နေ့စဉ် ဒီသုံးခုလိုတယ်။
တိုးတက်မှု၊လွတ်လပ်မှု၊ရင်ခုန်မှုနေ့စဉ် ဒီသုံးခုလိုတယ်။ Phyo Paing @ Derek
နေ့စဉ် ဒီသုံးခုလိုတယ်။ Read More »
တိုးတက်မှု၊လွတ်လပ်မှု၊ရင်ခုန်မှုနေ့စဉ် ဒီသုံးခုလိုတယ်။ Phyo Paing @ Derek
နေ့စဉ် ဒီသုံးခုလိုတယ်။ Read More »
လူတိုင်းဘဝမှာ အခက်အခဲဆုံးအချိန်တွေဆိုတာရှိတတ်တယ်။ဒါကြီးကိုသည်းခံကျော်လွှားနိုင်ရင်အကောင်းဆုံးအချိန်တွေရောက်လာမယ်။ ဘဝက အဖြေရှင်နိုင်ရင်အမြဲတမ်းခက်ခဲနေမှာ မဟုတ်ဘူး။ ၁။ ကိုယ်ကြုံတွေ့နေတဲ့ပြဿနာကိုသိ၂။ သတင်းအချက်အလက်ရှာ၃။ ဘယ်ပုံစံနဲ့ပြဿနာဖြေရှင်းမလဲအဖြေရှာ၄။ တကယ်လုပ်၅။ ရလဒ်ကိုပြန်လည်လေ့လာပြီး ပိုကောင်းအောင်လုပ်။ Phyo Paing @ Derek
လူတိုင်းဘဝမှာ အခက်အခဲဆုံး
အချိန်တွေဆိုတာရှိတတ်တယ်။ Read More »
ဒီလိုဖြစ်ဖို့ နေသလိုဖြစ်တဲ့ဘဝမှာ ဖြစ်သလို နေနေလို့မရဘူး။ ဘာကြောင့်လဲဆိုတော့ဘဝမှာ သဘာဝအရ အလိုလိုဖြစ်နေတာ အများစုက အိုမယ်၊ နာမယ်၊ နောက်ဆုံးမှာ သေမယ်။ ကောင်းမွန်တဲ့ အိမ်လေးနေဖို့အိမ်သန့်ရှင်းရေးလုပ်ရတယ်။ ပန်းမံတွေအတွက် ရေလောင်းရတယ်။မတူညီတဲ့ရာသီဥတုတွေအတွက် ပြင်ဆင်ရတယ်။ ကိုယ်ထူကိုယ်ထ လုပ်ရတတ်တယ်။ ကောင်းတာတစ်ခုက အသက်ကြီးလာတာနဲ့ သေချာလေ့လာတယ်ဆိုရင်အမှန်တွေမြင်ပြီး “အမြင်တွေ မှန်လာပြီ”။ အမြင်မှန်ရင် မှန်ကန်တဲ့ ရွေးချယ်မှုတွေလုပ်တတ်လာမယ်။မှန်ကန်တဲ့ ရွေးချယ်မှုတွေလုပ်တိုင်းဘဝက ပိုကောင်းလာမယ်။ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရက မိမိကိုယ်သာ ကိုးကွယ်ရာ။ ကိုယ့်အားကိုယ်ကိုးကိုယ်ထူကိုယ်ထ။လဲကျပြန်ထ ဒါဘဝဘဲ။ အသက်ကြီးလာတာနဲ့အမျှပိုကောင်းလာဖို့ ဘဝကို ကြိုတင်စီမံဖို့လိုတယ်။ မှန်ကန်တဲ့ ရွေးချယ်မှုတွေလုပ်ဖို့လိုတယ်။ ကိုယ်က သစ်ပင်မဟုတ်ဘူး။ရွေ့လို့ရတယ်၊ ပြောင်းလို့ရတဲ့သိဖို့လိုတယ်။နည်းလမ်းရှာဖို့လိုတယ်။ လောကုတ္တရာအတွက် ပစ္စုပ္ပန်မှာအဓိကနေ။လောကီအတွက် ပစ္စုပ္ပန်အပြင် အနာဂတ်ကိုလဲကြိုမြင်၊ ကြိုပြင်ရသေးတယ်။ Phyo Paing @ Derek
အသက်ကြီးလာတာနဲ့
ဘဝက ပိုကောင်းလာဖို့လိုတယ်။ Read More »
အသိ သူငယ်ချင်းတွေတစ်ယောက်ပြီးတစ်ယောက်ကမ္ဘာလောကကြီးကထွက်ခွာသွားကြတယ်။ ငယ်သူငယ်ချင်းတွေ၊တက္ကသိုလ်တုန်းက သူငယ်ချင်းတွေ၊အသိမိတ်ဆွေတွေ။ ကိုယ်လဲ ဒီလမ်းသွားရမှာပါပဲ။ ဒါကြောင့်လဲ အသက်နဲ့ ခန္ဓာရှိတုန်းဘဝရဲ့ပေးထားချက်ကို အကောင်းဆုံးအသုံးပြုပြီးဘဝကို အလှပဆုံးဖန်တီးခဲ့ဖို့နေ့တိုင်း အားထုတ်နေပါတယ်။ နေ့စဥ် တော်ပျော်ပွားပေးရမယ်။တော်ရမယ်။ပျော်ရမယ်။ငွေကြေးဥစ္စာ ပွားရမယ်။ ယူတဲ့လက်တင်မဟုတ် ပေးကမ်းမှုပါရှိမယ်။ Phyo Paing @ Derek
ဘဝရဲ့ပေးထားချက်ကို
အကောင်းဆုံးအသုံးပြုပြီး Read More »
ဒီခံယူချက်ထားမှပဲကိုယ့်ဘဝကိုယ် တာဝန်ယူနိုင်မယ်။ ကမ္ဘာပေါ်မှာ လူပေါင်းသန်း ၈ ထောင်ကျော်မှာ ကိုယ်တစ်ယောက်တည်းဒုက္ခရောက်နေတာမဟုတ်ဘူး။ ဘဝဒုက္ခတွင်းထဲက ထွက်ချင်ရင်ကယ်တင်ရှင်ရှာနေလို့မရဘူး။ ဒါကြောင့် ကိုယ့်အားကိုယ်ကိုးမှပဲရမယ်။ ဘဝမှာ ကြုံတွေ့ရတဲ့ဒုက္ခ အထူအပါးကပေးထားတဲ့ အခြေအနေကို “နားလည် သဘောပေါက်မှု”နဲ့ ဆိုင်တယ်။ ယုံကြည်မှုတစ်ခုတည်းနဲ့ လုပ်လို့မရတာမျိုးဖြစ်တတ်တယ်။ ၁၀ ထပ်တိုက်ပေါ်က ခုန်ချမယ်။ဘာမှ မဖြစ်ဘူးလို့ ယုံကြည်တယ်။ခုန်ချ သေမှာပဲ။ သဘာဝတရားကို သေချာနားလည်သဘောပေါက်ဖို့လိုတယ်။ ဒါကို ဗုဒ္ဓက မဂ္ဂင်ရှစ်ပါးမှာလဲသမ္မာဒိဋ္ဌိ မှန်သော အယူအမြင်ရှိရမယ်လို့ဟောကြားခဲ့တယ်။ လောကသဘာဝ နိယာမတွေသိအောင်ရူပဗေဒ physics ကိုသင်ကြားလေ့လာခဲ့တယ်။မတူညီတဲ့ ဒြပ်စင်တွေ ဓာတ်ပြုတာသိဖို့ဓာတုဗေဒ chemistry ကို လေ့လာတယ်။ လူသဘောမနော လူ့အကြောင်းနားလည်ဖို့စိတ်ပညာ psychology လေ့လာတယ်။ ပြဿနာပုစ္ဆာတွေ အဖြေရှာတတ်ဖို့ သင်္ချာ maths လေ့လာတယ်။ လူတိုင်းဘဝမှာ မွေးကတည်းကပေးထားချက်ရှိတယ်။ဘဝရဲ့ အခြေအနေကြောင့် ပေါ်ပေါက်လာတဲ့မေးထားချက်တွေရှိတယ်။
ကိုယ့်ဘဝ ကိုယ်နဲ့အဓိကဆိုင်တယ်။ Read More »
ကွန်ပြူတာတစ်လုံး၊ အိတ်တစ်လုံးနဲ့ပဲဘဝကို ရိုးရိုးရှင်းရှင်းဖြတ်သန်းချင်တယ်။ကြိုက်တဲ့အချိန်၊ ကြိုက်တဲ့နေရာသွား။ဘဝကို ချုပ်နှောင်မှုတွေမရှိပဲလွတ်လွတ်လပ်လပ်ဖြတ်သန်းချင်တယ်။စွန့်ဦးတီထွင်မှု၊ ဒီဂျစ်တယ်မားကတ်တင်း၊စီမံခန့်ခွဲမှုပညာတွေကအိမ်မက်တွေကို ဖြစ်စေခဲ့တယ်။ဘဝမှာ လွတ်လပ်မှုထက်ဘာများပိုအရေးကြီးအုံးမလဲ။ Phyo Paing @ Derek
ဘဝမှာ လွတ်လပ်မှုထက်
ဘာများပိုအရေးကြီးအုံးမလဲ။ Read More »
အသက်အရွယ်တစ်ခုရောက်လာတော့အောင်မြင်မှုဆိုတာ ဘဝနေထိုင်မှု lifestyle တစ်ခုဆိုတာနားလည်လာတယ်။ အောင်မြင်မှုဆိုတာ တခဏဟန်ဆောင်လို့ရတဲ့ အရာ မဟုတ်ဘူး။ “ကိုယ့်မှာရှိတာထက် ပိုမသုံးဖို့”အနာဂတ်အတွက် ခြိုးခြံခြွေတာဖို့Live below your means ဆိုတာအမြဲလက်ခံတယ်။ ကိုယ်နေထိုင်နေတဲ့ ဘဝနေထိုင်မှုကိုအခြေအနေဘယ်လိုဖြစ်သွားပါစေဒုက္ခမရောက်သွားဖို့လိုတယ်။ ဒါကြောင့် ငွေကြေးစီမံခန့်ခွဲမှုအရေးကြီးတာ။မဟုတ်ရင် အရှင်လတ်လတ်ကိုယ်မလုပ်ချင်တဲ့အလုပ်ကိုမမြင်ချင်တဲ့သူတွေနဲ့နေ့တိုင်းလုပ်ပြီး ကိုယ်မကြိုက်တဲ့သူတွေ အထင်ကြီးဖို့ကိုယ့်ကိုယ်ကိုယ် ငြင်းဆဲနေမိမယ်။ Phyo Paing @ Derek
မဟုတ်လဲ တချိန်သေမှာပဲ။ တခဏကို ထာဝရလိုထင်တတ်ကြတယ်။ ဒီခဏဆိုတဲ့ အချိန်ကို အကောင်းဆုံးကုသိုလ်တွေဖန်တီးသွားနိုင်ဖို့လိုတယ်။ ကုသိုလ်က ကိုယ့်အတွက်နဲ့သူများအတွက်နဲ့ ရှိမယ်။ ကိုယ့်ကိုယ်ကိုယ် ပိုတော်၊ ပိုပျော်၊ ပိုဝင်ငွေတိုးပွားနဲ့တခြားသူတွေအတွက် ပိုပေးတာ ဒါက နေ့စဥ် ကုသိုလ်လုပ်တာပဲ။ Phyo Paing @ Derek
အကောင်းဆုံးကုသိုလ်တွေ
ဖန်တီးသွားနိုင်ဖို့လိုတယ်။ Read More »
သာမန်လူလိုမဖြစ်ချင်ရင်ကိုယ့်ရဲ့ တစ်ရက်တာကို သာမန်လူလို မဖြတ်သန်းနဲ့။ သာမန်လူအများစုက အဆင်ပြေရင် အဆင်ပြေတဲ့အတိုင်းနေတယ်။ရှိတာ အကုန်သုံးတယ်။ အနာဂတ်အတွက် ကြိုတင်တမင်တကာ စီမံတာနည်းတယ်။ ကျန်းမာ ကြံ့ခိုင်ရေး ဂရုမစိုက်ဘူး။အသိဥာဏ်ဖွံ့ဖြိုးတိုးတက်အောင်မလေ့လာ နေဘူး။ သာမန်ထက် စွမ်းဆောင်ရည်မြင့်တိုးတက်ချင်ရင် တစ်ရက်တာကို သေချာတည်ဆောက်။ ကိုယ့်အချိန်တွေကို အလဟသ မဖြုန်းနဲ့။ အသိဥာဏ်တိုးတက်အောင် တည်ဆောက်။ လူနဲ့ တိရစ္ဆာန်ကွာစေတာ အသိဥာဏ်ပဲ။ ကျန်းမာကြံ့ခိုင်ရေးကို ဂရုစိုက်။ မိတ္တဗလတည်ဆောက်။ အနာဂတ်အတွက် ကြိုပြင်။ Phyo Paing @ Derek
သာမန်လူလို မဖြတ်သန်းနဲ့။ Read More »
လိုချင်တာကို လွယ်လွယ်မရတဲ့ငယ်ဘဝကို ပိုင်ဆိုင်တာ ကောင်းတဲ့အချက်ပဲ။ လိုချင်တာ လွယ်လွယ်မရတဲ့အခါလိုချင်တာ ရဖို့ “ကြံတတ်၊ ဖန်တတ်” လာတယ်။ ဒီနေ့ခေတ်ကလေးတွေကခြေမွေးမီးမလောင် လက်မွေးမီးမလောင်လိုချင်တာ အကုန်အလွယ်တကူရခြင်းကအကောင်းဆုံးပြုစုပျိုးထောင်မှုမဟုတ်ဘူးလို့ထင်တယ်။ အန္တရာယ်ရေးရာပိုင်းလေ့လာတဲ့ ဆရာကြီးNassim Nicholas Taleb နဆင်းနီကိုးလပ်တဲလက်ကဥပမာ သုံးခုနဲ့ပြတယ်။ ဖိအားရှိတဲ့အခါ ကွဲတဲ့ပစ္စည်း။ ဥပမာ ဝိုင်ခွက်ဖိအားကြောင့် ဘာမှမဖြစ်တဲ့ပစ္စည်း။ ဥပမာ ရာဘာဘောဖိအားကြောင့် ပိုကောင်းလာနိုင်တဲ့အရာ။ ဥပမာ ကြွက်သား စနစ်တွေရဲ့ ပုံစံက မတူကြဘူး။ လူဆိုတာ ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ဖွဲ့စည်းထားတဲ့ စနစ်တစ်ခုပဲ။လုပ်ငန်းဆိုတာ မတူညီတဲ့လုပ်ငန်းဆောင်တာနဲ့ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုပဲ။ ဒီအဖွဲ့အစည်းတွေက အခက်အခဲအပြင်ကလာတဲ့ ပြဿနာတွေကို ကောင်းမွန်စွာတုန့်ပြန်နိုင်တဲ့အခါ“ကိုယ့်ကို မသေစေတဲ့အရာတွေကပိုသန်မာလာစေတယ်တဲ့။” ဒီ အိုင်ဒီယာကို antifragility လို့ခေါ်တယ်။ Fragile ဖြစ်တယ်ဆိုတာ ကျိုးပျက်လွယ်တာ။ အခုလို အသက်အရွယ်မှာ နိုင်ငံရေး၊ စီးပွားရေး ပြဿနာပေါင်းစုံကြုံတွေ့ရခြင်းကို ကျော်လွှားနိုင်ရင်နောက်
antifragility လို့ခေါ်တယ်။ Read More »