Work hard > Work smart
Work smart ဆိုတာ ငပိန်းတွေကိုပြောလို့သိပ်ကောင်းတဲ့စကားလုံးမျိုး။Work hard ထက် work smart အရေးပိုကြီးတယ်နော်။ဘာညာသာရကာပြောတဲ့အခါအားလုံးက ဟုတ်တယ်လို့ပြိုင်တူထောက်ခံကြလိမ့်မယ်။ငယ်ငယ်တုန်းကလဲ ကိုယ်ကအဲ့ဒီ ထောင်ချောက်ထဲ ရောက်ခဲ့ဖူးတယ်။ တကယ်တမ်းက work hard လုပ်မှ ဘယ်လို work smartလုပ်ရမလဲ ပိုသိလာတာမျိုး။ ဥပမာ video editing ဆိုပါတော့ကျွန်တော်က software ပေါင်းမျိုးစုံကိုမသုံးဖူးရင်၊သုံးဖူးရင်တောင် ထဲထဲဝင်ဝင်နဲ့အချိန်ကြာကြာ တစ်ခုတည်းမသုံးဖူးရင်ဘယ်လို work smart လုပ်ရမလဲသိချင်မှ သိလိမ့်မယ်။ Work smart ဆိုတာ work hard လုပ်ရင်းမှအကြံပိုရလာတာမျိုး။ မေးရမည့်မေးခွန်းကငါဒီနေ့လုပ်နေတဲ့ အလုပ်ကိုပိုမြန်၊ ပိုလွယ်၊ ပိုကောင်းအောင်ဘယ်လိုလုပ်လို့ရမလဲ။ဒီမေးခွန်းပြန်မေးကြည့်ပါ။ အလုပ်ကို ပိုးစိုးပက်စက်လုပ်ပါ။လုပ်နေရင်း ပြန်မေးပါ။ငါလုပ်နေတဲ့အလုပ်က တကယ်လုပ်ဖို့လိုအပ်သလား။လုပ်ဖို့တကယ်လိုအပ်ရင်ငါဒီနေ့လုပ်နေတဲ့ အလုပ်ကိုပိုမြန်၊ ပိုလွယ်၊ ပိုကောင်းအောင်ဘယ်လိုလုပ်လို့ရမလဲ။ဒီမေးခွန်းပြန်မေးကြည့်ပါ။ Work hard > Work smart […]
