Goal နဲ့ Desire ဘာကွာလဲ?
Billionaire ရင်းနှီးမြုပ်နှံသူ Ray Dalio ရဲ့ Principles စာအုပ်ထဲမှ ကြိုက်တာလေးတစ်ခုက ရည်မှန်းချက်ကြီးတဲ့သူတိုင်းမှာ priority ဦးစားပေးဆိုတာရှိရမယ်။ ဦးစားပေးရာမှာ ရည်မှန်းချက်ပန်းတိုင်နဲ့ စိတ်ဆန္ဒဆိုတာခွဲခြားနားလည်ရမယ်။ ရည်မှန်းချက် ပန်းတိုင်ဆိုတာ ကိုယ်မဖြစ်မနေ ဆွတ်ခူးမည့်အရာဖြစ်တယ်။ စိတ်ဆန္ဒဆိုတာကတော့ ရည်မှန်းချက်ပန်းတိုင်ရောက်အောင် အတားအဆီးပြုမည့်အရာဖြစ်တယ်။ ဥပမာ ကိုယ့်ရည်မှန်းချက်ပန်းတိုင်က ကျန်းမာသန်စွမ်းကျစ်လစ်တဲ့ ခန္ဓာကိုယ်ပိုင်ဆိုင်ဖို့ ဖြစ်ပြီး စိတ်ဆန္ဒကတော့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့အစားအစာ စားချင်တာဖြစ်ပါတယ်။ အလုပ်ရွေးချယ်တဲ့နေရာမှာတော့ ရည်မှန်းချက်ပန်းတိုင်နဲ့ စိတ်ဆန္ဒနဲ့ တစ်သားတည်းဖြစ်နိုင်ပါတယ်။ ဥပမာ ကျွန်တော့်အနေနဲ့ ဆိုင်ထိုင်ပြီး စီးပွားရေးလုပ်မည့်အစား တိုးတက်ဖို့ အမြဲလေ့လာချင်သလို စွန့်ဦးတီထွင်တွေ၊ အလုပ်ခွင်ဝင် Working professionals တွေကို ကိုယ်လေ့လာထားတာပြန်ရှယ်ပေးချင်တယ်။ ဒီတော့ Working Professional နဲ့ Entrepreneurs တွေအတွက် သင်တန်းပေးဖြစ်တယ်။ ဒါ့ကြောင့် အလုပ်ရွေးချယ်တဲ့နေရာမှာ […]
Goal နဲ့ Desire ဘာကွာလဲ? Read More »