Life

အနာဂတ်အတွက် ဝှက်ဖဲတွေလိုတယ်။

ကိုယ်စီထားတဲ့ ဝှက်ဖဲတွေကကိုယ့်ဘဝကို တစ်ဆင့်တစ်ဆင့်တက်တက်သွားစေနိုင်တယ်။ ဆေးကျောင်းတက်ရင်းဖုန်းဆော့ဝဲတွေလုပ်ပေးတော့ကျောင်းတက်ရင်းမှာသာမကကျောင်းပြီးတော့လဲရပ်တည်ဖို့အတွက် ငွေရှာပေးတယ်။​ ဆေးကုမ္ပဏီလုပ်ရင်းအချိန်ပိုင်းစာသင်တော့အလုပ်ထွက်တဲ့အခါသင်တန်းကျောင်းစတင်လို့ရတယ်။ သင်တန်းကျောင်းသင်နေရင်းရန်ကုန်သွားလိုက်၊ မန္တလေးသွားလိုက်ရက်တို training ပေးတော့teaching ကနေ training ပိုင်းပြောင်းလို့ရတယ်။​ ရက်တိုသင်တန်းပေးနေရင်းနည်းပညာကုန်ပစ္စည်တွေ ပြင်ဆင်တော့Covid-19 ဖြစ်တဲ့အခါပေါက်ကွဲမှုအားကောင်းတဲ့online learning app လုပ်လို့ရလာတယ်။​ Online Course တွေလုပ်နေရင်းCoaching တွေတဖက်ကလုပ်ရင်းနာရီပေါင်း ၃၀၀၀ ကျော်ရင်းလုပ်ငန်းရှင်တွေ အတွက်လိုအပ်တဲ့စနစ်တွေ ဖန်တီးပေးခွင့်ရတယ်။​ ဒီ Coaching လုပ်နေရင်းစနစ်တွေဖန်တီးတဲ့ နည်းပညာလုပ်ရင်းAkyanpay လုပ်လို့ရလာတယ်။ အကြံပေးလုပ်ရင်းတဖက်က နည်းပညာ၊ ကျောင်းနဲ့after-school program သင်တန်းတွေမှာinvestment လုပ်တဲ့ firm မှာပါဝင်လုပ်ရင်းဘာတွေ ဆက်ဖြစ်မလဲ ကိုယ်လဲသေချာမသိဘူး။ သေချာတာတစ်ခုကတော့ဖဲတစ်ချက်တည်းနဲ့ မရဘူး။အနာဂတ်အတွက် ဝှက်ဖဲတစ်ချက်အနည်းဆုံးလိုတယ်။​ Phyo Paing @ Derek

အနာဂတ်အတွက် ဝှက်ဖဲတွေလိုတယ်။ Read More »

ဘဝဖြတ်သန်းမှု လေးဆင့်

ဖြစ်ချင်တာတွေဖြစ်ဖို့မလုပ်ချင်တာတွေကို မျက်စိမှိတ်အံကြိတ်ပြီးလုပ်ခဲ့တဲ့ ဘဝဖြတ်သန်းမှုအချိန်တစ်ခုရှိတယ်။ဥပမာ စာမကျက်ချင်ပဲ စာမေးပွဲအောင်ဖို့ စာကျက်ရတာမျိုး။ လုပ်ချင်တာတွေပဲလုပ်ပြီး ဖြစ်ချင်တာ မဖြစ်တဲ့အချိန်။ ဥပမာ ကိုယ်ဝါသနာပါတဲ့အလုပ်လုပ်ပြီးဖြစ်ချင်တဲ့ ရည်မှန်းချက်တွေမဖြစ်လာသေးတဲ့အချိန်။ လုပ်ချင်တာတွေပဲလုပ်ပြီး ဖြစ်ချင်တာတွေကို အကောင်အထည်ဖော်တဲ့အချိန်တစ်ခုရှိတယ်။ ဥပမာ ကိုယ်ဝါသနာပါတဲ့အလုပ်လုပ်ပြီးဖြစ်ချင်တဲ့ ရည်မှန်းချက်တွေဖြစ်လာတာမျိုး။ ဖြစ်ချင်တယ်ဆိုတာ မရှိတော့ဘူး။ဘဝကို “ပစ္စုပ္ပာန်” မှာပဲ အာရုံစိုက်ငါရုံခြောက်ပါးကို သမာဓိရှိရှိနဲ့ဖြတ်သန်းနိုင်တာမျိုး။ဥပမာ ဆရာတော်တွေ၊ သီလ၊ သမ္မာဓိ၊ ပညာနဲ့ ပြည့်စုံပြီးလောကုတ္တရာ အားထုတ်တဲ့ ပုဂ္ဂိုလ်တွေ။ Phyo Paing @ Derek

ဘဝဖြတ်သန်းမှု လေးဆင့် Read More »

ဒီလိုဖြစ်ဖူးလား။

မော်တီဗေးရှင်းရဖို့အတွက် Youtube Video တွေကြည့်လိုက်။ခဏနေပျောက်သွားလိုက်။ Tik Tok Video တွေကြည့်လိုက်။ခဏနေပျောက်သွားလိုက်။ Motivational Speaker တွေရဲ့သင်တန်းတွေ တက်လိုက်။တက်ပြီး တက်ကြွကြက်ဖဖြစ်လိုက်။ခဏနေ မော်တီဗေးရှင်းပြန်ကုန်သွားလိုက်။ ဘာကြောင့်လဲ? စနစ်လိုအပ်နေလို့။ တိုးတက်ရေးဆိုတာ စနစ်တစ်ခုပဲ။နောက်ပြီး တိုးတက်ရေးဆိုတာ အဖြစ်အပျက်တစ်ခုမဟုတ်ဘူး။ အမြဲလုပ်နေရမည့် ဖြစ်စဥ်တစ်ခုပဲ။ လူတိုင်းမှာ အချိန်စီမံခန့်ခွဲတဲ့စနစ်၊ စွမ်းအင်စီမံခန့်ခွဲတဲ့စနစ်၊အလုပ်ပြီးမြောက်မှုစနစ်၊ စာဖတ်တဲ့စနစ်၊ မှတ်ဥာဏ်ကောင်းဖို့စနစ်၊ တွေးခေါ်မှုစနစ်၊ ရည်မှန်းချက်ပန်းတိုင်ချမှတ်မှုစနစ်တွေလိုတယ်။ စနစ်မရှိရင်ဘဝက ဖရိုဖရဲဖြစ်နေလိမ့်မယ်။ ဒီလိုစနစ်တပ်ဆင်ဖို့ Peak Productivity Coaching ဆိုတဲ့12-week program တစ်ခုကိုဖန်တီးပေးထားပါတယ်။ သင်တန်းသားပေါင်း ၁၀၀ ကျော်နဲ့ ပျော်ပျော်ပါးပါး လေ့လာပြီးစနစ်ဖန်တီးအသုံးချကြမယ်။ တကယ်လို့ ကိုယ့်ဘဝမှာသာ ကိုယ်နဲ့ကိုက်ညီတဲ့ နေ့စဥ်ဘဝနေထိုင်တဲ့စနစ်ရှိနေပြီး အလုပ်တွေပြီးနေမယ်ဆို ဘယ်လို ခံစားနေရမလဲ။ မိုက်နေမယ်ဟုတ်။ နေသလိုဖြစ်တဲ့ဘဝမှာဖြစ်သလိုနေတာ အချိန်တစ်ခုထိပဲကောင်းတယ်အားတီ၊ အားမေတို့။ Phyo

ဒီလိုဖြစ်ဖူးလား။ Read More »

ဘဝဆိုတာ တိုတိုလေး။

ကိုယ့်ကို အာရုံခဏခဏလာနှောက်ရင်ဘဝ equation ထဲက ထုတ်လိုက်တယ်။ခံစားနေဖို့ အချိန်သိပ်မရှိဘူး။တစ်ကိုယ်ကောင်းဆန်သလိုလိုဖြစ်ပေမယ့်ဘဝမှာ နေရထိုင်ရတာ လတ်ဆတ်ချင်ရင်တော့ လုပ်ရမှာပဲ။ Phyo Paing @ Derek

ဘဝဆိုတာ တိုတိုလေး။ Read More »

နေသလိုဖြစ်တဲ့ ဘဝမှာ

ဖြစ်သလိုနေတာ အချိန်တစ်ခုထိပဲကောင်းတယ်ဆိုတဲ့စာသားကို ကြိုက်ကြတယ်ပြောတယ်။တချို့သင်တန်းကြော်ငြာတွေမှာလဲယူသုံးကြတာတွေ့လို့ဝမ်းသာမိတယ်။ ကျွန်တော်ကတော့ ဘယ်သူယူသုံးသုံး ကိုယ်ပိုင်တယ်လို့လဲမယူဆပါဘူး။အိုင်ဒီယာဆိုတာ အဲ့လိုပါပဲ။

နေသလိုဖြစ်တဲ့ ဘဝမှာ Read More »

ကိုယ့်ဘဝကိုကိုယ် ၅၀% တာဝန်ယူပါ။

ကျန်တဲ့ ၅၀ % ကိုကံတရားကိုပဲ အဆုံးအဖြတ်ပေးခိုင်းကြည့်ပါ။ ကိုယ်တာဝန်ယူတဲ့ ၅၀% ကဘယ်အရာကိုဘယ်အချိန်မှာ ဘယ်လိုအာရုံစိုက်ပြီးအကောင်းဆုံးလုပ်မလဲဆိုပြီးလုပ်တာ။ ကျန်တဲ့ ၅၀% ကတော့ကံတရားကပေးတဲ့ မက်ဆေ့ကိုလိုက်နာတာ။ Coca Cola က ဆေးကုမ္ပဏီတစ်ခုအနေနဲ့စတင်ခဲ့တာပဲ။ကံတရားက ကမ္ဘာ့အကြီးဆုံးအချိုရေကုမ္ပဏီဖြစ်သွားစေတယ်။ Tiffany &a Co. က စာရေးကိရိယာတွေရောင်းတဲ့ Stationary Store လုပ်တယ်။ စိန်တိုက်ကြီးဖြစ်သွားတယ်။ Raytheon Company က ရေခဲသေတ္တာရောင်းတဲ့ အလုပ်လုပ်ရင်း စစ်နဲ့ ကာကွယ်ရေးလက်နက်တွေထုတ်တဲ့ကုမ္ပဏီဖြစ်သွားတယ်။ ကိုယ့်ဘဝကို ၅၀% တာဝန်ယူပါ။၅၀% ကို ကံတရားကိုဆုံးဖြတ်ခိုင်းကြည့်ကြည့်ပါ။ အပြောင်းအလဲလုပ်ရတဲ့အချိန်ခေါင်းသိပ်မာမနေနဲ့လို့ပဲ ပြောရမယ်။ ဒါကို တချို့သူတွေပဲနားလည်မယ်ထင်တယ်။ Phyo Paing @ Derek

ကိုယ့်ဘဝကိုကိုယ် ၅၀% တာဝန်ယူပါ။ Read More »

ဘဝမှာ Attitude, Belief, Choice နဲ့ Discipline
အရေးကြီးတယ်လို့ မှတ်ယူထားတယ်။

စိတ်နေသဘောထား Attitude က ကိုယ်ဘယ်လောက်အမြင့်သွားမလဲlatitude ကို ဆုံးဖြတ်ပေးတယ်။ Belief ယုံကြည်မှာတွေက တွေဝေစေလား၊ Bias toward action ကိုဖြစ်စေလား ကွာသွားတယ်။ Choice ရွေးချယ်မှုမှန်ရင်လမ်းကြောင်းမြန်တယ်။ Discipline ကတော့ စည်းကမ်းပဲ။ ဘဝမှာ Attitude, Belief, Choice နဲ့ Discipline အရေးကြီးတယ်လို့ မှတ်ယူထားတယ်။ Phyo Paing @ Derek

ဘဝမှာ Attitude, Belief, Choice နဲ့ Discipline
အရေးကြီးတယ်လို့ မှတ်ယူထားတယ်။
Read More »

ကိုယ့်အသက်မွေးဝမ်းကြောင်းပညာအတွက်
ထောက်ခံစာမလိုတဲ့အထိ
ကျွမ်းကျင်နေဖို့လိုတယ်။

ဒီနေ့လိုခေတ်ကြီးမှာ တချို့ အသက်မွေးဝမ်းကြောင်းအလုပ်တွေလုပ်ဖို့ ဘွဲ့ရစရာမလိုတော့ဘူး။ဆယ်တန်းအောင်စရာလဲမလိုဘူး။ Mastery, Marketing, Managementဒီသုံးခုပဲလိုတယ်။အတတ်ပညာတစ်ခုမှာ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်မယ်။ဖောက်သည်ပြဿနာကို အကောင်းဆုံးဖြေရှင်းနိုင်မယ်။နောက်မားကတ်တင်းပညာနားလည်၊စီမံခန့်ခွဲမှုပညာ နားလည်မယ်ဆိုဘဝကို သာသာယာယာဖြတ်သန်းလို့ရပြီ။ ကျောင်းတွေဆိုတာကလဲပညာရေးကို ရောင်းစားတဲ့ပညာရေးစီးပွါးရေးလုပ်ငန်းတွေပဲ။ အရင်ခေတ်ကလို ဆရာကပညာတတ်မို့ပြောတာ နားထောင်ခေတ်ကုန်ပြီ။ဆရာ့ထက် AI က ပိုသိတယ်ခေတ်တဖြည်းဖြည်းနဲ့ ပိုရောက်လာတော့မယ်။ လူတွေ သတ်မှတ်ထားတဲ့ ဘောင်တွေကနည်းပညာတိုးတက်မှုနဲ့အတူရိုက်ချိုးခံနေရပြီ။ နှလုံးသွင်းရမှာ လူတိုင်းလုပ်နေတာကိုကိုယ်လိုက်လုပ်စရာလိုချင်မှ လိုမှာ။ ကိုယ့်အသက်မွေးဝမ်းကြောင်းပညာအတွက်ထောက်ခံစာမလိုတဲ့အထိကျွမ်းကျင်နေဖို့လိုတယ်။ Phyo Paing @ Derek

ကိုယ့်အသက်မွေးဝမ်းကြောင်းပညာအတွက်
ထောက်ခံစာမလိုတဲ့အထိ
ကျွမ်းကျင်နေဖို့လိုတယ်။
Read More »

လိုချင်တာမှန်သမျှ အလကားမရဘူး။

တချို့ဘဝတွေက ဇာတ်တိုက်ထားသလိုပဲ။အဖေချမ်းသာ၊ အမေချမ်းသာ။ကျောင်းအကောင်းတက်၊ကုမ္ပဏီကောင်းကောင်းအလုပ်ချက်ချင်းရ၊အိမ်ထောင်ကျသားမွေး။ကလေးတွေ အသက်ကြီး။Very scripted ဇာတ်တိုက်ထားသလိုမျိုး။ ကံကောင်းတာတခုကတချို့တွေက မွေးကတည်းကမချမ်းသာလာဘူး။လိုချင်တာမှန်သမျှ အလကားမရဘူး။ကြိုးစားကြံဆမှ ရတယ်။အဲ့တော့ ဘဝအရသာပိုသိတယ်။ ဟင်းကောင်းနဲ့စားတိုင်း ခံတွင်းပျက်နေရင်အရသာမြိန်တာမှ မဟုတ်တာ။ Phyo Paing @ Derek

လိုချင်တာမှန်သမျှ အလကားမရဘူး။ Read More »