Life

ခက်တဲ့အရာတွေ နေ့စဥ်လုပ်ရင်
အချိန်ကြာရင် လွယ်လာလိမ့်မယ်။

ဘဝကို လွယ်ကူချင်ရင်နေ့စဥ် ခက်ခဲတဲ့အရာတွေကိုလုပ်ဖို့လိုတယ်။ Phyo Paing @ Derek

ခက်တဲ့အရာတွေ နေ့စဥ်လုပ်ရင်
အချိန်ကြာရင် လွယ်လာလိမ့်မယ်။
Read More »

တချို့နာကျင်မှုတွေက
ကိုယ့်ဘဝလမ်းကြောင်းကို
အများကြီးအပေါင်းအလဲဖြစ်သွားစေတယ်။

ကိုယ့်ကိုအပြောင်းအလဲဖြစ်သွားစေတဲ့နာကျင်မှုတွေကို ကျေးဇူးတင်ပါ။ တချို့နာကျင်မှုတွေက ကိုယ့်ဘဝလမ်းကြောင်းကို အများကြီးအပေါင်းအလဲဖြစ်သွားစေတယ်။မြန်နှုန်းလဲမြင့်သွားစေနိုင်တယ်။ ဒီဘဝရဲ့နာကျင်မှုတွေ ကြုံလာတဲ့အခါတိုင်းခါးခါးသီးသီးရှောင်ရှားနေတာထက်ဒါကို လှေကားထစ်လို့မြင်ပြီးနောက်တစ်ဆင့်တက်သွားကြည့်ပါ။ ဘဝမှာ the pain that changes you တွေကြောင့်သန်မာတဲ့လူတွေ ဖြစ်လာတတ်ကြတယ်။ Phyo Paing @ Derek

တချို့နာကျင်မှုတွေက
ကိုယ့်ဘဝလမ်းကြောင်းကို
အများကြီးအပေါင်းအလဲဖြစ်သွားစေတယ်။
Read More »

လျစ်လျူရှုတတ်အောင် လေ့ကျင့်ပါ။

တစ်နေ့တစ်နေ့ စိတ်ကသိကအောင့်လာဖြစ်စေတဲ့အရာကတော့အလိုက်မသိ၊ လူလုပ်နည်းမသိတဲ့သူတွေကြောင့်ဖြစ်တတ်ကြတယ်။ ကိုယ်နဲ့မဆိုင်ဝင်ပါတတ်တဲ့သူတွေဖြစ်တတ်ကြသလိုလောကကြီးကို စိတ်တိုင်းမကျကိုယ့်မှာရှိတဲ့အမှိုက်ကို သူများဆီလာပစ်ချင်တဲ့သူတွေဖြစ်တတ်ကြတယ်။ ပြဿနာသေးသေးလေးကိုပုံကြီးချဲ့ပြောတတ်ကြသလို၊တခါတခါ ကိုယ်မကြိုက်တဲ့စကားကိုမှထပ်ခါထပ်ခါပြောတတ်ကြတယ်။ အဲ့လိုလူတွေက သူစိမ်းတွေဖြစ်တတ်ကြသလို၊အရင်းနီးဆုံးသူတွေလဲဖြစ်နိုင်တယ်။ မဆီမဆိုင် ကိုယ်နဲ့လဲမသိကိုယ့်အကြောင်းဖြစ်ရပ်မှန်လဲနားမလည်ကိုယ့်ကိုကောက်ချက်ချ စိတ်အနှောက်အယှက်ပေးချင်သူလဲဖြစ်နိုင်တယ်။ ဒီလိုလူတွေနဲ့ အကောင်းဆုံးထိုက်တန်တာကကိုယ့်ရဲ့ အာရုံ attention မဟုတ်ပါဘူး။သူတို့နဲ့ထိုက်တန်တာ ကိုယ့်ရဲ့လျစ်လျူရှုမှုပါ။ The only way to win with a toxic person, isnot to play. ဒါလေးကြားဖူးကောင်းကြားဖူးလိမ့်မယ်။ ဒါကြောင့် ကိုယ့်ကိုလာဘူစေမည့်သူToxic person တွေကို ban/block လုပ်လို့ရသလိုမကောင်းတတ်တဲ့သူတွေဆို unfollow လုပ်တာအကောင်းဆုံးရွေးချယ်မှုဖြစ်ကောင်းဖြစ်မယ်။ အရင်းအနှီးဆုံးနေ့စဉ်တွေ့နေရတဲ့သူတွေဆိုသူတို့ရဲ့ ထောက်ပံ့မှုက လွတ်မြောက်ဖို့ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်အောင်လုပ်ပါ။ ကိုယ်တာဝန်ယူထားရတဲ့သူဆိုရင်တော့လစဉ်ထောက်ပံ့ပေးနိုင်တဲ့ငွေအစီအရင်လုပ်ပြီးငြိနှိုင်းမှုတစ်ခုပြုလုပ် ထားခဲ့တာမှန်ကန်တဲ့ရွေးချယ်မှုတစ်ခုဖြစ်ကောင်းဖြစ်နိုင်တယ်။ Phyo Paing @ Derek

လျစ်လျူရှုတတ်အောင် လေ့ကျင့်ပါ။ Read More »

ကိုယ့်လက်ရှိဘဝက
ကိုယ့်ရွေးချယ်မှုစုစုပေါင်းရဲ့
ရလဒ်ပဲ။

ဘယ်မှာနေမယ်၊ ဘာအလုပ်လုပ်မယ်၊ဘယ်သူတွေနဲ့ပေါင်းမယ်၊ ဘာစာအုပ်တွေဖတ်မယ်၊ဘဝကို ဘယ်လိုပုံစံနေထိုင်မယ်၊ဒီရွေးချယ်မှုတွေရဲ့ရလဒ်ပဲ။ တချို့က ဒါကို သေချာဒီဇိုင်းလုပ်တယ်။တချို့က ဖြစ်သလိုနေတယ်။ နေသလိုဖြစ်တဲ့ဘဝမှာ ဖြစ်သလိုနေတာက အချိန်တစ်ခုထိပဲကောင်းတယ်။ကိုယ့်ဘဝ ကိုယ်မှ တာဝန်မယူရင်ဘယ်သူမှ လာယူပေးမှာမဟုတ်ဘူး။ ရွေးချယ်မှုကောင်းတွေလုပ်နိုင်ဖို့ ကျွန်တော်စဥ်းစားနေ P နှစ်လုံးရှိတယ်။တစ်ခုက Possibility ဖြစ်နိုင်ခြေ၊နောက်တစ်ခုက Probability ဖြစ်နိုင်စွမ်း။ ကြိုးစားရင် ဘုရားတောင်ဖြစ်နိုင်တယ်လို့ဆိုကြတယ်။ဒါက ဖြစ်နိုင်ခြေ possibility.ကျောက်တူးရင်း ကျောက်အောင်နိုင်တယ်။နည်းပညာလုပ်ငန်းလုပ်ပြီးလဲကိုယ်လိုချင်တဲ့ နေ့စဥ်အသုံးပြုသူရနိုင်တယ်။ ဒါပေမယ့်ပြန်စဥ်းစားရမှာဖြစ်နိုင်စွမ်း probability. ဘယ်လောက်ဖြစ်နိုင်လဲ။ ရာခိုင်နှုန်းအားဖြင့်။ ရေခံမြေခံ ကာလံဒေသံနဲ့လဲဆိုင်နိုင်တယ်။ အချိန်နဲ့လဲ ဆိုင်နိုင်တယ်။ ဒီနှစ်ခုကို ချိန်ငြိစဥ်းစားပြီးရင်ကိုယ့်အနေနဲ့ probability ဖြစ်နိုင်စွမ်းတွေကိုမြင့်အောင်၊ များအောင် ဘာတွေလုပ်ဆောင်လို့ရမလဲ စဥ်းစားကြည့်လို့ရတယ်။ ဒီအပေါ်မူတည်ပြီး ရွေးချယ်မှုပြုလုပ်တယ်။ နေ့စဥ်ကိုယ့်ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချနိုင်လေလေ၊ ပိုပျော်၊ ပိုလွတ်လပ်၊ ပိုတိုးတက်၊ပိုရင်ခုန်ပြီး၊ ပိုလတ်ဆတ်တဲ့ဘဝဖြတ်သန်းရလေလေပဲ။ Phyo Paing @ Derek

ကိုယ့်လက်ရှိဘဝက
ကိုယ့်ရွေးချယ်မှုစုစုပေါင်းရဲ့
ရလဒ်ပဲ။
Read More »

ဘဝဆိုတာ စမ်းသပ်မှုတွေပြုလုပ်တဲ့နေရာ

ဘဝမှာ လုပ်စရာမလိုပဲလုပ်နေမိတဲ့ အလုပ်တွေရှိသလား။ ကိုယ့်ဘဝမှာ အရေးမပါတာကိုအရာပေးနေမိလား။ကိုယ်ဖြစ်သင့်တဲ့အကောင်းဆုံးပုံစံဖြစ်ဖို့ဘယ်အရာတွေကတားဆီးနေသလဲ။ဘဝကို ကိုယ်ဘယ်လိုမြင်သလဲ။ကျွန်တော်ကတော့ ဘဝဆိုတာစမ်းသပ်မှုတွေပြုလုပ်တဲ့နေရာလို့ပဲမြင်တယ်။ Phyo Paing @ Derek

ဘဝဆိုတာ စမ်းသပ်မှုတွေပြုလုပ်တဲ့နေရာ Read More »

ဘဝမှာ ဖြစ်နိုင်စွမ်း probability နဲ့
မတူတဲ့ ဖြစ်နိုင်ခြေ possibility လဲလိုတယ်။

တချို့တွေက တော်တော်လေးလက်တွေ့ကျတယ်။ဖြစ်နိုင်စွမ်း probability နဲ့ပဲအလုပ်လုပ်တယ်။အရှိနဲ့အနီးစပ်ဆုံးဖြစ်အောင်စဥ်းစားပြီး ဆုံးဖြတ်ချက်ချကြတယ်။ ဘဝမှာ ဖြစ်နိုင်စွမ်း probability နဲ့မတူတဲ့ ဖြစ်နိုင်ခြေ possibility လဲလိုတယ်။ တခါတလေ ကိုယ့်ရဲ့ intelligence ဥာဏ်တစ်ခုတည်းသုံးတာမဟုတ်ပဲအလိုလိုသိစိတ်ရဲ့အစွမ်း intuition နဲ့စိတ်ကူးယဥ်ဖို့ imagination လဲလိုတယ်။ Phyo Paing @ Derek

ဘဝမှာ ဖြစ်နိုင်စွမ်း probability နဲ့
မတူတဲ့ ဖြစ်နိုင်ခြေ possibility လဲလိုတယ်။
Read More »

Money နဲ့ Meaning အရေးကြီးတယ်။

ဘဝမှာ လူတစ်လုံးသူတစ်လုံးကိုယ်သက်သောင့်သက်သာရှိတဲ့ဘဝနေထိုင်မှုပုံစံရှိဖို့ Money လိုတယ်။ ဒါပြည့်စုံပြီးရင် ဘဝနေထိုင်မှုအဓိပ္ပာယ်Meaning လိုတယ်။ Money မရှိပဲ Meaning ရှာဖို့ခက်သလို၊Meaning ရှိပြီး Money မရှိပြန်လဲမရဘူး။ Money ရှိပြီး Meaning မရှိရင်လဲဘဝရဲ့ တကယ့်လတ်ဆတ်မှုပျောက်နေမယ်။ Phyo Paing @ Derek

Money နဲ့ Meaning အရေးကြီးတယ်။ Read More »

ဘေးထိုင်၊ ဘုပြောရုံနေနဲ့တော့
ဘဝရဲ့ အဓိပ္ပာယ်ရှာတွေ့မှာ မဟုတ်ဘူး။

ဘဝရဲ့ အဓိပ္ပာယ်ဆိုတာ ကိုယ်မစဥ်းစားပဲ မနေနိုင်တဲ့ရည်မှန်းချက်ပန်းတိုင်ကို ဒူပေဒါပေခံပြီး တုံးတိုက်တိုက်ကျားကိုက်ကိုက်မဖြစ်ဖြစ်အောင် လုပ်တာမျိုး။ ဘေးထိုင်၊ ဘုပြောရုံနေနဲ့တော့ဘဝရဲ့ အဓိပ္ပာယ်ရှာတွေ့မှာ မဟုတ်ဘူး။ Phyo Paing @ Derek

ဘေးထိုင်၊ ဘုပြောရုံနေနဲ့တော့
ဘဝရဲ့ အဓိပ္ပာယ်ရှာတွေ့မှာ မဟုတ်ဘူး။
Read More »

ဘဝရဲ့ အဓိပ္ပါယ်ကို
နေရာ လေးခုက ရတယ်တဲ့။

၁။ အလုပ် Work or Creative activity၂။ ဆက်ဆံရေး Human Relationships၃။ ဒူပေဒါပေခံမှု Attitude toward unavoidable sufferings၄။ အတ္တရဲ့အလွန် Transcendence Phyo Paing @ Derek

ဘဝရဲ့ အဓိပ္ပါယ်ကို
နေရာ လေးခုက ရတယ်တဲ့။
Read More »