ငယ်ငယ်က ဖြတ်သန်းမှုက
လူတစ်ယောက်ဘဝကို
အကြီးအကျယ်လွမ်းမိုးမှုရှိတယ်။
တချို့အိမ်တွေမှာ မိဘတွေတကျက်ကျက် ရန်ဖြစ်တဲ့မိသားစုက ပေါက်ဖွားလာတဲ့အခါကလေးတစ်ယောက်မှာ စိတ်ခံစားမှုရှိတယ်။သူ့အနေနဲ့ မပြောပေမယ့် စိတ်ထဲ ခံစားရတတ်တယ်။ဒီအထဲမှာ အဖွားနဲ့ အမေမတည့်တဲ့အခါပိုစိတ်ညစ်ရတာမျိုးတွေဖြစ်တတ်တယ်။ ဒါကို ရှောင်လွဲဖို့ လူတွေနဲ့ကိုယ်နဲ့ စိတ်ခံစားချက်ကို ဖယ်ထားတာမျိုး ဖြစ်လာပြီး လူအများစုခံစားရတာနဲ့ကိုယ်ခံစားရတာ radar လွတ်နေတတ်တယ်။ အဖေနဲ့ အမေရဲ့ ဆက်ဆံရေးပေါ်မူတည်ပြီးအချစ်ရဲ့ strategy ဖြစ်ပေါ်လာတတ်တယ်။ အဖေက အမြဲခရီးထွက်နေတတ်တဲ့မိသားစုနဲ့ ဘေးနားမှာ ကျောင်းကြိုပို့လုပ်တဲ့မိသားစုမှာ မတူညီတဲ့love strategy တွေရှိကြတယ်။ လူတစ်ယောက်ရဲ့ love strategy ကိုသိိဖို့“ငယ်ငယ်က အဖေနဲ့ အမေ ဘယ်သူ့အချစ်ကိုပိုခုံမင်ခဲ့လဲ” ဆိုတဲ့မေးခွန်းမေးလို့ရတယ်။ အဖေ၊ ဒါမှ မဟုတ် အမေ့အချစ်ကိုရဖို့ဘယ်လို ကြိုးစားအားထုတ်ရလဲပေးကြည့်ကြည့်။ တချို့က ကိုယ်ချစ်တဲ့မိဘရဲ့အချစ်ကိုရဖို့လိမ်လိမ်မာမာ နေရတယ်။တချို့က ဂျီကျမှ ဂရုစိုက်ခံရတယ်။ ငယ်ငယ်ရဲ့ ဘဝဖြတ်သန်းမှုက တစ်ဘဝလုံးကို လွမ်းမိုးမှုရှိတယ်လို့ထင််တယ်။ Phyo Paing […]
ငယ်ငယ်က ဖြတ်သန်းမှုက
လူတစ်ယောက်ဘဝကို
အကြီးအကျယ်လွမ်းမိုးမှုရှိတယ်။ Read More »