Life

ရှန်သန်ခြင်းရဲ့ အဓိပ္ပာယ်က ဒုက္ခကို မတုန်မလှုပ် ဖြတ်ကျော်ခြင်းပဲ။

ဒီနေ့လို အချိန်မျိုးမှာ ဒေါသကို သောကမရောက်အောင်စိတ်ဖြေရသလို ကိုယ့်အတွက် The One Thing ကိုပြန်စဥ်းစားမိတယ်။ ငါနေ့တိုင်း မဖြစ်မနေ လုပ်နေသင့်တာဘာလဲ?ပြန်ပြန်မေးတယ်။ အနာဂတ်ကို တွေးပူနေပြီးဘေးထိုင်ပြီး ငိုင်နေလို့လဲမရဘူး။ ရှင်သန်ခြင်းရဲ့အဓိပ္ပာယ်က ဒုက္ခကို မတုန်မလှုပ်ဖြတ်ကျော်ခြင်းပဲ။ လူတိုင်းရှင်သန်ဖြစ်တည်မှု အတွက် The One Thing ကတော့ရှိနေမှာပဲ။ တချို့လူတွေအတွက်က The One Thing ကိုအကောင်အထည်ဖော်နည်း ပြောင်းကောင်းပြောင်းသွားနိုင်တယ်။ နေ့တိုင်းအတွက် The One Thing ကလုပ်နေရမှာပဲ။ တချို့တွေ ဒီသုံးလအတွင်းမှာ အလုပ်မလုပ်တော့အလုပ်လုပ်တဲ့ process တွေမေ့သွားကြတယ်။ 2021 အလွန်ကိုပဲစဥ်းစားထားလိုက်တယ်။ နိုင်ငံရဲ့ ကံကြမ္မာဘယ်လောက်ဆိုးနိုင်အုံးမလဲ?သူကပဲဆိုးနိုင်မလား ကိုယ်ကပဲခံနှိုင်ရည်ရှိမလား? Phyo Paing @ Derek

ရှန်သန်ခြင်းရဲ့ အဓိပ္ပာယ်က ဒုက္ခကို မတုန်မလှုပ် ဖြတ်ကျော်ခြင်းပဲ။ Read More »

ဘ၀ဆိုတာ တိုက်ပွဲ

တကယ်တမ်း ဘ၀ဆိုတာတိုက်ပွဲ ဆိုတဲ့စကားက မှန်တယ်။ လူတိုင်းက လူတွေမသိတဲ့ တိုက်ပွဲတွေ နေ့စဉ်၀င်နေကြရတယ်။ ဘ၀မှာ နေပျော်ချင်ရင်တော့ တိုက်ပွဲတွေကြားမှာနေတတ်ဖို့ အမှားကို သင်ခန်းစာယူ အနာဂတ်ကို ပြင်ဆင်တတ်ဖို့နဲ့ စိတ်ထားတတ်ဖို့လိုတာပဲ။

ဘ၀ဆိုတာ တိုက်ပွဲ Read More »

ဘဝမှာ တစ်ခုခုအပေါ် ယုံကြည်နေဖို့လိုတယ်။

အမှန်တရားအပေါ်ဖြစ်ကောင်းဖြစ်မယ်။အနာဂတ်ကို ဖြစ်ကောင်းဖြစ်မယ်။ Ideology တစ်ခုအပေါ်ဖြစ်ကောင်းဖြစ်မယ်။ Digital Business အပေါ်ဖြစ်ကောင်းဖြစ်မယ်။ စီးပွါးရေးသမားနဲ့ စွန့်ဦးတီထွင်ကွာခြားချက်ကIdea တစ်ခုအပေါ် ယုံကြည်မှုဖြစ်နိုင်တယ်။ စီးပွါးရေးသမားအများစုက ideology free တယ်။အခြေအနေကြည့် မြတ်ရင်လုပ်မယ်။ စွန့်ဦးတီထွင်က ခေါင်းမာတတ်တယ်။သူများမလုပ်သေးတာ သို့ idea တစ်ခုအပေါ်သက်ဝင်ယုံကြည် အကောင်အထည်ဖော်တယ်။ ဘဝမှာ တစ်ခုခုအပေါ် ယုံကြည်နေဖို့လိုတယ်။အထူးသဖြင့် အနာဂတ်အပေါ် ယုံကြည်ဖို့လိုတယ်။ Phyo Paing @ Derek

ဘဝမှာ တစ်ခုခုအပေါ် ယုံကြည်နေဖို့လိုတယ်။ Read More »

ပိုက်ဆံအရသာနဲ့ အာဏာအရသာမတူဘူး။

အာဏာ Power က ဘိန်းလိုပဲစွဲလန်းစေတဲ့အတွက်အရသာတွေ့သွားရင် လူကိုပျက်စီးစေတတ်တဲ့အတွက်လီကွမ်းယူလက်ထက်က သူဝန်ကြီးချုပ်ဖြစ်ပေမယ့်သူ့ကလေးတွေပျက်စီးမှာစိုးလို့ ဝန်ကြီးချုပ်အိမ်ယာမှာမထားပဲသူ့မိန်းမနဲ့ကလေးတွေကို အရင်အိမ်မှာပဲထားတယ်လို့ ဖတ်ဖူးတယ်။ Social Influencer တွေကိုလေ့လာကြည့်ရင်တောင်လွန်းမိုးနိုင်တဲ့ influencing power များလာတာနဲ့အမျှစကားပြောပုံတောင် ပြောင်းလာတာ အားလုံးအသိပဲ မဟုတ်လား။ စိတ်ပညာအရ မရှိသေးတဲ့အရာကိုသာ စွန့်လွတ်ဖို့လွယ်ပေမယ့်ရှိပြီးသားအရာကို စွန့်လွတ်ဖို့ခက်တယ်လို့ဆိုတယ်။ ဒီ Power ရယူလိုမှုကြောင့် ပြဿနာမျိုးစုံနောက်ကလိုက်လာတယ်။ ဒီ Power အရသာတွေ့သွားသူက ဒါမြဲဖို့ဘာလုပ်ရလုပ်ရ ဝန်မလေးတော့ဘူး။ Phyo Paing @ Derek

ပိုက်ဆံအရသာနဲ့ အာဏာအရသာမတူဘူး။ Read More »

ဘ၀နေနည်း

ဝိတ်ချဖို့ ဆုံးဖြတ်ချက်ချတယ်။Gym သွားဖို့ စာရင်းပေးထားတယ်။မသွားဖြစ်ဘူး။ ဘာသာစကားသင်ယူဖို့ ဆုံးဖြတ်ချက်ချတယ်။သင်တန်းကြေးတွေသွင်းထားတယ်။မတက်ဖြစ်ဘူး။ ပညာတတ်ကြီးဖတ်ဖို့ လေ့လာမယ်။ နေ့စဥ်စာဖတ်မယ်ပြောတယ်။မဖတ်ဖြစ်ဘူး။ ဘဝမှာ ဖြစ်ချင်တာတွေဖြစ်လာဖို့အရေးအကြီးဆုံးအချက်ကတော့ “ဘဝနေနည်း” လို့မြင်တယ်။ ဖြစ်ချင်ပြီး ဖြစ်မလာတာဟာ ကိုယ့်ရဲ့ Action က Achievement ကိုရောက်ဖို့ လမ်းကြောင်း way of lifeမှားနေလို့ ဖြစ်နိုင်တယ်။ လူတွေက ဘဝမှာ တစ်ကြိမ်ပဲသေတယ်။အကြိမ်ကြိမ် နေ့တိုင်းနေရမှာဖြစ်တဲ့အတွက်“ဘဝနေနည်း” ကို သေချာ ဖန်တီးဖို့လိုလာတယ်။ Phyo Paing @ Derek

ဘ၀နေနည်း Read More »

ခွင့်ပြုချက်တွေ တောင်းမနေနဲ့။

အသက်ကြီးလာတာနဲ့အမျှ ကိုယ့်ရဲ့ဖြစ်တည်မှုအတွက်တခြားသူတွေရဲ့ ခွင့်ပြုချက်ကိုတောင်းခံမနေတော့ဘူး။ ပျော်ရွင်မှုရဲ့ သူခိုးက တခြားသူတွေရဲ့ခွင့်ပြုချက် approval ကို တောင်းခံတတ်တဲ့အကျင့်ပါ။ ငယ်ငယ်ကဆို တစ်ခုခုလုပ်ဖို့ လူတိုင်းကို အားနာနေတတ်တယ်။ကိုယ့်အထင်အမြင်အတိုင်းပြောလိုက်ရင်တဖက်သူ စိတ်မကောင်းဖြစ်သွားမှာ ဘယ်လိုခံစားရမလဲမသိဘူး အမြဲစဥ်းစားပြီး အားနာနေတတ်တယ်။ နောက် ဟင်းဝယ်၊ ထမင်းဝယ်ရင်တောင်ငါဝယ်လိုက်တာ လိုတာထက်များသွားပြီကွာဆိုပြီး ကိုယ့်ကိုကိုယ် အပြစ်တင်တာတွေလုပ်မိခဲ့ဖူးတယ်။ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်လောက်ကပေါ့။ နောက်ပိုင်း ကိုယ့်ကိုကိုယ် ပြန်သုံးသပ်ပြီးကိုယ်ပိုင် အတွေးအခေါ်ပြန်ထုတ်တယ်။ ဘဝမှာ အရေးအကြီးဆုံးက နေပျော်ဖို့။ကျွန်တော့်ဘဝ နေပျော်ဖို့ အမြဲတိုးတက်နေဖို့လိုတယ်။တိုးတက်နေဖို့ အမြဲအသစ်တွေလေ့လာနေဖို့စမ်းသပ်မှုတွေ လုပ်နေဖို့ လိုတယ်။ ဆုံးရှုံးမှာ ကြောက်နေလို့မရဘူး။ တစ်သက်မှာ တစ်ခါ လူလာဖြစ်တာ။ဒီတော့ Personal Growth နဲ့ Experiment (Social, Business, etc) တွေ လုပ်တယ်။ နောက် ကိုယ့်ကို မပျော်စေတဲ့အထဲမှာ သူများနဲ့နှိုင်းယှဥ်တာ၊

ခွင့်ပြုချက်တွေ တောင်းမနေနဲ့။ Read More »

ကျွန်တော် သေဆုံးသွားခဲ့တယ်။

ဆေးပညာမှာ Aptosis ဆိုတဲ့ စကားလုံး တစ်လုံးရှိတယ်။ အလွယ်တကူပြောမယ်ဆိုရင်programmed cell death.တစ်ရက်ကို လူကြီးကလေးပေါ်မူတည်ပြီး cell ပေါင်း 20 – 60 billionနေ့စဉ်သေနေတယ်။ ဦးနှောက် cell ကလွဲပြီး ကျန် cell တွေက အစားထိုးခံနေရတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်က သင်နဲ့လက်ရှိသင်နဲ့မတူတော့ဘူး။ ဒါပေမယ့် အတိတ်ရဲ့ အရိပ်တွေက လွမ်းမိုးနေတုန်း။ ဒါကို Remembering လို့ခေါ်ပါတယ်။ဒီကနေ Identity တစ်ခုဖြစ်နေတယ်။ ကိုယ့်ကို ကိုယ်ပြောင်းဖို့ အတိတ်ရဲ့အရိပ်တွေကို ဖယ်ချသင့်ရင်ဖယ်ချရပါမယ်။ Identity အသစ်ပြောင်းရပါတယ်။ 2013 မှာ ကျွန်တော်သေဆုံးသွားခဲ့တယ်။ Phyo Paing @ Derek

ကျွန်တော် သေဆုံးသွားခဲ့တယ်။ Read More »

ဘဝဆိုတာ အတွေ့အကြုံတစ်ခုပါ။

ဒီအတွေ့အကြုံကို အကောင်းဆုံးရဖို့Dream list လိုပါတယ်။ ကျွန်တော်တို့တွေ အသက်ဘယ်လောက်ထိနေရမယ်ဆိုတာ ဘယ်သူမှ သေသေချာချာမသိဘူး။ဒီမွေးဖွားခြင်းနဲ့ သေဆုံးခြင်းကာလကြားမှာလုပ်ချင်တဲ့အရာတွေကို list လုပ်ထားပြီးတစ်ခုပြီးတစ်ခု အကောင်အထညိဖော်သွားဖို့အရေးကြီးတယ်။ ကျွန်တော်ကတော့ Dream List ဆိုပြီးရေးထားတယ်။ ဒီ Dream List တွေကို တစ်ခုချင်းအကောင်အထည်ဖော်ဖြစ်တယ်။ ကျွန်တော့်ရဲ့ Dream List ထဲမှာသူ့အလိုလိုလည်ပတ်နေတဲ့ brand/business အခု ၂၀ တည်ဆောက်ဖို့ပါတယ်။၇ ခု တော့ပြီးပြီ။ နောက် ၁၃ ခုလိုသေးတယ်။ Phyo Paing @ Derek

ဘဝဆိုတာ အတွေ့အကြုံတစ်ခုပါ။ Read More »

ဒါဟာသဘာဝပါ။

ကိုယ်အားနည်းချိန်မှာပြိုင်ဖက်ရန်သူအထင်သေးသူများတယ်။ကိုယ်အောင်မြင်တဲ့အခါပူးပေါင်းချင်တဲ့သူငယ်ချင်းများမယ်။ဒါဟာသဘာဝပါ။ 当你弱小时敌人特别多你弱小的时候踩你的人特别多那反过来说呢当你强大时朋友特别多 (抖音 မှာတွေ့တာလေးသဘောကျလို့) Phyo Paing @ Derek

ဒါဟာသဘာဝပါ။ Read More »

လူလုပ်ရတာ လွယ်မလိုနဲ့မလွယ်ပါဘူး။

လောကဓံရှစ်ပါးကို မခံနိုင်ရင် ရူးတောင်ရူးသွားအုံးမယ်။ ဆင်ခြင်တုံကင်းသောသူကို ရူးသွပ်တုန်လှုပ်စေနိုင်တဲ့ လောကဓံ ရှစ်ပါး၊ (၁) လာဘ – လာဘ် ပေါများ၍ တက်ကြွတုန်လှုပ်ခြင်း၊(၂) အလာဘ – လာဘ်နည်း၍ညှိုးငယ်တုန်လှုပ်ခြင်း။(၃)ယသ – အခြံအရံများ၍တက်ကြွတုန်လှုပ်ခြင်း၊(၄) အယသ – အခြံအရံနည်း၍ ညှိုးငယ် တုန်လှုပ်ခြင်း၊(၅) ပသံသာ – ချီးမွမ်းခံရ၍ ဝမ်းမြောက်တုန်လှုပ်ခြင်း၊(၆) နိန္ဒ – အကဲ့ရဲ့ခံရ၍ဝမ်းနည်း တုန်လှုပ်ခြင်း၊(၇) သုခ – ချမ်းသာကိုစွဲ၍ ဝမ်းသာတုန်လှုပ်ခြင်း၊(၈) ဒုက္ခ – ဆင်းရဲကိုစွဲ၍ ညှိုးငယ်ပူပြင်း စိုးရိမ်တုန်လှုပ်ခြင်း။ Phyo Paing @ Derek

လူလုပ်ရတာ လွယ်မလိုနဲ့မလွယ်ပါဘူး။ Read More »