ပိုက်ဆံအရသာနဲ့ အာဏာအရသာမတူဘူး။
အာဏာ Power က ဘိန်းလိုပဲစွဲလန်းစေတဲ့အတွက်အရသာတွေ့သွားရင် လူကိုပျက်စီးစေတတ်တဲ့အတွက်လီကွမ်းယူလက်ထက်က သူဝန်ကြီးချုပ်ဖြစ်ပေမယ့်သူ့ကလေးတွေပျက်စီးမှာစိုးလို့ ဝန်ကြီးချုပ်အိမ်ယာမှာမထားပဲသူ့မိန်းမနဲ့ကလေးတွေကို အရင်အိမ်မှာပဲထားတယ်လို့ ဖတ်ဖူးတယ်။ Social Influencer တွေကိုလေ့လာကြည့်ရင်တောင်လွန်းမိုးနိုင်တဲ့ influencing power များလာတာနဲ့အမျှစကားပြောပုံတောင် ပြောင်းလာတာ အားလုံးအသိပဲ မဟုတ်လား။ စိတ်ပညာအရ မရှိသေးတဲ့အရာကိုသာ စွန့်လွတ်ဖို့လွယ်ပေမယ့်ရှိပြီးသားအရာကို စွန့်လွတ်ဖို့ခက်တယ်လို့ဆိုတယ်။ ဒီ Power ရယူလိုမှုကြောင့် ပြဿနာမျိုးစုံနောက်ကလိုက်လာတယ်။ ဒီ Power အရသာတွေ့သွားသူက ဒါမြဲဖို့ဘာလုပ်ရလုပ်ရ ဝန်မလေးတော့ဘူး။ Phyo Paing @ Derek
ပိုက်ဆံအရသာနဲ့ အာဏာအရသာမတူဘူး။ Read More »