားဖူးလိမ့်မယ်။ ဒါကြောင့် ကိုယ့်ကိုလာဘူစေမည့်သူToxic person တွေကို ban/block လုပ်လို့ရသလိုမကောင်းတတ်တဲ့သူတွေဆို unfollow လုပ်တာအကောင်းဆုံးရွေးချယ်မှုဖြစ်ကောင်းဖြစ်မယ်။ အရင်းအနှီးဆုံးနေ့စဉ်တွေ့နေရတဲ့သူတွေဆိုသူတို့ရဲ့ ထောက်ပံ့မှုက လွတ်မြောက်ဖို့ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်အောင်လုပ်ပါ။ ကိုယ်တာဝန်ယူထားရတဲ့သူဆိုရင်တော့လစဉ်ထောက်ပံ့ပေးနိုင်တဲ့ငွေအစီအရင်လုပ်ပြီးငြိနှိုင်းမှုတစ်ခုပြုလုပ် ထားခဲ့တာမှန်ကန်တဲ့ရွေးချယ်မှုတစ်ခုဖြစ်ကောင်းဖြစ်နိုင်တယ်။ Phyo Paing @ Derek

လျစ်လျူရှုတတ်အောင် လေ့ကျင့်ပါ။ Read More »

ကိုယ့်လက်ရှိဘဝက
ကိုယ့်ရွေးချယ်မှုစုစုပေါင်းရဲ့
ရလဒ်ပဲ။

ဘယ်မှာနေမယ်၊ ဘာအလုပ်လုပ်မယ်၊ဘယ်သူတွေနဲ့ပေါင်းမယ်၊ ဘာစာအုပ်တွေဖတ်မယ်၊ဘဝကို ဘယ်လိုပုံစံနေထိုင်မယ်၊ဒီရွေးချယ်မှုတွေရဲ့ရလဒ်ပဲ။ တချို့က ဒါကို သေချာဒီဇိုင်းလုပ်တယ်။တချို့က ဖြစ်သလိုနေတယ်။ နေသလိုဖြစ်တဲ့ဘဝမှာ ဖြစ်သလိုနေတာက အချိန်တစ်ခုထိပဲကောင်းတယ်။ကိုယ့်ဘဝ ကိုယ်မှ တာဝန်မယူရင်ဘယ်သူမှ လာယူပေးမှာမဟုတ်ဘူး။ ရွေးချယ်မှုကောင်းတွေလုပ်နိုင်ဖို့ ကျွန်တော်စဥ်းစားနေ P နှစ်လုံးရှိတယ်။တစ်ခုက Possibility ဖြစ်နိုင်ခြေ၊နောက်တစ်ခုက Probability ဖြစ်နိုင်စွမ်း။ ကြိုးစားရင် ဘုရားတောင်ဖြစ်နိုင်တယ်လို့ဆိုကြတယ်။ဒါက ဖြစ်နိုင်ခြေ possibility.ကျောက်တူးရင်း ကျောက်အောင်နိုင်တယ်။နည်းပညာလုပ်ငန်းလုပ်ပြီးလဲကိုယ်လိုချင်တဲ့ နေ့စဥ်အသုံးပြုသူရနိုင်တယ်။ ဒါပေမယ့်ပြန်စဥ်းစားရမှာဖြစ်နိုင်စွမ်း probability. ဘယ်လောက်ဖြစ်နိုင်လဲ။ ရာခိုင်နှုန်းအားဖြင့်။ ရေခံမြေခံ ကာလံဒေသံနဲ့လဲဆိုင်နိုင်တယ်။ အချိန်နဲ့လဲ ဆိုင်နိုင်တယ်။ ဒီနှစ်ခုကို ချိန်ငြိစဥ်းစားပြီးရင်ကိုယ့်အနေနဲ့ probability ဖြစ်နိုင်စွမ်းတွေကိုမြင့်အောင်၊ များအောင် ဘာတွေလုပ်ဆောင်လို့ရမလဲ စဥ်းစားကြည့်လို့ရတယ်။ ဒီအပေါ်မူတည်ပြီး ရွေးချယ်မှုပြုလုပ်တယ်။ နေ့စဥ်ကိုယ့်ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချနိုင်လေလေ၊ ပိုပျော်၊ ပိုလွတ်လပ်၊ ပိုတိုးတက်၊ပိုရင်ခုန်ပြီး၊ ပိုလတ်ဆတ်တဲ့ဘဝဖြတ်သန်းရလေလေပဲ။ Phyo Paing @ Derek

ကိုယ့်လက်ရှိဘဝက
ကိုယ့်ရွေးချယ်မှုစုစုပေါင်းရဲ့
ရလဒ်ပဲ။
Read More »

ဘဝဆိုတာ စမ်းသပ်မှုတွေပြုလုပ်တဲ့နေရာ

ဘဝမှာ လုပ်စရာမလိုပဲလုပ်နေမိတဲ့ အလုပ်တွေရှိသလား။ ကိုယ့်ဘဝမှာ အရေးမပါတာကိုအရာပေးနေမိလား။ကိုယ်ဖြစ်သင့်တဲ့အကောင်းဆုံးပုံစံဖြစ်ဖို့ဘယ်အရာတွေကတားဆီးနေသလဲ။ဘဝကို ကိုယ်ဘယ်လိုမြင်သလဲ။ကျွန်တော်ကတော့ ဘဝဆိုတာစမ်းသပ်မှုတွေပြုလုပ်တဲ့နေရာလို့ပဲမြင်တယ်။ Phyo Paing @ Derek

ဘဝဆိုတာ စမ်းသပ်မှုတွေပြုလုပ်တဲ့နေရာ Read More »

ဘဝမှာ ဖြစ်နိုင်စွမ်း probability နဲ့
မတူတဲ့ ဖြစ်နိုင်ခြေ possibility လဲလိုတယ်။

တချို့တွေက တော်တော်လေးလက်တွေ့ကျတယ်။ဖြစ်နိုင်စွမ်း probability နဲ့ပဲအလုပ်လုပ်တယ်။အရှိနဲ့အနီးစပ်ဆုံးဖြစ်အောင်စဥ်းစားပြီး ဆုံးဖြတ်ချက်ချကြတယ်။ ဘဝမှာ ဖြစ်နိုင်စွမ်း probability နဲ့မတူတဲ့ ဖြစ်နိုင်ခြေ possibility လဲလိုတယ်။ တခါတလေ ကိုယ့်ရဲ့ intelligence ဥာဏ်တစ်ခုတည်းသုံးတာမဟုတ်ပဲအလိုလိုသိစိတ်ရဲ့အစွမ်း intuition နဲ့စိတ်ကူးယဥ်ဖို့ imagination လဲလိုတယ်။ Phyo Paing @ Derek

ဘဝမှာ ဖြစ်နိုင်စွမ်း probability နဲ့
မတူတဲ့ ဖြစ်နိုင်ခြေ possibility လဲလိုတယ်။
Read More »

Money နဲ့ Meaning အရေးကြီးတယ်။

ဘဝမှာ လူတစ်လုံးသူတစ်လုံးကိုယ်သက်သောင့်သက်သာရှိတဲ့ဘဝနေထိုင်မှုပုံစံရှိဖို့ Money လိုတယ်။ ဒါပြည့်စုံပြီးရင် ဘဝနေထိုင်မှုအဓိပ္ပာယ်Meaning လိုတယ်။ Money မရှိပဲ Meaning ရှာဖို့ခက်သလို၊Meaning ရှိပြီး Money မရှိပြန်လဲမရဘူး။ Money ရှိပြီး Meaning မရှိရင်လဲဘဝရဲ့ တကယ့်လတ်ဆတ်မှုပျောက်နေမယ်။ Phyo Paing @ Derek

Money နဲ့ Meaning အရေးကြီးတယ်။ Read More »