သောကကင်းဝေးဘဝနေနည်း လျှို့ဝှက်ချက် ၅ ချက်
သောကကင်းဝေးဘဝနေနည်း လျှို့ဝှက်ချက် ၅ ချက် ၁။ ပိုက်ဆံတစ်ခုတည်းအတွက်အလုပ်လုပ်စရာမလိုအောင်ပိုက်ဆံရှိအောင် လုပ်ထားပါ။ဒါဆို ငွေကြောင့် တခြားမကြည့်ချင်သူရဲ့ပုံကြည့်စရာမလိုတော့ဘူး။တချို့က ငွေကြေးလွတ်မြောက်မှုလို့ခေါ်တယ်။ ၂။ တစ်ဖက်ပိတ် အတွေးအမြင်တွေကိုစိန်ခေါ်ကြည့်ကြည့်ပါ။ ၃။ စာဖတ်ပါ။ အတွေ့အကြုံ လက်တွေ့ဆိုတာ ဘောင်ကျဉ်းတယ်။ဒီနေ့က လက်ထက် ဦးနှောက်သုံးတဲ့သူတွေရှေ့တန်းပိုရောက်တဲ့ခေတ်။ အောင်မြင်တဲ့ စီအီးအိုအများစုကတစ်နှစ် စာအုပ် ၆၀ အနည်းဆုံး ဖတ်တယ်ဆိုတယ်။ ၄။ ကိုယ့်ကိုယ်ကို လေ့လာပါ။လူတွေကို လေ့လာပါ။သူတို့လိုချင်တာပေးပြီးကိုယ်ရချင်တာရအောင် လုပ်ပါ။ ၅။ ကိုယ့်ကိုယ်ကို အရမ်းကြီးဘဝင်မမြင့်ပါနဲ့။အကုန်လုံးက လူပဲ။ပြောင်းလဲလို့ရတယ်။ဘဝ မြင့်အောင်လုပ်ပါ။ဘဝင်မမြင့်ပါနဲ့ဆိုတာ ကြားဖူးလိမ့်မယ်။ Phyo Paing @ Derek
