Life

ဘဝမှာ သုညကပြန်စခဲ့ရလို့
အကုန်ရှုံးသွားရင်တောင် အရင်းပဲ။

သုံးတန်းပြီးတော့ ဘဝတစ်ဆစ်ချိုးတယ်။အိမ်က သစ်စက်၊ ကုန်ကား၊ ကျောက်စီးပွါးအကုန်ပျက်တယ်။မူးယစ်ဆေးဝါးရဲ့ အန္တရာယ်နားလည်သွားတယ်။ဆရာမတွေ မျက်နှာသာပေးနေရာကနေမျက်နှာမွဲဖြစ်သွားတဲ့အခါ ဘဝရဲ့ပထမ သင်ခန်းစာကိုသင်ခဲ့ရတယ်။ လေးတန်းကစပြီး အမေနဲ့သူ့မွေးရပ်မြေလိုက်သွားတယ်။ဆရာမအလုပ်ထွက်ပြီး စျေးစရောင်းတော့သားအကြီးဖြစ်တဲ့အတွက် အထုပ်တွေစျေးထဲပို့စျေးထဲမှာ စျေးရောင်းပြီးကြီးတယ်။ဒါကြောင့် မြင်းခေါင်းစွပ်ကြယ်၊ပုဆိုးတွေနဲ့ ကုန်ပစ္စည်းစျေးတော်တော်များများဘယ်နှစ်ခုနှစ် ဘယ်လောက်ပြောင်းသွားလဲစျေးတွေပါ အကုန်မှတ်မိနေတယ်။ ငယ်ကတည်းက စီးပွါးရေးကလုပ်ချင်တော့ဝေဖာမှာပါတဲ့ ပါဝါရိမ်းကျားအရုပ်တွေရောင်းတာ၊နည်းလမ်းပေါင်းစုံနဲ့ ဝယ်ရောင်းလုပ်လိုက်ကျောင်းပြေးလိုက်နဲ့ နောက်ထိန်းမရတာနဲ့ မန္တလေးအဆောင်ပို့လိုက်တယ်။ အဆောင်ပြီး ဆေးတက္ကသိုလ်တက်တော့လဲဂိုက်သင်၊ သူငယ်ချင်းနဲ့ပေါင်းတရုတ်ကပစ္စည်းတင်သွင်းနောက် website လေးတွေလုပ်ပစ္စည်းတွေရောင်းရင်း Linux tablet ကိုမြန်မာ font ထည့် အကုန်ရင်းလိုက်တော့မှန်းချက်နဲ့ နှမ်းထွက်မကိုက်ပဲ စီးပွါးရေးပညာကို စနစ်တကျလေ့လာမယ်ဆိုပြီးဖြစ်လာခဲ့တယ်။ Ofqual ABE Level 6 Diploma ကိုလေးလနဲ့ အပြတ်ဖြတ်ပြီးတော့MBA တက်ရင်း၊ MNC မှာအလုပ်လုပ်ရင်း၊ဆိုင်လဲဖွင့်ရင်း၊ part-time လဲ marketing လဲစာပြန်သင်အောက်သက်ကျေဖို့ အချိန်တစ်ခုပေးခဲ့တယ်။ အလုပ်လေးခုလောက်လုပ်တယ်။ ဘဝရဲ့ […]

ဘဝမှာ သုညကပြန်စခဲ့ရလို့
အကုန်ရှုံးသွားရင်တောင် အရင်းပဲ။
Read More »

ကိုယ့်ဘဝ ကိုယ်နဲ့ ၁၀၀% ဆိုင်တဲ့အတွက်
ကိုယ့်ကိုကိုယ် တာဝန်ယူဖို့လိုတယ်။

ကိုယ့်ထက် အခြေနေဆိုးတွေကြားထဲဖြတ်သန်းလာတဲ့ ပလိပ်ရောဂါ၊အနူ အနာကြီးရောဂါ၊ အစုလိုက်အပြုံလိုက်ညင်းပန်း အသတ်ခံရတဲ့ concentration camp ထဲကလူတွေတောင် ပြန်ထွက်လာပြီးအတွေ့အကြုံတွေ ကမ္ဘာကြီးကိုပြန်ပြောပြနိုင်ခဲ့တယ်။ ဆောင်းအေးအေး ခေါင်းပေါ်ရေအေးစက်ချညှင်းပန်းနှိပ်စက်ခဲ့တဲ့ ဖက်စစ်တွေနဲ့နေမဝင်အင်ဘာယာတည်ဆောက်ခဲ့တဲ့အင်္ဂလိပ်တွေကို ခုခံတုန့်ပြန်ခဲ့ပြီးလွတ်လပ်ရေးရအောင် ယူခဲ့တဲ့ဗိုလ်ချုပ်သာဆိုလဲ အဲ့လိုပြောမှာပဲလို့ထင်တယ်။ Phyo Paing @ Derek

ကိုယ့်ဘဝ ကိုယ်နဲ့ ၁၀၀% ဆိုင်တဲ့အတွက်
ကိုယ့်ကိုကိုယ် တာဝန်ယူဖို့လိုတယ်။
Read More »

ဘဝဆိုတာ ဒုက္ခသစ္စာနဲ့ ကင်းလို့်မရတဲ့
အတွက် ပြဿနာတိုင်းအောက်မှာ
မြုပ်ခံမလား၊
ပြဿနာတွေကို အားယူ
လှေကားထစ်လုပ် ပြန်တက်မလား။

အိမ်မှာ သုံးမရတဲ့ ၇၅ ကျပ်တန်တွေတွေ့တော့အဖွားကို ငယ်ငယ်ကမေးခဲ့ဖူးတယ်။မျက်ရည်ဝဲဝဲနဲ့ ဖြေရှာတယ်။ ဒုက္ခဆိုတာ ဒီနေ့ခေတ်မှကြုံတာမဟုတ်ဘူး။ဦးနေဝင်းလုပ်လို့ နောက်နေ့မနက်ပြည်သူပိုင် သိမ်းခံရလို့ရူးမတတ်ဖြစ်ပြီး ရပ်သွားတဲ့သူတွေရှိသလိုသင်ခန်းစာယူ အသစ်ပြန်စနေရာတစ်ခု အခြေချသူတွေရှိတယ်။ ဘဝဆိုတာ ဒုက္ခသစ္စာနဲ့ ကင်းလို့်မရတဲ့အတွက် ပြဿနာတိုင်းအောက်မှာမြုပ်ခံမလား၊ပြဿနာတွေကို အားယူလှေကားထစ်လုပ် ပြန်တက်မလား။ 2022 ရဲ့ goal က limitless stoic တစ်ယောက် ဖြစ်လာဖို့ဖြစ်တဲ့အတွက်ဒုတ်ပြီးဓားပြီးဖြစ်သလိုစိတ်ညစ်စရာ BS တွေ proof ဖြစ်ဖို့နေ့စဉ် ကိုယ့်ကိုကိုယ်Mentally, Physically လေ့ကျင့်နေတယ်။ 2030 လောက်အတွက်ပဲ စဉ်းစားထားလိုက်တယ်။ Phyo Paing @ Derek

ဘဝဆိုတာ ဒုက္ခသစ္စာနဲ့ ကင်းလို့်မရတဲ့
အတွက် ပြဿနာတိုင်းအောက်မှာ
မြုပ်ခံမလား၊
ပြဿနာတွေကို အားယူ
လှေကားထစ်လုပ် ပြန်တက်မလား။
Read More »

လူအများစုက စာဖတ်ကြတယ်။
ဒါပေမယ့်စာအုပ်ကပေးချင်တဲ့
Central idea မရသွားကြဘူး။

ဥပမာ ဆင်းရဲဖေဖေ၊ ချမ်းသာဖေဖေRich Dad Poor Dad ဖတ်ဖူးလားဆိုဖတ်ဖူးတယ်။သူ့ရဲ့ central idea ဘာလဲ၊စာရေးဆရာက ဘယ်လိုရေးထားသလဲဆိုခေါင်းကုတ်တတ်ကြတယ်။ Think and Grow Rich ဆိုလဲဆရာရွှေဥဒေါင်းရေးတာ ဖတ်ဖူးတာပေါ့။ဒါဆို central idea ဘာလဲဆိုအင်းအင်းအဲအဲ ဖြစ်တတ်တယ်။ အဲ့လိုပဲကိုယ်နေ့စဉ်လုပ်နေတဲ့အလုပ်မှန်မမှန် ပြန်လည်သုံးသပ်တဲ့အချိန်လိုတယ်။ Phyo Paing @ Derek

လူအများစုက စာဖတ်ကြတယ်။
ဒါပေမယ့်စာအုပ်ကပေးချင်တဲ့
Central idea မရသွားကြဘူး။
Read More »

ခဏတာ ပြဿနာကိုဖြေရှင်းဖို့
တစ်သက်တာပေးဆပ်ရတဲ့
ဖြေရှင်းချက် solution မချမိဖို့လိုတယ်။

ဘဝမှာ အသိဥာဏ်တဖြည်းဖြည်းရှိလာတဲ့အခါ အရာရာကိုဆုံးဖြတ်ရလွယ်အောင် ပြဿနာဖြေရှင်းနည်းAlgorithm တွေဖန်တီးဖြစ်တယ်။ နေ့စဉ်လုပ်နေကျသေးသေးလေးတွေပြန်စဉ်းစားရတဲ့အခါ ဦးနှောက်ပင်ပန်းတာDecision fatigue ကိုကာကွယ်ဖို့သော့ကိုထားနေကျနေရာ၊အလုပ်လုပ်တဲ့ workflow နဲ့၊နေ့စဉ်နေထိုင်တဲ့ routine နဲ့ဝတ်မည့်အဝတ်အစားကို ပုံစံစနစ်ချတဲ့အခါ အလုပ်ပိုပြီးပိုလွယ်၊ ပိုမြန်လာတယ်။နေ့စဉ်ဘဝရဲ့ optimization ပေါ့။ နောက် ဘဝမှာ နောင်တမရဖို့သဒင်္ဂပျော်ရွင်မှုနဲ့ အနာဂတ်နဲ့မလဲမိဖို့လိုသလို၊ခဏတာ ပြဿနာကိုဖြေရှင်းဖို့တစ်သက်တာပေးဆပ်ရတဲ့ဖြေရှင်းချက် solution မချမိဖို့လိုတယ်။ ဆုံးဖြတ်ချက်ချတဲ့အခါထားရမည့်Decision-making Rules တွေ၊ Principles တွေချမှတ်ထားဖို့လိုတယ်။ဒါကဘိုးဘေးတွေခေတ်ဖြစ်တဲ့ကွန်ဖြူးရှပ်ခေတ်ကတည်းကအတွေးအခေါ်တွေထားခဲ့တဲ့Playbook က ဘဝအတွက်အလွန်အသုံးဝင်တယ်။ Phyo Paing @ Derek

ခဏတာ ပြဿနာကိုဖြေရှင်းဖို့
တစ်သက်တာပေးဆပ်ရတဲ့
ဖြေရှင်းချက် solution မချမိဖို့လိုတယ်။
Read More »

လောကသဘာဝ

ကိုယ့်ထက်ရှေ့ရောက်နေတဲ့သူအများစုက နောက်လှည်ကြည့် ဝေဖန်ဖို့ အချိန်သိပ်မရှိတတ်ဘူး။ ဒါက လောကသဘာဝပဲ။ ဒါကြောင့်သူ့ထက်နည်းနည်းသာရင်မနာလိုဖြစ်မယ်။အများကြီးသာသွားရင် လေးစားလာလိမ့်မယ်တဲ့။ Phyo Paing @ Derek

လောကသဘာဝ Read More »

Serious

2016 နှစ်စမှာ ကိုယ့်နာမည်နဲ့Page စထောင်တော့ကုမ္ပဏီမှာအတူတူလုပ်ခဲ့တဲ့ဆေးတက္ကသိုလ်ကျောင်းနေဖက်အသိကဟာသလုပ်ပြီး နောက်တယ်။2017 နှစ်ကုန်ကျတော့ကိုယ့်သင်တန်းပြန်လာတတ်တယ်။ ဘဝကအဲ့လိုပဲ အစမှာဟာသလိုဖြစ်နေနိုင်ပေမယ့်သေချာ serious ဖြစ်ဖြစ်လုပ်ရင်တချိန်ကျရင်လဲ သာမညမဟုတ်ဘူးဆိုတာသိလာကြလိမ့်မယ်။ကိုယ့် profession ကိုတော့serious ဖြစ်ဖို့လိုတယ်။ Phyo Paing @ Derek

Serious Read More »

ဘ၀နေထိုင်မှုပုံစံကို သေချာ design လုပ်ပါ။

အသက်ရှစ်ဆယ်နေရရင်ရက်ပေါင်း 29200 နေရမယ်။အခု ဒီစာဖတ်နေသူကသုံးပုံတစ်ပုံ နဲ့ အထက်ကိုဖြတ်သန်းခဲ့ပြီးဖြစ်နိုင်တယ်။ဒါကြောင့် ကျန်ရှိတဲ့ဘဝကိုသေချာ design လုပ်နေဖို့စဉ်းစားကြည့်တာ ပိုအကျိုးရှိနိုင်တယ်။ Life is a journey, and most of us fail to design the route and system strategically to get the most out of life. Instead, people like to spend every day in autopilot mode. Living by default is very dangerous because our brain has been programmed

ဘ၀နေထိုင်မှုပုံစံကို သေချာ design လုပ်ပါ။ Read More »

ဘ၀မှာ လိုချင်တာ၊ ဖြစ်ချင်တာတွေ မြန်မြန်ဆန်ဆန် ထိထိရောက်ရောက်ဖြစ်လာဖို့ “စနစ်” လိုတယ်။

ကိုယ် စာတကယ်ဖတ်တတ်ရဲ့လား။ လူအများစုက စာဖတ်ကြပေမယ့်စာဖတ်တဲ့ နည်းစနစ်မမှန်ကြဘူး။ ဒါကြောင့် စာတစ်အုပ်ပြီးဖို့ တစ်ပတ်၊ ဆယ်ရက်ကြာတတ်သလို တချို့ဆို ဒီထက်ပိုကြာနိုင်တာတွေ့ရတယ်။ စာအုပ်အမျိုးအစားအများကြီးရှိပြီးဒီမှာတော့ non-fiction တွေအပိုင်းကို အဓိကထားပြောမယ်ဆိုရင် ငယ်ငယ်ကကျောင်းမှာ စာဖတ်နည်းသေချာ မသင်ပေးလိုက်ဘူး။ Elon Musk ငယ်ငယ်က တစ်ရက်ကိုစာနှစ်အုပ်လောက်ဖတ်တတ်တဲ့။ စလုံးထိပ်တန်းတက္ကသိုလ်တစ်ခုမှာကလေးတွေ note-taking လုပ်တဲ့ပုံသူတို့ကို train ထားတဲ့ပုံကြည့်လိုက်ပြီးငါတို့ နောက်နှစ်သုံးဆယ်လဲ မီမှာမဟုတ်ဘူး သိလိုက်တယ်။ စာတစ်အုပ်ဖတ်ရင်တော့ အခြေခံcomprehension လိုတာပေါ့။တရုတ်စာမတတ်ပဲ တရုတ်လို speed-reading ဘယ်လုပ်လို့ရမလဲ။ ဒီ comprehension နားလည်မှုအဆင့်အတွက်စကားလုံးတွေကိုနားလည်ဖို့လိုလာတယ်။ English လိုဖတ်ပြီဆိုရင် နားမလည်တဲ့စကားလုံးတွေကို လိုက်ရှာနေမည့်အစားအသုံးများတဲ့ စကားလုံးနဲ့ phrase သုံးလေးထောင်လောက်ကို တခါတည်းမှတ်လိုက်လို့ရတယ်။စကားလုံးနည်းနည်းမြင့်တာလေးသုံးချင်ရင်Princeton Review Word Smart တို့လို သုံးလို့ရတယ်။ နောက် စကားလုံးမှတ်နည်းကို memory

ဘ၀မှာ လိုချင်တာ၊ ဖြစ်ချင်တာတွေ မြန်မြန်ဆန်ဆန် ထိထိရောက်ရောက်ဖြစ်လာဖို့ “စနစ်” လိုတယ်။ Read More »

ဘ၀ဆိုတာ

ဒီနေ့ နေဝင်ပြီး မနက်ဖြန်နေပြန်ထွက်မှာပါ။ ဘဝဆိုတာ ဘယ်သူက စိတ်မှတ်ပိုရှိလဲ။ စိတ်ဓာတ်စွမ်းအား၊ဦးနှောက်၊ ကြိုးစားမှုပိုအားသာလဲစမ်းသပ်တဲ့ပွဲပဲ။ဒူပေဒဏ်ပေ ဘယ်လောက်ခံလဲစမ်းသပ်ပွဲပဲ။ Phyo Paing @ Derek

ဘ၀ဆိုတာ Read More »